ခရီး သည်ကြီး with Be Shoke and 20 others
*** အရိုးမြေကျ ***
-----------------------
ငါ့ဦးခေါင်းတွင်
ဆံပင်ဖြူဖြူ ၊ နေရာ ယူပြီ
လူ အိုချင်ပြီ ထင်ပါရဲ့။
ငါနဲ့ ရွယ်တူ ၊ ငါ့ အိမ်သူလည်း...
ဆံဖြူ ဆံနက် ၊ ရောထွေးယှက်ပြီ
အသက်ကြီးလို့ ထင်ပါရဲ့။
-----------------------
ငါ့ဦးခေါင်းတွင်
ဆံပင်ဖြူဖြူ ၊ နေရာ ယူပြီ
လူ အိုချင်ပြီ ထင်ပါရဲ့။
ငါနဲ့ ရွယ်တူ ၊ ငါ့ အိမ်သူလည်း...
ဆံဖြူ ဆံနက် ၊ ရောထွေးယှက်ပြီ
အသက်ကြီးလို့ ထင်ပါရဲ့။
ငယ်ရုပ် ပြိုပျက် ၊ ဆံဖြူထွက်လည်း
တစ်သက်ခရီး ၊ လက်တွဲပြီးတော့
သမီး သား မြေး ၊ တီ တွတ် မွေးထိ
ဆေးပေး မီးယူ ၊ ဖေးမ ကူရင်း ...
ရေပူ ရေအေး ၊ ကမ်းရင်း ပေးရင်း ...
ထွေးပွေ့ ယုယ ၊ ကြင်နာကြမည် ...
ချစ်စတွေ တိုး ၊ ပို မြတ်နိုးမည် ...
အရိုးမြေသို့ ကျသည့်တိုင်။ ။
ကျော်မိုး ( စကားဝါမြေ )
၁၀၊၈၊၂၀၁၃(စနေနေ့)
တစ်သက်ခရီး ၊ လက်တွဲပြီးတော့
သမီး သား မြေး ၊ တီ တွတ် မွေးထိ
ဆေးပေး မီးယူ ၊ ဖေးမ ကူရင်း ...
ရေပူ ရေအေး ၊ ကမ်းရင်း ပေးရင်း ...
ထွေးပွေ့ ယုယ ၊ ကြင်နာကြမည် ...
ချစ်စတွေ တိုး ၊ ပို မြတ်နိုးမည် ...
အရိုးမြေသို့ ကျသည့်တိုင်။ ။
ကျော်မိုး ( စကားဝါမြေ )
၁၀၊၈၊၂၀၁၃(စနေနေ့)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။