Burmese Treasure
အဖေဆိုတာ....
သားယောင်္ကျားလေးမွေးလာရင်....
သူထက်သာပြီး အားကိုထိုက်တဲ့ လူဖြစ်စေချင်တယ်။
သမီးမိန်းခလေးမွေးလာရင်...
သူ့ဇနီးထက်ပိုသာတဲ့ အမျိုသမီးကောင်းဖြစ်စေချင်တယ်။
... သူ့ရဲ့သားအတွက်...
ကိုယ့်ရဲ့အသက်ကိုပင် ပဓာနမထားပဲ...
သူရဲကောင်းတယောက်လို အင်အားတွေကုန်ခန်းသည့်တိုင်...
ရှေ့ကမားမာမတ်မတ်ရပ်တည်ပြီး ကာကွယ်ပေးတက်သလို.....။
သူရဲ့သမီးအတွက်...
ကိုယ့်ရဲ့ ဘ၀ကိုပင် ဥပက္ခာပြုပြီး....
ဘုရင်တပါးလို ဘေးအန္တာရယ်တွေ ချုပ်ငြိမ်းသွားသည့်တိုင်.....
ရင်နှင့်မကွာထိန်းသိမ်းစောင့်ရှောက်ပြီး လုံခြူံမူတွေပေးစွမ်းတယ်.။
အဖေဆိုတာ...
အိမ်တစ်အိမ်ရဲ့ အမိုးနဲ့ထရံလိုပဲ...
သူ့ကိုယ်သူ အနစ်နာခံပြီး ရာသီဥတုဒါဏ်ကနေ...
မိသားစုလုံခြုံဖို့အတွက် အမြဲကာကွယ်ပေးနေ တက်တယ်.။
အဆုံးမဲ့ မေတ္တာနဲ့ ထာဝရလွမ်းခြုံပေးနေတက်တယ်...။
မင်း အလင်္ကာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။