တစ်ခေတ်မှာတစ်ခါ၊ တစ်ခါမှာ တစ်ယောက်ဆိုသလို ဗြိတိန်ဂီတလောကမှာ ဘယ်သံကို ပိုင်ပိုင်နိုင်နိုင် ဆို နိုင်ပြီး R & B နဲ့ ဂျက်(ဇ်) ဂီတအပါအဝင် ဂီတ အမျိုးအစားများစွာကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်သူ တစ်ဦးအကြောင်း ပြောပြပေးချင်ပါတယ်။ ဘယ်သူ လဲဆိုတော့ သူမတူတဲ့ ကိုယ်ပိုင်ဟန်ဖက်ရှင်စတိုင် ကြောင်မျက်လုံးပုံစံ လိုင်နာခပ်ထူထူနဲ့ အမြဲလိုလို ပျားအုံတစ်ခုပုံစံ ဆံနွယ်ထုံးဖွဲ့ထားလေ့ရှိသူ၊ ကြည့် လိုက်တာနဲ့ ဘယ်သူပါလို့ တပ်အပ်ပြောနိုင်တဲ့ အထိ Unique Fashion (အတုမရှိတဲ့ဖက်ရှင်) ကို ဆင် မြန်းတတ်သူကတော့ ပွဲဦးထွက် Frank အယ်လ် ဘမ်နဲ့ အင်္ဂလန်မှာ တစ်ခဲနက်အောင်မြင်မှု ရရှိခဲ့တဲ့ ကြွေလွင့်ကြယ်ပွင့် အေမီဝိုင်းဟောက်စ်ပါ။
အေမီရဲ့ငယ်ဘဝ
သူမရဲ့ အမည်အရင်းက အေမီဂျိတ်ဝိုင်းဟောက်(စ်) ဖြစ်ပြီး ၁၉၈၃ ခုနှစ် စက်တင်ဘာ ၁၄ ရက် အင်္ဂလန်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ အေမီက ဂျူးလူမျိုးမိဘတွေဆီက ဆင်းသက်လာတဲ့ ဂျူး အမျိုးသမီးစစ်စစ် တစ်ယောက်ပါ။ အဘွားဖြစ်သူ စင်သီယာက အဆိုတော်တစ်ယောက်ဖြစ်ပြီး အမေ ဘက်က ဦးလေးတွေက ဂျက်(ဇ်) ဂီတ ပညာရှင် တွေပါ။ ဒါ့ကြောင့်လည်း အေမီက ဂျက်(ဇ်)ဂီတကို ကျွမ်းကျင်ပိုင်နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မျိုးရိုးမတိမ်ကောဘူးပေါ့။ အေမီကလေးဘဝတုန်းက ဖခင်ဖြစ်သူက ဖရန့်စင်တရာ ရဲ့ သီချင်းတွေဆိုပြလေ့ရှိ ပါတယ်။ သီချင်းဆိုတတ်တဲ့အကျင့်က သူမ ငယ်ငယ်ကတည်းက ပါလာခဲ့တာပါ။ စာသင်ခန်း ထဲမှာလည်း သီချင်းတွေ အော်ဆိုနေတတ်လို့ သူမ ကို တိတ်တိတ်နေအောင်လုပ်ဖို့ ခဲယဉ်းပါတယ်လို့ ဆရာတွေက ဆိုပါတယ်။
အဆိုတော် အေမီဝိုင်ဟောက်စ်
အစ်ကိုဖြစ်သူရဲ့ ဂီတာကိုတီးခတ်ရင်းကြီး ပြင်းလာခဲ့တဲ့ သူမက အသက် ၁၃ နှစ်အရွယ်မှာ ကိုယ်ပိုင်ဂီတလေး တစ်လက်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းက ဂီတာလေးတီးလိုက် သီချင်းလေး ရေးလိုက်နဲ့ ဝါသနာက တဖြည်းဖြည်း အစပျိုးလာ ပါတယ်။ ၂ဝဝ၃ ခုနှစ်မှာ Frank အမည်ရပွဲဦးထွက် အယ်လ်ဘမ်ထွက်ရှိခဲ့ပြီး အင်္ဂလန် မှာ အကြီးအကျယ် အောင်မြင်မှု ရခဲ့ပါတယ်။ ဒီအယ်လ်ဘမ်က မာကျူရီ ဆုအတွက်ဆန်ခါတင် ရွေးချယ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဆုမရခဲ့ပါဘူး။ ပရိသတ်တွေကြား မှာ Frank အယ်လ်ဘမ်ထဲက သီချင်းတွေ ရေပန်းစားခဲ့ပေမယ့် ဂရမ်မီဆုကြီးလိုမျိုး ဂီတမှတ်တိုင် စိုက်ထူနိုင်မယ့် ဆုတွေမရခဲ့ပါဘူး။ ဒါပေမဲ့ ၂ဝဝ၆ ခုနှစ်ကထွက်တဲ့ Back to Black အယ်လ်မ်က ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့သလို ဂီတပညာရှင်တွေ အလိုချင်ဆုံး ဆုဖြစ်တဲ့ ဂရမ်မီဆုကြီးကို ငါးဆုတောင်ရခဲ့ ပါတယ်။ ထိုစဉ်က အေမီလိုမျိုး တစ်ညတည်းနဲ့ ဆု ငါးဆုရခဲ့တဲ့ အမျိုးသမီးအဆိုတော် မရှိပါဘူး။ ဒီလိုတစ်ပြိုင် တည်း ဆုငါးဆုရတာ သူမ ပထမဆုံးပါ။ ၂ဝ၁၁ ခုနှစ်မှသာ အက်ဒဲလ်က တစ်ညတည်းနဲ့ဂရမ်မီဆု ခြောက်ဆု ဆွတ်ခူးခဲ့တာပါ။
အောင်မြင်မှုတွေနဲ့ အေမီ
အေမီက ဂရမ်မီဆုတင် မကသေးပါဘူး။ Brit Award နဲ့ Ivor Novello ဆုစတဲ့ ဂီတလောက ရဲ့ အထင်ကရဆုတွေကို ရရှိခဲ့ဖူးပါတယ်။ Back to Black အယ်လ်ဘမ်က အင်္ဂလန်နိုင်ငံရဲ့ ၂၁ ရာစု အတွင်းရောင်းအားအကောင်းဆုံး အယ်လ်ဘမ် တစ်ခုပါ။ BBC သတင်းဌာနကဆိုရင် သူမကို ခေတ်တစ်ခေတ်ရဲ့ အသံပါဝါ ပင်ကိုအရည်အသွေး ထူးချွန်အထက်မြက်ဆုံး အဆိုတော်လို့ တင်စားခဲ့ပါ တယ်။
မူးယစ်ဆေးဝါးစွဲလမ်းမှုကြောင့် အကြွေစောခဲ့သူ
ဒီလိုအောင်မြင်မှုတွေ ဆက်တိုက်ရနေတဲ့ အေမီက လူ့လောကမှာ သက်ဆိုးရှည်အောင် မနေခဲ့ရပါဘူး။ အရက်အလွန်အကျွံ သောက်သုံး တာကြောင့် အဆိပ်အေ တာက်ဖြစ်ပြီး ၂ဝ၁၁ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ သေဆုံးခဲ့ပါတယ်။ သူမက အရင်ကလည်း မူးယစ်ဆေးဝါးသုံးစွဲမှု၊ အရက်အလွန် အကျွံသောက် သုံး မှုတွေကြောင့် မကြာခဏဆေးရုံ တက်ခဲ့ရဖူးပါတယ်။ မသေခင်ကာလအတွင်း မူးယစ် ဆေးဝါး၊ ဘိန်းဖြူစတာတွေကို တရားလွန်သုံးစွဲလွန်း တာကြောင့် ကိုယ် အလေး ချိန်လည်း အရမ်းကို ကျဆင်းခဲ့ပါတယ်။ ကျန်းမာရေးအခြေအနေ ဆိုးရွားမှုတွေကြောင့် အင်္ဂလန်နဲ့ ဥရောပ တစ်ခွင် မှာကျင်ပမယ့် ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းခဲ့ရပါ တယ်။
သူမတူတဲ့ ဖက်ရှင်စတိုင်
သူမက ဂျက်(ဇ်) ဂီတကိုသာစွဲလမ်းတာ မဟုတ်ပါဘူး။ ၁၉၆ဝ ခုနှစ်များက အလွန်တရာ အောင်မြင်ခဲ့တဲ့ The Ronette အမျိုးသမီး ပေါ့(ပ်) ဂီတအဖွဲ့ကို အရမ်းနှစ်သက်ပါတယ်။ ဘယ်လောက် ထိ နှစ်သက်လဲဆိုတာကို သူမရဲ့ ဝတ်ပုံစားပုံတွေကို ကြည့်လိုက်ရင်သိသာပါတယ်။ အေမီရဲ့ ဖက်ရှင် စတိုင်က ဂျက်(ဇ်)ဂီတနဲ့ The Ronette အဖွဲ့ရဲ့ လွှမ်းမိုးမှုအောက်မှာ လုံးဝကျရောက်နေခဲ့ပါတယ်။ အလှဖန်တီးရှင် အဲလက်(စ်)ဖိုဒမ်က အေမီရဲ့ဆံပင် ကို အများနဲ့မတူအောင် ပျားအုံ ခပ်ကြီးကြီးပုံစံ ဆံတုံးတစ်ဝက်ထုံးကာ The Ronnettes အဖွဲ့ ရဲ့ ကလီယိုပတ်ထရာစတိုင် မိတ်ကပ်လိမ်းခြယ်မှု ပုံစံ အတိုင်း ခြယ်သပေးခဲ့ပါတယ်။ သူမရဲ့စတိုင် က ” The Ronnettes ” အဖွဲ့နဲ့ ဘယ်လောက်တောင် တူသလဲဆိုရင် အဲ့ဒီအဖွဲ့ဝင်ကိုယ်တိုင်က မှတ်ချက် ပြုပြောရတဲ့အထိပါပဲ။ ကျွန်မသူ့ကို အရင်တုန်းက တစ်ခါမှ မတွေ့ဖူးပါဘူး။ သိလည်းမသိဘူး။
”နယူးယောက်မြို့မှာ အေမီဝိုင်းဟောက်စ်ရဲ့ ပိုစတာ ကို တွေ့တွေ့ချင်းတုန်းက ပိုစတာကြီးကို ကြည့်ပြီး ဒါငါ့ဓာတ်ပုံလားလို့ ထင်မိတယ်။ နောက်တော့မှ မဟုတ်ပါဘူး။ ဒါအေမီပုံပါလို့ ပြန်တွေးမိတယ်။ မျက်မှန်သေချာပြန်တပ်ကြည့်ရတယ်”လို့ Village Voice သတင်းဌာနမှာ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ အေမီက သူတို့ရဲ့ ပုံစံကို တိုက်ရိုက်ပုံတူ ကူးချတာ မဟုတ်ပါဘူး။ သူမ ကြိုက်တဲ့ ပြင်ဆင်မှုပုံစံကို အနည်းငယ်အတုခိုးပြီး ကိုယ်ပိုင်ဖက်ရှင်တစ်ခု ဖြစ် အောင် ဖန်တီးတာပါ။ ဒါကို အမာခံ ပရိသတ်ကြီး ကလည်း လက်ခံထားပါတယ်။
ဈာပနအခမ်းအနား
သူမရဲ့ ဈာပနအခမ်းအနားကို မိဘဆွေမျိုး မောင်နှမတွေအပြင် ယူတူး၊ လေဒီဂါဂါ၊ ဘရူနို့မား(စ်)၊ နစ်ကီမင်နာ၊ ရီဟားနား၊ အက်ဒဲလ်စတဲ့ နာမည် ကျော်တွေ အပါအဝင်
အနုပညာမောင်နှမများ စုံလင်စွာတက်ရောက်ခဲ့ပါတယ်။ Green Day အဖွဲ့က သူမဘဝဇာတ်ကြောင်းကို ရေးဖွဲ့ထားတဲ့ Amy အမည်ရသီချင်းကို ရေးစပ်ခဲ့ပြီး ဈာပန အခမ်းအနားမှာ အားလုံးသံပြိုင်သီဆိုဂုဏ်ပြုခဲ့ကြ ပါတယ်။ ”ဒီလိုဂီတငွေကြယ်ပွင့် တစ်ယောက်ကို မထင်မှတ်ဘဲ ဆုံးရှုံးခဲ့ရတာ တကယ့်ကိုယူကျုံးမရ ဖြစ်မိပါတယ်” လို့ ဂီတမောင်နှမတွေက ဆိုပါတယ်။ မူးယစ်ဆေးဝါးအလွန်အကျွံ သုံးစွဲမှုကြောင့် သမီး တစ်ယောက်ဆုံးရှုံးခဲ့ရတာကို ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေတဲ့ သူမရဲ့မိဘတွေက နောက်နောင် ဒီလိုအဖြစ်ဆိုးမျိုးကြုံတွေ့ရမှု နည်းပါးစေရန် ရည်ရွယ်ကာ အေမီဝိုင်းဟောက်(စ်) အမည်ဖြင့် ပရဟိတအဖွဲ့ အစည်းတစ်ခု ထူထောင် ကာ မူးယစ် ဆေးဝါးစွဲနေသူများကို ကူညီလျက်ရှိပါတယ်။
အနုပညာမောင်နှမများ စုံလင်စွာတက်ရောက်ခဲ့ပါတယ်။ Green Day အဖွဲ့က သူမဘဝဇာတ်ကြောင်းကို ရေးဖွဲ့ထားတဲ့ Amy အမည်ရသီချင်းကို ရေးစပ်ခဲ့ပြီး ဈာပန အခမ်းအနားမှာ အားလုံးသံပြိုင်သီဆိုဂုဏ်ပြုခဲ့ကြ ပါတယ်။ ”ဒီလိုဂီတငွေကြယ်ပွင့် တစ်ယောက်ကို မထင်မှတ်ဘဲ ဆုံးရှုံးခဲ့ရတာ တကယ့်ကိုယူကျုံးမရ ဖြစ်မိပါတယ်” လို့ ဂီတမောင်နှမတွေက ဆိုပါတယ်။ မူးယစ်ဆေးဝါးအလွန်အကျွံ သုံးစွဲမှုကြောင့် သမီး တစ်ယောက်ဆုံးရှုံးခဲ့ရတာကို ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေတဲ့ သူမရဲ့မိဘတွေက နောက်နောင် ဒီလိုအဖြစ်ဆိုးမျိုးကြုံတွေ့ရမှု နည်းပါးစေရန် ရည်ရွယ်ကာ အေမီဝိုင်းဟောက်(စ်) အမည်ဖြင့် ပရဟိတအဖွဲ့ အစည်းတစ်ခု ထူထောင် ကာ မူးယစ် ဆေးဝါးစွဲနေသူများကို ကူညီလျက်ရှိပါတယ်။
သူမ သေသွားခဲ့ပေမယ့် နှစ်ယောက်မရှိတဲ့ ဖက်ရှင်စတိုင် ဆံပင်ရှုပ်ပွပွနဲ့ မျက်လုံးမည်းမည်းတွေ က အမျိုးသမီးထုကြားမှာ ခေတ်စားနေတုန်းပါပဲ။ စွပ်ကျယ်ချိုင်းပြတ် အင်္ကျီနဲ့ ဇီးရိုးကွာတား ဘောင်းဘီကို တွဲဖက်ဝတ်ဆင်လေ့ရှိတဲ့ အေမီကို ရှုပ်ရှက်ခပ်နေတဲ့ ဖက်ရှင်စတိုင်မျိုးနဲ့သာ တွေ့ရတာ များပါတယ်။ သူမကွယ်လွန်ပြီး နောက်ပိုင်းမှာလည်း အမျိုးသမီးတွေရဲ့ကြားမှာ အေမီဖက်ရှင် ဝတ်စား ဆင်ယင်မှုတွေတွေ့နေရတုန်းပါ။ ပျားအုံပုံစံဆံပင် ထုံးဖွဲ့မှုက အနုပညာရှင်တွေကြားမှာပါ ခေတ်စား နေဆဲပါ။ ဒါကို ချယ်ရီကိုးလ်နဲ့ အက်ဒဲလ်ရဲ့ ဆံပင် ပုံစံကို အကဲခတ်ကြည့်ရင်တွေ့နိုင်ပါတယ်။ အောင် မြင်မှုအရှိန်ကောင်းဆဲအချိန်မှာ ကွယ်လွန်သွား တာမို့ ဂီတလောကအတွက် နှမြောစရာကောင်း လှပါတယ်။ ဒါကြောင့် သူမကို ချစ်တဲ့ ပရိသတ်ကြီး က အေမီဝိုင်းဟောက်စ်နဲ့ ပတ်သက်တာတွေကို ပြန်လည်ခံစားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
သိမ့်နှင်းအိမ်
Ref: Wiki, winhouse.com
Ref: Wiki, winhouse.com


No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။