နူကလီးယားစွမ်းအား
ဝေဟင်ချစ်သူ နူကလီးယားစွမ်းအားသည် စွမ်းအင်တစ်ခုဖြစ်ပြီး နူကလီးယားဓါတ်ပြုမှုများ (ဥပမာ –ပေါက်ကွဲမှု မရှိသော) ထိန်းချုပ်ထားရာမှ ထုတ်ယူရရှိသည်။ ရောင်းတန်းစက်ရုံများသည် လက်ရှိအချိန်တွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန်အတွက် နူကလီးယားပြိုကွဲမှု တုံ့ပြန်ချက်များကို အသုံးပြုသည်။ လျှပ်စစ်သုံးစွဲမှုအတွက် ဓါတ်ပေါင်း ဖိုများသည် ရေကို အပူ ပေးပြီး ထွက်ရှိလာသည့်ရေနွေးငွေ့ကို လျှပ်စစ်ဓါတ်အားထု
...တ်လုပ်ရာတွင် အသုံးပြုသည်။ ၂၀၀၉ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်း သော ကမ္ဘာကြီး၏ သုံးစွဲနေသည့်လျှပ်စစ်ဓါတ်အားသည် နူကလီးယားစွမ်းအင်မှ လာသည်။ ထိုနည်းတူစွာ ၁၅၀ ထက်များသော နူကလီးယားတွန်းအား သုံးစစ်ရေယာဉ်များ ကို နူကလီးယား ပါဝါသုံး၍ တည်ဆောက်ခဲ့ပြီးဖြစ်သည်။
သုံးစွဲမှု
၂၀၀၅ ခုနှစ်တွင်ကမ္ဘာ့စွမ်းအင်များ၏ ၆.၃ ရာခိုင်နှုန်း နှင့် ကမ္ဘာ့လျှပ်စစ်ဓါတ်အား၏ ၁၅ ရာခိုင်နှုန်း တို့ကို နူကလီးယား စွမ်းအင် မှ ထုတ်လုပ်ပေးသည်။ အမေရိကန်၊ ပြင်သစ် နှင့် ဂျပန် တို့သည် တစ်ကမ္ဘာလုံး နူကလီးယားစွမ်းအင်ဖြင့်လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်း၏၅၆.၅ရာခိုင်နှုန်းကိုထုတ်လုပ်နေသည်။ ၂၀၀၇ခုနှစ်တွင် ကမ္ဘာကြီးတစ်ခုလုံးရှိ နိုင်ငံပေါင်း၃၁နိုင်ငံတွင် နူကလီးယားစွမ်းအင် ဓါတ်ပေါင်းဖို ၄၃၉ လုံးသည် စက်လည်ပတ်နေသည်ဟု နိုင်ငံတကာအနုမြူ စွမ်းအင် အေဂျင်စီ (IAEA) မှ အစီရင်ခံထားသည်။
နိုင်ငံတကာ၏နူကလီးယားစွမ်းအင်ကို သုံးစွဲမှုများ
အမေရိကန်နိုင်ငံသည် နူကလီးယားစွမ်းအင်ကို အများဆုံးသုံးစွဲသည့်နိုင်ငံဖြစ်ပြီး၊ တစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အား သုံးစွဲမှု၏ ၁၉ ရာခိုင်နှုန်းကို နူကလီးယားစွမ်းအားမှ ရယူထားသည်။ ၂၀၀၆ ခုနှစ် စာရင်းအရ ပြင်သစ်နိုင်ငံသည် နူကလီးယား ဓါတ်ပေါင်းဖိုမှ ထုတ်လုပ်သည့် လျှပ်စစ်စွမ်းအားသည် ရာခိုင်နှုန်းအားဖြင့် အမြင့်ဆုံးဖြစ်ပြီး၊ လျှပ်စစ်ဓါတ်အား အားလုံး၏ ၈၀ ရာခိုင်နှုန်း ကို ထုတ်လုပ်နေသည်။ ဥရောပသမဂ္ဂတစ်ခုလုံးအနေဖြင့် နူကလီးယားစွမ်းအင်သည် လျှပ်စစ်ဓါတ်အား အားလုံး၏ ၃၀ ရာခိုင်နှုန်း ကို ထုတ်ပေးသည်။ ဥရောပသမဂ္ဂနိုင်ငံများနှင့် ဩစတီးယား၊ အက်စ်တိုးနီးယားနှင့် အိုင်ယာလန် နိုင်ငံတို့ကဲ့သို့သော နိုင်ငံများအကြား ရှိကြသော တက်ကြွမှုမရှိသည့် နူကလီးယားဓါတ်အားပေးစက်ရုံများ၏ ခြားနားသော နူကလီးယားစွမ်းအင်မူဝါဒသည် မတူညီပါ။ နှိုင်းယှဉ်ကြည့်လျှင် ပြင်သစ်တွင် မျိုးစုံသုံးစက်ရုံ ၁၆ ခု အပါအဝင် အရေအတွက်များစွာသော နူကလီးယား စက်ရုံများကို လက်ရှိသုံးစွဲနေသည်။ အမေရိကန်နိုင်ငံတွင် ကျောက်မီးသွေးနှင့်ဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားထုတ် စက်မှု လုပ်ငန်းသည် မြင့်တက်လာလျက်ရှိပြီး၊ ၂၀၁၃ ခုနှစ်တွင် တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၈၅ ဘီလီယံဒေါ်လာအထိ ဖြစ်လာမည်။ ထိုအချိန်တွင် နူကလီးယားဓါတ်အားပေးစက်ရုံများ၏ တန်ဖိုးကြိုတင်ခန့်မှန်းချက်မှာ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံဒေါ်လာသာရှိသည်။ များစွာသော စစ်တပ်သုံးနှင့် အရပ်ဘက်သုံး (ရေခဲခွဲသင်္ဘောကဲ့သို့သော) သင်္ဘောများသည် နူကလီးယား တွန်းအားပုံစံတစ်မျိုးဖြစ်သည့် နူကလီးယားရေကြောင်းသုံးတွန်းအားကို သုံးစွဲကြသည်။ အနည်းငယ်သောအာကာသ ယာဉ်များသည် အပြည့်သုံး နူကလီးယား ဓါတ်ပေါင်းဖိုများကို သုံးစွဲ၍ လွှတ်တင်နေကြသည်။ ဆိုဗီယက်ရုရှား၏ ရော်ဆက် (RORSAT) ပုံစံ အာကာသယာဉ်များနှင့် အမေရိကန်၏ စနပ် – ၁၀ A (SNAP-10A) အာကာသယာဉ်များ။ နိုင်ငံတကာ သုတေသနသည် သွယ်ဝိုက်၍ လုံခြုံစိတ်ချရသော စက်ရုံများကဲ့သို့ ဖြစ်လာစေရန် စိတ်ချရေး၊ တိုးတက်ကောင်းမွန်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကြိုးပမ်းဆောင်ရွက်မှုဆိုသည်မှာ နူကလီးယား ဓာတ်ပြုပေါင်းစပ်မှု အသုံးပြုခြင်းနှင့် လုပ်ငန်းမှ ထွက်လာသည့်အပူကို အပိုအသုံးပြုခြင်းအနေဖြင့် ဟိုက်ဒရိုဂျင် ထုတ်လုပ် (ဟိုက်ဒရိုဂျင်စီးပွားရေးအထောက်အကူပြုရာတွင်) ပြီး၊ ပင်လယ်ရေမှ ဆားသန့်စင်ဖယ်ရှားခြင်းနှင့် လူနေရပ်ကွက် အပူပေးခြင်း လုပ်ငန်းများတို့တွင် သုံးစွဲနိုင်သည်။
နူကလီးယား ဓါတ်ပြုပေါင်းစပ်မှု
နူကလီးယား ဓါတ်ပြု ပေါင်းစပ်မှု များသည် နူကလီးယား ပြိုကွဲခြင်းထက် ပိုမိုလုံခြုံစိတ်ချရပြီး၊ ရေဒီယို သတ္တိကြွ စွန့်ပစ်ပစ္စည်းများ ထုတ်လွှတ်မှုနည်းပါးသည်။ ထိုဓါတ်ပြုမှုများသည် အဆင်ပြေချောမွေ့နိုင်သည်ဟု ပေါ်လွင်နေသော်လည်း၊ နည်းပညာအားဖြင့် အတော်အတန်အခက်အခဲရှိပြီး လည်ပတ်နိုင်လောက်သည့် စက်ရုံသုံးဓါတ်အား အဆင့်ထိ ဖန်တီးထုတ်လုပ်နိုင်သည်။ ၁၉၅၀ ခုနှစ် များမှ စ၍ ယခုချိန်တိုင်နူကလီးယားဓါတ်ပြုပေါင်းစပ်မှုစွမ်းအားကို စာတွေ့နှင့် လက်တွေ့အားဖြင့် ပြင်းပြင်းထန်ထန်စူးစမ်းရှာဖွေခဲ့ကြသည်။
အာကာသတွင် အသုံးပြုခြင်း
နူကလီးယား ဓါတ်ပြိုကွဲခြင်းနှင့် ဓာတ်ပြုပေါင်းစပ်ခြင်းနှစ်ရပ်လုံးသည် အာကာသပျံသန်းရေး ဆက်စပ်ပစ္စည်း များအတွက် အာမခံချက်အဖြစ် ပေါ်ထွက်လာပြီး၊ အနည်းငယ်မျှသောထုထည် ဓါတ်ပြုခြင်းဖြင့် အာကာသခရီးသို့ အလျင်အမြန်သွားနိုင်ရန် ဆောင်ရွက်ပေးနေသည်။ ဤကဲ့သို့ဖြစ်လာရခြင်းသည် နူကလီးယားဓာတ်ပြုမှုများ၏ အလွန်မြင့်မားသောစွမ်းအင်သိပ်သည်းဆကြောင့် ဖြစ်သည်။ ဓာတုပစ္စည်းဓါတ်ပြုခြင်းများဖြင့် အသုံးပြုနေသည့် ယနေ့ခေတ်ဒုံးပျံများ၏ စွမ်းအားထက် နူကလီးယားဓာတ်ပြု မှုသည် သုည ရ လုံး (၁၀၀၀၀၀၀၀ အဆ) ပိုမို စွမ်းဆောင်နိုင်သည်။ ရေဒီယိုသတ္တိကြွမှု အကြွင်းအကျန်ကို အသေးစား (ကီလိုဝပ်အနည်းငယ်) ကိစ္စရပ်များတွင် သုံးစွဲပြီး၊ အများစုအနေဖြင့် အာကာသခရီးသွားများနှင့် စမ်းသပ်ဆောင်ရွက်မှုများအတွက် လျှပ်စစ်ဓါတ်အားပေးရာတွင် သုံးစွဲသည်။
နူကလီးယားစွမ်းအား၏ ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများ
သံသရာလည်နေသည့် မှန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှင့်မှုများ၏ နှိုင်းယှဉ်ချက်များ
ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှုများ၏ သံသရာလည်မှု ခွဲခြမ်းစစ်ဆေးခြင်း (LCA) အပေါ် နှိုင်းယှဉ်ချက် အများအပြားတွင် ဖော်ပြထားသည်မှာ နူကလီးယားစွမ်းအားသည် ပြန်လည်အသစ်လဲနိုင်သည့် စွမ်းအင်အရင်းအနှီးများနှင့် တန်းတူ နှိုင်းယှဉ်နိုင်သည်။
နူကလီးယားစွမ်းအားအပေါ် ငြင်းခုံမှု
နူကလီးယားစွမ်းအားငြင်းခုံမှုသည် ကြာရှည်အငြင်းပွားမှု အကြောင်းဖြစ်ပြီး၊ ယင်းအငြင်းပွားမှုသည် အရပ်ဘက် အသုံးပြုရန် ရည်ရွယ်ချက်များအတွက် နူကလီးယားလောင်စာမှ လျှပ်စစ်ဓါတ်အားထုတ်လွှတ်မည့် နူကလီးယား ဓါတ်ပေါင်းဖိုများ သုံးစွဲမှုနှင့် နေရာချထားမှုတို့ကို လွှမ်းခြုံထားသည်။ နူကလီးယားစွမ်းအားအကြောင်း ငြင်းခုံမှုသည် ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များအတွင်း အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ၊ ထိုအချိန်တွင်ပင် ငြင်းခုံမှုသည် နိုင်ငံအချို့တွင် “နည်းပညာအငြင်းပွားမှုများ သမိုင်းတွင် မကြုံဖူး၊ မကြားဖူးလောက်အောင် ပြင်းထန်သောမှတ်တမ်းဝင် သွားသည်။”
နူကလီးယားစွမ်းအားသည် ရေရှည်တည်တန့်သော စွမ်းအားအရင်းအနှီးတစ်ခုဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချ၍၊ နိုင်ငံခြားရေနံအပေါ် မှီခိုအားထားမှုကို လျော့ကျစေခြင်းဖြင့် စွမ်းအင်စိတ်ချလုံခြုံမှုကို တိုးပွားစေသည်။ ဝါဒဖြန့်ချီသူများ ပြောထားသည်မှာ နူကလီးယားစွမ်းအားသည် ပြောနေကျလေထုညစ်ညမ်းမှု ဖြစ်စေသည့် မှန်လုံအိမ် ဓါတ်ငွေ့များနှင့် မီးခိုးမှိုင်းတို့ကို ဖြစ်ပေါ်စေခြင်းမရှိဘဲ၊ ရုပ်ကြွင်းလောင်စာများ၏ အဆင်အပြေ ဆုံးအစားထိုးလောင်စာအဖြစ် ခြားနားလျက်ရှိသည်။ ဝါဒဖြန့်ချီပြောဆိုနေသူများသည် အနောက်နိုင်ငံများအတွက် စွမ်းအင်အမှီအခိုကင်းရေး အောင်မြင်မှုရရန်၊ နူကလီးယားစွမ်းအားသည် တစ်ခုတည်းသော ပြေလည်စေမည့် လမ်းကြောင်း ဖြစ်သည်ဟု ယုံကြည်ထားကြသည်။
နူကလီးယားစွန့်ပစ်ပစ္စည်းများထားသိုရသည့် အန္တရာယ်သည် သေးငယ်ပြီး၊ ဓါတ်ပေါင်းဖိုအသစ်များတွင် နောက်ဆုံးပေါ်နည်းပညာသုံးစွဲခြင်းဖြင့် စွန့်ပစ်ပစ္စည်းလျော့ချနိုင်သည့် အနောက်နိုင်ငံများတွင် လုပ်ငန်းပိုင်းဆိုင်ရာ အန္တရာယ်ကင်းရှင်းရေးမှတ်တမ်းသည် အခြားအဓိကအမျိုးအစားဖြစ်သော စွမ်းအားစက်ရုံများနှင့် နှိုင်းယှဉ်လျှင် ကောင်းမွန်လှသည်။ နူကလီးယားစွမ်းအားသည် ပြည်သူများနှင့်ပတ်ဝန်းကျင်ကို များစွာ ခြိမ်းခြောက်လျက်ရှိသည်ဟု ဆန့်ကျင်သူ များက ယုံကြည်ကြသည်။ ထိုခြိမ်းခြောက်မှုများတွင် ပြင်ဆင်ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ရေဒီယိုသတ္တိကြွ နူကလီးယားစွန့်ပစ်ပစ္စည်းများ ထားသိုခြင်း ပြဿနာများ၊ နူကလီးယားလက်နက်များ စုပုံလာခြင်း အန္တရာယ်နှင့် အကြမ်းဖက်မှုတို့ ပါဝင်ပြီး၊ ထိုနည်းတူစွာ ကျန်းမာရေးအန္တရာယ်နှင့် ယူရေနီယံသတ္တုတွင်းမှ ပတ်ဝန်းကျင်ပျက်စီးမှုများ လည်း ပါဝင်သည်။၎င်းတို့ စောဒကတက်ပြောဆိုသည်မှာ ဓါတ်ပေါင်းဖိုများ ကိုယ်၌သည် များပြားစွာ ရှုပ်ထွေးနေသော စက်များဖြစ်ပြီး၊ထိုစက်များတွင် ကိစ္စရပ်ပေါင်းများစွာ မှားယွင်းသွားနိုင်သည်။ ထိုသို့မှားယွင်းပါက အလွန်ကြီးမားသော နူကလီးယား မတော်တဆမှုများဖြစ်ပွားနိုင်သည်။
အန္တရာယ်ကြီးမားသော နူကလီးယား ဓါတ်ပြိုကွဲမှုကို စွမ်းအားအရင်းအမြစ်အဖြစ် အသုံးပြုခြင်းအန္တရာယ်သည် နည်းပညာအသစ်တိုးတက် ဖွံ့ဖြိုး လာသည်နှင့်အမျှ လျော့နည်းသွားမည်ဆိုသည်ကို ဝေဖန်သူများက မယုံကြည်ကြပါ။ ၄င်းတို့ထောက်ပြပြောဆို သွားသည်မှာ ယူရေနီယံသတ္တုတူးဖော်ရေးမှ နူကလီးယားလုပ်ငန်းရပ်နားပြီးဆုံးသွားသည်အထိ နူကလီးယားလောင်စာ ကွင်းဆက်၏ အားလုံးသော စွမ်းအင်သုံးစွဲခြင်းအဆင့်များကို ထည့်သွင်းစဉ်းစားသည့်အခါတွင်၊ နူကလီးယားစွမ်းအား သည် ကာဗွန်လျော့နည်းသော လျှပ်စစ်ဓါတ်အားအရင်းအမြစ်တစ်ခုမဟုတ်တော့ပါ။ စီးပွားရေးနှင့် အန္တရာယ်ကင်းရေး ငြင်းဆိုချက်များကို ငြင်းခုံနေသော နှစ်ဘက်စလုံးမှ သုံးစွဲသည်။
ဝေဟင်ချစ်သူ
www.facebook.com/theuseofforce
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။