ကို စိန်သန်း shared အရူးလွယ်အိတ်'s photo.
တိုင်းပြည်အတွက် ဟုတ်လား
မင်းပစ်ချတဲ့အမှိုက်ကိုကောက်
ပြီးမှပြော။
လူမျိုးအတွက် ဟုတ်လား
မင်းဘိုးစဉ်ဘောင်ဆက်ကို ဇယားချပြ
ပြီးမှပြော။
ဘာသာအတွက် ဟုတ်လား
မင်းဖုန်းထဲက ပချုပ်ဆိုင်နံပါတ်တွေဖျက်
မင်းလက်ထဲကအရက်ခွက်ကိုချ
ပြီးမှပြော။
စာပေအကြောင်း ဟုတ်လား
ဖြစ်ဖြစ်မြောက်မြောက် တစ်ခုခုရေး
ပြီးမှပြော။
ရှေးဆရာတွေကို ဝေဖန်မလို့ ဟုတ်လား
မင်းကိုယ်မင်း ဘာကောင်လဲ အရင်ဝေဖန်လိုက်ဦး
ပြီးမှပြော။
သီချင်းက ဘာဖြစ်တယ် ဟုတ်လား
ခရိုမက်တစ်စကေးလေးကို သရီးအော့တေ့ဖ်အပြန်အလှန်ဆိုပြ
ပြီးမှပြော။
ယဉ်ကျေးမှု ဟုတ်လား
မင်းပါးစပ်ကအဆဲတွေ အသံသွင်းနားထောင်ကြည့်
ပြီးမှပြော။
လူယုတ်မာတွေကို သုတ်သင်မယ် ဟုတ်လား
မင်းခေါင်းထဲက အတွေးဆိုးတွေကို အရင်ထုတ်
ပြီးမှပြော။
သူများကိုဆုံးမမယ် ဟုတ်လား
မင်းကိုယ်မင်းအရင်ဆုံးမကြည့်
ပြီးမှပြော။
ငါလား
ဒီအရွယ်အထိ ကိုယ့်ကိုယ်ကိုယ် ပြန်ဆုံးမနေတာ
ခုထိမလိမ္မာသေးဘူး။
လိမ္မာတဲ့နေ့မှ ငါပြောတော့မယ်။
ကဗျာ ( လဂွန်းအိမ်)
ပန်းချီ ( စိုးစိုးဝင်း )
တိုင်းပြည်အတွက် ဟုတ်လား
မင်းပစ်ချတဲ့အမှိုက်ကိုကောက်
ပြီးမှပြော။
လူမျိုးအတွက် ဟုတ်လား
မင်းဘိုးစဉ်ဘောင်ဆက်ကို ဇယားချပြ
ပြီးမှပြော။
ဘာသာအတွက် ဟုတ်လား
မင်းဖုန်းထဲက ပချုပ်ဆိုင်နံပါတ်တွေဖျက်
မင်းလက်ထဲကအရက်ခွက်ကိုချ
ပြီးမှပြော။
စာပေအကြောင်း ဟုတ်လား
ဖြစ်ဖြစ်မြောက်မြောက် တစ်ခုခုရေး
ပြီးမှပြော။
ရှေးဆရာတွေကို ဝေဖန်မလို့ ဟုတ်လား
မင်းကိုယ်မင်း ဘာကောင်လဲ အရင်ဝေဖန်လိုက်ဦး
ပြီးမှပြော။
သီချင်းက ဘာဖြစ်တယ် ဟုတ်လား
ခရိုမက်တစ်စကေးလေးကို သရီးအော့တေ့ဖ်အပြန်အလှန်ဆိုပြ
ပြီးမှပြော။
ယဉ်ကျေးမှု ဟုတ်လား
မင်းပါးစပ်ကအဆဲတွေ အသံသွင်းနားထောင်ကြည့်
ပြီးမှပြော။
လူယုတ်မာတွေကို သုတ်သင်မယ် ဟုတ်လား
မင်းခေါင်းထဲက အတွေးဆိုးတွေကို အရင်ထုတ်
ပြီးမှပြော။
သူများကိုဆုံးမမယ် ဟုတ်လား
မင်းကိုယ်မင်းအရင်ဆုံးမကြည့်
ပြီးမှပြော။
ငါလား
ဒီအရွယ်အထိ ကိုယ့်ကိုယ်ကိုယ် ပြန်ဆုံးမနေတာ
ခုထိမလိမ္မာသေးဘူး။
လိမ္မာတဲ့နေ့မှ ငါပြောတော့မယ်။
ကဗျာ ( လဂွန်းအိမ်)
ပန်းချီ ( စိုးစိုးဝင်း )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။