Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, February 8, 2013

ချစ်သူများနေ့မှာ ဒါမျိုးတော့ မဖြစ်သင့်ပါ.......

ကိုဝိုင် ဝိုင်ကေ shared ကိုဝိုင်ဝိုင်ကေ ( Yeyint kyaw )'s photo.
ဖေဖေါ်ဝါရီ(၁၄)ရက် ချစ်သူများနေ့ဆိုပြီး ကောင်းတာများလုပ်ကြသလားဆိုတော့ မကောင်းတာတွေပဲ လုပ်နေကြတာကို အင်တာနက်မှာဖတ်ရတဲ့အခါ ကိုယ့်မွေးနေ့တောင် ပြန်ပြောင်းရရင် ပြောင်းလိုက်ချင်သေးတယ်။ ဘာတွေလုပ်ကြသလဲဆိုတာတော့ ဦးဦးမှော်စရာဂရုမေးလ်ထဲမှာ ဒါလေးဖတ်လိုက်ရလို့ စိတ်မကောင်းစွာနဲ့ လူငယ်လူကြီးမရွေး ရှောင်ကြဉ်နိုင်ကြပါစေရန် တင်ပေးလိုက်ပါတယ်။ ဦးဦးမှော်စရာဂရုမေးလ်မှာ ရေးထားတာကတော့

တလောက ဖတ်လိုက်ရတဲ့ ဆောင်းပါးထဲမှာ ပြောထားတာပါ။ ချစ်သူတွေအတွက်

အသက်စွန့်ခဲ့သည့် ဘုန်းတော်ကြီးကို ဂုဏ်ပြုတဲ့ အနေနဲ့ဖြစ်လာတဲ့ ဒီ

ချစ်သူများနေ့ဟာဆိုရင် အခုနောက်ပိုင်း တစ်လွဲဆံပင်ကောင်းသူတွေကြောင့်

ကမ္ဘာပေါ်မှာ HIV/AIDS အကူးခံရမှုအများဆုံးနေ့တစ်နေ့ ဖြစ်လာသည်ဟု

ဆောင်းပါးရှင်က ပြောထားပါတယ်။ မနှစ်က ဧရာဝတီမှာ ဖတ်ရတဲ့ သတင်းအရဆိုရင်

မြန်မာနိုင်ငံမှာလဲ ထိုကဲ့သို့ ဖြစ်လာပါသည်ဟု ဆိုသည်။ ၁၄ရက်နေ့မှာ

နာရီပိုင်း၊ နေ့ခင်းပိုင်း သီးသန့်ငှားလို့ရတဲ့ ဟိုတယ်တွေမှာ လူပြည့်ပြီး

လူအားသွားမှာကိုပင် ထိုင်စောင့်ကြသည်ဟု သိရသည်။

ချစ်သူများနေ့တွင် ကိုယ့်အပျိုစင်ဘဝကို ကိုယ့်ချစ်သူအတွက် ချစ်သူများနေ့တွင် ပေးဆပ်မည်ဟု

တွေးထားသော မိန်းကလေးများလဲ အများအပြားရှိသလို ကိုယ့်ချစ်သူရဲ့

အပျိုစင်ဘဝကို ရယူမည်ဟူ၍ တွေးထားသော ယောက်ျားလေးများလဲရှိသည်။ သို့သော်

မိမိက အပျိုစင် လူပျိုစစ်စစ်ဖြစ်သော်လည်း မိမိချစ်သူက တခြားလူတစ်ယောက်နဲ့

ဆက်ဆံဖူးသလားဆိုတာကို သေချာသိသည့် လူကနည်းပါသည်။ ထို့အတွက် အကာကွယ်မဲ့

လိင်ဆက်ဆံကြပြီး ရောဂါပိုး ကူးသူဒုနဲ့ဒေးဖြစ်ခဲ့ရသည်။ မနှစ်က ဖေဖော်ဝါရီ

တတိယပတ်တွင် ဖတ်ရသည့် အင်္ဂလိပ်လူမှုရေးဆိုဒ်တစ်ခုအဆိုအရ တစ်ကမ္ဘာလုံးတွင်

၂၀၁၁ချစ်သူများနေ့၌ အတူနေ စုံတွဲ သန်း၁၅၀ကျော်မှ ရှိပြီး။

နှစ်စဉ်နှစ်တိုင်း ထိုနေ့၌ HIV/AIDS ကူးဆက်ခံရသူ ၆သိန်းကျော်မျှရှိသည်

ဟုသိရပြီး။ အာရှတိုက်တွင် မနှစ်က ချစ်သူများနေ၌ ရောဂါပိုးကူးစက်ခံသူ

၃သိန်းမျှအထိ ရှိသည်ဟု သိရသည်။

အများစုမှာ အသက် ၂၀ မကျော်သူများဖြစ်ကြပြီး

ကောလိပ်၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများဖြစ်သည်ဟု ဖြည့်စွက်

ပြောကြားခဲ့သည်။ မြန်မာပြည်တွင် ရောဂါပိုးရှိသူများ၏ ၂၀%သည် မိမိချစ်သူ

ခင်ပွန်းထံမှ ရရှိခြင်းဖြစ်သည်ဟုလဲ လူမှုရေးအသင်းအဖွဲ့တစ်ခုမှ

တာဝန်ခံကပြောကြားသည်။ မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါရှိသော်လည်း TB

ဟုအမည်တပ်ပြီးသေဆုံးသူ နှစ်စဉ် ၁၀၀၀ ဝန်းကျင်ခန့်ရှိပြီး၊

မည်သည့်ရောဂါမှန်း မသိပဲ သေဆုံးသူ ၅၀၀၀ကျော်ခန့်ရှိသည်ဟု

ကျမ်းမာရေးဋ္ဌာနတွင် ဒုညွှန်တာဝန်ယူထားသူ တစ်ဦးက ကျွန်တော့်ကို ပြောပြသည်။

လသာတွင် ဟိုတယ်ဖွင့်ထားသော အသိတစ်ယောက် အဆိုရဆိုရင် ချစ်သူများနေ့တွင်

သူ့ဟိုတယ်မှာ လာနေသူအများစုမှာ ၂၀ဝန်းကျင် လူငယ်များဖြစ်သည်ဟုလဲ သိရသည်။

နောက် ထိုနေ့တွင် တစ်ကမ္ဘာလုံး၌ မိမိချစ်သူအတွက် သုံးစွဲငွေမှာ

ဒေါ်လာလေးဘီလျှံနှင့်အထက်တွင်ရှိနိုင်သည်ဟု OXFORD တွင် တက်နေသော

စီးပွားရေးအထူးပြုကျောင်းသားတစ်ဦးက twitter တွင် ခန့်မှန်း

ပြောကြားခဲ့သည်ကို မနှစ်က လေးလပိုင်းက ဖတ်လိုက်ရသည်။ မြန်မာနိုင်ငံတွင်

ထိုနေ့၌ အခန်းခများ ဈေးတက်ပြီး တစ်နာရီလျှင် ၁၀၀၀၀ကျော်မှအထိ

ယူသည်ဟုသိရသည်။

ထိုကဲ့သို့ ငွေများ အလဟသတ် ကုန်ဆုံးနေခြင်းမှာ နှမြောဖို့

အလွန်ကောင်းလှပြီး လူမှုရေးအဖွဲ့အစည်းများကို လှူမယ်ဆို

မတရားကောင်းပါလိမ့်မယ်။ အခုနောက်ပိုင်းမှာ တစ်ကမ္ဘာလုံးမှာ

လူ့အခွင့်အရေးခေါင်းစဉ်ဖြင့် လူသားတွေကို ဖျက်ဆီးနေကြသည်။ ဂေးဥပဒေ

ပေါ်ထွက်လာခြင်းမှာ သဘာဝကို ဆန့်ကျင်ခြင်းဖြစ်ပြီး လူသားမျိုးတုန်းမှု

အန္တာရယ်ရဲ့ အစလဲဖြစ်သည်။ နိုက်ကလပ်များ ဇိမ်ခံခန်းများကြောင့်

ထိုင်းနိုင်ငံတွင် နှစ်စဉ် လူတစ်သိန်းခံ HIV/AIDS ကူးစက်ခံစားရပြီး

ဒီမိုကရေစီဟု အမည်တပ်ပြီး ဆက်လက်ရှင်သန်နေသည့် နိုက်ကလပ်များ

ဇိမ်ခံခန်းများမှာ တရားဝင်ရော တရားမဝင်ပါ အများအပြားရှိပြီး

ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးဆက်ခံရပြီး မြန်မာလူမျိုးများ

မိမိတိုင်းပြည်အတွင်း ပြန်ဝင်ရောက်လာခြင်းမှာလဲ ရင်လေးစရာကိစ္စဖြစ်သည်။

လူ့အခွင့်အရေး လူ့အခွင့် အရေးခေါင်းစဉ်ကြောင့်ပဲ တဖြည်းဖြည်းနဲ့

လူသားများဟာ တိရစ္ဆာန်နဲ့မခြားဖြစ်လာပြီး အရှက်အကြောက်လဲ

နည်းသထက်နည်းလာခဲ့ကြသည်။ အဝတ်အစားဖက်ရှင်များ အနေအထိုင်ရဲတင်းမှုများ

စသည့် ဆိုးကျိုးများမှာ ကမ္ဘာမှ တဆင့် မြန်မာသို့ ကူးစက်လာခဲ့သည်။

လမ်းပေါ်တွင် ခွေးများမှာ အကာအကွယ်မဲ့ မိတ်လိုက်ကြပြီး၊ မည်သည့်ကိုမျှ

မရှက်ကြပါ။ ထိုအဆင့်သို့ မရောက်သေးသော်လည်း ကားပေါ်များ၊ ရထားပေါ်များတွင်

ရဲတင်းစွာ ဖက်လဲတကင်း နေထိုင်နေခြင်းများကို ခရီးသွားပြည်သူများ နေ့စဉ်

မြင်တွေ့နေရသည်မှာ မျက်မြင်ဖြစ်သည်။ ထို့အတွက်ဖြင့်ပဲ

ကလေးဖျက်ချခြင်းကြောင့် မိန်းမငယ်များစွာ အသက်စတေးရပြီး

သားသမီးစွန့်ပစ်မှုနှုန်းများလဲ တက်လာခဲ့သည်။ တချိန်ကအလွန်ယဉ်ကျေးလှသော

မြန်မာလူမျိုးများကို ချစ်သူများနေ့တွင် ကျွန်တော်

ပျက်ဆီးခြင်းမဖြစ်စေချင်တာက ဆန္ဒအမှန်ပါ။

နောက်လူတွေရဲ့စိတ်မှာလဲ ချစ်သူများနေ့ဆို မဟုတ်တာပဲ

လုပ်ဖို့တွေးနေကြသလိုပါပဲ။ ထိုနေ့တွင် အခန်းမဲဖောက်ပေးဖို့

လုပ်တဲ့ကိစ္စကိုပဲ ကြည့်ပါ။ နောက်ပြီး လိုင်းပေါ်က သူငယ်ချင်းတွေ

ကျွန်တော့်ကိုလာလာမေးကြပါတယ် အဲ့နေ့ဘာလုပ်မလဲတဲ့။ ကျွန်တော်ကတော့

တစ်ယောက်တည်းပါပဲလို့ ဖြေတော့ မယုံပါဘူးတဲ့။ သေချာရှင်းပြတော့

ထပ်မေးကြပြန်ပါတယ်။ အဲ့နေ့မျာ ချစ်သူရှိခဲ့ရင် ဘယ်ကိုသွားပြီး

ဘာလုပ်မလဲတဲ့။ ဘုရားတွေပတ်သွားမယ် ဆိုတော့ ပြောကြတယ် ခေတ်အမြင်ကို

မရှိဘူးတဲ့။ တကယ့်ကို ပြဿနာပါပဲ။ ကျွန်တော်လဲ ရည်းစားထားခဲ့ဖူးပါတယ်။

တကယ်ကို အဲ့ဒီ့နေ့မှာ မဟုတ်တာမလုပ်ဖူးပါဘူး ကျိန်ဆိုလဲ ကျိန်ပါ့မယ်ဗျာ။

ကိုယ်ချစ်တဲ့ သူနဲ့တော့ အတူနေချင်ကြတာ ယောက်ျားတိုင်းပါပဲ။ ဒါပေမယ့်

အဲ့လို ချစ်သူတွေ အတွက် မင်္ဂလာရှိတဲ့နေ့မှာတော့ မဟုတ်တာ မလုပ်သင့်ပါဘူး။

ကျွန်တော် ဒီဇင်ဘာလတုန်းက မြစ်ကြီးနားကို တက်ခဲ့ပါတယ်။ ၁ပတ်လောက်ကြာပြီး

စိတ်မချမ်းမြေ့စရာတွေ တော်တော်တွေ့ခဲ့ရတယ်။ ချို့တဲ့မှုကြားထဲက

အသက်ကိုကြိုးစားရှင်သန်နေကြတဲ့ လူတွေကတော့ လေးစားစရာပါပဲ။ ကျွန်တော့်မှာ

ကိုယ်ရေးကိုယ်တာစိတ် အနှောက်အယှက်ဖြစ်တာကြောင့် စိတ်ညစ်ညစ်နဲ့

သေရင်သေဆိုပြီး ကချင်တက်သွားတာပါ။ မသေခင်မှာ

ကောင်းမှုကုသိုလ်လေးတစ်ခုလောက် လုပ်မယ်ဆိုပြီး

အခြေခံဆေးဝါး၃သိန်းဖိုးနီးပါး ဝယ်သွားခဲ့ပါတယ်။ ဟိုရောက်တော့

အာဏာပိုင်တွေ NGO တချို့နဲ့တွေ့ပြီး အခမဲ့ ဆေးခန်းတွေမှာ ဒုက္ခသည်

စခန်းတချို့က ဆရာဝန်တွေဆီ လှူခဲ့ပါတယ်။

ထိုမှ ဆရာဝန်တချို့ပြောပြချက်အရ

အဝတ်အစား၊စားစရာနဲ့ တခြားပစ္စည်းများမှာ လှူဒါန်းသူများသဖြင့်

အနည်းငယ်မျှသာ လိုအပ်ချက်ဖြစ်သော်လည်း ဆေးဝါးမှာမှု မလုံလောက်ကြောင်း။

နေစရာချို့တဲ့မှုကြောင့် အအေးပတ် အဆုတ်ရောင် ဖျားနာ စသော ရောဂါငယ်များ

ဖြစ်ပွားပြီး ဆေးဝါးမလုံလောက်မှု များစွာ ကြုံရကြောင်း ထို့အတွက်

မလိုအပ်ပဲ အသက်ဆုံးရှုံးရကြောင်း ပြောပြခဲ့ပါတယ်။ ဘုန်းကြီးကျောင်းမှာ

လာရောက် ခိုလှုံနေသူတစ်ယောက်ကလဲ ကျွန်တော့်ကိုပြောတယ် အသက်ကို ပဓာနမထားပဲ

ဒီလို လာကူညီတဲ့ အတွက် ကျေးဇူးပါတဲ့ ။ကျွန်တော် ရှက်သွားတယ်။

ရန်ကုန်မှာ

ပြည့်ပြည့်စုံစုံနဲ့ နေရတဲ့ ကျွန်တော်က သေချင်လို့

အန္တာရယ်ကြားထဲသွားခဲ့တယ်။ ကချင်က သူတွေကတော့ အန္တာရယ်ကြားကနေ

အသက်ဆက်လက်ရှင်သန်ဖို့ ကြိုးစားနေကြတယ်လေ။ ကျွန်တော်က တကယ့်ကို လူမပီသတဲ့

တစ်ယောက်ပါပဲ။ အသက်ကျွန်တော်ပြောချင်တာကတော့ ချစ်သူများနေ့မှာ

အကျိုးမရှိကုန်မယ့် အစား ကချင်မှာကဲ့သို့ လိုအပ်မယ့် နေရာအချို့ကို

လှူဒါန်းသင့်ကြောင်းပါ။ ချစ်သူများနေ့မှာ နောက်ဘဝ ကိုယ်ချစ်တဲ့သူနဲ့

ဆုံဆည်းရအောင် အခုကတည်းက ကောင်းမှုအတူလုပ်ရင်း ပါရမီဖြည့်ကြဖို့

တိုက်တွန်းပါရစေ။

Your lovingly Fri

Ya Wai (Paing Soe Thu)

Ref - အရှင်ကောမလ(ခ) ဆန်နီနေမင်း

၂၀၁၂ မှာတုန်းက တင်ခဲ့တာလေးပါ .. အဲတုန်းက ဒီ Page လေးက လူသိသိပ်များသေးဘူးလေ .. အဲတော့ မဖတ်ရသေးတဲ့လူတစ်ချီု့ အတွက်ပါ .. ဖတ်ပြီးသူများလဲ ထပ်ဖတ်လို့ ရတာပေါ့ ... 

ရေးမိရေးရာလေးများ

သတင်းစုဗူး's Page မှ။
ဖေဖေါ်ဝါရီ(၁၄)ရက် ချစ်သူများနေ့ဆိုပြီး ကောင်းတာများလုပ်ကြသလားဆိုတော့ မကောင်းတာတွေပဲ လုပ်နေကြတာကို အင်တာနက်မှာဖတ်ရတဲ့အခါ ကိုယ့်မွေးနေ့တောင် ပြန်ပြောင်းရရင် ပြောင်...းလိုက်ချင်သေးတယ်။ ဘာတွေလုပ်ကြသလဲဆိုတာတော့ ဦးဦးမှော်စရာဂရုမေးလ်ထဲမှာ ဒါလေးဖတ်လိုက်ရလို့ စိတ်မကောင်းစွာနဲ့ လူငယ်လူကြီးမရွေး ရှောင်ကြဉ်နိုင်ကြပါစေရန် တင်ပေးလိုက်ပါတယ်။ ဦးဦးမှော်စရာဂရုမေးလ်မှာ ရေးထားတာကတော့

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။