လောဘ ကြိုးခွေများ
==========
တစ်ခါက လယ်မြေ ဧကပေါင်းများစွာကို ပိုင်ဆိုင်တဲ့ သူဋ္ဌေးကြီးတစ်ဦးရှိပါသတဲ့။ သူဋ္ဌေးကြီးမှာ အင်မတန် ကျိုးနွံပြီးသစ္စာရှိတဲ့ တပည့်တစ်ဦးလည်းရှိတယ်။ သူဋ္ဌေးကြီးရဲ့ တပည့်ဟာ သူဋ္ဌေးကြီးငယ်စဉ် မကြီးပွားသေးခင် ကာလကတည်းက သူဋ္ဌေးကြီးသွားလေရာလိုက်ပါပြီး ပြုစုလုပ်ကြွေးခဲ့သူ ဖြစ်သတဲ့။ တစ်နေ့တော့ သူဋ္ဌေးကြီးဟာ ဒီလိုစဉ်းစားတယ်
"အင်း ငါ့တပည့်ဟာ သူ့တစ်သက်လုံး ငါပြောသမျှ၊ ဆိုသမျှကို သည်းခံတဲ့အပြင် ငါ့သဘော၊ ငါ့အကြိုက်ကို သိတဲ့ သစ္စာရှိသူပဲဖြစ်တယ်။ ငါဒီလို စည်းစိမ်တွေရရှိလာဖို့အတွက် ကြိုးစားတုန်းကလည်း သူဟာ အထောက်အပံကောင်းပေးနိုင်ခဲ့ တယ်။
ငါ့ကိုလည်းကောင်းကောင်း ပြုစုလုပ်ကျွေးခဲ့တာပဲ။ သူ့ရဲ့ သစ္စာရှိမှု၊
ကျိုးနွံမှုတွေအတွက် ငါဆုလာဘ် ပေးပြီး ကျေးဇူးဆပ်မှ ကောင်းမယ်"
သူဋ္ဌေးကြီးဟာ အဲသည်လို စဉ်းစားပြီး နောက်တစ်နေ့ မနက်မှာတော့ သူတပည့်ကို ခေါ်လိုက်တယ်။ ပြီးတော့
"တပည့်ကြီး ကြိုးခွေ တွေ သယ်နိုင်သလောက်သယ်ပြီး ငါ့နောက်လိုက်ခဲ့" လို့ ပြောပြီးထွက်ခွာခဲ့တယ်
သူဋ္ဌေးကြီးဟာ သူ့တပည့်ကို သူပိုင်ဆိုင်တဲ့ လယ်ကွင်းတွေရဲ့အစပ်ကိုခေါ်ဆောင်လာတယ်။ သူပိုင်ဆိုင်တဲ့ လယ်ကွင်းတွေဟာ များပြားတာကြောင့် လှမ်းကြည့်မယ်ဆိုရင် မျက်စေ့တစ်ဆုံးထက် ကျော်လွန်နေခဲ့တယ်။ သူဌေးကြီးက
"ငါ့တပည့် မင်းကိုဒီနေရာကိုခေါ်လာတာက အကြောင်းရှိတယ်။ မင်းငါအပေါ် ပြုစုလုပ်ကျွေးခဲ့မှုတွေ၊ သစ္စာရှိမှုတွေကို ငါအောင်မြင်လာတဲ့ခုလိုအချိန်မှာ ကျေးဇူးဆပ်ချင်တာကြောင့်ပဲ၊
အဲဒါကြောင့် မင်းသယ်လာတဲ့ ကြိုးခွေတွေကို တစ်ခွေနဲ့တစ်ခွေဆက်လိုက်၊
ပြီးရင် တစ်ဖက်စွန်းကို ခုငါတို့ရပ်နေတဲ့နေရာမှာ ငုတ်ရိုက်လိုက်၊
ကျန်တစ်ဖက်စွန်းကို မင်းမြဲမြဲကိုင်ပြီး မင်းပြေးနိုင်သမျှ ပြေးပေတော့
မင်းမပြေးနိုင်တော့လို့ ရပ်တဲ့နေရာမှာ ငုတ်ထပ်ရိုက် အဲဒီကြိုးအရှည်အတိုင်း
ငါပိုင်ဆိုင်တဲ့လယ်ကွင်းတွေ ကို မင်းကို ဆုပေးမယ်" လို့ ပြောခဲ့တယ်။
သူဋ္ဌေးကြီးရဲ့တပည့်ဟာ အင်မတန်မှ ၀မ်းသာသွားခဲ့တယ်။ သူဟာ သူဋ္ဌေးကြီးပြောတဲ့အတိုင်းလို က်လံပြုလုပ်ပြီး ကြိုးတစ်ဖက်စွန်းကိုကိုင်ကာ အားကုန်ပြေးတော့တယ်။ သူဟာ အတန်ကြာပြေးပြီးတဲ့နောက်မှာ နောက်ကို လှည့်ကြည့်လိုက်တယ်
"နည်းသေးတယ်"
လို့ ရွတ်ဆိုရင်း ထပ်ပြီးခပ်ဝေးဝေးကို ပြေးပြန်တယ်။ အဲဒီလိုနဲ့ သူဟာ လှည့်ကြည့်လိုက်၊ ပြေးလိုက်နဲ့ အလွန်မောပန်းလာတဲ့အထိ မရပ်မနား ပြေးနေခဲ့ပြန်တယ်။ သူဟာ တဖြည်းဖြည်းနဲ့ မောဟိုက်လာပြန်တယ်။ ဒါပေမယ့်လည်း သူစိတ်ကျေနပ်တဲ့အထိ မရောက်သေးတာကြောင့် အားတင်းပြီးထပ်မံပြေးပြန်တယ်။
တစ်နေရာအရောက်မှာတော့ သူဟာ မောပန်းလွန်းတဲ့အတွက် လယ်ကန်သင်းဘေးကို
ပုံပျက်ပန်းပျက်ပဲ လဲကျသွားခဲ့တယ်။ သူဋ္ဌေးကြီးဟာ သူ့တပည့် ကို
မမြင်ရတော့တာကြောင့် နောက်ကနေ လိုက်လာခဲ့တယ်။ အဲဒီလိုလိုက်လာခဲ့ရင်း
တစ်နေရာအရောက်မှာတော့ အမောဆို့ပြီး လဲကျ သေဆုံးနေတဲ့ သူတပည့်ရဲ့
ရုပ်အလောင်းကိုသာ ၀မ်းနည်းစွာနဲ့ တွေ့မြင်ခဲ့ရတယ်။
အဲဒီလိုနဲ့သူဋ္ဌေးကြီးဟာ သူ့ရဲ့ ချစ်တပည့်သေဆုံးသွားတဲ့နေရာ မှာပဲ သူ့တပည့်ရဲ့ ရုပ်အလောင်းကို မြှုပ်နှံသဂြိုလ်ခဲ့တော့တယ် ။
"မင်းကို လယ်ဧက ရာချီပြီးပေးချင်ပေမယ့် မင်းဟာ ခြောက်ပေ၊ လေးပေ ဆိုတဲ့ပမာဏကိုပဲ ရွေးချယ်ခဲ့တာပဲ တပည့်ကြီးရယ်၊ ဒီနေရာဟာလည်း မင်းနေရာပါပဲ"
လို့ သူဋ္ဌေးကြီးက ပြောခဲ့လေတယ်။
ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြထားတာတွေရှိတယ်။ တကယ်တော့ ကျွန်တော်တို့တွေဟာ သူဋ္ဌေးကြီးရဲ့ တပည့်နဲ့တူနေတတ်တယ်လို့ဆိုတ ယ်။
သူဋ္ဌေးကြီးရဲ့ တပည့်လို ပစ္စည်းဥစ္စာရလိုခြင်းဆိုတဲ့ ကြိုးစကို ဆွဲကိုင်ရင်း
ငွေကြေးနောက်ကို တစိုက်မတ်မတ် လိုက်နေကြသူတွေပဲဖြစ်တယ်။ အခွင့်အရေးရတုန်း
ယူထားရတာဆိုတဲ့စကားကို ရွတ်ဆိုလို့ ဘ၀ရဲ့ကန်သင်းပေါ်မှာ
အားကုန်ပြေးနေကြပြန်တယ်။ အဲဒီလိုပြေးနေတဲ့အတွက်လည်း "အခါအားလျော်စွာ
ရပ်တန့်အနားယူခြင်း" ဆိုတဲ့ လူသားရဲ့ လိုအပ်ချက်တစ်ခုကို
မေ့လျော့နေကြပြန်တယ်။ အဲဒီလို မေ့လျော့နေရင်းနဲ့ပဲ လူသားရဲ့ခန္ဓာကိုယ်ဟာ
သူဋ္ဌေးကြီးတပည့်ရဲ့ မောပန်းခြင်းနဲ့တူတဲ့ ရောဂါဘယနဲ့ နွမ်းနယ်ခြင်းတွေရဲ့
ဖိစီးနှိပ်စက်ခြင်းတွေကို ခံရမှာပဲဖြစ်တယ်။ အခန့်မသင့်တဲ့အခါ
သူဋ္ဌေးကြီးရဲ့တပည့်လို လေးပေ၊ ခြောက်ပေကျင်း ကိုသာ အချိန်မတိုင်ခင်
ပိုင်ဆိုင်ရမှာပဲဖြစ်တယ်။
Rest is the sweet sauce of labour. ဆိုတဲ့စကားလို အခါအားလျော်စွာ အနားယူခြင်းဟာ ကြိုးစားအားထုတ်ခြင်းရဲ့ စားမြိန်ရည်ပဲဖြစ်တယ်။ အလုပ်ကြိုးစားခြင်းဆိုတဲ့ စားဖွယ်ကို၊ အခါအားလျော်စွာ အနားယူခြင်းဆိုတဲ့ စားမြိန်ရည်(ဆော့) နဲ့ တွဲဖက်စားသုံးသင့်လှတယ်။
အဲဒီလိုမှမဟုတ်ဘဲ လောဘရဲ့ ကြိုးခွေကို ကိုင်ဆွဲပြီး မရပ်မနား ပြေးနေရင်တော့ ရသင့်ရထိုက်တဲ့ သာမာန်အောင်မြင်မှုလေးကိုတော င်မှ မရရှိတော့ဘဲ မောဟိုက်လဲကျရမှာပဲဖြစ်တယ်။
အခါအားလျော်စွာ ရပ်တန့်အနားယူနိုင်ကြပါစေ
(ဖြိုးသုတ)
==========
တစ်ခါက လယ်မြေ ဧကပေါင်းများစွာကို ပိုင်ဆိုင်တဲ့ သူဋ္ဌေးကြီးတစ်ဦးရှိပါသတဲ့။ သူဋ္ဌေးကြီးမှာ အင်မတန် ကျိုးနွံပြီးသစ္စာရှိတဲ့ တပည့်တစ်ဦးလည်းရှိတယ်။ သူဋ္ဌေးကြီးရဲ့ တပည့်ဟာ သူဋ္ဌေးကြီးငယ်စဉ် မကြီးပွားသေးခင် ကာလကတည်းက သူဋ္ဌေးကြီးသွားလေရာလိုက်ပါပြ
"အင်း ငါ့တပည့်ဟာ သူ့တစ်သက်လုံး ငါပြောသမျှ၊ ဆိုသမျှကို သည်းခံတဲ့အပြင် ငါ့သဘော၊ ငါ့အကြိုက်ကို သိတဲ့ သစ္စာရှိသူပဲဖြစ်တယ်။ ငါဒီလို စည်းစိမ်တွေရရှိလာဖို့အတွက်
သူဋ္ဌေးကြီးဟာ အဲသည်လို စဉ်းစားပြီး နောက်တစ်နေ့ မနက်မှာတော့ သူတပည့်ကို ခေါ်လိုက်တယ်။ ပြီးတော့
"တပည့်ကြီး ကြိုးခွေ တွေ သယ်နိုင်သလောက်သယ်ပြီး ငါ့နောက်လိုက်ခဲ့" လို့ ပြောပြီးထွက်ခွာခဲ့တယ်
သူဋ္ဌေးကြီးဟာ သူ့တပည့်ကို သူပိုင်ဆိုင်တဲ့ လယ်ကွင်းတွေရဲ့အစပ်ကိုခေါ်ဆေ
"ငါ့တပည့် မင်းကိုဒီနေရာကိုခေါ်လာတာက အကြောင်းရှိတယ်။ မင်းငါအပေါ် ပြုစုလုပ်ကျွေးခဲ့မှုတွေ၊ သစ္စာရှိမှုတွေကို ငါအောင်မြင်လာတဲ့ခုလိုအချိန
သူဋ္ဌေးကြီးရဲ့တပည့်ဟာ အင်မတန်မှ ၀မ်းသာသွားခဲ့တယ်။ သူဟာ သူဋ္ဌေးကြီးပြောတဲ့အတိုင်းလို
"နည်းသေးတယ်"
လို့ ရွတ်ဆိုရင်း ထပ်ပြီးခပ်ဝေးဝေးကို ပြေးပြန်တယ်။ အဲဒီလိုနဲ့ သူဟာ လှည့်ကြည့်လိုက်၊ ပြေးလိုက်နဲ့ အလွန်မောပန်းလာတဲ့အထိ မရပ်မနား ပြေးနေခဲ့ပြန်တယ်။ သူဟာ တဖြည်းဖြည်းနဲ့ မောဟိုက်လာပြန်တယ်။ ဒါပေမယ့်လည်း သူစိတ်ကျေနပ်တဲ့အထိ မရောက်သေးတာကြောင့် အားတင်းပြီးထပ်မံပြေးပြန်တယ
အဲဒီလိုနဲ့သူဋ္ဌေးကြီးဟာ သူ့ရဲ့ ချစ်တပည့်သေဆုံးသွားတဲ့နေရာ
"မင်းကို လယ်ဧက ရာချီပြီးပေးချင်ပေမယ့် မင်းဟာ ခြောက်ပေ၊ လေးပေ ဆိုတဲ့ပမာဏကိုပဲ ရွေးချယ်ခဲ့တာပဲ တပည့်ကြီးရယ်၊ ဒီနေရာဟာလည်း မင်းနေရာပါပဲ"
လို့ သူဋ္ဌေးကြီးက ပြောခဲ့လေတယ်။
ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြထားတာတွေရှိတယ်။ တကယ်တော့ ကျွန်တော်တို့တွေဟာ သူဋ္ဌေးကြီးရဲ့ တပည့်နဲ့တူနေတတ်တယ်လို့ဆိုတ
Rest is the sweet sauce of labour. ဆိုတဲ့စကားလို အခါအားလျော်စွာ အနားယူခြင်းဟာ ကြိုးစားအားထုတ်ခြင်းရဲ့ စားမြိန်ရည်ပဲဖြစ်တယ်။ အလုပ်ကြိုးစားခြင်းဆိုတဲ့ စားဖွယ်ကို၊ အခါအားလျော်စွာ အနားယူခြင်းဆိုတဲ့ စားမြိန်ရည်(ဆော့) နဲ့ တွဲဖက်စားသုံးသင့်လှတယ်။
အဲဒီလိုမှမဟုတ်ဘဲ လောဘရဲ့ ကြိုးခွေကို ကိုင်ဆွဲပြီး မရပ်မနား ပြေးနေရင်တော့ ရသင့်ရထိုက်တဲ့ သာမာန်အောင်မြင်မှုလေးကိုတော
အခါအားလျော်စွာ ရပ်တန့်အနားယူနိုင်ကြပါစေ
(ဖြိုးသုတ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။