တုံးအတဲ့စကားလေး ပြောပြီး တုံးအတဲ့မေးခွန်းလေး မေးပါ
-------------------------- ----
ပဲပင်ပေါက် ၃နှစ်အရွယ်တုန်းက တစ်ညနေမှာ ကျွန်မတို့ ကားမောင်းပြီး အိမ်ပြန်ခဲ့ကြတယ်။ ကားပြတင်းပေါက် အပြင်ဖက် ငေးကြည့်ရင်း ပဲပင်ပေါက်က ကျွန်မကို “ မေမေ... လမင်းက သမီးတို့နဲ့ အတူသွားနေတယ်။ သမီးတို့ အိမ်ကို လိုက်ခဲ့မလို့လား” သမီးရဲ့မေးသံကြားတော့ ကျွန်မရယ်မိတယ်။ ပြီးတော့ “ဟုတ်တယ်။ သမီးက ချစ်ဖို့ကောင်းတော့ လမင်းက သမီးကို သဘောကျပြီး အိမ်လိုက်ပြန်မလို့တဲ့” ကျွန်မရဲ့အပြောကို ကြားတော့ ပဲပင်ပေါက်လေး တခစ်ခစ်ရယ်ပြီး ပျော်နေခဲ့တယ်။ တစ်လမ်းလုံး လနဲ့ ဆော့ကစားနေတော့တယ်။ အဆောက်အဦးနဲ့ ကွယ်သွားလို့ လကို မမြင်တော့ဘူးဆိုရင် လပုန်းနေပြီ၊ လနဲ့ တူတူပုန်းတမ်း ကစားနေပါသတဲ့။ အဆောက်အဦးနဲ့ လွန်သွားလို့ လထွက်လာပြီဆိုရင် “ လကို မိပြီဟေ့” လို့ အော်ပြီး သမီးပျော်နေတော့တယ်။
လနဲ့ ဆော့ကစားရတာကို သမီးစွဲသွားတယ် ထင်ပါရဲ့.. ညနေအိမ်ပြန်တိုင်း လနဲ့ ဆော့ကစားခဲ့တယ်။ တစ်နေ့မှာ အားမလို အားမရဖြစ်ပြီး သမီးက ကျွန်မကို “ မေမေ ... သမီးနဲ့အတူဆော့ဖို့ လမင်းကိုဖမ်းပေးပါ” လို့ တောင်းဆိုတော့ အဖေဖြစ်သူက “ တုံးအအ စကားတွေမပြောနဲ့ ပဲပင်ပေါက်.. သမီးမေမေ ဘယ်လိုလုပ်ပြီး လမင်းကို ဖမ်းပေးလို့ရမလဲ” အဖေ့စကားကို ကြားတော့ သမီးက ကျွန်မကို လှမ်းကြည့်တယ်။ သူ့မျက်နှာပေါ်မှာတော့ စိတ်မကောင်းတဲ့ အရိပ်အယောင်နဲ့ ငိုမဲ့မဲ့ဖြစ်နေတယ်။
“ ကောင်းပြီ သမီး။ လာ.. မေမေ ဖမ်းပေးမယ်” ကျွန်မ အလျှင်အမြန်ဆိုရင်း လမင်းဖမ်းတဲ့ပုံပြင်ကို ထွင်ပါတော့တယ်။
“သမီး..လမင်းက ရှက်တတ်လို့တဲ့။ ဖမ်းပြီး မေမေ့ရဲ့ အိတ်ထဲမှာပဲ ထည့်ထားမယ်နော်” သမီးက ခေါင်းကို တဆတ်ဆတ်ညိတ်ပြတယ်။ လကို အဆောက်အဦးတစ်ခု ကွယ်သွားချိန်မှာ ကျွန်မက လက်နှစ်ဖက်ကိုဆန့် လကို ဖမ်းတဲ့ပုံစံလုပ်ပြီး “သမီး... လကို မေမေဖမ်းမိပြီ” လို့ဆိုတော့
“သမီးကိုပြ... သမီးကိုပြ”ဆိုပြီး စိတ်လှုပ်ရှားဟန်နဲ့ ကျွန်မလက်ကို သူ အတင်းဆွဲကြည့်တယ်။ လကို ကျွန်မအိတ်ထဲထည့်ဟန်လုပ်ပြီး
“ လက ရှက်တတ်တယ်လို့ မေမေ ပြောပြီးပြီလေ။ အိတ်ထဲမှာပဲ သူ့ကို နားပါစေနော်
သမီး” ကောင်းကင်ကို သူမော့ကြည့်လိုက်တယ်။ မြင့်မားတဲ့ အဆောက်အဦးတွေကိုပဲ
မြင်တော့ “ တကယ်ပဲ ကောင်းကင်ပေါ်မှာ လမရှိတော့ဘူး မေမေ” တဲ့။
“ဒါပေါ့ သမီး။ လက မေမေ့အိတ်ထဲမှာလေ”
အိတ်ကို ကျွန်မပုတ်ပြရင်း ကျေနပ်စွာဆိုတယ်။ အဆောက်အဦးကို မကျော်ခင် သမီးက ကောင်းကင်ကို မော့ကြည့်မယ်အလုပ် ကျွန်မလကို အိတ်ထဲကထုတ်ပြီး ပြန်လွှတ်ပေးလိုက်တဲ့ ပုံစံလုပ်ပြရင်း “သမီး.. လက အိတ်ထဲမှာ နေရတာပျင်းတယ်။ ကောင်းကင်ပေါ် ပြန်ချင်လို့တဲ့” လို့ပြောလိုက်တယ်။
သမီး ခေါင်းအမော့မှာ လကို ပြန်တွေ့တော့ “ မေမေ.. သမီးကို သင်ပေး၊ လဖမ်းတာ သမီးကိုသင်ပေး” လို့ဆိုတယ်။
“သမီးကြီးလာလို့ မိခင်ဖြစ်လာတဲ့အချိန် သမီးတတ်သွားမှာပါ”
“တကယ်လား.. လဖမ်းတာ ခက်တယ်။ မေမေ.. သမီး မိခင်ဖြစ်တဲ့အချိန် တကယ်ပဲ တတ်သွားမှာလားဟင်.. မေမေက ဘာမဆိုတတ်တယ်။ ဘယ်လောက်ခက်ခဲတဲ့ ကိစ္စဖြစ်ဖြစ် မေမေ အကုန်လုပ်နိုင်တယ်နော်”
သမီးနောက်ဆက် ပြောလိုက်တဲ့ စကားက ကျွန်မကို အားရကျေနပ်စေခဲ့တယ်။
“ကမ္ဘာ့ကလေးများကိုလိမ်နည်း ပြိုင်ပွဲရှိရင် မင်းတော့ပထမရမှာပဲ”
ပဲပင်ပေါက်ဖေဖေက ကျွန်မကို မကြာခဏ ဒီလိုပြောလေ့ရှိတယ်။ ကလေးကို စစ်မှန်တဲ့ သဘောသဘာဝတွေ မသင်ပေးတာ တော်တော်အန္တရာယ်ကြီးတယ်လို့ သူထင်နေခဲ့တယ်။
စိုးရိမ်စိတ်နဲ့ ကျွန်မကို သူ ဆွေးနွေးခဲ့ပါသေးတယ်။
“ပဲပင်ပေါက် ကျောင်းစနေရတော့မယ်။ ကျောင်းနေလို့ လူတွေကို မေမေက လကိုဖမ်းပြီး သမီးကို ပေးကစားတယ်လို့ပြောခဲ့ရင် ဦးနှောက်ချွတ်ယွင်းနေတဲ့ ကလေးတစ်ယောက်ကို မင်းမွေးခဲ့တယ်ဆိုပြီး ဆရာမက မင်းကိုလာရှာလိမ့်မယ်”
သူ့ကို ကျွန်မမျက်ဖြူ တစ်ချက် လှန်ကြည့်ရင်းက
"အဲဒီအချိန်ရောက်မှ ပြောကြတာပေါ့” လို့ ပြန်ပြောလိုက်တယ်။
ဒီလိုနဲ့ နှစ်တွေပြောင်းပြီး အခုဆို ပဲပင်ပေါက် သူငယ်တန်း စတက်နေပါပြီ။ လိပ်ပြာလေး တစ်ကောင်ကိုလည်း ကျွန်မ ဖွားမြင်ခဲ့ပြီးပါပြီ။ တစ်နေ့ အိမ်အပြန်လမ်းမှာ လိုဏ်ခေါင်းတစ်ခုကိုဖြတ်တော့ 
လမ်းဘေးဝဲယာမှာ ထွန်းညှိထားတဲ့ မီးလုံးတွေကို မြင်တော့ လိပ်ပြာက “
လမင်း..လမင်း.. မေမေ.. လတွေ အများကြီး” လို့ ထအော်ပါတယ်။ ကျွန်မ ဘာမှ
ပြန်မပြောခင်မှာဘဲ ပဲပင်ပေါက်က ဆရာမလေသံနဲ့ “ လိပ်ပြာ.. အဲတာ လမ်းမီးတွေ။
လက တစ်စင်းပဲရှိတယ်” လို့ ဝင်ဟန့်ပါတယ်။ အဲဒီနောက် ပဲပင်ပေါက်ကို သူငယ်ငယ်က
ကျွန်မနဲ့ လဖမ်းပြီး ဆော့ကစားတာတွေကို ကျွန်မပြန်ပြောဖြစ်ခဲ့တယ်။
သူ့ကိုယ်သူ အရင်က အဲဒီလိုတုံးအခဲ့မှန်း မယုံကြည်တဲ့ပုံစံနဲ့ ပဲပင်ပေါက်က ကျွန်မကို “ တကယ်ပဲလား မေမေ။ အဲဒီတုန်းက သမီးအရမ်း ပျော်ခဲ့လား” လို့ မေးတော့တယ်။
“ သမီးအရမ်း ပျော်ခဲ့တာပေါ့။ အခုလည်း ညီမလေးကို သမီးပျော်ခဲ့သလို တစ်ခါလောက် ပေးပျော်ကြည့်လိုက်ပါနော် သမီး”
နောက်ရက်တွေမှာလည်း လမ်းမီးတွေကို လိပ်ပြာက လမင်းအထင်နဲ့ “ လ.. လ မေမေရေ.. လတွေအများကြီး” လို့အော်တော့ ပဲပင်ပေါက်က “ ညီမလေး လိပ်ပြာကစားဖို့ လတွေအားလုံးကို မမ ဖမ်းပေးမယ်နော်” တဲ့။
စစ်မှန်တဲ့ သဘော သဘာဝတရားတွေဟာ အသက်အရွယ်၊ အတွေ့အကြုံနဲ့ လိုက်ပြီး တဖြည်းဖြည်း ပြောင်းလဲသွားတတ်တယ်။ ၃နှစ်အရွယ် ကလေးငယ်တွေက စစ်မှန်တဲ့ သဘောတရားတွေကို နားလည်ဖို့ ဉာဏ်မမီပေမယ့် ကျွန်မတို့လူကြီးတွေထက် အရာရာကို ပိုသိချင်၊ ပိုစူးစမ်းချင်ခဲ့ကြတယ်။ အဲဒီလို သိချင် စူးစမ်းချင်တာတွေဟာ ဘဝမှာနေပျော်ဖို့အတွက် ဇစ်မြစ်ဖြစ်တယ်။ ကျွန်မတို့ကြီးပြင်းပြီး လိုအပ်တဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိလာတဲ့အချိန် လမင်းဟာ တစ်စင်းထဲရှိမှန်း သိလိုက်တာနဲ့အတူ လမင်းတွေ ထောင်ပေါင်းများစွာရှိတယ်လို့ ငယ်စဉ်က ထင်ခဲ့ဖူးတဲ့ပျော်ရွှင်တဲ့အေ တွးတွေက ပျောက်ဆုံးကုန်တော့တယ်။
ပဲပင်ပေါက် ၄နှစ်အရွယ်တုန်းက သူမေးတဲ့ တုံးအတဲ့မေးခွန်းတိုင်းကို ကျွန်မစိတ်လိုလက်ရ ပြန်ဖြေခဲ့တယ်။ အဲဒီလို ပြန်ဖြေခဲ့လို့လည်း သူကြီးလာတဲ့အချိန် လူတွေရဲ့ပါးစပ်ဖျားမှာ တုံးအတဲ့ ကလေးဖြစ်သွားမှာကို ကျွန်မ နည်းနည်းမှမစိုးရိမ်ခဲ့ပါဘူး။ သူ ၆နှစ် အရွယ်မှာတော့ သူဟာ အရာရာကို နားလည်နေတတ်ပြီး လူတွေရဲ့ ပါးစပ်ဖျားမှာ သူဟာ ထက်မြက်တဲ့ကလေးဖြစ်နေပါပြီ။ ဒါကြောင့် အသက်၂နှစ် ရှိပြီဖြစ်တဲ့ သူ့ညီမလေးလိပ်ပြာကိုလည်း သူ့ရဲ့ တွေးတောမှုတွေနဲ့ ထိန်းကျောင်းဖို့ ကျွန်မအားပေးခဲ့တယ်။
ကျွန်မရဲ့စာကို ဖတ်ပြီး လူတွေက “ပဲပင်ပေါက်က ပိုထက်လို့ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သူဒီလိုမေးခွန်းတွေ မေးတတ်တာထင်တယ်။ ကလေးတိုင်း ဒီလိုထက်မယ် မထင်ဘူးလို့” ကျွန်မကို မေးကြတယ်။
“ကလေးတွေ မေးခွန်းမေးတဲ့အချိန် ရှင်တို့ ဂရုတစိုက် သေချာ နားထောင်ဖူးခဲ့ရဲ့လားလို့ ” သူတို့ကို ကျွန်မ ပြန်မေးလိုက်တယ်။
လူတိုင်းက နားထောင်ခဲ့ဖူးမယ် မထင်ပါဘူး။ ကလေးတွေမေးတဲ့ မေးခွန်းတိုင်းဟာ တုံးအတဲ့ မေးခွန်း၊ ဖြေဖို့မလိုဘူး၊ အရေးမကြီးပါဘူး၊ ဂရုစိုက်စရာမလိုဘူးလို့ လူတွေက ထင်ကောင်းထင်လိမ့်မယ်။ ပဲပင်ပေါက်လို ကလေးမျိုးကသာ ဒီလိုမေးခွန်းမေးတတ်လို့ သူ့မေမေဖြစ်တဲ့ ကျွန်မက ဒီလိုစာမျိုးကို ရေးနိုင်တာလို့လည်း လူတွေ ထင်ကောင်းထင်လိမ့်မယ်။
တကယ်တော့ ကလေးတိုင်းမှာ တုံးအတဲ့ မေးခွန်း၊ တုံးအတဲ့ စကားတွေ အများကြီး ပြောစရာ၊ မေးစရာ ရှိပါတယ်။ သူတို့မေးတဲ့ ပြောတဲ့စကားကို အရေးမစိုက်ခဲ့ကြရင် ကြာလာတော့ သူတို့ဟာ မမေးတော့ဘဲ ဖြစ်သွားတတ်တယ်။ နောက်ပိုင်းမှာတော့ သူတို့မှာ မေးခွန်းမရှိဘူးလို့ လူတွေက ထင်ကြတော့မယ်။ တကယ်လို့ သူတို့ရဲ့မေးခွန်းကို ဂရုတစိုက် ဖြေပေး၊ ဆွေးနွေးပေးရင် သူတို့မှာ မေးစရာမေးခွန်းတွေ၊ ပြောစရာစကားတွေက များလေလေပါပဲ။ အဲဒီလိုနဲ့ အိမ်ဟာ ပျော်စရာကောင်းတဲ့အိမ်၊ ပျော်စရာကောင်းတဲ့ ကလေးတွေနဲ့ သိုက်သိုက်ဝန်းဝန်း၊ နွေးနွေးထွေးထွေး ဖြစ်လာပါတော့တယ်။
“ အိပ်မက်ဆိုတာ ဘာလဲ” ဆိုတဲ့ စာအုပ်ကို ကျွန်မပြုစုနေချိန်မှာ လူကြီးတွေအတွက် ပျင်းဖို့ကောင်းတဲ့မေးခွန်း တွေ ကလေးတချို့ကို ကျွန်မမေးခဲ့တယ်။
“ ကလေးတို့ရေ.. အိပ်မက်ဆိုတာ ဘာလဲ” လို့မေးတိုင်း ကလေးတိုင်းက ကျွန်မရဲ့မေးခွန်းကို တလေးတစား ဖြေဆိုခဲ့ကြတယ်။ သူတို့အဖြေက..
“ အိပ်မက်ဆိုတာ ပုံပြင်တစ်ပုဒ်။ အိပ်မက်ကောင်းဆိုတာ ကျွန်မ အိမ်ရှေ့ မင်းသမီးဖြစ်သွားတဲ့ ပုံပြင်ပါပဲ”
“အိပ်မက်ဆိုတာ ရယ်စရာကောင်းတယ်။ အိပ်မက်ကောင်းမက်ရင် ရယ်တတ်ကြတယ်”
“အိပ်မက်ဆိုတာ အိပ်တဲ့အချိန်မှာ တွေးနေတဲ့အရာ။ ဘာလို့လဲဆိုတော့ မေမေက အိပ်ရင်တောင် သူ့အလုပ် ကိစ္စအကြောင်း တွေးနေတတ်တယ်”
“အိပ်မက်ဆိုတာ ခေါင်းထဲက ထွက်လာတဲ့အရာ”
“အိပ်မက်မက်တာ ရိုလာကိုစတာ စီးနေတာနဲ့တူတယ်။ အရမ်းလန့်ဖို့ ကောင်းတယ်”
အဲဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ အဖြေတွေကို ကလေးတွေကတဆင့် ကျွန်မတို့ သိလိုက်ရတယ်။ သူတို့ရဲ့ တလေးတစား ဖြေနေတဲ့ပုံတွေ၊ ဂရုတစိုက် တွေးတောနေတဲ့ ပုံတွေကို ကြည့်ပြီး “ ဟင်း... ဒါဟာ တုံးအတဲ့ မေးခွန်းပဲ” လို့ ကျွန်မတို့ အလွယ်တကူ ပြောရက်ခဲ့ပါသလား...
-----
မူရင်း.... ထိုင်ဝမ်စာရေးဆရာမ Carol ၏ “တုံးအတဲ့စကားလေး ပြောပြီး တုံးအတဲ့ မေးခွန်းလေး မေးပါ” ကို ဘာသာပြန် ခံစားသည်။
နိုင်းနိုင်းစနေ (Sunday, June 24, 2007)
--------------------------
ပဲပင်ပေါက် ၃နှစ်အရွယ်တုန်းက တစ်ညနေမှာ ကျွန်မတို့ ကားမောင်းပြီး အိမ်ပြန်ခဲ့ကြတယ်။ ကားပြတင်းပေါက် အပြင်ဖက် ငေးကြည့်ရင်း ပဲပင်ပေါက်က ကျွန်မကို “ မေမေ... လမင်းက သမီးတို့နဲ့ အတူသွားနေတယ်။ သမီးတို့ အိမ်ကို လိုက်ခဲ့မလို့လား” သမီးရဲ့မေးသံကြားတော့ ကျွန်မရယ်မိတယ်။ ပြီးတော့ “ဟုတ်တယ်။ သမီးက ချစ်ဖို့ကောင်းတော့ လမင်းက သမီးကို သဘောကျပြီး အိမ်လိုက်ပြန်မလို့တဲ့” ကျွန်မရဲ့အပြောကို ကြားတော့ ပဲပင်ပေါက်လေး တခစ်ခစ်ရယ်ပြီး ပျော်နေခဲ့တယ်။ တစ်လမ်းလုံး လနဲ့ ဆော့ကစားနေတော့တယ်။ အဆောက်အဦးနဲ့ ကွယ်သွားလို့ လကို မမြင်တော့ဘူးဆိုရင် လပုန်းနေပြီ၊ လနဲ့ တူတူပုန်းတမ်း ကစားနေပါသတဲ့။ အဆောက်အဦးနဲ့ လွန်သွားလို့ လထွက်လာပြီဆိုရင် “ လကို မိပြီဟေ့” လို့ အော်ပြီး သမီးပျော်နေတော့တယ်။
လနဲ့ ဆော့ကစားရတာကို သမီးစွဲသွားတယ် ထင်ပါရဲ့.. ညနေအိမ်ပြန်တိုင်း လနဲ့ ဆော့ကစားခဲ့တယ်။ တစ်နေ့မှာ အားမလို အားမရဖြစ်ပြီး သမီးက ကျွန်မကို “ မေမေ ... သမီးနဲ့အတူဆော့ဖို့ လမင်းကိုဖမ်းပေးပါ” လို့ တောင်းဆိုတော့ အဖေဖြစ်သူက “ တုံးအအ စကားတွေမပြောနဲ့ ပဲပင်ပေါက်.. သမီးမေမေ ဘယ်လိုလုပ်ပြီး လမင်းကို ဖမ်းပေးလို့ရမလဲ” အဖေ့စကားကို ကြားတော့ သမီးက ကျွန်မကို လှမ်းကြည့်တယ်။ သူ့မျက်နှာပေါ်မှာတော့ စိတ်မကောင်းတဲ့ အရိပ်အယောင်နဲ့ ငိုမဲ့မဲ့ဖြစ်နေတယ်။
“ ကောင်းပြီ သမီး။ လာ.. မေမေ ဖမ်းပေးမယ်” ကျွန်မ အလျှင်အမြန်ဆိုရင်း လမင်းဖမ်းတဲ့ပုံပြင်ကို ထွင်ပါတော့တယ်။
“သမီး..လမင်းက ရှက်တတ်လို့တဲ့။ ဖမ်းပြီး မေမေ့ရဲ့ အိတ်ထဲမှာပဲ ထည့်ထားမယ်နော်” သမီးက ခေါင်းကို တဆတ်ဆတ်ညိတ်ပြတယ်။ လကို အဆောက်အဦးတစ်ခု ကွယ်သွားချိန်မှာ ကျွန်မက လက်နှစ်ဖက်ကိုဆန့် လကို ဖမ်းတဲ့ပုံစံလုပ်ပြီး “သမီး... လကို မေမေဖမ်းမိပြီ” လို့ဆိုတော့
“သမီးကိုပြ... သမီးကိုပြ”ဆိုပြီး စိတ်လှုပ်ရှားဟန်နဲ့ ကျွန်မလက်ကို သူ အတင်းဆွဲကြည့်တယ်။ လကို ကျွန်မအိတ်ထဲထည့်ဟန်လုပ်ပြီ
“ဒါပေါ့ သမီး။ လက မေမေ့အိတ်ထဲမှာလေ”
အိတ်ကို ကျွန်မပုတ်ပြရင်း ကျေနပ်စွာဆိုတယ်။ အဆောက်အဦးကို မကျော်ခင် သမီးက ကောင်းကင်ကို မော့ကြည့်မယ်အလုပ် ကျွန်မလကို အိတ်ထဲကထုတ်ပြီး ပြန်လွှတ်ပေးလိုက်တဲ့ ပုံစံလုပ်ပြရင်း “သမီး.. လက အိတ်ထဲမှာ နေရတာပျင်းတယ်။ ကောင်းကင်ပေါ် ပြန်ချင်လို့တဲ့” လို့ပြောလိုက်တယ်။
သမီး ခေါင်းအမော့မှာ လကို ပြန်တွေ့တော့ “ မေမေ.. သမီးကို သင်ပေး၊ လဖမ်းတာ သမီးကိုသင်ပေး” လို့ဆိုတယ်။
“သမီးကြီးလာလို့ မိခင်ဖြစ်လာတဲ့အချိန် သမီးတတ်သွားမှာပါ”
“တကယ်လား.. လဖမ်းတာ ခက်တယ်။ မေမေ.. သမီး မိခင်ဖြစ်တဲ့အချိန် တကယ်ပဲ တတ်သွားမှာလားဟင်.. မေမေက ဘာမဆိုတတ်တယ်။ ဘယ်လောက်ခက်ခဲတဲ့ ကိစ္စဖြစ်ဖြစ် မေမေ အကုန်လုပ်နိုင်တယ်နော်”
သမီးနောက်ဆက် ပြောလိုက်တဲ့ စကားက ကျွန်မကို အားရကျေနပ်စေခဲ့တယ်။
“ကမ္ဘာ့ကလေးများကိုလိမ်နည်း ပြိုင်ပွဲရှိရင် မင်းတော့ပထမရမှာပဲ”
ပဲပင်ပေါက်ဖေဖေက ကျွန်မကို မကြာခဏ ဒီလိုပြောလေ့ရှိတယ်။ ကလေးကို စစ်မှန်တဲ့ သဘောသဘာဝတွေ မသင်ပေးတာ တော်တော်အန္တရာယ်ကြီးတယ်လို့
စိုးရိမ်စိတ်နဲ့ ကျွန်မကို သူ ဆွေးနွေးခဲ့ပါသေးတယ်။
“ပဲပင်ပေါက် ကျောင်းစနေရတော့မယ်။ ကျောင်းနေလို့ လူတွေကို မေမေက လကိုဖမ်းပြီး သမီးကို ပေးကစားတယ်လို့ပြောခဲ့ရင် ဦးနှောက်ချွတ်ယွင်းနေတဲ့ ကလေးတစ်ယောက်ကို မင်းမွေးခဲ့တယ်ဆိုပြီး ဆရာမက မင်းကိုလာရှာလိမ့်မယ်”
သူ့ကို ကျွန်မမျက်ဖြူ တစ်ချက် လှန်ကြည့်ရင်းက
"အဲဒီအချိန်ရောက်မှ ပြောကြတာပေါ့” လို့ ပြန်ပြောလိုက်တယ်။
ဒီလိုနဲ့ နှစ်တွေပြောင်းပြီး အခုဆို ပဲပင်ပေါက် သူငယ်တန်း စတက်နေပါပြီ။ လိပ်ပြာလေး တစ်ကောင်ကိုလည်း ကျွန်မ ဖွားမြင်ခဲ့ပြီးပါပြီ။ တစ်နေ့ အိမ်အပြန်လမ်းမှာ လိုဏ်ခေါင်းတစ်ခုကိုဖြတ်တော
သူ့ကိုယ်သူ အရင်က အဲဒီလိုတုံးအခဲ့မှန်း မယုံကြည်တဲ့ပုံစံနဲ့ ပဲပင်ပေါက်က ကျွန်မကို “ တကယ်ပဲလား မေမေ။ အဲဒီတုန်းက သမီးအရမ်း ပျော်ခဲ့လား” လို့ မေးတော့တယ်။
“ သမီးအရမ်း ပျော်ခဲ့တာပေါ့။ အခုလည်း ညီမလေးကို သမီးပျော်ခဲ့သလို တစ်ခါလောက် ပေးပျော်ကြည့်လိုက်ပါနော် သမီး”
နောက်ရက်တွေမှာလည်း လမ်းမီးတွေကို လိပ်ပြာက လမင်းအထင်နဲ့ “ လ.. လ မေမေရေ.. လတွေအများကြီး” လို့အော်တော့ ပဲပင်ပေါက်က “ ညီမလေး လိပ်ပြာကစားဖို့ လတွေအားလုံးကို မမ ဖမ်းပေးမယ်နော်” တဲ့။
စစ်မှန်တဲ့ သဘော သဘာဝတရားတွေဟာ အသက်အရွယ်၊ အတွေ့အကြုံနဲ့ လိုက်ပြီး တဖြည်းဖြည်း ပြောင်းလဲသွားတတ်တယ်။ ၃နှစ်အရွယ် ကလေးငယ်တွေက စစ်မှန်တဲ့ သဘောတရားတွေကို နားလည်ဖို့ ဉာဏ်မမီပေမယ့် ကျွန်မတို့လူကြီးတွေထက် အရာရာကို ပိုသိချင်၊ ပိုစူးစမ်းချင်ခဲ့ကြတယ်။ အဲဒီလို သိချင် စူးစမ်းချင်တာတွေဟာ ဘဝမှာနေပျော်ဖို့အတွက် ဇစ်မြစ်ဖြစ်တယ်။ ကျွန်မတို့ကြီးပြင်းပြီး လိုအပ်တဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိလာတဲ့အချ
ပဲပင်ပေါက် ၄နှစ်အရွယ်တုန်းက သူမေးတဲ့ တုံးအတဲ့မေးခွန်းတိုင်းကို ကျွန်မစိတ်လိုလက်ရ ပြန်ဖြေခဲ့တယ်။ အဲဒီလို ပြန်ဖြေခဲ့လို့လည်း သူကြီးလာတဲ့အချိန် လူတွေရဲ့ပါးစပ်ဖျားမှာ တုံးအတဲ့ ကလေးဖြစ်သွားမှာကို ကျွန်မ နည်းနည်းမှမစိုးရိမ်ခဲ့ပါဘူ
ကျွန်မရဲ့စာကို ဖတ်ပြီး လူတွေက “ပဲပင်ပေါက်က ပိုထက်လို့ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သူဒီလိုမေးခွန်းတွေ မေးတတ်တာထင်တယ်။ ကလေးတိုင်း ဒီလိုထက်မယ် မထင်ဘူးလို့” ကျွန်မကို မေးကြတယ်။
“ကလေးတွေ မေးခွန်းမေးတဲ့အချိန် ရှင်တို့ ဂရုတစိုက် သေချာ နားထောင်ဖူးခဲ့ရဲ့လားလို့ ” သူတို့ကို ကျွန်မ ပြန်မေးလိုက်တယ်။
လူတိုင်းက နားထောင်ခဲ့ဖူးမယ် မထင်ပါဘူး။ ကလေးတွေမေးတဲ့ မေးခွန်းတိုင်းဟာ တုံးအတဲ့ မေးခွန်း၊ ဖြေဖို့မလိုဘူး၊ အရေးမကြီးပါဘူး၊ ဂရုစိုက်စရာမလိုဘူးလို့ လူတွေက ထင်ကောင်းထင်လိမ့်မယ်။ ပဲပင်ပေါက်လို ကလေးမျိုးကသာ ဒီလိုမေးခွန်းမေးတတ်လို့ သူ့မေမေဖြစ်တဲ့ ကျွန်မက ဒီလိုစာမျိုးကို ရေးနိုင်တာလို့လည်း လူတွေ ထင်ကောင်းထင်လိမ့်မယ်။
တကယ်တော့ ကလေးတိုင်းမှာ တုံးအတဲ့ မေးခွန်း၊ တုံးအတဲ့ စကားတွေ အများကြီး ပြောစရာ၊ မေးစရာ ရှိပါတယ်။ သူတို့မေးတဲ့ ပြောတဲ့စကားကို အရေးမစိုက်ခဲ့ကြရင် ကြာလာတော့ သူတို့ဟာ မမေးတော့ဘဲ ဖြစ်သွားတတ်တယ်။ နောက်ပိုင်းမှာတော့ သူတို့မှာ မေးခွန်းမရှိဘူးလို့ လူတွေက ထင်ကြတော့မယ်။ တကယ်လို့ သူတို့ရဲ့မေးခွန်းကို ဂရုတစိုက် ဖြေပေး၊ ဆွေးနွေးပေးရင် သူတို့မှာ မေးစရာမေးခွန်းတွေ၊ ပြောစရာစကားတွေက များလေလေပါပဲ။ အဲဒီလိုနဲ့ အိမ်ဟာ ပျော်စရာကောင်းတဲ့အိမ်၊ ပျော်စရာကောင်းတဲ့ ကလေးတွေနဲ့ သိုက်သိုက်ဝန်းဝန်း၊ နွေးနွေးထွေးထွေး ဖြစ်လာပါတော့တယ်။
“ အိပ်မက်ဆိုတာ ဘာလဲ” ဆိုတဲ့ စာအုပ်ကို ကျွန်မပြုစုနေချိန်မှာ လူကြီးတွေအတွက် ပျင်းဖို့ကောင်းတဲ့မေးခွန်း
“ ကလေးတို့ရေ.. အိပ်မက်ဆိုတာ ဘာလဲ” လို့မေးတိုင်း ကလေးတိုင်းက ကျွန်မရဲ့မေးခွန်းကို တလေးတစား ဖြေဆိုခဲ့ကြတယ်။ သူတို့အဖြေက..
“ အိပ်မက်ဆိုတာ ပုံပြင်တစ်ပုဒ်။ အိပ်မက်ကောင်းဆိုတာ ကျွန်မ အိမ်ရှေ့ မင်းသမီးဖြစ်သွားတဲ့ ပုံပြင်ပါပဲ”
“အိပ်မက်ဆိုတာ ရယ်စရာကောင်းတယ်။ အိပ်မက်ကောင်းမက်ရင် ရယ်တတ်ကြတယ်”
“အိပ်မက်ဆိုတာ အိပ်တဲ့အချိန်မှာ တွေးနေတဲ့အရာ။ ဘာလို့လဲဆိုတော့ မေမေက အိပ်ရင်တောင် သူ့အလုပ် ကိစ္စအကြောင်း တွေးနေတတ်တယ်”
“အိပ်မက်ဆိုတာ ခေါင်းထဲက ထွက်လာတဲ့အရာ”
“အိပ်မက်မက်တာ ရိုလာကိုစတာ စီးနေတာနဲ့တူတယ်။ အရမ်းလန့်ဖို့ ကောင်းတယ်”
အဲဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ အဖြေတွေကို ကလေးတွေကတဆင့် ကျွန်မတို့ သိလိုက်ရတယ်။ သူတို့ရဲ့ တလေးတစား ဖြေနေတဲ့ပုံတွေ၊ ဂရုတစိုက် တွေးတောနေတဲ့ ပုံတွေကို ကြည့်ပြီး “ ဟင်း... ဒါဟာ တုံးအတဲ့ မေးခွန်းပဲ” လို့ ကျွန်မတို့ အလွယ်တကူ ပြောရက်ခဲ့ပါသလား...
-----
မူရင်း.... ထိုင်ဝမ်စာရေးဆရာမ Carol ၏ “တုံးအတဲ့စကားလေး ပြောပြီး တုံးအတဲ့ မေးခွန်းလေး မေးပါ” ကို ဘာသာပြန် ခံစားသည်။
နိုင်းနိုင်းစနေ (Sunday, June 24, 2007)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။