"ငယ်ဖြစ်ဟောင်း အောက်မေ့ဖွယ်"
=======================
.
လွန်ခဲ့တဲ့ ၁၅ နှစ် အနှစ် ၂၀ လောက်က အကြောင်းလေး သတိရမိလို့ပါ။
အဲဒီတုန်းက ကျနော်က မန္တလေးမှာ
ကျနော်အလုပ်သွားတဲ့လမ်းမှာ ကျနော့်သူငယ်ချင်းနှစ်ယောက် က လေထိုးကျွတ်ဖာဆိုင်လေး စပ်တူဖွင့်ထားတယ်။
ဘာရယ်မဟုတ်ဘူး အလုပ်သွားရင်းနဲ့ သူငယ်ချင်းတွေဆိုင်မှာ ဆိုင်ကယ်ဘီးကို လေဝင်ချိန်ဖြစ်တယ်။
သူငယ်ချင်းတွေဆိုတော့ နောက်ဖြစ်ပြောင်ဖြစ်ကြတာပေါ့... ...
သူတို့နှစ်ယောက်ကို ကျနော်က သားကြီးနဲ့ သားငယ်လို့ ခေါ်တာ။
"ဟေ့... မိုင်ဆန်း၊ လူလေး၊ င့ါသားတွေ၊ ဖေကြီးဆိုင်ကယ်ကို လေဖြည့်ပေးစမ်း"
"အာ... မအေပေး၊ အလကားလည်း လုပ်ပေးရသေး၊ အဖေလည်းတော်ရသေး၊ မင်းနဲ့ အပေါင်းအသင်းဖြစ်ရတာ ၂ ခါ နာတယ်"
"ဟုတ်တယ်... လေချိန်မပေးနဲ့ကွာ"
"ငီး... ငီး... သားကြီးကလည်း လိမ်မာသားနဲ့၊ သားငယ်ကလည်း လိမ်မာသားနဲ့"
တကယ်လို့ လေဝင်မချိန်ဖြစ်ရင်တောင် ဆိုင်ရှေ့က ဖြတ်သွားရင်းနဲ့ လှမ်းအော်ခဲ့သေးတာ... ...
"ဟေး... သားကြီးနဲ့ သားငယ်၊ ဖေကြီးအလုပ်သွားပြီးနော်၊ အလုပ်ကောင်းကောင်းလုပ်ကြ၊ ရန်ဖြစ်မနေကြနဲ့"
"အာ... လခွီးမသား၊ အလုပ်ရှုပ်ရတဲ့ ကြားထဲ"
"အေးကွာ... ဂဲ နဲ့ ထွက်ထုမယ်"
"ထုကွာ... ရှုပ်တယ်"
"ဟီး ဟီး ဖအေကို စော်ကားတဲ့ ကောင်ဒေ၊ မြေမျိုမယ် ဟီး"
အဲလိုပဲ ကြုံတိုင်းဝင်ပြီး လေချိန် လေဖြည့်လုပ်တယ်၊ ဝင်တိုင်းလည်း ခေါ်လိုက်ရင် 'မိုင်ဆန်း၊ င့ါသား' ချည့်ပဲ။
ကြာတော့ ဒီကောင်တွေကလည်း ဝဋ်ကြွေးပဲလို့ မှတ်ပြီး ဘာမှ ပြန်မပြောရှာဘူး။
အဲ... ...
တရက်တော့ ကိုယ်ခံရမယ့် အလှည့်ရောက်လာပါလေရော... ...
အဲဒီနေ့ကပေါ့
မရှိမဲ့ရှိမဲ့ ကျနော့်ရဲ့ချစ်သူလေးက မန္တလေးတောင်သွားချင်တယ်ဆိုလို့ ဆိုင်ကယ်နောက်ကတင်ပြီး သွားကြတယ်။
ဒီကောင်တွေ ဆိုင်ရှေ့ရောက်တော့ ထုံးစံအတိုင်း လေဝင်ချိန်မယ်လေ ဆိုပြီး ရပ်လိုက်မိတာ ငါးမှားမှောက်ရော... ...
သားကြီးနဲ့ သားငယ်၊ တယောက်မျက်နှာ တယောက်ကြည့်ပြီး ခေါင်းငြိမ့်လိုက်တာ တွေ့လိုက်တယ်
အဲဒီမှာ... ...
သားကြီးက ဘာမပြောညာမပြောနဲ့ ဗြုတ်ဆို ထ,လာပြီး ကျနော့်ဆိုင်ကယ်သော့ကို လာဖြုတ်သွားတယ်... ပါးစပ်ကလည်း အော်တယ်... ...
"ညီလေးရေ... ဖေကြီးလာတယ်ဟေ့"
"ဟင်... ဖေကြီး၊ မေကြီးလည်း ပါသကိုး"
"ဖေကြီး... ညီလေးက နို့ဆာလို့ ငိုနေတာဂျ"
"ဟုတ်တယ်... တားတား ဗိုက်ချာတယ်၊ ဗိုက်ချာတယ်၊ ချိုစို့မယ် ချိုစို့မယ်"
ဟ... သောက်တလွဲ၊ မအေပေးတွေ၊ ဆော်ပြီဟေ့...
ချစ်သူလေးမှာ ဘုမသိဘမသိနဲ့ ကျီးကြည့်ကြောင်ကြည့် ဖြစ်နေရှာတယ်။
ဟိုနှစ်ကောင်ကလည်း မရပ်ဘူး၊ အတိုင်အဖောက်ညီညီနဲ့ ဆော်နေတုံး... ...
"ချိုစို့မယ်... ချို့စို့မယ်... အီး ဟီး"
"ဖေကြီး... ညီရေး တနားပါတယ်ဂျာ.. ချိုစို့မယ်တဲ့"
"ဘာာကွ... ရာရာစစ ငါတောင် မစို့ရသေးဘူး၊ အဲလေ... ခွေးမသားတွေ၊ ဘာတွေ လာပြောနေတာလဲ"
"အို... မေကြီးကို ခွေးမလို့ ပြောတာပေါ့လေ... ဟုတ်ရား..."
"ကဲ... ဒီလောက်ဆို တော်ပြီ ဆိုင်ကယ်သော့ ပြန်ပေး"
"ပေးဘူး... ပေးဘူး"
"င့ါ သူငယ်ချင်းတွေက လိမ်မာပါတယ်ကွာ၊ ပြန်ပေးနော်"
"ဒါဆို နောက်ကို သားကြီး သားငယ်နဲ့ ထော်အုံးမှာရား"
"မထော်တော့ပူး... အဲလေ မခေါ်တော့ဘူး ပြန်ပေးနော် ဟီး"
"ချိုမစို့ရရင် ဘီယာစို့မယ်၊ ဘီယာဖိုးလေး ပေးခဲ့"
"အေး... အေးပါကွာ၊ ရော့ရော့ ဟွင်း တွေ့မယ်"
ဒါနဲ့ ဘီယာဖိုးလေးပေးပြီး မြန်မြန်ထွက်ပြေးခဲ့ရတယ်။
ဒီကောင်တွေက ပြောရတာ မဟုတ်ဘူး... ဟင်း...
အတင်းဝင်စို့နေမှ မတွေးဝံ့စရာဂျီး...
အမ်မရေး... ချစ်သူလေးကိုယ်စား ကျက်သီးထတာ... ငီး ငီး
သန်၎ကို (သို၎ကန်) -ပေါက်ကရ၄ဝ။
=======================
.
လွန်ခဲ့တဲ့ ၁၅ နှစ် အနှစ် ၂၀ လောက်က အကြောင်းလေး သတိရမိလို့ပါ။
အဲဒီတုန်းက ကျနော်က မန္တလေးမှာ
ကျနော်အလုပ်သွားတဲ့လမ်းမှာ ကျနော့်သူငယ်ချင်းနှစ်ယောက်
ဘာရယ်မဟုတ်ဘူး အလုပ်သွားရင်းနဲ့ သူငယ်ချင်းတွေဆိုင်မှာ ဆိုင်ကယ်ဘီးကို လေဝင်ချိန်ဖြစ်တယ်။
သူငယ်ချင်းတွေဆိုတော့ နောက်ဖြစ်ပြောင်ဖြစ်ကြတာပေ့
သူတို့နှစ်ယောက်ကို ကျနော်က သားကြီးနဲ့ သားငယ်လို့ ခေါ်တာ။
"ဟေ့... မိုင်ဆန်း၊ လူလေး၊ င့ါသားတွေ၊ ဖေကြီးဆိုင်ကယ်ကို လေဖြည့်ပေးစမ်း"
"အာ... မအေပေး၊ အလကားလည်း လုပ်ပေးရသေး၊ အဖေလည်းတော်ရသေး၊ မင်းနဲ့ အပေါင်းအသင်းဖြစ်ရတာ ၂ ခါ နာတယ်"
"ဟုတ်တယ်... လေချိန်မပေးနဲ့ကွာ"
"ငီး... ငီး... သားကြီးကလည်း လိမ်မာသားနဲ့၊ သားငယ်ကလည်း လိမ်မာသားနဲ့"
တကယ်လို့ လေဝင်မချိန်ဖြစ်ရင်တောင် ဆိုင်ရှေ့က ဖြတ်သွားရင်းနဲ့ လှမ်းအော်ခဲ့သေးတာ... ...
"ဟေး... သားကြီးနဲ့ သားငယ်၊ ဖေကြီးအလုပ်သွားပြီးနော်၊ အလုပ်ကောင်းကောင်းလုပ်ကြ၊ ရန်ဖြစ်မနေကြနဲ့"
"အာ... လခွီးမသား၊ အလုပ်ရှုပ်ရတဲ့ ကြားထဲ"
"အေးကွာ... ဂဲ နဲ့ ထွက်ထုမယ်"
"ထုကွာ... ရှုပ်တယ်"
"ဟီး ဟီး ဖအေကို စော်ကားတဲ့ ကောင်ဒေ၊ မြေမျိုမယ် ဟီး"
အဲလိုပဲ ကြုံတိုင်းဝင်ပြီး လေချိန် လေဖြည့်လုပ်တယ်၊ ဝင်တိုင်းလည်း ခေါ်လိုက်ရင် 'မိုင်ဆန်း၊ င့ါသား' ချည့်ပဲ။
ကြာတော့ ဒီကောင်တွေကလည်း ဝဋ်ကြွေးပဲလို့ မှတ်ပြီး ဘာမှ ပြန်မပြောရှာဘူး။
အဲ... ...
တရက်တော့ ကိုယ်ခံရမယ့် အလှည့်ရောက်လာပါလေရော... ...
အဲဒီနေ့ကပေါ့
မရှိမဲ့ရှိမဲ့ ကျနော့်ရဲ့ချစ်သူလေးက မန္တလေးတောင်သွားချင်တယ်ဆိုလ
ဒီကောင်တွေ ဆိုင်ရှေ့ရောက်တော့ ထုံးစံအတိုင်း လေဝင်ချိန်မယ်လေ ဆိုပြီး ရပ်လိုက်မိတာ ငါးမှားမှောက်ရော... ...
သားကြီးနဲ့ သားငယ်၊ တယောက်မျက်နှာ တယောက်ကြည့်ပြီး ခေါင်းငြိမ့်လိုက်တာ တွေ့လိုက်တယ်
အဲဒီမှာ... ...
သားကြီးက ဘာမပြောညာမပြောနဲ့ ဗြုတ်ဆို ထ,လာပြီး ကျနော့်ဆိုင်ကယ်သော့ကို လာဖြုတ်သွားတယ်... ပါးစပ်ကလည်း အော်တယ်... ...
"ညီလေးရေ... ဖေကြီးလာတယ်ဟေ့"
"ဟင်... ဖေကြီး၊ မေကြီးလည်း ပါသကိုး"
"ဖေကြီး... ညီလေးက နို့ဆာလို့ ငိုနေတာဂျ"
"ဟုတ်တယ်... တားတား ဗိုက်ချာတယ်၊ ဗိုက်ချာတယ်၊ ချိုစို့မယ် ချိုစို့မယ်"
ဟ... သောက်တလွဲ၊ မအေပေးတွေ၊ ဆော်ပြီဟေ့...
ချစ်သူလေးမှာ ဘုမသိဘမသိနဲ့ ကျီးကြည့်ကြောင်ကြည့် ဖြစ်နေရှာတယ်။
ဟိုနှစ်ကောင်ကလည်း မရပ်ဘူး၊ အတိုင်အဖောက်ညီညီနဲ့ ဆော်နေတုံး... ...
"ချိုစို့မယ်... ချို့စို့မယ်... အီး ဟီး"
"ဖေကြီး... ညီရေး တနားပါတယ်ဂျာ.. ချိုစို့မယ်တဲ့"
"ဘာာကွ... ရာရာစစ ငါတောင် မစို့ရသေးဘူး၊ အဲလေ... ခွေးမသားတွေ၊ ဘာတွေ လာပြောနေတာလဲ"
"အို... မေကြီးကို ခွေးမလို့ ပြောတာပေါ့လေ... ဟုတ်ရား..."
"ကဲ... ဒီလောက်ဆို တော်ပြီ ဆိုင်ကယ်သော့ ပြန်ပေး"
"ပေးဘူး... ပေးဘူး"
"င့ါ သူငယ်ချင်းတွေက လိမ်မာပါတယ်ကွာ၊ ပြန်ပေးနော်"
"ဒါဆို နောက်ကို သားကြီး သားငယ်နဲ့ ထော်အုံးမှာရား"
"မထော်တော့ပူး... အဲလေ မခေါ်တော့ဘူး ပြန်ပေးနော် ဟီး"
"ချိုမစို့ရရင် ဘီယာစို့မယ်၊ ဘီယာဖိုးလေး ပေးခဲ့"
"အေး... အေးပါကွာ၊ ရော့ရော့ ဟွင်း တွေ့မယ်"
ဒါနဲ့ ဘီယာဖိုးလေးပေးပြီး မြန်မြန်ထွက်ပြေးခဲ့ရတယ်။
ဒီကောင်တွေက ပြောရတာ မဟုတ်ဘူး... ဟင်း...
အတင်းဝင်စို့နေမှ မတွေးဝံ့စရာဂျီး...
အမ်မရေး... ချစ်သူလေးကိုယ်စား ကျက်သီးထတာ... ငီး ငီး
သန်၎ကို (သို၎ကန်) -ပေါက်ကရ၄ဝ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။