Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 25, 2016

အောင်မြင်ချင်သူတွေအတွက် ဘယ်တော့မှ နောက်မကျပါ

အောင်မြင်ချင်သူတွေအတွက် ဘယ်တော့မှ နောက်မကျပါ
===========================
ကျွန်တော်ရေးတဲ့ စာတွေကို ဖတ်ပြီး လုပ်ချင်ကိုင်ချင်စိတ် တွေဖြစ်ပြီး အားတက်တယ် လို့ ပြောတဲ့သူတွေ ရှိသလို … တစ်ချို့ချို့တွေကတော့ ကျွန်တော်/ကျွန်မ တို့ကတော့ အသက်တွေကြီးနေပြီ နောက်ကျနေပြီလို့ လှမ်းပြောကြတဲ့သူတွေလည်း ရှိကြပါတယ် … ဒါကြောင့် ဒီစာစုလေးကို ဆက်ရေး လိုက်ပါတယ် … ။ လူတစ်ယောက် အောင်မြင်ဖို့ ဆိုတာ ကံ၊ ဉာဏ်၊ ဝီရိယ ၃-မျိုးလုံး အကြောင်း တိုက်ဆိုင်ဖို့ လိုပါတယ် … ၊ ဉာဏ် နဲ့ ကံက ဖန်တီးလို့ မရဘူးလို့ ဆိုနိုင်ပေမယ့် ဝီရိယ ကတော့ ကိုယ်တိုင် အားထုတ်လို့ ရပါတယ် … ဒါပေမယ့် ကံဆိုတာက အလုပ်ဖြစ်တဲ့အတွက် ကံကောင်းမှုတွေ ရလာစေဖို့ အလုပ်ကောင်းတွေနဲ့ ဖြည့်တင်းထားဖို့ လိုပါတယ် …. ။

အသက်ကြီးပြီလို့ ကိုယ်ကိုယ်ကို အားငယ်နေတဲ့ သူတွေအတွက် ဒီနေရာမှာ ကမ္ဘာကျော် စားသောာက်ကုန် လုပ်ငန်း တစ်ခုဖြစ်တဲ့ KFC ကြက်ကြော်ရဲ့ တည်ထောင်သူ Harland Sanders အကြောင်းကို ပြောပြချင်ပါတယ် … KFC ကြက်ကြော်လုပ်ငန်းဟာ အခုအချိန်မှာ ကမ္ဘာနဲ့ အဝန်း နိုင်ငံပေါင်း ၁၀၀ ကျော် မှာ ရင်းနှီးမြှတ်နှံမှုငွေ - ဒေါ်လာ သန်း ၅၂၀ ကျော်နဲ့ လည်ပတ်နေပေမယ့် Harland ရဲ့ ဘဝ ကတော့ ပန်းခင်းတဲ့ လမ်းကို လျှောက်ခဲ့ရတာတော့ မဟုတ်ပါဘူး … Harland ဟာ ငယ်ငယ် လေးကတည်း အချက်အပြုတ်ကို ဝါသနာပါတဲ့ အတွက် သူ့အမေဆီမှာ အချက်အပြုတ်သင်ယူခဲ့ပါတယ် … အသက် ၁၂ အရွယ်မှာတော့ ဘဝအခြေအနေအရ ကျောင်းက ထွက်ခဲ့ရပါတယ် … အဲဒီနောက်မှာတော့ လယ်ယာ လုပ်ငန်းခွင်မှာ အောက်ခြေသိမ်း အလုပ်မျိုးစုံကို လုပ်ခဲ့ရပါတယ် …

၁၉၃၀ ပြည့်နှစ်မှာတော့ လမ်းဘေးမှာ ဓါတ်ဆီဆိုင်လေး ဖွင့်ပြီးတော့ ရောင်းခဲ့တယ် … အဲဒီဆိုင်ရှေ့မှာပဲ လူ ၆-ယောက် ထိုင်နိုင်တဲ့ စားပွဲလေးတစ်လုံးနဲ့ စားသောက်ဆိုင်လုပ်ငန်းကို အစပြုခဲ့ပါတယ် … ခရီးသွားတွေ လမ်းခုလတ်မှာ ဓါတ်ဆီဖြည့်ရင်း အဆာပြေတစ်ခုခု စားဖို့အတွက် လိုအပ်ချက်ကို အမိအရ ဖမ်းဆုတ်မိလိုက်တာပါပဲ … သူ့ရဲ့အချက်အပြုတ် လက်ရာတွေက နာမည်ကြီးလွန်းလို့ ၁၉၆၃ ခုနှစ်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်နယ်ရဲ့ အစားအသောက် ကဏ္ဍကို ဂုဏ်မြှင့်တင်ပေးနိုင်ခဲ့လို့ ဆိုပြီး ဂုဏ်ထူးဆောင် ပေးအပ်ချီးမြှင့် ပေးခဲ့ပါတယ် … ။

ဒီနေ့ နာမည်ကျော်ကြားနေတဲ့ KFC ကြက်ကြော်အတွက် နည်းစနစ်ကိုတော့ Harland က အသက် ၅၀ လောက်ရောက်မှ ဖန်တီးခဲ့တာပါ … အဲဒီမတိုင်ခင် ၁၉၃၉ ခုနှစ်မှာ မူလစားသောက်ဆိုင်ကို မီးလောင် သွားလို့ အသစ်ပြန်ဆောက် ခဲ့ရတယ် … ဒုတိယကမ္ဘာစစ်ကြီး အတွင်းမှာ သူ့ရဲ့ဆိုင်ကို ပိတ်ပစ်ခဲ့ရပါသေး တယ် … စစ်ကြီးပြီးလို့ သူ့ဆိုင်ကို ပြန်ဖွင့်တဲ့အခါ အဓိက လမ်းမကြီးပေါ်မှာ ဖြစ်တဲ့အတွက် နေရာကောင်း မှာ အလုပ်ဖြစ်ခဲ့ပါတယ် … ဒီလိုနဲ့ Harland ဟာ တစ်မြို့ဝင်တစ်မြို့ထွက် လှည့်ပတ်သွားပြီးတော့ တစ်ခြား စားသောက်ဆိုင်တွေအတွက် ကြက်ကြော်ကို မူပိုင်ခွင့်နဲ့ လိုက်ရောင်းပေးတဲ့ Franchise ပုံစံရဲ့ ရှေးပြေး တစ်ယောက် ဖြစ်ခဲ့ပါတယ် … ။ ၁၉၅၂-ခုနှစ်မှာတော့ Harland က Salt Lake City မြို့ကြီးက Perter Harman ကို ပထမဆုံး တင်တပ်ကီး(Kentucky) ကြက်ကြော် မူပိုင်ခွင့်ကို ပေးအပ်ခဲ့ပါတယ် … ။ ကြက်ကြော် တစ်ကောင် ရောင်းရတိုင် ၅-ဆင့်ပေးဖို့ သဘောတူညီချက်နဲ့ အရောင်းအဝယ် လုပ်ခဲ့တာပါ …။

အောင်မြင်ကိုသွားရာလမ်းက အမြဲတမ်းတော့ ဖြောင့်ဖြူးနေတာတော့ မဟုတ်ပါဘူး … ၁၉၅၀ ပြည့် နှစ်လွန်တွေမှာ စီမံကိန်း လမ်းသစ်တွေ ဖောက်လိုက်တဲ့အတွက် ကားတွေဟာ သူ့ဆိုင်ရှေ့က အရင်လို မဖြတ်တော့်တဲ့ အတွက် ဆိုင်ကို ပိတ်လိုက်ရပြန်ပါတယ် … ။ အသက် ၆၀ အရွယ်မှာ အခုလို အလုပ်လက်မဲ့ ဖြစ်သွားပေမယ့် Harland ဟာ အားမလျှော့ခဲ့ပါဘူး … သူ့ ကြက်ကြော်ရဲ့ အရည်အသွေးကို ယုံကြည်တဲ့ အတွက် အစီအစဉ်ကို ပြောင်းလဲပြီး ဆက်လုပ်ခဲ့ပါတယ် … ။ စားသုံးသူတွေက သူ့ဆီကို မလာနိုင်ရင် စားသုံးသူတွေရှိတဲ့ နေရာကို သူ့ကြက်ကြော်ကို အရောက်ပို့မယ် ဆိုပြီးတော့ KFC ရဲ့ မူပိုင်ခွင့် တွေကို ရောင်းချဖို့ အစီစဉ်တွေ စတင်ခဲ့ပါတယ် … ။ Salt Lake City မှာ ပေးထားတဲ့ မူပိုင်ခွင့်က အခြေ အနေ ကောင်းတဲ့အတွက် Harland က သူ့ရဲ့ ကြက်ကြော်နည်းစနစ်ကို စားသောက်ဆိုင်တွေဆီ ရောင်းချတဲ့ လမ်းကြောင်းကို ပဲ ဦးတည်ခဲ့ပါတယ်။

အစစအရာရာကို ၁ က ပြန်စခဲ့ရပါတယ် … လိုအပ်တဲ့ အရင်းအနှီးပစ္စည်းတွေ အတွက်တောင် နေ့မအား ညမနား အလုပ်လုပ်ခဲ့ရပါတယ် … သူ့မိန်းမကလည်း ကြက်ကြော်ထုပ်တာ … ရထားပေါ်တွေ လိုက်ပို့ပေးတာ … စတဲ့ လုပ်ငန်းတွေနဲ့ ဗာရီရ လုပ်ငန်းတွေကို လိုက်လုပ်ပေးခဲ့ပါတယ် … ဒီလိုနဲ့ ပဲ သူတို့ ပင်ပင်ပန်းပန်းကြိုးစားခဲ့တာတွေဟာ အောင်မြင်လမ်းပေါ်ကို ရောက်လာပါတယ် ကင်တပ်ကီ(Kentucky) ကြက်ကြော် ဟာ ရုပ်လုံးပေါ်လာပြီး fast food ဆိုတဲ့ အစားအစာဟာ ခေတ်တစ်ခေတ် ထူထောင်နိုင်ခဲ့ ပါတယ် … ။ ဆက်ပြောရင်တော့ အများကြီးပေါ့ဗျာ …. အခုတော့ စာဖတ်သူများ သိတဲ့ အတိုင်း Harland တစ်ယောက် ပင်ပင်ပန်းပန်းနဲ့ တည်ဆောက်ခဲ့တဲ့ KFC ကြက်ကြော်ဟာ ကမ္ဘာအနှံ့အပြားမှာ ထင်ရှား ကျော်ကြားနေပါပြီ … ။

ကိုယ့်ကိုကိုယ် နောက်ကျနေပြီလို့ထင်နေတဲ့သူတွေ Harland ကို မြင်ကြည့်လိုက်ပါ အသက် ၆၀ ရောက်မှ အစစအရာရာ ၁ က ပြန်စခဲ့ရသေးတာပဲ … ကိုယ့်ကိုယ်ကို နောက်ကျတယ်လို့ မထင်လိုက်ပါနဲ့ … ခုချိန်မှာ ငယ်လို့ရရင် ပြန်ငယ်လိုက်ချင်တယ်လို့ တွေးမိနေတဲ့သူတွေ … ပြန်ငယ်လို့ မရတော့တာကို မငယ် ချင်ပါနဲ့တော့ … ရှေ့ဆက်လျှောက်မဲ့ လမ်းကိုပဲ ရဲရဲဝံ့ဝံ့ ဆက်လျှောက်လိုက်ပါ … ကျွန်တော် ရှေ့က ရေးခဲ့တဲ့ စာတွေမှာလည်း အကြိမ်ကြိမ်ပြောခဲ့ပါပြီ … အောင်မြင်မှုဆိုတာ လူတိုင်းရောက်နိုင်ပါတယ် … အရေးကြီးတာက ပန်းတိုင်ရောက်တဲ့အထိ တစ်စိုက်တစ်မတ်မတ် ဆက်တိုက်လျှောက်ဖို့ အရေးကြီးပါတယ် .. အခက်အခဲဆိုတာ ကိုယ့်တစ်ယောက်တည်း တွေ့တာမဟုတ်ပါဘူး … လူတိုင်း တွေ့ကြံရပါတယ် … အခက်အခဲတွေကို တကယ်ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ဖြတ်ကျော်ပြီး အောင်မြင်မှုပန်းတိုင် ကို အရောက်သွားနိုင်ဖို့ လိုပါတယ် … ။ ဒါကြောင့် ကိုယ့်ကိုယ်ကို အသက်ကြီးနေပြီ … နောက်ကျနေပြီ လို့ မထင်ပါနဲ့ အောင်မြင်ချင် သူတိုင်း အတွက် ဘယ်တော့မှ နောက်မကျသေးပါ … လို့ ပြောရင်း အောင်မြင်မှု တွေ ရရှိနိုင်ကြ ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ် … ။

“ရတဲ့အသိကို လက်တွေ့ အသုံးချနိုင်ပါစေ …”

Ref : HOW THEY STARTED GLOBAL BRANDS

အောင်ကိုဦး (UMK)
Be the Best !

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။