Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 1, 2015

ကျည်ဆံငါးတောင့်နဲ့  အဲဒီ့လူ Rock ဂီတကိုပစ်သတ်ခဲ့ 

 
 
ကျည်ဆံငါးတောင့်နဲ့  အဲဒီ့လူ Rock ဂီတကိုပစ်သတ်ခဲ့ 
ဘယ်သူမှ လူသတ်မယ်ဟေ့ဆိုပြီး သေနတ်ကိုင်ပြီးမွေးလာတာ ဟုတ်ဖူးရယ်။ ဒီပြသနာကိုစခဲ့ တဲ့ဘဲက David Curtis Chapman
ဆိုတဲ့ အမေရိကန် လေကြောင်းတပ်ရဲ့ ဒုတပ်ကြပ် လေ။ သူက တက္ကဆက် မှာတာဝန်ကျတုန်း Diane ဆိုတဲ့ သူနာပြုဆရာမ လေးကို အတင်းအကျပ်လက်ထပ်ယူခဲ့တာ။ အဲဒီ လိုနဲ့ အလိုမတူပဲ လက်ထပ်ခဲ့ရတဲ့ Diane Chapman ဖြစ်ခဲ့ ။အဲဒီလိုနဲ့တရားဝင်လိင်အသုံးတော်ခံရင်း မေလ ၁၀ရက် ၁၉၅၅ မှာ Mark David Chapman ဆိုတဲ့ ကလေးကိုမွေးခဲ့။

အဲဒီအချိန်က တက္ကဆက်ပြည်နယ်ရဲ့ရေခံမြေခံက လူသားအားလုံးလိုလိုဟာ ကိုယ့်မိသားစု ရှင်သန်ဖို့ လူသတ်သင့်သတ်ရမှာပဲဆိုတဲ့အိပ်မက်ကိုယ်စီနဲ့ လေ။ Mark David Chapman ဆိုတဲ့ လူသားဟာအဲဒီလို ကာလဒေသပယောဂမှာ လူအဖြစ်သူ့ဘုရားသခင်က ဖန်တီးခဲ့ပါတယ်။
အဖေနဲ့အမေတကျက်ကျက် ထမင်းချက်ချင်မှချက်ဆိုတဲ့ မိသားစုမှာ သူ့အဖေလူဆိုးစစ်သားကြီး ရဲ့လေတိုက်တိုင်းထွက်တဲ့ဒေါသနဲ့
စိတ်ကျရောဂါသည်အမေကြားမှာ Mark ဟာ သူ့ကမ္ဘာလေးသူ အဆင်ပြေသလိုဖန်ဆင်းပြီးနေခဲ့ပါတယ်။
အဝလွန်ရောဂါသည် Mark ဟာ သူ့ကျောင်း ကအနိုင်ကျင့်စော် ကားမှုတွေနဲ့ မိသားစု ပြသနာကိုရှောင်ဖို့ အိမ်ကဆိုဖာအစုတ်ထဲမှာ နစ်နေအောင်ထိုင်ပုန်းပြီး အဲဒီကာလက ကလေးတွေကြားခေတ်စားခဲ့တဲ့ Little People
အရုပ်လေးတွေကိုင်ပြီး သူသတ်ချင်တဲ့သူတွေကို တစ်နေ့တစ်နေ့ရာနဲ့ချီအောင်ထိုင်သတ်နေခဲ့ပါတယ်။
အဲဒီလိုနဲ့ Mark မှာ လူသတ်ခြင်းဟာ အကောင်းဆုံးဖြေရှင်းနည်း ဆိုတဲ့ ကလေးဆန်တဲ့စိတ္တဇဗီဇ ကပ်ညိခဲ့ပါတယ်။
Mark ရဲ့ တစ်ခြားစိတ်ထွက်ပေါက်တစ်ခုက ဂီတဗျ ။ဂေါ်တော့ဂေါ်တယ်။အမေရိကန်နိုင်ငံသားပေါက်စဖြစ်ပေမယ့် အင်္ဂလန်က
The Beatles ကို ဘုရားလိုတရိုတသေကိုးကွယ်ခဲ့တဲ့ကလေးပါ။အထူးသဖြင့် ဂျွန်လင်နွန်ပေါ့။သူရဲ့အခန်းနံရံမှာလည်း
သူတို့သူတို့ ရဲ့ ဈေးပေါတဲ့ ပိုစတာတွေအပြည့် ပေါ့။တဖက်ကလည်း သူရဲ့ Little People လူသတ်တပ်ရင်းအရုပ်တွေလေ။
ဒီပုပ်ထဲမှာဒီပဲချည်းပဲလို့ဝါးလုံးချေးသုတ်ရမ်းပြောရရင်တော့ သိပ်မထူးပါဘူး သူအသက် ၁၄နှစ်သားမှာ LSD ဘာညာ ဆွဲတဲ့
ဆေးသမားဖြစ်ခဲ့တယ်။အဲဒီမှာ မွေးရာပါလူသတ်ချင်စိတ်ရယ် ဂီတရယ် မူးယစ်ဆေးရယ် သုံးနားညီတြိဂံ ဖြစ်ခဲ့ပါတယ်။
Mark David Chapman ဆိုတဲ့ အဲဒီ့ငနဲလေး လေ။ ဆံပင်အရှည်ထားလာတယ်။ဂစ်တာနဲ့ ဘီတဲလ် သီချင်းတွေညစ်တိုင်းကစ်လာတတ်ခဲ့တယ်။မိသားစုကိုပစ်ထားပြီး မိုင်ယာမီ ကမ်းခြေရဲ့ လူကြောင်တစ်ယောက်ဖြစ်လာပြီးသူ့လိုကောင်တွေနဲ့တရုန်းရုန်းပေါ့။
၁၉၇၀ Mark ရဲ့အိမ်ပြေးရာသီများ လို့ဆိုကြပါစို့။
နောက်တော့သူ့ရဲ့စိတ်ဟာသူအိမ်ကိုပြန်ဦးတည်ခဲ့တယ်။ဒီတစ်ခါအိမ်အပြန်ဟာ သူ့ရဲ့ပြန်လည်မွေးဖွားခြင်းဖြစ်ခဲ့ပါတယ်။
အကြောင်း ကတော့သူကြိုက်မိတဲ့ကောင်မလေးရယ်။အဲဒီကောင်မလေးကကြိုက်နေတဲ့ကောင်လေးရယ်။သခင်ယေရှုရယ်ကြောင့်။
သခင်ယေရှုပါလာခြင်းက ဒီလို။ အဲဒီကောင်လေးနဲ့ကောင်မလေး က ခရစ်ယာန်ဘုန်းတော်ဘွဲ့တီဝိုင်း က ဂစ်တာသမားနဲ့အဆိုတော်လေ။
အဲဒီလိုနဲ့ အတိအကျပြောရရင် အောက်တိုဘာ၂၅ ၁၉၇၀ မှာ သူ့ဘဝတစ်ခုလုံးကို သခင်ယေရှု ထံအပ်နှံခဲ့တယ်။ ဆေးဖြတ်ခဲ့တယ်။အသက်ရှုတိုင်းဆပ်ကပ်ခဲ့တယ်။သူ့အထင်အမြင်နဲ့သူ ကိုးကွယ်လေးစားခဲ့တယ်။အဲဒီဘဲလေး Mark David Chapmanပေါ့
သူမှာ စိတ်ကစဥ့်ကလျားရောဂါဖြစ်နေတာမသိခဲ့ဘူးရယ်။သူ့ကိုသူတော့ ရဲရဲတောက်ခရစ်ယာန်စစ်သည်တော် ပဲ တစ်လက်မမှနောက် မဆုတ်ဘူးဆို တဲ့ ဘဲလေးပေါ့။သူ့ရဲ့ ဆံပင်ရှည်နဲ့ဘီတဲလ်ဖက်ရှင်ကို ဖြတ်ထုတ်ပစ်ခဲ့တယ်။
အကြောင်းရင်းကတော်တော်ကြီးတယ်။သူက ယေရှု ထက်အရင် ကိုးကွယ်ခဲ့တဲ့ ဂျွန်လင်နွန်ကို သူမုန်းသွားခဲ့လို့ပဲ။
တရားခံကတော့ စကားတစ်ခွန်းတည်းရယ်။
ကျုပ်တို့အဖွဲ့( The Beatles) က ယေရှုထက်ပေါ်ပြူလာပိုဖြစ်တယ် ဆိုတဲ့ ၁၉၆၆ က ဂျွန်လင်နွန်ရဲ့စကားပါ။
Mark ဟာ ဒီစကားကို သူ့ရောဂါအခံအတိုင်း တစိမ့်စိမ့်စဉ်းစားဆုံးဖြတ်ခဲ့ပုံပဲဗျ။အဲဒီလိုနဲ့ပေါ့ဗျာ။
အဲဒီဘဲဟာ ရှပ်အင်္ကျီအဖြူခံနဲ့အနက်ရောင် ကော်လာဖြူဝတ်စုံပြည့်နဲ့ လက်တစ်ဖက်ကသူအလွတ်ရမတတ် ဖတ်ထားတဲ့
သမ္မာကျမ်းစာအုပ် ကိုကိုင်လို့ ယေရှုခရစ် ရဲ့အမှုတော်ကို သူ့ရှုဒေါင့်ကနေသူထမ်းခဲ့ပါတယ်။
ဒါပေမယ့် အဲဒီလို ဘာသာရေးအမှုထမ်းနေရင်းမှာပဲ သူဟာ ကျမ်းစာအုပ်ကိုပိတ်လိုက်တယ်။ နောက်ပြီး ဂျွန်လင်နွန်နဲ့ရန်ဘက်
ဖြစ်တဲ့ Todd Rundgren ရဲ့သီချင်းတွေစွတ်နားထောင်တယ်။ဘုရားဘုန်းတော်ဖွဲ့တေးတွေ အသားကုန်ရေးတယ်။
သူ့ရဲ့စာဖတ်အားနဲ့တွေးပုံလည်းမြင့်လာတယ်နေမြင့်တော့ သူ့အရူးကလည်းရင့်လာခဲ့တယ်။အဲဒီလိုနဲ့ ခရစ်ယာန် စ်သည်အဖြစ်ခံယူထားတဲ့ အဲဒီဘဲလေး လည်းအသက်နှစ်ဆယ်ပြည့်ခဲ့။၁၉၇၅ ။ YMCA ရဲ့ပရိုဂရမ် တစ်ခု ကစင်တော်ကောက်ခဲ့။
ကယ်တင်ခြင်းတပ်သားအနေနဲ့ လက်ဘနွန်ပြည်တွင်းစစ် အလည်တည့်တည့်ကိုရောက်ခဲ့ ။။။နောက်။ဗီယက်နမ် စစ်ကိုရောက်ခဲ့။
အဲဒီမှာ Jessica Blankenship နဲ့ ပူးတွဲမစ်ရှင် အဖြစ်တာဝန်ထမ်းရ။( Jessica ဆိုတာသူ့ကိုဒီလိုဘဝရောက်အောင်ပို့ခဲ့တဲ့သူငယ်ငယ်ကျိတ်ကြိုက်ခဲ့တဲ့ကောင်မလေးဗျ ။ကြည့်ရတာသူ့အရင်ဘဲနဲ့ပြတ်ခဲ့ပုံပဲ)
ဒီလိုနဲ့ အဲဒီဘဲလေး လူပျိုရည်ပျက်ခဲ့ ။သူ့ဘဝမှာ ယေရှုနဲ့အတူတူထားပြီးချစ်ရမယ့် လူမိန်းမလေး တစ်ယောက်တိုးခဲ့ရောဆိုပါတော့။၁၉၇၇ မှာ သူတို့စုံတွဲ ဟာဝိုင်အီ ကိုပြန်ရောက်တယ်။Mark ဟာဒီတစ်ခေါက်မှာတော့ စိတ်အတော်ဖေါက်ပုံပဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ Jessica ကို သူကတစ်ခုတောင်းဆိုတယ် ။Jessica က ခွင့်မပြုဘူး။သူတောင်းဆိုတာက Jessica ရဲ့ရင်ခွင်မှာ လဲလျောင်းပြီး သူ့ကိုယ်သူလှလှပပလေးသတ်သေဖို့တဲ့။ဘယ်သူမှတ်လို့လည်း။
၂၂နှစ်သား Mark David Chapman ဆိုတဲ့ အဲဒီ့ဘဲလေး လေ။
ဒီလိုနဲ့ ရည်းစားကမုန်း စိတ်ကအတုန်းအရုန်းဖြစ်။ အဲဒီမှာ ဘာပေါက်သွားတယ်မသိဘူး။အလုပ်တွေစွတ်လုပ် ပိုက်ဆံတွေစုပါလေရော။အလုပ်မှတွေ့ကရာအလုပ်စွတ်လုပ်တာ စားသောက်ကုန်နဲ့မုန့်လုပ်တဲ့ဆီမှာ အာလူးတစ်ခြမ်းပုပ် တစိတ်ပုပ်တွေ လှီးထုတ်ပေးရတဲ့အလုပ်မျိုးတွေလည်းပါတယ်။ဒီလိုနဲ့ Mark ဆိုတဲ့ဘဲလေးဟာ တစ်ပတ်ရစ်ကားလေး ကို ငှားနိုင်သွားရောဆိုပါတော့။ ၁၉၇၇ ဇွန်လ၂၂ရက်နေ့မှာ လူတွေနဲ့ခပ်လှမ်းလှမ်းက မိုင်ယာမီကမ်းခြေသောင်တစ်ခု ကို ကားနဲ့လစ်ခဲ့တယ်။ဘာလုပ်တယ်ထင်လဲ။ အဲဒီဘဲလေး လေ။ကားအိတ်ဇောပိုက်ကို ပလတ်စတတ်အမာစားနဲ့အလုံပတ်ဆို့တယ်။
ပြတင်းမှန်လိုင်နာ တလျှောက်ပလတ်စတစ်နဲ့လုံအောင် ပိတ်တယ်။ ဂီယာဖြုတ်တယ်။အင်ဂျင်ကိုနှိုးတယ်။ထွက်လာတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို အလုံပိတ် ကားထဲမှာ သီချင်းဖွင့်ပြီးသာသာယာယာရှူနေခဲ့တယ်။
Todd Rundgern လား The Beatles လား ဘယ်သီချင်းလဲတော့သိဘူးဗျ။ နောက်ဆုံး အိတ်ဇောပိုက်အပူရှိန်နဲ့ ပိတ်ထားတဲ့ ပလတ်စတစ်ပျော်ကျ။သူလည်း ကိုယ့်ကိုကိုယ် သတ်သေမှုနဲ့ စိတ္တဇဆေးရုံရောက်ရောဆိုပါတော့။အဲဒီဘဲလေး Mark လေ။
ဒီလိုနဲ့၁၉၇၉ ဇွန်၂ရက်နေ့မှာ Gloria နဲ့တစ်အိုးတစ်အိမ်ထူထောင်ခဲ့။စိတ်သစ်နဲ့ YMCA တာဝန်တွေပြန်ထမ်းခဲ့။
၁၉၇၉ မှာသူ့အမေနဲ့အဖေကွဲခဲ့ ။သူ့အမေ နောက်အိမ်ထောင်ပြုခဲ့။အဲဒီဘဲဟာ သားတစ်ယောက်အဖြစ် သူအမေကို ပြန်ထောက်ပံ့ခဲ့ ။ခင်ပွန်းကောင်းတစ်ယောက်အဖြစ် အလုပ်တွေလုပ်ပြီး တာဝန်ကျေခဲ့။အဲဒီဘဲ Mark David Chapman ပေါ့။
ညစောင့်။လုံခြုံရေး။ခရစ်ယာန် အလုပ်အမှုဆောင်။အစရှိသဖြင့်။နှစ်တွေရွေလျားခဲ့။အဲဒီနှစ်တွေထဲမှာ မှာပဲ သူစာအုပ်နှစ်အုပ်ကို
အသေညိခဲ့တယ်။တစ်အုပ်က J.D Salinger ရေးတဲ့ ၁၉၅၁ ထုတ် The Catcher in the Rye (ဆရာမောင်ထွန်းသူ ထင်တယ် လေလွင့်သူ ဆိုပြီး မြန်မာမှုပြုခဲ့ဖူးတယ်) ။နောက်တစ်အုပ်က Anthony Fawcett ရေးတဲ့ John Lennon ; One Day at a Time ကော်ပီစာအုပ်ပါ။ ဒီစာအုပ်နှစ်အုပ်နဲ့ပတ်သတ်ပြီး Mark ကပြောခဲ့ဖူးတယ်။ The catcher in the rye က မီးဖိုဆိုရင်
John Lennon စာအုပ်က မီးပဲ တဲ့။
ဒီလိုနဲ့ ဂျွန်လင်နွန်ကို လေးစားကိုးကွယ်တဲ့ပိုးကပြန်ကြွလာခဲ့။ John Lennon :The plastic Ono band ရဲ့ သီချင်းတွေပြန်နားထောင်ဖြစ်ခဲ့။ ယေရှုကိုရော ဗုဒ္ဓကို ရော the Beatles ကိုရောမယုံကြည်တော့တဲ့ သူ့ရဲ့ Rock Star ကြီး
ဂျွန်လင်နွန်ရဲ့ စာသားတွေခံစားပြီး ဂျွန်လင်နွန်ကို ထပ်ဆင့်မုန်းလိုက် ပြန်လေးစားလိုက်နဲ့ စိတ်ကစဉ့်ကလျားရောဂါ ပြန်ထလာခဲ့ပါတယ်။ ဒီလိုနဲ့၁၉၈၀ အောက်တိုဘာ ၂၇ ရောက်ရောဆိုပါတော့။ ဒီဘဲဟာ့ ၃၈ ပစ္စတို တစ်လက်ဝယ်တယ်။သူ့မိန်းမ ကို ငါတော့ခေါင်းဆေးဖို့ နယူးယောက်ကိုဒိုးမယ်။ချစ် ဖားသားကြီးဆီက ဒေါ်လာ၅၀၀လောက်ချေးပေးဆိုပြီး နယူးယောက်ကိုဒိုးခဲ့ပါတယ်။ အယ်လ်ဘမ် ထွက်အထိမ်းအမှတ်နဲ့လက်မှတ်ထိုးပေးတဲ့ဂျွန်လင်နွန်ရဲ့ ပွဲဆီ။သူရောက်ခဲ့ ။အိပ်ထဲကသေနတ်ကိုစမ်းပြီး ဂျွန်လင်နွန်ကိုအဝေးက လေးစားမုန်းတီးစွာငေးခဲ့။အခွင့်မသာခဲ့။ဒီလိုနဲ့ နီးရာတောအုပ်ထဲမှာ စိတ်ဖောက်အြီးသေနတ်ပစ်ကျင့်ခဲ့။ရဲဖမ်းခဲ့။သူ့ဘ်ေဒါနယူးရောက်ရဲအကူအညီနဲ့ပြန်လွတ်ခဲ့။ နိုဝင်ဘာ၁၂ ၁၉ဂ၀မှာ ဟာဝိုင်အီက အိမ်ပြန်ရောက် အိမ်မှာ သူ့မိန်းမ ကိုတွန်းထိုးသောင်းကျန်းခဲ့။နံရံတွေလက်သီးနဲ့ထိုးခဲ့။ပြနေကြဆရာဝန်ပြန်ပြခဲ့။
၁၉၈၀ ဒီဇင်ဘာ၆ရက်နေ့မှာ ရဲသိမ်းထားတဲ့သေနတ်အစား ထပ်ပြန်ဝယ်ထားတဲ့ ၃၈ပစ္စတိုကိုဖွက်ယူပြီး နယူးယောက်ကိုဒိုးခဲ့။
၇ရက်နေ့မှာ ဂျွန်လင်နွန်ရဲ့ နောက်ဆုံးထွက်အယ်လဘမ်ထဲက Double Fantasy ဓါတ်ပြားကော်ပီ ဝယ်ခဲ့။
ဂျွန်လင်နွန်နေတဲ့ Dakota အိမ်ယာနဲ့ မနီးမဝေး က West Side YMCA တည်းခိုဆောင်မှာ တစ်ညစာ ၁၆့ ၅ဒေါ်လာပေးပြီတည်းခဲ့။ အခန်းထဲမှာ သမ္မာကျမ်းစာအုပ်ရဲ့
The Book of John စာမျက်နှာ ကိုလှန်ပြီး။ Lennon လို့တေးမှတ်ခဲ့။
၁၉၈၀ ဒီဇင်ဘာ ၈ရက် ။ညနေပိုင်း။အဲဒီ ဘဲ Mark David Chapman ဟာ။ဓါတ်ပြားကို ပိုက်ပြီး ချမ်းအေးနေတဲ့ Dakota အိမ်ယာဂိတ်ဝမှာ ခေါက်တုန့်ခေါက်ပြန်လုပ်နေရင်း
ဂိတ်စောင့်ကို ဂျွန်ဘယ်တော့ထွက်လာမှလည်းမေးလိုက်ပေါ့။ အဲဒီလိုနဲ့ Paul Goresh ဆိုတဲ့ freelance ဓါတ်ပုံဆရာရယ် သူရယ်ပဲကျန်တော့။ကျန်တဲ့ လက်မှတ်ထိုးခိုင်းချင်တဲ့လူတွေပြန်သွားခဲ့ကြ။ညနေ၅နာရီလောက်မှာ ဂျွန်ရယ် ယိုကိုအိုနိုရယ် သူ့ဘော်ဒါတွေရယ်ထွက်လာခဲ့တယ်။ Mark David Chapman လည်း သူ့ဓါတ်ပြား ကိုပေးပြီးဂျွန့် ကိုလက်မှတ်ထိုးခိုင်းခဲ့တယ်။သူကတလေးတစားငေးနေခဲ့တယ်။ အဲဒီအချိန်လေး ကို Paul Goresh က ဓါတ်ပုံ ရိုက်ယူခဲ့။လက်မှတ်ထိုးပြီးတော့
ဂျွန်က ကျနော်ခင်ဗျားကိတစ်ခုခုလုပ်ပေးစရာကျန်ဦးမလား လို့ တလေးတစားမေးခဲ့။ သူက မလိုပါဘူးဗျာဆိုပြီး နောက်ကိုပြန်ဆုတ်ရှောင်ပေးခဲ့။ဂျွန်တို့အဖွဲ့တွေကားနဲ့ထွက်သွားခဲ့။ သူနဲ့ Paul Goresh တို့ စကားပြောရင်း ကျန်ခဲ့။ည၈နာရီလောက်မှာ Paul ပြန်သွားခဲ့။သူ ဆက်စောင့်ရင်း ဂိတ်စောင့်နဲ့စကားပြောနေခဲ့ ။၁၀နာရီ၅၀လောက်မှာ ဂျွန်လင်နွန် တို့ပြန်လာပြီး ဂိတ်ပေါက်ဝ လမ်းအတိုင်းလျှောက်ဝင်သွား ခဲ့တယ်။
အဲဒီအချိန်မှာ Mark ဟာ သေနတ်ထုတ်ပြီး ဟေးဂျွန်ဆိုပြီး ငါးချက် ခေါ်ပစ်ပစ်ခဲ့ပါတယ်။နောက်ကျောနှစ်ချက်မှန်အပြီးမှာ လှည့်ကြည့်တဲ့ ဂျွန်ရဲ့ပုခုံးနဲ့ ရင်ဘတ်ကို သုံးချက်။
၁၉၈၀ ဒီဇင်ဘာ၈ရက်ည၁၀နာရီ ၅၁မိနစ်လောက်မှာ John Lennon သေနတ်ငါးချက်မှန်ပြီးသေခဲ့ပါတယ်။အဲဒီနေ့ကို Rock ဂီတသေတဲ့နေ့လို့သတ်မှတ်ခဲ့ကြ။
အဲဒီလူ Mark David Chapman လေ တရားရုံးမှာ ဘာဖြေတယ်ထင်လဲ။
ဒီပုဂ္ဂိုလ် က နာမည်ကြီးလွန်းလို့ ........ အရမ်းတော်လွန်းလို့ . ...... သူလေးစားလွန်းလို့တဲ့ဗျာ ။ ။

Mono Lay
Ref;Encyclopedia of Show Business Homicides by David K. Frasier
Interview of Mark David Chapman from Webs

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။