ငွေအတုတွေ ဘယ်ကလာ
______________________________12May2015 Minburma
နိုင်ငံတိုင်းက သက်ဆိုင်ရာအစိုးရများအတွက် ဒုက္ခပေးအပေးနိုင်ဆုံး တိုက်ခိုက်မှုကတော့ နိုင်ငံတွင်း ထုတ်လုပ် သုံးစွဲ နေတဲ့ ငွေစက္ကူတွေကို ပုံစံတူ အရည်သွေးတူ ကိုဆင်တူထုတ်ပြီး အောက်လမ်း နည်းတွေနဲ့  ဖြန်ဖြူးသုံးစွဲခြင်းဖြစ်ပါတယ်။
နိုင်ငံတိုင်းမှာ ငွေအတုထုတ်တဲ့ ဂိုဏ်းတွေရှိလာနေသလို .. မူးရစ်ရာဇာတွေနဲ့  အစိုးရကို နည်းမျိုစုံနဲ့  ပုန်ကန်နေတဲ့သူတွေကလည်း လက်နက်တခုအနေနဲ့  ထုတ်လုပ်ဖြန်ဖြူးကြပါတယ် ။ ၊ခုလို့  ငွေထဲမှာ ငွေအတုတွေ ပါဝင်လာတဲ့အခါမှာ ပြည်တွင်းငွေသုံးစွဲမှုမှာ စီးပွားရေးသမားတွေရော လူထု အတွက် ပါ အကျပ်ဆိုက် အခက် တွေ့ လာပါလိမ့်မယ်။
အထူးသဖြင့် ကုန်သွယ်ရေးပိုင်းမှာ နိုင်ငံသုံးငွေကြေးဟာ တခြားနိုင်ငံတွေက ယုံကြည်မှု မရှိဖြစ် လာပြီး ခိုင်မှာတဲ့ နိုင်ငံတခုက ငွေ(ဒေါ်လာ) ကို အစားထိုးသုံးရပါတော့ တယ်။
ပြည်တွင်းမှာ လည်း ကိုယ်နိုင်ငံငွေက ကျဆင်းပြီး တန်ဘို့ မ၇ှိရာက နေ ငွေကြေးဖေါင်းပွ လာရာက ကုန် ပစ္စည်းဈေးနုံးတွေ တက်ပြီးရင်း တက်ကုန်တော့မှာပေါ့။
မြန်မာငွေစက္ကူကို နယ်စပ်တွေမှာသာ အရောင်းဝယ်ဖြစ်ပေမယ့် နိုင်ငံအပြင်မှာ ဘယ်နိုင်ငံကမှ လက်မခံပါဘူး ၊ထိုင်းနိုင်ငံ ဘန်ကောက်မှာ မြန်မာနိုင်ငံက ငွေလဲတဲ့ ငွေစက္ကူကိုနေရာတွေက လုံးဝ လက်မခံပါဘူး၊ အဲလိုငွေကျေးကတန်ဘိုးမရှိတဲ့ မြန်မာငွေစက္ကူဟာ လိုက်ပြီးတုထုတ် ဖို့ လည်း လွယ်ကူပါတယ်။
မြန်မာအစိုးရအနေနဲ့  နိုင်ငံမှာ အရေးကြီးတဲ့ ငွေစက္ကူကို လက်နှီးစုတ်လို့  ပေါ့ပေါ့တန်တန် ဘုံးပေါလအော ထုတ်လာတာကိုတွေ့ ရပြီး Quality တွေက ညံ့ဖျင်းတော့ အတု လုပ်သူတွေအတွက်အဆင်ပြေတာပေါ့ ။အများစုကတော့ တရုတ်နဲ့  ဘင်္ဂလားဒေ့ခ်ျနိုင်ငံနယ်စပ် ကုန်သွယ်လမ်းကြောင်းကနေ ၀င်လာတာများကြောင်းသိရပါတယ်။
တချို့ ငွေတွေဆို အစစ်ထက်တောင် ပိုကောင်းနေတာကတော့ ...၂၀၁၃ က တရုတ်နိုင်ငံတွင် မြန်မာငွေစက္ကူအတုများ ထုတ်လုပ်မှု KIO အဖွဲ့မှ အချို့ ပါဝင်ပတ်သက်မှု ရှိနေ ကြောင်း မေလ ၇ ရက် ၂၀၁၃ ယခုနှစ် အေပြီလ ၁၂ ရက်နေ့က မြစ်ကြီးနားမြို့တွင် တရုတ်နိုင်ငံသားများ ထံမှ မြန်မာငွေကျပ် (၅၀၀၀)တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တရုတ်အစိုးရ တာဝန်ရှိ သူများမှ တရုတ်နိုင်ငံတွင်း ကွင်းဆက် တရားခံများအား ဖမ်းဆီးဖော်ထုတ်ခဲ့ရာ အေပြီလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ ရင်ကျန်းမြို့တွင် တရားခံ(၆) ဦးအား မြန်မာငွေစက္ကူ အတုပြုလုပ်သည့် ခေတ်မှီဆုံး စက်(၇)လုံး၊ မြန်မာ ငွေအတု(၅၀၀၀)တန်နှင့် (၁၀၀၀၀)တန် ၁၁.၄ ကုဋေ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာသတင်းတွေကထုတ်ပြန်ပြီး ငွေစက္ကူအတု မှာ (၁၃)ကုဋေခန့်သာ ရှိသေး သဖြင့် (၇)ကုဋေခန့်မှာ ဖမ်းဆီးရမိခဲ့ခြင်း မရှိ သေးကြောင်း တရားခံများက ထွက်ဆိုခဲ့သည်။
ဒါအပြင် OCTOBER 15, 2012 ကလည်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒက္ကာမြို့တွင် မြန်မာကျပ်ငွေတွေ အပြင် ငွေစက္ကူမျိုးစုံ အတုလုပ်သည့် ဂိုဏ်းတစ်ခုကို ငွေစက္ကူ အတုသန်း ၁၀၀ ကျော်နှင့် အတူ ဘင်္ဂလာရဲကဖမ်းမိခဲ့ကြောင်းသတင်းတွေ မှာဖေါ်ပြထားပါသေးတယ်။
ပြည်တွင်းသုံးစွဲတဲ့သူတွေအနေနဲ့  ငါးထောင်တသောင်းတန်ငွေစက္ကူဆိုရင် မိမိရလာတဲ့ လက် ဆင့်ကမ်းပေးလိုက်တဲသူကို သေခြာမှတ်ထားရပါလိမ့်မယ်၊ ထိုင်းနိုင်ငံမှာလည်း ငွေ အတုတွေမိ တာမကြာခဏ ကြားရပေမယ့် မြန်မာပြည်လောက်အရည်အတွက်မများပါဘူး ။
ထိုင်းကခုနောက်ပိုင်းထုတ် ၁၀၀၀ တန်မှာဆိုရင် အတွင်းမှာ ကြိုးထည်းထားတဲ့နေရာမှာ စာလုံးလေးတွေပါ ရိုက်ထားတဲ့အတွက် အတုလုပ်တဲ့သူတွေ အတွက် တုရတာခက်ခဲလာသလို-ငွေစစ်တဲ့စက်တွေ (အနီအောက်ရောင်ခြည်နှင့် စစ်ဆးသည့်စစ်) တွေ များများသုံးလာတာ အပြင် ငွေအတုဆိုင်ရာ ကာကွယ်တဲ့ ဥပဒေတွေမှာ ထောင်ဒဏ်တွေများများ အပြစ်ပေးလာတာ တွေ့ ရပါတယ်။ (မင်းဗမာ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။