Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, May 12, 2015

သီချင်းရွေးချယ်မှုပုံစံတွေ အကြောင်းပြောလာတဲ့"လေးဖြူ" နဲ့ "ဒိုင်ယာရီ" အင်တာဗျူး

 

သီချင်းရွေးချယ်မှုပုံစံတွေ အကြောင်းပြောလာတဲ့
"လေးဖြူ" နဲ့ "ဒိုင်ယာရီ" အင်တာဗျူး
================================

လေးဖြူ မပါတဲ့ မြန်မာပြည် ရော့ခ်သမိုင်းဟာ ဆားမပါတဲ့ ဟင်းတစ်ခွက်လို ဖြစ်နေမှာ အသေအချာပါပဲ။ "ကန္တာရလမင်း"က စလို့ မြန်မာပြည်က ရော့ခ်ဂီတချစ် ပရိသတ်တွေရဲ့  နှလုံးသားတွေကို ကိုင်လှုပ်နိုင်ခဲ့တဲ့ လေးဖြူဟာ နှစ်ပေါင်း နှစ်ဆယ်ကျော်အထိ ပရိသတ် ရင်ထဲမှာ ထုထည်ကြီးမားစွာ နေရာယူနိုင်ခဲ့သူပါ။...

၁၉၉၀ ခုနှစ်ကျော်ကာလများကစပြီး အခု ၂၀၁၅ ခုနှစ်အထိ ပရိသတ်အားပေးမှု လျော့မကျခဲ့တဲ့ လေးဖြူက ၂၀၁၄ နှစ်ကုန်ပိုင်းမှာ "ဒိုင်ယာရီ" ဆိုတဲ့ ကိုယ်ပိုင်သံစဉ်စီးရီးသစ်ကို ထွက်ရှိထားပြီး
သူ့ရဲ့  အရည်အသွေးကို ထပ်မံထိန်းထားနိုင်ဆဲပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရှားရှားပါးပါး ဆုံတွေခဲ့ရတဲ့ လေးဖြူနဲ့ သီးသန့် မေးမြန်းခဲ့တဲ့ "ဒိုင်ယာရီ" အင်တာဗျူးကို ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။


မေး - ကိုလေးတို့ တောက်လျှောက် လက်တွဲလာတဲ့ IC က ဒီနှစ် ဧပြီလထဲမှာ ၂၅ နှစ်ပြည့်ခဲ့ပြီ။ ကိုလေးတို့ ဘာအစီအစဉ်တွေ ရှိသေးလဲဗျ။

ဖြေ - နှစ် ၂၀ ပြည့်တုန်းကတော့ အားလုံးဝိုင်းလုပ်လိုက်ကြတာ အခွေလေးတစ်ခွေ အမှတ်တရ ကျန်တာပေါ့။ ၂၅ နှစ်ကျတော့ အကုန်လုံးက မောနေကြပြီ။
တခြား ဘာမှလုပ်ဖို့တော့ မရှိပါဘူး။

မေး - ကိုလေးဖြူ နောက်ဆုံး လတ်လတ်ဆတ်ဆတ် ထွက်ထားတဲ့ "ဒိုင်ယာရီ" အခွေက ဘာကြော်ငြာမှ မလုပ်ပါပဲနဲ့ ပရိသတ်ကြားမှာ ချက်ချင်းပျံ့ နှံ့ခဲ့သလို အခွေထွက်တဲ့နေ့မှာကတည်းက The Sun ဆိုင်ရှေ့ မှာ ပရိသတ်တွေ တန်းစီနေကြတယ်။ ဒီအခွေရဲ့  အမှတ်တရတွေကိုလည်း သိချင်ပါတယ်။

ဖြေ - "ဒိုင်ယာရီ" အတွက်ဆိုရင်တော့ ပြောစရာက အများကြီးပဲ။ ဒီအခွေက သီချင်းတွေကို ကျေနပ်ကြတယ်။ အဆင်ပြေကြတယ်လို့ ပြန်ကြားရပါတယ်။ အဲ့ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လုပ်တဲ့ Music နဲ့ နားထောင်တဲ့ ကျွန်တော်တို့ ပရိသတ်နဲ့ ဟန်ချက်လေး ခုထက်ထိ ညီနေသေးတာကိုပဲ ကုသိုလ်ကံကောင်းတယ်လို့ ယူဆပါတယ်။ ပျော်ပါတယ်။ လုပ်ရတာ အားရှိတာပေါ့။ သူနဲ့ကိုယ်နဲ့ အပေးအယူ မမျှတော့တဲ့အချိန်ကျရင် လုပ်ရတာ အဆင်မပြေဘူးလေ။

မေး - ဒီ"ဒိုင်ယာရီ" အခွေမှာဆိုရင် သီချင်းပုံစံတွေ ဆန်းသစ်ကောင်းမွန်သလို သီချင်းစီထားတာကလည်း
မျှတတဲ့ အနေအထားကို တွေ့ရပါတယ်။ ဒီ"ဒိုင်ယာရီ"အတွက် တခြားဘယ်သူတွေက ဝိုင်းပြီး ဦးနှောက်စားပေးကြလဲ ခင်ဗျ။

ဖြေ - သီချင်းစီတာတော့ ကျွန်တော် စီတာ။
ဒါပေမဲ့ စပေးတဲ့တေးရေးတွေရဲ့ 
အိုင်ဒီယာလည်း ပါ,ပါတယ်။ တေးရေးတွေက ပို့လာတယ်။ band က မွမ်းမံပြီးတော့မှ ထွက်လာတဲ့ result ကကောင်းတာပေါ့။ အဆင်ပြေတယ်ဆိုတာ ကျွန်တော်တစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ သိတဲ့အတိုင်းပဲ။ အနုပညာအလုပ်ဆိုတာ team work ပါ။ ဒါတကယ် အရေးကြီးပါတယ်။ အနုပညာမှန်ရင် တစ်ယောက်တည်း လုပ်တာ မဟုတ်ပါဘူး။ သူ inspiration ဖြစ်တာတွေရှိတယ်။ သူဖြတ်သန်းခဲ့စဉ်မှာ absorb လုပ်ခဲ့တာတွေရှိတယ်။ သူ ငယ်ငယ်ကတည်းက အရှေ့ အရှေ့ က
ပညာရှင်တွေရဲ့  လုပ်ရပ်တွေရဲ့  လွှမ်းမိုးမှုတွေ ရှိတယ်။ အနုပညာဆိုတာ team work ရှိမှပါ။
တေးရေးက ရေးပေးဦးမှ။ တီးတဲ့သူက တီးပေးဦးမှ။ အသံဖမ်းစက်မှုအားလုံး ထုတ်လုပ်တဲ့အထိ ပြည့်စုံမှ အားလုံး ပြီးပြည့်စုံတာပါ။
လူတွေ ရှေ့ ရောက်လာတဲ့အနုပညာက တစ်ယောက်တည်း မပြီးပါဘူး။

မေး - ဒီအခွေမှာဆိုရင် တေးရေးအသစ်တွေလည်း အများကြီး ပါတာ တွေ့ရတယ်။ ဒီလူသစ်တန်း တေးရေးတွေ အများကြီးနဲ့ ဘယ်လို လက်တွဲဖြစ်ခဲ့တာလဲ။

ဖြေ - သူတို့ကို ကျွန်တော်က တင်ပေးတယ်လို့တော့ မမြင်ပါနဲ့ဗျာ။ အခုမှ သိပေမယ့် သူရေးခဲ့တဲ့ သက်တမ်း ဖြတ်သန်းခဲ့တာ ကြာပြီ။ သူဖြတ်သန်းခဲ့၊ လေ့လာခဲ့ရတဲ့အချိန်တွေ ရှိတယ်။ ကျွန်တော့်အခွေထဲမှာ လူသိရှင်ကြားမဖြစ်သေးတဲ့ တေးရေးတွေ ပါ,ပါတယ်။ သူတို့ကို လျှော့တွက်လို့ မရပါဘူး။ ကျွန်တော့်အနေနဲ့ အနုပညာလုပ်သူအားလုံးကို ညီတူညီမျှ လေးစားပါတယ်။ နာမည်ရှိရှိ၊ မရှိရှိ ဘယ်အခွေမှာရေးရေး၊ မရေးရေး ကျွန်တော့်ဆီ လာပို့ရင် ကျွန်တော်က လေးလေးစားစား နားထောင်ပါတယ်။

မေး - ကိုလေးဖြူကို သီချင်းလာပြတဲ့အခါ ကိုလေးဖြူအနေနဲ့ ဘယ်လို စံနှုန်းတွေ၊ အချက်တွေကို အဓိကထားပြီး ရွေးချယ်ဖြစ်လဲ။

ဖြေ - ကျွန်တော်နဲ့ပဲ တိုင်းပါတယ်။ ကျွန်တော့်အသက်အရွယ်နဲ့ ကျွန်တော့်ခံစားမှုအမျိုးအစား၊ ကျွန်တော် လိုက်နိုင်တဲ့ ကျွန်တော့် Music Level နဲ့ပဲ တိုင်းရပါတယ်။ ကျွန်တော်လေ့လာထားတဲ့ အနုပညာ ဂီတအဆင့်အတန်းနဲ့ပဲ ကူးစက်ယူပါတယ်။ ကျွန်တော် ရင်ခုန်တယ်ဆိုရင် ကျွန်တော်နဲ့ ရင်ဘတ်ချင်းနီးတဲ့ ကျွန်တော့်ပရိသတ်ကလည်း လက်ခံဖို့က တစ်ဝက်သေချာပါတယ်။ ကျွန်တော်နဲ့ ရင်ခုန်သံတူတဲ့ ပရိသတ်ကတော့ ကြိုက်မှာပဲ။ ကျွန်တော်နဲ့ ရင်ခုန်သံမတူလို့ မကြိုက်တာတော့ မတတ်နိုင်ဘူးပေါ့နော်။ အဓိက လုပ်တဲ့သူအနေနဲ့ ကိုယ်တိုင်က ဒီသီချင်းကို ကြိုက်မှလုပ်တာ ပိုအဓိပ္ပာယ်ရှိတယ်။ သီချင်းခွေတစ်ခွေ ကြာတယ်ကြာတယ်ဆိုတာ အဲဒါလည်း ပါတယ်။ ပိုပြီး ရွေးလာတာပေါ့။ ပိုပြီး ကြေး(ဂျေး) များလာတယ်။
ဘာဖြစ်လို့လဲဆိုတော့ လုပ်လာတဲ့အခွေတွေထဲက သီချင်းဟောင်းနဲ့ သီချင်းသစ်နဲ့ အားပြိုင်မှု သူတင် ကိုယ်တင်တွေ၊ level ၊ စကားလုံး လေးနက်မှု၊ ဖွဲ့စည်းပုံ အများကြီး ရှိတယ်။ အနည်းဆုံး definition ၉ ခုလောက်ရှိတယ်။ အနည်းဆုံးတော့ ကျွန်တော့်အသက်အရွယ်နဲ့ဆို ပိုကောင်းမလား၊ သင့်တော်ရဲ့ လား၊ ကိုယ်နဲ့ သိပ် မသင့်တော်ဘူးဆိုရင်တောင် Common use အတွက်ရော အဆင်ပြေနိုင်လား၊ ပရိသတ်အတွက်တော့ အဆင်ပြေရင် ပြေနိုင်မယ်။ အဲ့ဒီအတွက်ရော၊ ဒီအခွေထဲမှာ ဘယ်နှပုဒ်လောက် ပေးရမလဲ၊ အဲ့ဒီလို အဘက်ဘက်က တွေးရတယ်။

မေး - ဒီ"ဒိုင်ယာရီ"အတွက် အရုပ်ကိုကော ဘယ်တော့လောက် ရိုက်ဖြစ်မလဲ။

ဖြေ - တချို့ ဟာတွေ ရိုက်ပြီးသားတွေ ရှိတယ်။ ၅ ပုဒ်၊ ၆ ပုဒ်လောက်တော့ ပြီးပြီ။ ကျန်တာတွေက လောလောဆယ် မရိုက်နိုင်သေးဘူး ဖြစ်နေတယ်။ အစကတော့ အရုပ်နဲ့ တွဲပြီးမှ ထွက်ဖို့ လုပ်ထားတာ။ နောက်ကျတော့ နှေးတာက အော်တာများလာလို့ Audio ပြီးတာနဲ့ ထွက်လိုက်တာ။ ဒီ ၂၀၁၅ ထဲမှာတော့ ထွက်နိုင်မှာပါ။ အခုက ဒီ 90 min live Culture လေး ထူထောင်ဖို့ လုပ်တာနဲ့ နည်းနည်း အချိန်ယူနေတာ။ ဒါပေမဲ့ မိုးတွင်းဝင်သွားပြီ။ ပွဲတွေ ဘာတွေ နည်းနည်းအေးတဲ့အခါကျရင်တော့ ရိုက်ကူးရေးဘက်ကို အားစိုက်ပြီး အမြန်ဆုံး ထွက်နိုင်အောင် လုပ်မှာပါ။

မေး - အပိတ်အနေနဲ့ မြန်မာပြည်တစ်ပြည်လုံးမှာ ရှိနေတဲ့ ကိုလေးဖြူရဲ့  ပရိသတ်တွေအတွက် အမှတ်တရစကားလေး ပြောပေးပါဦး။

ဖြေ - ကျက်သရေရှိတာပဲ ပြောတာပေါ့ဗျာ။
'မင်္ဂလာပါ'

----------The End----------
Credit - ရဲရဲ (Popular Journal)

\m/ Welcome to Rock 'n' Roll \m/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။