Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 1, 2015

ဂျွန်လင်နွံရဲ့ Mother

 
 
အမေ
--------------
ဂျွန်လင်နွံရဲ့ Mother

ချစ်သောသူနဲ့ကွေ့ကွင်းရခြင်းရဲ့သောကဆိုတာ အတိုင်းအဆမဲ့ကြီးမားလေ့ရှိပေမယ့် ဂျွန်လင်နွံရဲ့ သူ့အမေနဲ့သောက ကတော့ အတော်လေးဆိုးဝါးခဲ့တယ်။ သူ့သောကတွေကို ၄ မိနစ်နီးပါးရှိတဲ့ Mother လို့အမည်ရတဲ့ သီချင်းတပုဒ်အဖြစ် အသက်သွင်းခဲ့တယ်။ သူနဲ့သူ့အမေရဲ့ နောက်ခံဇာတ်လမ်းကို မသိရင် ခြောက်ကပ်အက်ကွဲတဲ့၊ ကိုးကွယ်ရာမဲ့စွာနဲ့ အာခေါင်ခြစ်ပြီးအော်လိုက်တဲ့ ဂျွန်လင်နွံရဲ့အသံကို ခင်များနာ...းလည်နိုင်ချင်မှ နားလည်မယ်။

လီပါပူးမြို့မှာမွေးတဲ့ ဂျွန်ရဲ့ငယ်ဘဝဟာ ပြသနာပေါင်းသောင်းခြောက်ထောင်။ မိဘတွေရဲ့ အိမ်ထောင်ရေးနဲ့အလုပ်အကိုင်သဘောသဘာဝတွေဟာ သူ့ရဲ့အနာဂါတ်အတွက် အတော်လေးအရေးပါခဲ့တယ်။ အဖေဖြစ်သူက သင်္ဘောသားဖြစ်တယ်။ သူဟာ ဂျွန်လင်နွံကလေး မွေးတဲ့အချိန်မှာ ပင်လယ်ထဲမှာ။ သူဟာ လစဉ်ငွေပို့တယ်။ မိသားစုနဲ့တော့ အတူမနေဖြစ်တာများတယ်။

ဂျွန်ရဲ့ အမေနာမည်က ဂျူလီယာဖြစ်ပါတယ်။ ဂျွန်ရဲ့အဖေ သင်္ဘောသားကြီးက လစဉ်ငွေပို့ပေမယ့် ဂျွန်ကလေး ၃-၄ နှစ်သားလောက်မှာ ဂျွန်ရဲ့ မိဘတွေ ကွဲပြဲတယ်။ ဂျွန်ရဲ့ အမေက ရည်းစားအသစ်ရတယ်။ အဲဒီဖြစ်နေချိန်မှာ ဂျွန်ဟာ သူ့အဒေါ်နဲ့ဦးလေးတို့ဆီမှာ အနေတာများတယ်။ စီးပွားရေးအဆင်မပြေတဲ့ ဂျွန်ရဲ့အမေကို သူ့ရည်းစားက ရာဇသံပေးတယ်။ ဂျွန်ကလေးကို ကျောင်းထားပေးရ၊ ကျွေးရမွေးရနဲ့ စီးပွားရေးက ကြပ်တည်းရတဲ့အထဲ။ နောက်ဆုံးတော့ ဂျွန်ရဲ့အမေဟာ သူ့ရည်းစားနောက်ကိုပဲလိုက်သွားခဲ့ပြီး ဂျွန်ကို သူ့အဒေါ်ဆီမှာ ထားခဲ့တယ်။ ဂျွန်က ငိုယိုပြီး သူ့အမေကို လိုက်ဆွဲတယ်။

ရည်းစားကြောင့် ဂျွန်ကို သူ့အိမ်မှာမထားပေမယ့် ဂျွန်ကို သူ့အမေက မကြာခဏလာလည်တယ်။ အတူကစားတယ်။ ဒီလိုနဲ့ ဂျွန်ရဲ့အသက် (၁၇) နှစ်အရွယ်မှာ အထီးကျန်တဲ့ပြသနာက အတော်ကြီးနေပြီ။ အမေကိုလဲ ငယ်ငယ်တုန်းကထက်တောင် သံယောဇဉ်ပိုကြီးလာတယ်။ အဲဒီအချိန်မှာ သူ့အမေဟာ ကားတိုက်ခံရတယ်။ အရက်မူးပြီးကားမောင်းလာတဲ့ ရဲသားတယောက်က တိုက်တာ ပွဲချင်းပြီးဆုံးသွားတယ်။ ဂျွန်ဟာ စကားတောင်မပြောနိုင်ပဲ သူ့ရဲ့ကံဇာတာကို မယုံနိုင်ဘူး။ ကံတရားရဲ့ ကျီစားမှုဒဏ်ကို သူအပြင်းအထန်ခံစားရတယ်။

သူဟာ ကျောင်းစတက်တဲ့အရွယ်မှာ မိခင်ကို ပထမဆုံးအကြိမ်ဆုံးရှုံးခဲ့ရတယ်။ ဖခင်အိမ်မရှိတဲ့အချိန်မှာ သူဟာ သွေးရူးသွေးတမ်း။ အရွယ်နဲ့မမျှအောင် ခံစားရတယ်။ နောက်တော့ မိခင်နဲ့အဆင်ပြေနေချိန်မှာ မရဏက သူ့အမေကို အပြီးတိုင်ခေါ်သွားခဲ့တယ်။ သူက ခံစားရလွန်းလို့ ငိုယိုခြင်းထက် အသံတိတ်ကြေကွဲခဲ့တယ်။

ဒီလိုနဲ့ သူ့အမေဆုံးပါးပြီး (၁၂) နှစ်အကြာမှာ Mother လို့ ရိုးရှင်းစွာအမည်ပေးထားတဲ့ ဒီသီချင်းကိုရွေးဖွဲ့သီဆိုခဲ့တယ်။

သီချင်းဟာ ဂျွန်ရဲ့ထုံးစံအတိုင်း ရိုးရှင်းစွာဖွဲ့သီထားတယ်။ ရိုးရှင်းတဲ့စကားလုံးနဲ့အတူ ရိုးရှင်းတဲ့ဂီတဖွဲ့စည်းမှုနဲ့တည်ဆောက်ထားတယ်။ ဂစ်တာ၊ ဘေ့စ်၊ ဒရမ် နဲ့ စန္ဒယားအသံပဲပါတယ်။ ဒါပဲ။ ဒီသီချင်းဟာ ဘီတယ်စ်တီးဝိုင်းကွဲပြီးမှ ရေးဖွဲ့ခြင်းဖြစ်လို့ ဘေ့စ်တီးသူဟာ ပေါလ်မက်ကာနေ မဟုတ်ပါဘူး။ ဒါပေမယ့် ဘီတယ်လ်ရဲ့ ဒရမ်မာဖြစ်တဲ့ ရင်ဂိုစတားလာတီးပေးထားတယ်။

မိဘမဲ့တဲ့ကလေးတယောက်ရဲ့ ခံစားမှုကိုတိုက်ရိုက်ကိုယ်စားပြုတဲ့ ဂီတဖွဲ့စည်းမှုတခုကို ခင်များတို့ချက်ချင်း သတိထားမိမှာပါ။ သီချင်းစာသားတကြောင်းနဲ့တကြောင်းကြားမှာ ကွက်လပ်လေးဖြစ်ဖြစ်နေတယ်။ ဒါဟာ မိဘမဲ့သူ့ဘဝရဲ့ လစ်ဟာနေတဲ့အဖြစ်သနစ်ကို ကိုယ်စားပြုဟန်တူတယ်။ အဲဒီလိုပဲ စန္ဒယားအသံဟာ မာန်ပါပြီးတော့ အဆိုသံကို တိုက်ရိုက်ပံ့ပိုးပေးထားတယ်

ဖခင်နဲ့အတူမနေခဲ့ရတဲ့ ဂျွန်ဟာ သူ့အမေကိုဆုံးရှုံးတာကို ဟောဒီလိုရေးထားတယ်။

Mother, you had me
But I never had you
I wanted you
But you didn't want me

အမေ
အမေဟာ သားကိုပိုင်ဆိုင်ပေမယ့်
အမေ့ကို သားမပိုင်ခဲ့ဘူး
အမေ့ကို အမြဲလိုအပ်ပေမယ့်
အမေက သားကို မလိုချင်ဘူးခဲ့ဘူးလေ

ဒါဟာ ဘီတယ်လ်ဝိုင်းကွဲပြီးတဲ့နောက်မှ စပ်ဆိုတာဆိုတော့ ဂျွန်လင်နွံရဲ့ လုပ်နေကြဖြစ်တဲ့ရိုးရှင်းစွာ သီချင်းတွေကို ဖန်တီးခြင်းကို အတိုင်းသားမြင်တွေ့ကြရတယ်။ (Nirvana ရဲ့ Kurt Cobain ဟာ ဒီလိုရိုးရှင်းပြီး အင်အားကြီးမားတဲ့အရေးအဖွဲ့ကို အတုခိုးခဲ့တယ်လို့ ကာ့ဒ်ကိုယ်တိုင်ပြောခဲ့တယ်)

သူ့အမေကို ရာသက်ပန်ဆုံးရှုံးရတော့ သူ့မှာဆောက်တည်ရာမဲ့။ လူပျိုဘဝရောက်ပေမယ့် သူဟာ အမေကိုနှမြောမိတယ်။ အဖေကလဲ ဘယ်ရောက်နေမှန်းမသိဘူး။ အဲဒီခံစားချက်ကို ဟောဒီလို ရိုးရိုးရှင်းရှင်း ဖွဲ့ဆိုခဲ့ပြန်တယ်။

Mama don't go
Daddy come home

ခွဲမသွားပါနဲ့ အမေရယ်
အဖေရေ အိမ်ပြန်လာပါတော့။

အဲဒီစာသားကိုပဲ ခံစားချက်အပြည့်နဲ့ သီချင်းပြီးဆုံးတဲ့အထိ အကြိမ်ပေါင်းများစွာ အော်ဟစ်ခဲ့တယ်။ အမေဖြစ်သူကတော့ မကြားနိုင်တော့ဘူး။ နောက်ဆုံးသီချင်းပြီးဆုံးအချိန်မှာ အော်လိုက်တဲ့ Mama don't goooooo Daddy come homeeeeee လို့သွေးပျက်ဖွယ်အော်တဲ့အသံကိုရဖို့အတွက် ဂျွန်ဟာ အိမ်မှာ အကြိမ်ပေါင်းများစွာလေ့ကျင့်ခဲ့တယ်။ သူ့ကြေကွဲမှုကို ထပ်ဟပ်နိုင်တဲ့ သက်ဝင်ခံစားမှုကို နောက်ဆုံးမှရခဲ့တယ်။ သေချာနားထောင်သူတွေအတွက် အသုဘချချိန်မှာ (၁၇) နှစ်အရွယ် ဂျွန်လင်နွံရဲ့ဆောက်တည်ရာမရတဲ့ စိတ်ခံစားမှုကို နားလည်နိုင်မှာပါ။

သီချင်းဆိုတာ ဈေးကွက်ဝင်အကြောင်းအရာတွေနဲ့တချို့တွေက ဖြစ်သလိုလုပ်ကြတတ်ကောင်းလုပ်လိမ့်မယ်။ ဂျွန်လင်နွံအတွက်တော့ အမေ လို့အမည်ရတဲ့ သီချင်းဟာ နှစ်ပေါင်းများစွာ ဖွဲမီးလိုတငွေ့ငွေ့နဲ့လောင်ကျွမ်းပြီးမှ မွေးဖွားခဲ့တယ်။ ဂျွန်ရဲ့အမေ ကောင်းကင်ဘုံမှာ ဂျွန်နဲ့ပြန်ပေါင်းထုတ်နိုင်ပါစေ။

ခင်တဲ့
ကိုဝီ

ဒေါင်းချင်သူများအတွက်
http://www.mediafire.com/download/1saotbav156jdoh/JLM.rar
-------------------------------------------------

Mother
-----

Mother, you had me
But I never had you
I wanted you
But you didn't want me
So
I, I just got to tell you
Goodbye
Goodbye

အမေ
အမေဟာ သားကိုပိုင်ဆိုင်ပေမယ့်
အမေ့ကို သားမပိုင်ခဲ့ဘူး
အမေ့ကို အမြဲလိုအပ်ပေမယ့်
အမေက သားကို မလိုချင်ဘူးခဲ့ဘူးလေ
ဒါဆိုရင်လဲ
နှုတ်ဆက်ပါတယ် အမေ

Father, you left me
But I never left you
I needed you
But you didn't need me
So
I, I just got to tell you
Goodbye
Goodbye

အဖေ
အဖေ သားကိုခွဲသွားခဲ့တယ်
သားအတွက်တော့ အဖေဟာ ရင်ထဲအမြဲရှိခဲ့တယ်
အဖေ့ကို အမြဲလိုအပ်ပေမယ့်
အဖေက သားကို မလိုချင်ခဲ့ဘူးလေ
ဒါဆိုရင်လဲ
နှုတ်ဆက်ပါတယ် အဖေ

Children, don't do
What I have done
I couldn't walk
And I tried to run
So
I, I just got to tell you
Goodbye
Goodbye

ကလေးတို့ရေ
ငါဖြစ်သလိုများ မဖြစ်မိစေနဲ့
ငါဆိုရင် ဘဝလမ်းကို ဖြောင့်ဖြောင့်တန်းတန်းမလျှောက်နိုင်ဘူး
ထွက်ပြေးဖို့ကြိုးစားခဲ့တာတွေ
ဒါဆိုရင်လဲ
ငါ နှုတ်ဆက်ပါတယ်လေ။

Mama don't go
Daddy come home

ခွဲမသွားပါနဲ့ အမေရယ်
အဖေရေ အိမ်ပြန်လာပါတော့။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။