Scorpion Soup For Soul with Loud Speaker and 3 others
ခေတ်ပျက်ဂီတလောကထဲကကြယ်လေးတစ်စင်း
-----------------------------------------
တဖြည်းဖြည်းနဲ့ ရွေးချယ်စရာတွေများပြားလာနေတဲ့ ယနေ့ မျက်မှောက်ခေတ်ဂီတလောကထဲကို သူ့အင်သူ့အားကိုယ်ပိုင်အလင်းရောင်စစ်စစ်ဖြင့်လင်းလက်လာတဲ့ လမ်းပြကြယ်လေးတစ်စင်းအကြောင်းကိုပြောပြချင်ပါတယ် ။
သူ့ဟာတခြားလူတော့မဟုတ်ပါဘူးခင်များတို့ ချစ်စနိုးနဲ့ သူရဲကောင်းလေးများ ( IC ) ရယ်လို့ ခေါ်ဝေါ်နေကြတဲ့ Iron Cross music band ရဲ့ ဒရမ်မာ...
ကိုခရမ်းရဲ့တူပါ။ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတာက လမ်းပြကြယ် Album ကို သူရဲ့ကိုယ်ပိုင် Band ဖြစ်တဲ့ Great B band နဲ့အမှီခိုကင်းစွာ ခွဲထွက်လာခဲ့ပါတယ်။

ပထမဦးစွာ Great B band ရဲ့  လိုင်းအပ်ပလေယာတွေကိုမိတ်ဆက်ပေးရရင်
Guitar - တက်တက်
Bass - ပေါလု
K B - သခူ
Drum - ဆူးလေး စတဲ့ လူငယ်သွေးသစ်တွေနဲ့အတူ ရဲရင့်စွာဖွဲ့စည်းထားပါတယ်။
Iban ဆိုတဲ့ လူငယ်လေးဟာ သူရဲ့လမ်းပြကြယ် အယ်လ်ဘမ်လေး ကိုအရိုးသားဆုံးနဲ့အကောင်းမွန်းဆုံးဖြစ်အောင်ဖန်တီးထားခဲ့တာကို နားဆင်ကြည့်ရင် သိမှာပါ။ လမ်းပြကြယ်အယ်လ်ဘမ်လေးကို ပိုပြီးလင်းလက်တောက်ပလာအောင် စိတ်ကူး အတွေးအရေး ခံစားချက်တွေနဲ့ အရောင်တင်ပေးကျတဲ့ တေးရေးတွေကလည်း Tomy Azel / ဂျီးနော် / ဥာဏ်ဝါ နဲ့ကိုစနို တို့ ပဲဖြစ်ပါတယ်။ ကိုစနိုတစ်ယောက်ကလွဲလို့ ကျန်တာလတ်ဆတ်ပြီး အတွေးရဲ စိတ်ကူးရဲတဲ့ လူငယ်ခြေတက်တွေရဲ့  ရင်ဘတ်ကဖောက်ထွက်လာတဲ့music ပုံစံတွေကို ကြားကျရမှာပါ။
Iban ဟာ သူရဲ့ လမ်းပြကြယ် album ကို
အဆိပ်
တေးရေး Tomy Azle ရဲ့လက်ရာ Guitar ခပ်ကြမ်းကြမ်းလေးမွှမ်းထားတဲ့ ရော့ခ်သီချင်းကောင်းကောင်းလေးနဲ့ တပုဒ်နဲ့တိုက်စစ်ဖွင့်ထားပါတယ် ။
ဒုတိယ မြောက် အပုဒ်မှာတော့ ရနံ့မရှိပေမယ့် အလွန်မွှေးပျံ့ ပြီး ချစ်စရာကောင်းတဲ့ ချယ်ရီ့ဆိုတဲ့
တေးရေး ဂျီးနော်ရဲ့ သေသပ်လှပတဲ့လက်ရာနဲ့ Iban ရဲ့ ဆိုဟန်ဟာ ခံစားနားဆင်သူရဲ့ ရင်ဘတ်တွေနဲ့အချိတ်ဆက်မိပြီး ခင်များတို့ အငိုက်မိသွားဦးမှာသေချာပါတယ် ။
တတိယမြောက်အပုဒ်ကတော့ ခွေ Titel ပေးထားတဲ့ လမ်းပြကြယ်
တေးရေး ကိုစနိုရဲ့ Metal ဆန်တဲ့ ခပ်ကြမ်းကြမ်းသီချင်းလေးနဲ့ခင်များတို့ စိတ်တွေကိုသိမ်းပိုက် သွားဦးမှာသေချာပါတယ်။
သွားလိုရာသွား
တေးရေး ဥာဏ်ဝါ ရဲ့ စန္ဒရားသံလေးကဲထားတဲ့ အဆွေးသီချင်းကောင်းကောင်းလေးနဲ့ အားလုံးရဲ့  ရင်ဘတ်တွေညွှတ်ကျ သွားအောင်ခြွေယူပါလိမ့်ဦးမယ်။
ပြန်လာခဲ့တော့
တေးရေး Tomy Azel
က္ကတ္ထိယ
တေးရေး ဂျီးနော်
တစ်သက်လုံးမေ့မရ
တေးရေး Tomy Azel
မင်္ဂလာပါ
တေးရေး ဥာဏ်ဝါ
အိမ်ပြေးလေး
တေးရေး ဂျီးနော်
အမြင်
တေးရေး ကိုစနို စတဲ့ သူတို့ ရဲ့ လက်ရာသီချင်းကောင်းကောင်းလေးတွေနဲ့ဖွဲ့စည်းထား lban ရဲ့ လမ်းပြကြယ် အယ်လ်ဘမ်လေးဟာလည်း
သပ်သပ်ရပ်ရပ်လေးနဲ့နားချင်စဖွယ် အယ်လ်ဘမ်လေးတစ်ချပ်မို့ Rock ဂီတကိုမှတရှိုက်မက်မက် စွဲလမ်းနှစ်သက်ကြတဲ့ဘော်ဒါတွေအတွက် မဖြစ်မနေနားထောင်သင့်တဲ့အကြောင်း သတင်ကောင်းပါးလိုက်ပါတယ်ဗျာ။
ခင်မင်စွာဖြင့် ကိုထိုက် (ပခုက္ကူ)
လင့်ခ်နဲ့ဖိုတို ခရက်တစ် - Loud Speaker
DL : https://my.pcloud.com/publink/show…
**ကြိုက်နှစ်သက်ရင်လည်း အနုပညာရှင်တွေကို လေးစားတဲ့အနေနဲ့ အော်ရီဂျင်နယ် သီချင်းလေးတွေလည်း ဝယ်ယူအားပေးကျပါလို့ ... \m/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။