Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 1, 2015

မဇ္ဈိမလှိုင်း (Medium Wave ) - ဂန္တဝင် ဂီတပညာရှင်များ သို့ ဦးညွတ်ခြင်း ( အပိုင်း ၂ )

 
 
မဇ္ဈိမလှိုင်း (Medium Wave ) - ဂန္တဝင် ဂီတပညာရှင်များ သို့ ဦးညွတ်ခြင်း ( အပိုင်း ၂ )
………………………………………………………………………………

၁၉၇၉ ဝန်းကျင်တွေဆီက မဇ္ဈိမလှိုင်း လို့ မဖြစ်သေးခင် လိစ္ဆဝီ အဖြစ်နဲ့ ထွက်ရှိ့ခဲ့တဲ့ အယ်ဘမ် တွေနဲ့ ပလေယာ တွေအကြောင်းကို ဖော်ပြပေးထား ခဲ့ပြီပဲဖြစ်ပါတယ်။ အခု အပိုင်း ၂ မှာတော့ မဇ္ဈိမလှိုင်း အဖြစ်စတင်ပြောင်းလဲခဲ့တဲ့ ၁၉၈၄ အချိန်တွေကနေ ထပ်မံ ဖော်ပြပေးလိုက်ပါတယ်။
မဇ္ဈိမလှိုင်း စတင်မွေးဖွားလာခြင်း
………………………………………………………………

၁၉၈၂ ခုနှစ်များဆီမှာ ဦးမောင်မောင် (အဉ္စလီ) ဦးရဲလွင် (ဘေစ့်) တို့ဟာ မဇ္ဈိမလှိုင်း ဆိုတဲ့ ဂီတသင် တန်းကို မန္တလေး မှာစတင်ဖွင့်လှစ်ခဲ့ကြပါတယ်။ ဒါဟာ မဇ္ဈိမလှိုင်း ဆိုတဲ့ စကားလုံး ကို စသုံးထားခြင်း ဖြစ်ခဲ့သလို မဇ္ဈိမလှိုင်း နဲ့မဟာဆန်သူတေးစီးရီး မထွက်ခင် ၂ နှစ်လောက်ကဖြစ်ပါတယ်။ ဆရာဇောရိုးရဲ့ ခင်မောင်တိုးသို့မဟုတ်မဟာဆန်သောနှလုံးသားပိုင် ရှင်ဆိုတဲ့ အင်တာဗျူးတစ်ခုမှာတော့ ဦးတိုး က အခုလိုဖြေကြားခဲ့ပါတယ် ဒီနံမည်ကို ဦးမောင်မောင်က မဇ္ဈိမလှိုင်း ဆိုတဲ့ နံမည် ကအလယ်အလတ်ပေါ့လေ အရှေ့တိုင်းဆန်လွန်းတဲ့သီချင်းတွေလည်းမဟုတ်ဘူး အနောက်တိုင်းဆန်လွန်းတဲ့ ပုံစံလည်းမဟုတ်ဘူး အနုပညာနဲ့ ပက်သက်ရင် တစ်ဖက်စွန်းကို ရောက်တာမျိုး မရှိရအောင် ဆိုတဲ့သဘောမျိုးနဲ့ မဇ္ဈိမလှိုင်း ကိုရွေးချယ် လိုက်တာပါလို့ ဦတိုး ကဖြေ ကြားထားခဲ့ပါတယ်။

၁၉၈၄ ခုနှစ်မှာတော့ မဇ္ဈိမလှိုင်း အဖြစ်စတင်ဖွဲ့စည်း ခဲ့ပြီးနောက် ပါဝင်ခဲ့ကြသူများကတော့ ဦးတိုး (အဆို,Electric & Folk ဂစ်တာ), ဦးဇော်မျိုးထွဋ် (လိဒ်ဂစ်တာ), ဦးမောင်မောင် နဲ့ ကိုနေဝင်း (classical ဂစ်တာ), ဦးမျိုးခင် (ကီးဘုတ်), ဦးတွတ်ကီ (ဒရမ်) တို့ပဲဖြစ်သလို ဒါဟာ မဇ္ဈိမလှိုင်း တို့ရဲ့ အတည်ငြိမ် ဆုံးနဲ့ ဒီဂန္တဝင် ဂီတပညာရှင်များဟာနောက်ဆုံးအချိန် တွေထိ မဇ္ဈိမလှိုင်း မှာပါဝင်ခဲ့ကြသူများပဲဖြစ်ခဲ့ပြီး အခုချိန်မှာတော့ ဦးတိုး, ဦးဇော်မျိုး, ဦးမောင်မောင်, ဦးမျိုးခင် တို့ဟာ ကြွေလွင့်ခဲ့ကြရရှာပြီ ပဲဖြစ်ပါတယ်။ ဦးရဲလွင် နဲ့ ကိုနေဝင်း တို့ သာကျန်ရှိပါတော့တယ်။ အဲဒီအတွက် ကျွန်တော်တို့နိုင်ငံရဲ့ ပြန်လည်အစားထိုး လို့မရနိုင် တော့တဲ့ ဂန္တဝင် ဂီတပညာရှင်များကို လေးစားဂုဏ်ယူရိုကျိုးမှု ပြန်လည်အမှတ်ရမှုများစွာနဲ့ ဂန္တဝင် ဂီတပညာရှင်များသို့ ဦးညွတ်ခြင်းဆိုပြီး ကျွန်တော်တို့ SSFS များကနေ ဂုဏ်ပြု ရေးသား ခဲ့ခြင်းပဲဖြစ်ပါတယ်။
မဇ္ဈိမလှိုင်း အမည်ပြောင်းလဲခြင်းနဲ့ အတူ မဟာဆန်သူ တေးစီးရီးကို ၁၉၈၄ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ကြပါတယ်။ ဒီအယ်ဘမ်ဟာ အထူး အောင်မြင်ခဲ့တယ်ဆိုတာပြောပြစရာလိုမယ်မထင်ပါဘူး။ ဒီအယ်ဘမ်ထဲက သီချင်းတွေကိုရွေးပြောဖို့ ခက်ခဲလောက်အောင်ကို ဖန်တီးမှုတွေက လတ်ဆတ် ခေတ်မှီနေခဲ့ပါတယ်။ classical ဂစ်တာသံတွေ ပီပြင်ရှင်းလင်းတဲ့ဘေစ့်တွဲလုံး, ထူးခြားတဲ့အသံအယူ အဆများနဲ့ကီးဘုတ်သံ ခေတ်မှီလွန်းတဲ့ ဒရမ်ရိုက်ချက်တွေ ကြည်လင်ပြတ်သား ရှင်းလင်း လွန်းပြီး အေးချမ်းလှတဲ့ ဦးတိုးရဲ့ အသံအား တွေအပြင် သီချင်းစာသားရေဖွဲ့မှုနဲ့ ဂီတဖန်တီးမှုပုံစံ တွေကတော့ဖြစ် ခေတ်အနေအထားနဲ့ ရှေ့ရောက်နေ ခဲ့တဲ့ဆန်းသစ်မှုတွေကိုတွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။ ဒါဟာ ဒီအယ်ဘမ်တစ်ချပ်ထဲမဟုတ်ပါဘူး။ မဇ္ဈိမလှိုင်း တို့ရဲ့ ထွက်ရှိခဲ့တဲ့ အယ်ဘမ်တိုင်းမှာ တွေ့ကြရမှာပဲ ဖြစ်ပါတယ်။ မဟာဆန်သူ အယ်ဘမ်ထွက်ရှိအပြီးမှာ တော့ ကြိုးကြာသံ တေးစီးရီး ကိုထုတ်ဝေခဲ့ပြီး အောင်မြင်မှုရရှိခဲ့သလို ကြိုးကြာသံအယ်ဘမ်ထဲက အတွေးပန်းချီ , ကြိုးကြာသံ , အမုန်းနောက်ကွယ်, ညီစေမင်း စတဲ့သီချင်းတွေဟာ ဦးတိုးနဲ့ မဇ္ဈိမလှိုင်း တို့ရဲ့ အကောင်းဆုံးသီချင်းတွေကို ရွေးချယ်လိုက် တိုင်းချန်ထားခဲ့လို့မရတဲ့ သီချင်းများပဲဖြစ်ပါတယ်။
ကြိုးကြာသံ စီးရီးထွက်ရှိခဲ့အပြီးမှာတော့ မျက်သွယ် တေးစီးရီ ကိုဆက်လက်ထုတ်ဝေ ခဲ့ပါတယ်။ ဒီအယ်ဘမ်ထဲမှာ လီစ္ဆဝီ နဲ့ထွက်ရှိခဲ့တဲ့ အယ်ဘမ် နှစ်ချပ်ထဲက သီချင်းတွေပြန်လည်ပါဝင်ခဲ့ပြီး မျက်သွယ် ကတော့ အောင်မြင်ကျော်ကြားလွန်းခဲ့ပါတယ်။ ညှို့သူ သီချင်း မှာတော့ ခေတ်ရှေ့ရောက်လွန်း နေခဲ့ပြီး ထူးခြားတဲ့ဂီတပုံစံ ဖန်တီးမှုတွေကိုတွေ့ရမှာဖြစ်သလို အင်တိုမှာ စဝင်လာတဲ့ ဦးရဲ ရဲ့ပီပြင်ပီသလွန်းတဲ့ ဘေစ့်တွဲလုံး ရစ်သမ်ဂစ်တာသံ နဲ့ ဦးတိုးရဲ့ အဆိုနဲ့ အတူကပ်လိုက် လာတဲ့ ဦးမျိုးခင်ရဲ့ ထူးခြားလွန်းတဲ့ ကီးဘုတ်သံ အလှည့်အပြောင်း တွေဟာ တစ်ကယ်ကိုလှပ သေသပ်လွန်း နေခဲ့ပါတယ်။ မျက်သွယ် တေးစီးရီး မှာတော့ ပြောစရာတွေက များနေခဲ့ပါတယ်။ အထူးသဖြစ် ဒီအယ်ဘမ် ထဲမှာ နိင်ငံခြား သံစဉ်တွေကို ပြန်ဆိုထားတဲ့ သီချင်းနှစ်ပုဒ် ပါဝင်ခဲ့ပါ တယ်။ ရင်ခုန်နေသောအိမ်မက်ငယ် နဲ့ အချိန်လွန်မှရင်နာတယ် ဆိုတဲ့သီချင်းတွေပဲဖြစ် ပါတယ်။ တစ်လက်စထဲ အဝါရောင်လမ်းများ ဆိုတဲ့ အဖွဲ့နဲ့ တေးစီးရီးမှာလည်း ဒီတစ်ကြိမ်ဒီနွေ ဟာ နိုင်ငံခြား သံစဉ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် မဇ္ဈိမလှိုင်း နဲ့ ဦးတိုး တို့ပြန်ဆိုထားခဲ့တဲ့ ပုံစံဟာဖြစ် လေးစားစရာ ကောင်းသလို အတုယူစရာလည်းဖြစ်နေခဲ့ပါတယ်။ မူရင်းသီချင်းတွေဆီကနေ အဆင်သင့်ယူထားတာ မဟုတ်ခဲ့တဲ့အပြင် မှုရင်းသီချင်းကို ဖြတ်ညှပ်ကပ် ပုံစံ ဖြစ်မနေခဲ့သလို မူရင်းသီချင်းရဲ့ အထိုင်ကိုပါ မထိခိုက်စေခဲ့ပါဘူး။ မဇ္ဈိမလှိုင်းနဲ့ ဦးတိုးတို့ရဲ့ ကိုယ်ပိုင်ပုံစံထဲရောက်အောင် ခက်ခက်ခဲခဲ ပြန်လည် အားစိုက်ဖန်တီးထားခဲ့တာကိုတွေ့မြင်ရမှာပါ။ အောက်မှာ မူရင်းတွေနဲ့ တွဲပြီး ဖော်ပြပေးထားပါတယ်။ ယှဉ်ပြီး နားထောင်ကြည့်ရင် ကျွန်တော်ပြောထားတာကိုမလွန်ဘူးဆိုတာ တွေ့ရမှာ ပဲဖြစ်ပါတယ်။
ရင်ခုန်နေသောအိမ်မက်ငယ် - Scarborough Fair (Simon & Garfunkel) (1966)
ဒီသီချင်းဟာ Simon တို့ရဲ့သီချင်းလည်းမဟုတ်ခဲ့ပါ ဘူး သူတို့လည်းပြန်ဆိုထားခဲ့တာပါ သူတို့ဆိုမှ နံမည်ကြီးလာခဲ့တာပဲဖြစ်ပါတယ်။ ဒီသီချင်းဟာ အင်္ဂလိပ်တို့ရဲ့ ရိုးရာကျေးလက်အချစ်သီချင်းဖြစ်ပြီး စောလွန်းတဲ့ အတွက် ရေးသားဖန်တီးသူအတိအကျ သိရှိခြင်းမရှိဘူးလို့လဲ သိရှိရပါတယ်။ ဒီသီချင်းကို ဦးတိုး ကြိုက်နှစ်သက်ခဲ့တဲ့ တီးဝိုင်းတွေထဲမှာပါဝင်သလို progressive folk, psychedelic folk ပုံစံတွေ သီဆိုထားတဲ့ Simon & Garfunkel အဖွဲ့က ၁၉၆၆ မှာထွက်ရှိခဲ့တဲ့သူတို့ရဲ့ အယ်ဘမ်ထဲမှာ ပါဝင်ခဲ့ပြီး ကမ္ဘာကျော်သီချင်းဖြစ် လာခဲ့ပါတယ်။ အနောက်နိုင်ငံတွေမှာလည်း ပြန်ဆိုခဲ့ကြသူတွေတော်တော်များများ ရှိခဲ့သလို ကျွန်တော်တို့ဆီက မဇ္ဈိမလှိုင်းလည်း ပါဝင်ခဲ့ပါတယ်။ ဒီသီချင်းကို ကျွန်တော်စတင်သတိထားမိခဲ့တာက တော့ မက်တယ်လ် တွေကြိုက်တဲ့ ကျွန်တော်အတွက် progressive မက်တယ်လ် နဲ့ ရောခ့် တီးဝိုင်း Queensryche ရဲ့ Empire (1990) အယ်ဘမ်ကို နားထောင်ရင်း သူတို့ထက်ပိုစောတဲ့ မဇ္ဈိမလှိုင်း ကိုပြန်လည်သတိထားမိခဲ့တာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ doom မက်တယ်လ် တီးဝိုင်း My Dying Bride ရဲ့ 2009 မှာထွက်ရှိခဲ့တဲ့ EP အယ်ဘမ် နဲ့ နော်ဝေက Symphonic မက်တယ်လ် တီးဝိုင်း Leve's Eyes ကလည်း သူတို့ရဲ့ Njord (2009) အယ်ဘမ်ထဲမှာ ပြန်ဆိုထားခဲ့ကြပါတယ်။ ပြန်ဆိုတဲ့ အဖွဲ့တိုင်းဟာ ပုံစံချင်း မတူခဲ့ကြသလို တီးဝိုင်းတွေရဲ့ ကိုယ်ပိုင် ပုံစံတွေထဲရောက်အောင် သီချင်းရဲ့ အထိုင် ကိုမပျက်ပဲ ပြန်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်။ မဇ္ဈိမလှိုင်း နဲ့ ဦးတိုးတို့ကဟာ လည်း Simon & Garfunkel တို့နဲ့လည်း မတူခဲ့ပါဘူး ဘယ်သူနဲ့မှ လည်း မတူခဲ့ သလို သီချင်းရဲ့ အထိုင်ကို မထိခိုက်စေပဲ သူတို့ရဲ့ ကိုယ်ပိုင် ပုံစံထဲရောက်အောင် ဖန်တီးခဲ့တာကတော့ အံသြစရာပဲဖြစ်ပါတယ်။

အချိန်လွန်မှရင်နာတယ် - Candle in the Wind (Elton John) (1973)
ဒီသီချင်းကတော့ အင်္ဂလန်နိုင်ငံရဲ့ classic rock အဆိုတော်ကြီး Elton John ရဲ့ Goodbye Yellow Brick Road (1973) အယ်ဘမ်ထဲကပဲဖြစ်ပါတယ်။ goodbye yellow brick road ဟာ အဝါရောင်လမ်းလေး - ကိုညီထွဋ် ပဲဖြစ်ပါတယ်။ ရင်းနှီးကြပြီးသားဖြစ်မှာပါ။ အချိန်လွန်မှ ရင်နာတယ် ကတော့ Candle in the Wind ပဲဖြစ်ပါတယ်။ ဒီသီချင်းမှာ မဇ္ဈိမလှိုင်း ရဲ့ဖန်တီးမှု နဲ့ ဦးတိုးတို့ ဆိုထားတဲ့ ပုံစံကို အံသြစရာတွေ့ရှိရမှာပါ သီချင်းနှစ် ပုဒ်လုံးကို သေချာနားထောင်ကြည့်မှ သာ သီချင်းရဲ့ အထိုင်ယူထားတဲ့ ပုံစံ ကိုသေချာသတိထားမိ လာစေ လောက်အောင်ကို မဇ္ဈိမလှိုင်းရဲ့ ပုံစံထဲ ရောက်ရှိနေခဲ့ပါတယ်။

ဒီတစ်ကြိမ်ဒီနွေ - Golden Ring (Eric Clapton) (1978)
ဒီသီချင်းကတော့ ဂစ်တာဂုရုကြီးတစ်ဆူ ဖြစ်တဲ့ Eric Clapton ရဲ့ Blackless (1978) ထဲကဖြစ်ပါတယ်။ ဒီသီချင်း ကိုဦးတိုးတို့ပြန်ယူထားခဲ့ပုံကလည်း ထူးခြား အံသြဖွယ်ရာဖြစ်နေခဲ့ပါတယ်။ မူရင်း clapton ရဲ့ အထိုင်ကိုယူထားတာလွဲပြီး တစ်ပုံစံထဲ ဖြစ်မနေခဲ့ပါဘူး။ ဦတိုး က သူရဲ့ ပုံစံထဲကို လှလှပပ ဆွဲယူသွားခဲ့ပါတယ်။

ဒါတွေကတော့ မျက်သွယ်အမ်ဘမ် ရဲ့ထူးခြားမှုတွေပဲဖြစ်ပြီး ဒီတစ်ကြိမ်ဒီနွေ ကတော့ ကြုံ ရင်းနဲ့ပြောဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ မျက်သွယ် တေးစီးရီးထွက်အပြီးမှာတော့ ရောင်စဉ်ခုနှစ်သွယ် တေးစီးရီးကို ဆက်လက်ဖြန်ချိခဲ့သလို အထူးအောင်မြင်ခဲ့ပါတ။ နောက်ပိုင်းမှာ မဇ္ဈိမလှိုင်း တို့ရဲ့ ဂန္တဝင်အယ်ဘမ်တွေဖြစ်တဲ့ ဝေးခဲ့ပြီပန်းခရမ်းပြာ လေးညှို့ရှင် တို့ကို ဆက်လက်ထုတ်ဝေခဲ့ပါတယ်။ ဒီအယ်ဘမ်တွေမှာ မဇ္ဈိမလှိုင်း ရဲ့ ဖန်တီးမှုတွေ ဟာ ဆန်းသစ်ခေတ်မှီ နေလွန်းခဲ့တဲ့ အယ်ဘမ်များပဲဖြစ် ပါတယ်။ လက်ရှိ ကျွန်တော် တို့ဆီမှာ ဒီလိုမျိုး ဂန္တဝင် ပညာရှင်တွေ တွေ့ရှိဖို့ ဆိုတာ မလွယ်ကူတော့ဘူးပဲဖြစ်ပါတယ်။ နောင်များမှာ မဇ္ဈိမလှိုင်းနဲ့ ဦးတိုး တို့ရဲ့ ထူးခြားမှုလေးတွေကို ထပ်ပြီး ပြောပေးပါအုံးမယ်။ အခုတော့ စာမျက်နှာ အခက်အခဲကြောင့် ဒီလောက်နဲ့ ပဲ
ဂန္တဝင် ဂီတပညာရှင်များ ကိုဦးညွတ်လိုက်ပါတယ်။

(မဇ္ဈိမလှိုင်း တို့ရဲ့ အချက်အလက်တွေကို ပြောပြပေးခဲ့တဲ့ ကိုဝေဇင်လတ်(ကိုသားငယ်) နဲ့ ကိုသားငယ်ကို မိတ်ဆက်ပေးခဲ့တဲ့ ကိုဝီ ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်)
……ထွဋ်……
ခင်သောမင်သော စကော်ပီယံများ

ဖိုတိုခရက်ဒစ် - ကိုသားငယ်
ပိုစ့်ထဲမှာ ပါတဲ့ Simon & Garfunkel , Leaves' Eyes , Queensryche , Elton John , Eric Clapton တို့ရဲ့  သီချင်းလေးတွေကို ဘော်ဒါတို့နားဆင်လို့ရအောင် လင့်ခ်လေးပါ မျှပါတယ် ...
DL : http://www.mediafire.com/download/7maf1zaum5fbv6d/MWO.rar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။