အပြင်းစားဂစ်တာသံများပိုင်ရ
--------------------------
(ကိုဝီမေးပြီး ဝီလီဖြေသည်)
...
မေး (၁) ဝီလီမှာ ဝယ်ယူထားတဲ့ ဂစ်တာတွေအကြောင်း ပြောပြပါဦး။
ဖြေ - ကျတော့်မှာ ဂစ်တာနည်းနည်းများတယ်ဗျ (ဟီး)။ ကျတော် ရှိသလောက်, ရသလောက် ပိုက်ဆံလေးတွေ စုပြီးဝယ်ဖြစ်တာပါ။ ပထမပိုင်း ဂစ်တာလေးတွေကိုတော့ ကျတော့် အမိုးနဲ့ အပါးက ဝယ်ပေးခဲ့တာပါ။ သူတို့ရဲ့  ပံ့ပိုးမှုကြောင့် ကျတော် အခုလို Lead Guitarist ဖြစ်လာတာပါ။
ဂစ်တာတွေကတော့ - Ibanez- turbot series (6 strings)
- Ibanez- RG 450 Ltd (6 strings)
- Ibanez- JEM Jr. (6 strings)
-Ibanez- S series (7 strings)
-Ibanez- Gio-Mikro (6 strings)
-Epiphone-Special-II (6 strings)
-Gibson-Flying-V (6 strings)
-Dean-ML-7 (7 strings)
-Jackson-DR-7 (7 strings)
-LTD-FM-418 (8 strings)
-Schecter-Diamont series-Hellraiser (9 strings)
-Cort-Curbow Bass (5 strings)
-Fender-Telecaster (6 strings)
-Custom Acoustic FG- 807 CEQ
-YAMAHA Acoustic FG- 160
မေး (၂) ပထမဆုံး ပိုင်ဆိုင်ဖူးတဲ့ ဂစ်တာလေးအကြောင်း ပြောပြပါဦး။
ဖြေ - ကျတော့်ရဲ့ ပထမဆုံး ပိုင်ဆိုင်ဖူးတဲ့ ဂစ်တာလေးတွေကတော့ Ibanez- turbot series နဲ့  YAMAHA Acoustic FG- 160 ပါ။ အဲ့ဒီ ဂစ်တာလေးနှစ်လုံးကို ၁၉၉၀ခုနှစ်ကထဲက ကျတော်တို့ ညီအစ်ကိုနှစ်ယောက်ကို သားယောက်ျားလေးတွေ အပျင်းပြေတီးချင်တီးရအောင်ဆ
မေး(၃) စင်ပေါ်မှာတီးတဲ့အခါ ဒုက္ခအပေးဆုံး ဂစ်တာ Solo ကဘယ်သီချင်းထဲကဟာဖြစ်မလဲ။ ဘာကြောင့်ခက်ခဲတာပါလဲ။
ဖြေ - ဒုက္ခအပေးဆုံး Solo ရယ်လို့ ထွေထွေထူးထူးမရှိပါဘူး။ တခါတလေ Delay Technique နဲ့ ဖန်တီးထားတဲ့ Riff, Solo လေးတွေမှာတော့ Tempo နဲ့ အနည်းအကျဉ်းလွဲတာလေးတွေတော့
မေး(၄) စတူဒီယိုထဲမှာ ချွေးပြန်အောင် တီးခတ်ခဲ့ရဖူးတဲ့ သီချင်းများရှိခဲ့ဖူးပါသလား
ဖြေ - မာတိကာ အယ်လ်ဘမ်ထဲကဆိုရင် “အငှားအိပ်မက်” နဲ့  “ဘဝစစ်ရဲ့ မာတိကာ” နှစ်ပုဒ်ပါ။ ဒီနှစ်ပုဒ်စလုံးက Guitar Solo တင်မဟုတ်ပဲ Body Riff တွေက ကျတော့်အတွက် ခက်ခဲခဲ့ပါတယ်။
S.I.R Rock House အယ်လ်ဘမ်ထဲက “သုံးမရတဲ့ တံခါး” သီချင်းပါ။ ဒီသီချင်းတစ်ပုဒ်လုံးရဲ့ Frame Picking Delay Technique က ကျနော့် အတွက် တော်တော်လေး ချွေးပြန်ခဲ့ပါတယ်။
ပင်လယ်ထဲကမြစ်များ အယ်လ်ဘမ်မှာတော့ Title song ဖြစ်တဲ့  “ပင်လယ်ထဲကမြစ်များ” သီချင်းက ကျနော့် အတွက် တော်တော်လေးခက်ခဲပါတယ်။ နောက်တစ်ပုဒ်က “Animation- X” သီချင်းပါပဲ။ ဒီသီချင်းမှာ Solo ကို Delay Technique နဲ့ တီးရတာ တော်တော်ချွေးပြန်တယ်ဗျ။
နောက်တစ်ပုဒ်က ဒီခွေမှာ မှတ်မှတ်ရရအရှိဆုံး အပုဒ်ပါ။ “ငါ့ကိုသတိရပါ” ဆိုတဲ့ သီချင်းပါ။ ဒီသီချင်းရဲ့ Solo က 4 Bar ထဲပါ။ ဂစ်တာ Solo ကို Multiple ထပ်တော့ ကျနော် တော်တော်နဲ့ အိုင်ဒီယာမရဘူးဗျ။ ဘာတီးလို့ တီးရမှန်းကိုမသိတော့တာ ဘာလို့ လဲဆိုတော့ တီးရတာတွေများပြီး လူကဟုန်နေတာ။ အဲ့လိုနဲ့ စပြီး Multiple Solo ကို မနက်၁၀နာရီကတီးလိုက်တာ ည၈နာရီမှ ကိုယ်ကျေနပ်တဲ့ Solo ပြီးပါလေရော။ ဒါတွေအားလုံး ကျတော့်အတွက် အမှတ်တရလေးတွေပါ။
မေး(၅) ဝီလီရဲ့  Drummer က ညီအစ်ကိုအရင်းဆိုတော့ ဂီတဖန်တီးမှုတွေမှာ တိုင်ပင်ဖြစ်လား။ (ဒါမှမဟုတ်) ခဏခဏ ရန်ဖြစ်ကြလား။
ဖြေ - ကျနော်တို့ ညီအစ်ကိုနှစ်ယောက်က တစ်အိမ်တည်းတူတူနေကြတာဆိုတေ
မေး(၆) REASON ဝိုင်းထဲမှာ တစ်ယောက်ချင်းစီရဲ့ လူအများမသိသေးတဲ့ အကျင့်ကလေးတွေကို ဖောက်သည်ချပါဦး။
ဖြေ - ကဲ..ကျတော်ကအရင်စမယ်ဗျာ။ အရယ်သန်တယ်၊ အားနာတတ်တယ်၊ စည်းကမ်းကြီးတယ်။ ဥစ္စာခြောက်တတ်လို့ 'စာအုပ်ကြီး'ဆိုပြီး ပြောကြတယ်။
Ossie ကကျတော့ ကပ်စီးနဲတာ သူ့ အကျင့်ပဲဗျ (ဟားး..ဟားး)
Aung La ကျတော့ သူပြောပြီး, သူမေ့ မေ့နေတာ။
ရဲမြတ်ကျော် (Bassist) ကျတော့ လူရွှင်တော်ဗျ၊ သူရောက်လာရင် ပွဲဆူပြီသာမှတ်။ အရမ်းဟာသ ပြောတတ်တဲ့လူဗျ။
Jone Jone (Rhythm) ကျတော့ အငယ်ဆုံးဖြစ်တော့ မပြောရဲသလို ပြောရဲသလိုနဲ့ ကပ်ကပ်ပြီးဆော်တာဗျ။
မေး(၇) Instrument ခွေထွက်ဖို့ ရော အစီအစဉ်ရှိပါသလား။
ဖြေ - ရှိပါတယ်။ စီစဉ်ထားပါတယ်။
မေး(၈) လက်ရှိအကြိုက်ဆုံးနဲ့ တီးရတာ အားအရဆုံး ဂစ်တာအကြောင်းပြောပါဦး။ ဘယ်လိုကြောင့် အားရရသလဲ ဆိုတာလေးပါ ဖြေပေးပါဦး။
ဖြေ - လောလောဆယ် LTD-FM-418 (8 strings) နဲ့ Ibanez- S series (7 strings)ကိုပဲတီးဖြစ်နေပါတယ
မေး(၉) စင်မြင့်ဖျော်ဖြေပွဲတွေထဲမှ
ဖြေ - နယ်ပွဲတစ်ခုမှာ Show က နှစ်ရက်တီးရမှာဗျ။ ပထမရက် ညပွဲလဲစရော ရုံပွင့်တယ်ဗျ။ အဲ့ဒီမှာ ပွဲလုပ်တဲ့ ကန်ထရိုက် ပြေးပါလေရောဗျာ။ အဲ့လိုနဲ့ ပထမညပွဲပြီးသွားတယ်။ ပွဲပြီးတော့ Artist တွေအားလုံးနဲ့ စက်ပစ္စည်းငှားတဲ့ စက်ဆရာတွေ တိုင်ပင်ကြတယ်။ ဒီတိုင်းဆိုရင် မနက်ဖြန် ဒုတိယညကို မတီးမဆိုကြတော့ဘူး, ပြန်ကြမယ်ပေါ့။ ပထမညအတွက် ပိုက်ဆံကလည်း တဝက်ပဲရကြသေးတယ်လေ။ အဲ့ဒီလို ဒုတိယညကို မတီးမဆိုကြတော့ ဘူးဆိုလည်း သိသွားရော ရွာက အရိုင်းအစိုင်းတွေက တီးဝိုင်းပစ္စည်းတွေတင်လာတဲ့
မေး(၁၀) ကိုယ်ပိုင်တီးဝိုင်းထောင်ပြ
ဖြေ- များများနားထောင်ပါ။ များများလေ့ကျင့်ပါ, ဘယ် Music ကိုမဆိုပေါ့လေ။ ဂီတနဲ့ မဆိုင်တဲ့ အရာတွေကို နားမယောင်/
ဂီတလောကကြီး ကျန်းမာ၊ ချမ်းသာ၊ မနာလို အတ္တတွေကင်းရှင်းစွာဖြင့် ဆက်လက်ချီတက်နိုင်ပါစေ ဆုတောင်းရင်း နှုတ်ဆက်တယ်....
ကိုဝီရေ.... Let's rock!!!
Willie (REASON)
12 May, 2015
ဓာတ်ပုံ ကရက်တစ် - Willie Ibanez
ကျေးဇူးမှတ်တမ်း။ ။ စိတ်ရှည်လက်ရှည်နဲ့ဖြေပေးတဲ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။