ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သင့်တယ်ဆိုတဲ့
အဆိုဘက်ကနေ ကျနော်ရပ်တည်ပါတယ် ...
ကျနော့်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သင့်တယ်လို့
ယုံကြည်သော အကြောင်းပြချက် ၃ ခုရှိတယ် ...
...
၁ အချက်က တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး
ဆက်နွယ်မှုကို ကောင်းကောင်း နားလည်တဲ့
ခေါင်းဆောင်တစ်ယောက်အဖြစ် မြင်မိလို့ပါ ...
၂ အချက်က ယနေ့ခေတ် နိုင်ငံတကာ ဆက်ဆံရေးအသိုင်းအဝိုင်း မှာ
နိုင်ငံတကာနဲ့ မဆက်ဆံမဖြစ် ဆက်ဆံရတော့မယ့် အချိန်
ကိုယ့်အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့
အသိပညာ ဗဟုသုတ ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်မှုအပြင်
ပါးနပ်လိမ္မာတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်လ
ဒီကွက်လပ်ကို လက်ရှိအချိန်မှာ အကောင်းဆုံး နဲ့ ဖြည့်ဆည်းအပေးနိုင်ဆုံးသောသ
ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်
၃ အချက်က ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးဟာ
အစိုးရ အာဏာ ပြည်သူဆီက ဆင်းသက်လာတယ်ဆိုတဲ့
ဒီမိုကရေစီရဲ့ အခြေခံသဘောတရားကို သေချာနားလည်သဘောပေါက်တဲ့
ဒီမိုကရေစီခေါင်းဆောင်တွေဖြ
-----
နံပါတ်တစ် အချက်ဟာ တကယ်ကို အရေးကြီးတဲ့အချက်ပါ ...
ဖွံ့ဖြိုးပြီး နိုင်ငံ နဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကြား အသိသာဆုံးသော
ကွာခြားချက်က တရားဥပဒေစိုးမိုးရေး ရှိခြင်း မရှိခြင်းပါ ...
တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်ခုကို ယိုင်လဲမသွားအောင်
ထောက်ထားတဲ့ ပင်မဒေါက်တိုင်တစ်ခုလို့ကို
တရားဥပဒေစိုးမိုးရေးဆိုတဲ့ ဒေါက်တိုင် ခိုင်မာမှုမရှိရင်
နိုင်ငံတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ဖို့
အတော့်ကို ခက်ခဲမှာ အမှန်ပါ ...
မည်သည့်အရာကိုပဲ လုပ်လုပ် ...
မည်သည့်စီမံကိန်းကိုပဲ အကောင်အထည်ဖော်ဖော် ...
မည်သည့်ဥပဒေတွေနဲ့ပဲ ဘောင်ကွပ်ကွပ် ...
တရားဥပဒေစိုးမိုးရေးမရှိတာန
လေထဲတိုက်အိမ်ဆောက်သလို ပြိုကျမှာ အမှန်ပါပဲ ...
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအချက်ကို ကောင်းကောင်းကြီးသိတဲ့
ခေါင်းဆောင်တစ်ယောက်ပါ ...
သူမပြောတဲ့ စကားတွေရဲ့ အတော်များများဟာ
တရားဥပဒေစိုးမိုးရေး Rule Of Law ကို အဓိကထားပြောပါတယ် ...
အစစအရာရာ အောက်ခြေက ပြန်တည်ဆောက်ဖို့လိုနေတဲ့အခ
ဒေါက်တိုင်အဖြစ် Rule Of Law ကို အကောင်အထည်ဖော်မယ့်
ဒေါ်အောင်ဆန်းစုကြည်ကို လက်ခုပ်တီးသင့်တာအမှန်ပါပဲ ...
-----
နံပါတ် ၂ အချက်ဟာ ခေါင်းဆောင်ရဲ့ Leadership Skill ကို
မီးမောင်းထိုးပြထားခြင်းပါ ...
နိုင်ငံတစ်ခုကို ဦးဆောင်မယ့် ခေါင်းဆောင်ဆိုတာ
ပါးနပ်လိမ္မာမှု ရှိရှိ ဦးဆောင်နိုင်မှ နိုင်ငံကို ဦးဆောင်ရာရောက်ပါတယ် ...
မဟုတ်ခဲ့ရင် နိုင်ငံနာတတ်ပါတယ် ...
ဒါကို ကျနော်တို့နိုင်ငံအနေနဲ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးဖြ
ခေတ်အဆက်ဆက် အစိုးရမင်းအဆက်ဆက်
ငါတကောကောနဲ့ ပါးနပ်လိမ္မာမှုမရှိပဲ နိုင်ငံကို
နိုင်ငံတကာမှာ သူခိုးဈေးနဲ့ ဝကွက်ထိုး အပ်ခဲ့ကြလို့
နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားတွေ ရစရာမရှိအောင်ကို
စုတ်ပြတ်သတ်ခဲ့ရတယ် ...
ကိုယ့်နိုင်ငံရဲ့ အကောင်းဆုံး သဘာဝသယံဇာတတွေ ဆုတ်ယုတ်ရုံသာမက
လူသားအရင်းအမြစ်တွေပါ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျွန်သာသာဘဝနဲ့
စခန်းသွားနေကြရတယ် ...
ဒါတွေဟာ ခေါင်းဆောင်ကောင်းမရခဲ့တံ့တ
အဆိုးရွားဆုံးပြယုဂ်တွေပါပဲ
လက်ပံတောင်း ကြေးနီစီမံကိန်း , မြစ်ဆုံရေကာတာစီမံကိန်း
ကျောက်ဖြူ ကူမင်း ဂတ်စ်ပိုက်လိုင်း နဲ့ ရထားလမ်းစီမံကိန်း
အစရှိတာတွေဟာ အမျိုးသားအကျိုးစီးပွားကို
ပါးပါးနပ်နပ်ကာကွယ်ဖို့ အရည်အချင်းပြည့်မှီတဲ့
ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးဦးဆောင်မှု
ဖြစ်လာစရာ အကြောင်းလုံးဝမရှိနိုင်ဘူးလ
-----
နံပါတ် ၃ အချက်ကတော့ တကယ်အရေးကြီးဆုံးအချက်လို့
ပြောနိုင်မယ်ထင်ပါတယ် ...
အစိုးရအာဏာသည် ပြည်သူ့ထံမှဆင်းသက်လာတယ်ဆို
သဘောတရားသည် ဒီမိုကရေစီရဲ့ အသက်ပဲဖြစ်ပါတယ် ...
ပြည်သူက ပေးတဲ့မဲနဲ့ အစိုးရအဖြစ်ရောက်ရှိခဲ့ရင်
အစိုးရသည် ပြည်သူကို စော်ကားခွင့်မရှိပါဘူး ...
ကျေးဇူးကန်းခွင့်မရှိပါဘူး ...
ဖိနှိပ်ချုပ်ချယ်ခွင့် မရှိပါဘူး ...
ပြည်သူ့ဆန္ဒအတိုင်းသာ နိုင်ငံကိုအုပ်ချုပ်ရမှာဖြစ
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တို
ကျွန်မကို ကြိုက်တဲ့အချိန်မရွေး ဖြုတ်ချနိုင်အောင်လို့ ဆိုပြီး
ပြည်သူကို ကတိထားခဲ့ပြီးပါပြီ ...
ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ်တာဝန်ယူခဲ့ရင်
ကျနော်တို့သူမ ကို စောင့်ကြည့်ဝေဖန်ခွင့်ရှိပါ
သတိပေးထောက်ပြလို့ရပါတယ် ...
ယုတ်စွအဆုံး သူမကို နှင်းအပ်ထားတဲ့အာဏာ
သူမဆီက ပြန်ယူလိုက်လို့ရပါတယ် ...
သူမကိုယ်တိုင်လဲ ပြည်သူလက်မခံရင် နှုတ်ထွက်မယ့်သူပါ ...
ဒီလောက်အာဏာ ငန်းဖမ်းတဲ့သူတွေ ကြီးစိုးတဲ့ ဒီနိုင်ငံမှာ
ဒီလို လမ်းဖွင့်ပေးထားတဲ့ခေါင်းဆေ
ကျနော်တို့မှာ တင်မြှောက်စရာ သမ္မတရှိတော့မှာ မဟုတ်ပါဘူး ...
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်တယ် ...
သူမအတွက် ကျနော့်လက်ခုပ်တွေတီးဖို့ အသင့်ပြင်ထားတယ် ...ဲ
လင်းဝေ ဦး
---------
ဝန်ခံချက် - ဒုတိယအကြိမ်ပြန်တင်ခြင်း ..
Politics Journal ရဲ့ Debate ကဏ္ဍတွင် ပါဝင်ပြီး ..
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။