YoYarLay added 23 new photos — with Theint Thedar and 8 others.
ဒါကြောင့်မို့ သူမဟာ သာမန် သူဌေးတစ်ဦးတောင် မသွားနိုင်တဲ့ ကမ္ဘာပတ်ခရီးစဉ်ကို ပိုက်ဆံမကုန်တဲ့အပြင် ပိုက်ဆံရလို့ သွားနေသူ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)#aungkham_yyl
#news_yyl
www.yoyarlay.com
(Unicode version)
ကမ္ဘာပတ် ခရီးသွားဖို့ ငွေမကုန်တဲ့အပြင် ဝင်ငွေရတဲ့ ၂၃ နှစ်အရွယ် အမျိုးသမီး
ဩစတေးလျန်ိုင်ငံသူ Brooke Saward လို့ အမည်ရတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ဟာ ကမ္ဘာ့ပတ် ခရီးသွားဖို့အတွက် ငွေမကုန်တဲ့အပြင် ငွေတောင် ဝင်ပါသေးတယ်။ သူမဟာ ခရီသွား ဘလော်ဂါ တစ်ဦး ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် ဇန်နဝါရီလ ကစလို့ ကမ္ဘာအနှံ့ကို ခရီးသွားခြင်း ဖြစ်ပါတယ်။ ယနေ့အထိလည်း ခရီးသွားနေပြီး ကမ္ဘာ့ တိုက်ကြီး ၆ တိုက်မှ နိုင်ငံပေါင်း ၅၀ ကို ရောက်ရှိ ခဲ့ဖူးပါပြီ။ ရောက်တဲ့ နိုင်ငံတွေမှာလည်း အကောင်းဆုံး၊ အလှဆုံး ဖြစ်ပါတယ်ဆိုတဲ့ နေရာများကို ပဲ ရွေးချယ်လို့ သွားရောက်ခွင့် ရခဲ့ခြင်း ဖြစ်ပါတယ်။ သူမဟာ ဘလော်ဂါ (အွန်လိုင်းတွင် စာရေးသူ) ဖြစ်ပြီး သူမရဲ့ ဝဘ်ဆိုဒ်မှာ ခရီးသွားတဲ့ နေရာများ အကြောင်းကို ပြန်ရေးပါတယ်။ ဓာတ်ပုံများကိုလည်း တင်ပါတယ်။ ဝဘ်ဆိုဒ်ကတော့ www.worldofwanderlust.com/ ဖြစ်ပါတယ်။
သူမဟာ တက္ကသိုလ် ကျောင်းတက်နေစဉ်ကတည်းက blog ရေးပြီး ကျောင်းပြီးတဲ့ အချိန်မှာ ချက်ချင်းပဲ ခရီးသွားခဲ့ခြင်း ဖြစ်ပါတယ်။ ခရီးသွားဖို့အတွက်ကို သူမရဲ့ blog မှာ ကြော်ငြာထည့်တဲ့ ကုမ္ဗဏီများက စပွန်ဆာပေးခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမကိုယ်တိုင်ရေးတဲ့ blog တစ်ခုအောင်မြင်အောင် ဖန်တီးနည်း အပြင် အခြားသော ခရီးသွား စာအုပ် အချို့ကြောင့် ငွေများရှိနေပါတယ်။ ယင်းငွေများကို အသုံးပြုလို့ ခရီးသွားပြီး သွားနေစဉ်မှာလည်း blog ဝင်ဖတ်သူ များတာကြောင့် ကြော်ငြာ ဝင်ငွေ ဆက်တိုက် ဝင်နေပြီး ယင်းငွေများဖြင့် ဆက်လက် သွားနေခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ သူမဟာ သာမန် သူဌေးတစ်ဦးတောင် မသွားန်ိုင်တဲ့ ကမ္ဘာပတ်ခရီးစဉ်ကို ပိုက်ဆံမကုန်တဲ့အပြင် ပိုက်ဆံရလို့ သွားနေသူ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။