Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, May 5, 2015

Heavy Rock Star လေးဖြူနဲ့နီကိုရဲ တွေ့ဆုံခြင်း

 
 
Heavy Rock Star လေးဖြူနဲ့
နီကိုရဲ တွေ့ဆုံခြင်း

လူငယ်ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး Heavy Rock Star လေးဖြူနဲ့ ဟာသစာပေမှာ အလွဲပေါင်းများစွာနဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေ ရေးမကုန်နိုင်တဲ့ စာရေးဆရာနီကိုရဲတို့ရဲ့ စကားပြောခန်းလေးကို (၁၀) နှစ်ပြည့် Image အတွက် အမှတ်တရ ဖော်ပြလိုက်ပါတယ်။ တကယ့်တကယ်မှာတော့ အပြန်အလှန်မေးကြ၊ ပြောကြ ဆွေးနွေးကြတဲ့ စကားဝိုင်းတစ်ခုအဖြစ် တင်ဆက်ပေးချင်တာ။ ဒါပေမဲ့ အလုပ်က...
ိစ္စတွေနဲ့ ခရီးထွက်ဖို့ ဗျာများနေရှာတဲ့ကိုလေးဖြူကလည်း တန်ဖိုးရှိလှတဲ့ အချိန်တွေကိုဖဲ့ပေးလို့ ဆရာနီကိုရဲရဲ့ အမေးစကားလေးတွေကို ဖြေဆိုပေးခဲ့ပါတယ်။ ကိုလေးဖြူ မမေးဖြစ်ခဲ့တဲ့ ဆရာနီကိုရဲကိုတော့ ကျွန်မကပဲ အနည်းငယ် အင်တာဗျူးလေး လုပ်ဖြစ်ခဲ့တယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ်တွေ တစ်ခဲနက် အားပေးခဲ့ကြတဲ့ Star နှစ်ဦးရဲ့ စိတ်အားထက်သန်စွာ ဖြေကြားခဲ့ပုံလေးကိုတော့ ကျေနပ်အားရကြလိမ့်မယ်ထင်ပါတယ်။

နီကိုရဲ - ကိုလေးဖြူရေ ဒီအစီအစဉ်ဟာ ပေါ့ပေါ့ပါးပါးအစီအစဉ်ပါ ဆိုတာကိုတော့ ပထမဆုံး သတိပေးပါတယ်ဗျာ။ သီချင်းဆိုတာက လူငယ်တစ်ယောက်ရဲ့ ခံစားမှုအပိုင်းမှာ တော်တော်လေးလွှမ်းမိုးမှုရှိတဲ့ အနုပညာပစ္စည်းတစ်ခုပါလို့ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျွန်တော်တို့ကို လွှမ်းမိုးခဲ့တဲ့ အဆိုတော်တွေက ကိုစိုင်းထီးဆိုင်၊ ကံ့ကော်တောမျိုးအောင်၊ စိန်လွင်၊ ပလေးဘွိုင်သန်းနိုင်၊ ခွန်သန်းထွန်း၊ ခိုင်ထူး၊ ကိုတိုးကြီးတို့ပေါ့ဗျာ။ ကျွန်တော့်ခံစားမှုထဲမှာ ကျွန်တော့်ချစ်သူဟာ သူတို့သီချင်းတွေထဲကလို လှတယ်။ ကျွန်တော်ကလည်း သူ့ကို အဲဒီသီချင်းတွေထဲကလို သစ္စာရှိရှိခွင့်လွှတ်ပြီး အဲဒီသီချင်းတွေထဲကလို ပေါက်ကွဲခဲ့ရတယ်။ ကိုလေးဖြူရော ငယ်စဉ်ကာလတုန်းက ဘယ်သီချင်းတွေနဲ့ချစ်ပြီး ဘယ်သီချင်းတွေနဲ့ ခွင့်လွှတ်ခဲ့၊ ပေါက်ကွဲခဲ့၊ လွမ်းမောခဲ့ရဖူးသလဲဆိုတာလေးများ သိခွင့်လေးပေးပါဗျာ။
လေးဖြူ-ကိုရဲတို့လိုပါပဲ။ သီချင်းမျိုးစုံကို အကြောင်းပြချက်အမျိုးမျိုးနဲ့ ခံစားပြီး ကြိုက်ခဲ့ပါတယ်။

နီကိုရဲ - ရယ်စရာပြောတာတော့ မဟုတ်ပါဘူးဗျာ။ စိတ်လက်ချမ်းသာခွင့်လေး ခဏရတဲ့အချိန်မှာ အဆိုတော်တွေ သီချင်းညည်းမိရင် ကိုယ့်သီချင်းကိုယ် မညည်းမိကြဘူးတဲ့။ ဘယ်သူ့သီချင်းတွေကို အများဆုံးညည်းဖြစ်လဲမသိဘူးနော်။ အဲဒီကိစ္စကို ကျွန်တော် တော်တော်ကလေးကို အလေးအနက်ထားပြီး သိချင်ပါတယ်။
လေးဖြူ - အဲဒါဘယ်သူပြောတာလဲ။ အလွန်မှန်ပါတယ်။ လောလောဆယ်နားထောင်ဖြစ်တဲ့ အခွေတွေထဲကပဲ ဖြစ်တတ်ပါတယ်။

နီကိုရဲ - ကိုလေးဖြူ ပထမဦးဆုံး စင်ပေါ်တက်ပြီးသီချင်းဆိုတော့ သီချင်းဆုံးလို့ ပရိသတ်က တစ်ခဲနက်ကြီးကို အားပေးလိုက်တဲ့အခါမှာ ကိုလေးဖြူ ကိုယ့်ကိုကိုယ် စိတ်ထဲကဘယ်လိုပြောလိုက်မိသလဲ။
လေးဖြူ - ကျွန်တော်သေသေချာချာ မှတ်မိတာက ဘယ်သူမှ လက်ခုပ်မတီးဘူးဗျ။ သူများမင်္ဂလာဆောင်ပွဲမို့လို့။

နီကိုရဲ - ပြီးတော့ ကိုလေးဖြူ စတိတ်စင်ပေါ်ကိုတက်တဲ့ Style က နည်းနည်းထူးခြားပါတယ်။ အဲဒီ Style ရဲ့ အဓိပ္ပာယ်က ငါဟာ ပရိသတ်ကို ဆွဲဆောင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကလာတဲ့ Style လား ဒါမှမဟုတ် သူတို့ငါ့ကို မျှော်နေကြတော့မှာပဲဆိုတဲ့ စိတ်ကလာတဲ့ အရိုးခံ Style နဲ့လား။
လေးဖြု - အဲဒီလိုစိတ်တွေ မရှိပါဘူးဗျာ။ သီချင်းဆိုရတော့မှာမို့ ပျော်တဲ့စိတ်ပဲရှိတာပါ။

နီကိုရဲ - ပထမဦးဆုံးပိုင်ဆိုင်ခွင့်ရတဲ့ ဂီတာလေးတစ်လက်နဲ့ ပတ်သက်ပြီး ဘယ်လိုခံစားဖူးပါသလဲ။ ကျွန်တော့်တုန်းကတော့ ဂီတာကို တစ်ညလုံးထထစမ်းနေမိလို့ ကိုလေးဖြူကို မေးကြည့်တာပါ။
လေးဖြူ - ကိုယ်ပိုင်ဂီတာတစ်လုံးရတဲ့အချိန်က ပျော်တော့ပျော်ပါတယ်။ ကိုယ့်ဟာကိုယ် ဂီတာကော့ဒ်နှစ်ခုလောက် သေသေချာချာ စတီးတတ်တဲ့အချိန်က ပိုပျော်စရာကောင်းပါတယ်။

နီကိုရဲ - ကိုလေးဖြူ အခုရနေတဲအောင်မြင်မှုက ကိုလေးဖြူကို အသက်ရှူကျပ်အောင် လုပ်တတ်တဲ့ အချိန်မျိုးရှိလား။ သူက ဘယ်လို အချိန်မျိုးမှာ ဘယ်လိုအကြောင်းအရာမျိုးနဲ့ ကိုလေးဖြူကို အသက်ရှူကျပ်အောင် လုပ်တတ်ပါသလဲ။
လေးဖြူ - အဆိုတော်တစ်ယောက်လို ကျကျနနကြီး ဆက်ဆံခံရတဲ့ အချိန်ဆို အသက်ရှူကျပ်ပါတယ်။

နီကိုရဲ - ကိုလေးဖြူ ကိုယ့်ကိုကိုယ် အိပ်မက်မက်တဲ့အခါ အောင်မြင်တဲ့အဆိုတော်တစ်ယောက်အနေနဲ့ မက်လေ့ရှိလား။ အိပ်မက်ထဲမှာ ကိုလေးဖြူက ဘာလဲဆိုတာ သိချင်တယ်ဗျို့။
လေးဖြူ - ကျွန်တော်အိပ်ရင် တုံးကနဲ အိပ်မက်မမက်ဘဲ အိပ်တာများတယ်။ မက်ရင်လည်း ကျွန်တော်ပါတာ မရှိသလောက်ပဲ။ နိုးရင်လည်း ဘာမက်သွားလည်း မမှတ်မိတတ်ဘူးဗျ။

နီကိုရဲ - ကိုလေးဖြူ စတိတ်ပေါ်တက်တဲ့အခါ အဝတ်အစားကို အဓိကအာရုံမထားဘဲ လွတ်လွတ်လပ်လပ်ပုံစံမျိုးပဲ ရွေးလေ့ရှိတယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီ Style ကို သဘောကျမိတယ်။ ကိုလေးဖြူမှာ အဝတ်အစားရွေးချယ်တဲ့ လျို့ဝှက်ချက်ရှိရင် သိချင်ပါတယ်။
လေးဖြူ - လာကြည့်တဲ့လူတွေကို မလေးစားရာရောက်တဲ့ အဝတ်အစားမျိုးတွေကလွဲရင် ရှိတာနဲ့ အဆင်ပြေအောင်ဝတ်တာပါပဲ။

နီကိုရဲ - CNC အင်္ကျီကြော်ငြာတစ်ခုမှာ ကိုလေးဖြူရဲ့ပုံကိုကြည့်ပြီး ကျွန်တော့်မိတ်ဆွေ ကောင်မလေးတစ်ယောက်က ကိုလေးဖြူရဲ့ပုံစံက ရှက်နေတာလို့ ရယ်ရယ်မောမောနဲ့ မှတ်ချက်ပေးတယ်။ ကျွန်တော်ကတော့ ကိုလေးဖြူက ငါဘယ်လိုအိုက်တင်လုပ်ရမလဲလို့ စဉ်းစားနေတုန်းမှာ ဓာတ်ပုံဆရာက ရိုက်တာကို ခံလိုက်ရတာလို့ ပြန်ဖြေချေပတယ်။ အဲဒီပုံက သူရော၊ ကျွန်တော်ရော တော်တော်လေးသဘောကျတဲ့ပုံလေးဖြစ်နေတော့ ဘယ်သူကမှ အလျော့မပေးကြဘူး။ အဲဒီမိတ်ဆွေကောင်မလေးက နင်က ကိုလေးဖြူနဲ့တွေ့နိုင်တယ် တွေ့ရင်မေးပေါ့လို့ပြောတယ်။ အခု မေးပြီဗျာ။ ပရိသတ်အတွက်ရော ကျွန်တော်တို့နှစ်ယောက်အတွက်ရော ကိုလေးဖြူ ဓာတ်ပုံအရိုက်ခံရတိုင်း စိတ်ထဲမှာ ဘယ်လိုခံစားရလေ့ရှိလဲဆိုတာ သိချင်ပါတယ်။
လေးဖြူ - ခင်ဗျားတို့နှစ်ယောက်စလုံး မှန်ပါတယ်။ ပြီးတော့ ဓာတ်ပုံအရိုက်ခံရတိုင်း ဓာတ်ပုံဆရာကို သူလိုချင်တဲ့အတိုင်း ရပါ့မလားလို့ အီလည်လည်နဲ့ အားနာနေပါတယ်။

နီကိုရဲ - သူငယ်ချင်းတွေနဲ့တွေ့လို့ ရိုးရိုးလေးဖြူလို နေတာနဲ့ ပရိသတ်နဲ့ အလုပ်နဲ့ပတ်သက်ပြီး အောင်မြင်တဲ့အဆိုတော်တစ်ယောက်အနေနဲ့ တွေ့လို့နေတာ၊ နှစ်ခုအကြားမှာ Style ကွာခြားမှုက ဘယ်လိုရှိလဲ။
လေးဖြူ-ဒါကတော့ဗျာ။ အချင်းချင်းကျတော့ ပိုရင်းနှီးတာပေါ့။

နီကိုရဲ-အရမ်းပျော်ရင် ဘာလုပ်လေ့ရှိသလဲ။ အရမ်းစိတ်ညစ်ရင်ရော။ အဲ့ဒီနှစ်မျိုးအပေါ်မှာ ကိုလေးဖြူစိတ်ထားတဲ့ style ကို သိချင်ပါတယ်။
လေးဖြူ - ပျော်တုန်းကတော့ အော်အော်ပြီး ရယ်တာပေါ့ဗျာ။ ညစ်တဲ့အခါကျတော့လည်း အချိန်တန်ရင်တော့ ပီးသွားတာပဲလို့ ကိုယ့်စိတ်ကိုယ် ဖြေရတာပေါ့။

နီကိုရဲ - ကိုလေးဖြူရဲ့ သီချင်းအခွေသစ်က တော်တော်ကြာနေပြီဆိုတော့ စောင့်နေရတဲ့ ပရိသတ်တွေက သူတို့ကိုယ်သူတို့ မပျင်းရအောင် လှည့်စားချက်ကလေးတွေ ကောလာဟလကလေးတွေထုတ်ပြီး စောင့်ကြပါတယ်။ ကိုလေးဖြူက သူတို့အတွက် တော်တော်ကြီးကို ထူးခြားတဲ့သီချင်းတစ်ပုဒ်ကို စီစဉ်နေလို့ကြာနေတာတဲ့။ အဲဒီ စကားက ဟုတ်ပါသလား။
လေးဖြူ - မဟုတ်ပါဘူးဗျာ။ တစ်ခွေနဲ့တစ်ခွေ ပိုပိုကြာလာရတာက အခွေလုပ်ရတာ ခက်ခက်လာလို့ပါ။

နီကိုရဲ - အခုထွက်မယ့် အခွေသစ်ထဲမှာ ဘယ်လိုချစ်စရာကောင်းတဲ့ သီချင်းလေးတွေကို ပရိသတ်အတွက် ထည့်ဆိုထားသေးလဲ။ ထူးခြားတဲ့သီချင်း Style တွေရောပါသေးလား။
လေးဖြူ - ကျွန်တော်တတ်နိုင်သလောက် အစွမ်းကုန်လုပ်ထားပါတယ်။

နီကိုရဲ - ကိုလေးဖြူရဲ့ Album တွေမှာ ဓာတ်ပုံလှလှရိုက်ထည့်ပေးပါဆိုတဲ့ ပရိသတ်တွေကို ကိုလေးဖြူက လေအေးအေးကလေးနဲ့ သူတို့ကို တစ်ခုခု နားလည်သွားအောင် ဘယ်လိုရှင်းပြချင်ပါသလဲ။
လေးဖြူ - အခွေထဲက သီချင်းတွေနဲ့လိုက်ဖက်တဲ့ Album Cover ဖြစ်ချင်လို့ပါ။

နီကိုရဲ - ကိုလေးဖြူ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ကို အခုထွက်တော့မယ့် Album ထဲကနေ ရွေးပေးပါလား။ Album လက်ထဲရတာနဲ့ ကျွန်တော်တို့တန်းပြီး ရဲရဲကြီးဖွင့်ပစ်လိုက်ရအောင်ပါ။
လေးဖြူ - ရဲရဲကြီးဖွင့်ပစ်လိုက်ပါ ကိုရဲရာ။ ကျွန်တော်ကြိုက်တဲ့ သီချင်းတွေချည်းပဲ စုထည့်ထားတာ။

နီကိုရဲ - Album အသစ်တစ်ချပ်မှာ ပထမဦးဆုံး စစဖွင့်တဲ့အပုဒ်ဟာ အရေးကြီးဆုံးလား၊ နောက်ဆုံးအပုဒ်က သေချာဖို့လိုတာလား။ ကိုလေးဖြူကရော အခုထွက်တော့မယ့် Album အသစ်ထဲက ပထမဦးဆုံးသီချင်းကို ဘာဖြစ်လို့ ပထမဦးဆုံးနေရာမှာ ထားရွေးဖြစ်တာလဲ ဆိုတာလေးလည်း ဖြေပေးပါ ကိုလေးဖြူရာ။
လေးဖြူ- Album အသစ်တစ်ချပ်မှာ အစကနေအဆုံးထိ အရေးကြီးပါတယ်။ အခုထိတော့ ဘယ်အပုဒ်ကို ပထမဆုံးထားရမလဲလို့ မရွေးရသေးပါဘူး။

နီကိုရဲ - ကိုလေးဖြူ အချစ်သီချင်းဆိုတဲ့အခါ သုံးစွဲတဲ့စကားလုံးတွေ၊ ရွေးချယ်တဲ့သံစဉ်တွေနဲ့ ဆိုဟန်တွေက ဒီခေတ်လူငယ်တွေကို ရင့်ရင့်ကျက်ျက်နဲ့ ချစ်စေချင်တဲ့ Style မျိုးရှိတယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါ ကိုလေးဖြူက တမင်ရွေးချယ်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ဆိုတာလားဆိုတာ သိချင်ပါတယ်။
လေးဖြူ - အဲဒီလောက်ကြီးလဲ မဖြေချင်ဘူး။

နီကိုရဲ - ပရိသတ်တွေကို နှစ်သစ်မှာ ဘာတွေများပြောချင်လဲဆိုတာ ကျွန်တော်တို့က မမေးချင်ဘူး။ကိုလေးဖြူကိုယ် ကိုလေးဖြူက ဒီနှစ်မှာ ဘာတွေကတိပေးထားလဲဆိုတာပဲ သိချင်တယ်ဆိုရင် စိတ်မဆိုးဘဲဖြေပေးပါ ကိုလေးဖြူရေ....။
လေးဖြူ - ၂၀၀၈ ထဲမှာ ကိုယ်ပိုင်သံစဉ်တစ်ခွေထွက်နိုင်အောင် လုပ်နေပါတယ်။

ခိုင်မာလင်း(သန်လျင်)

Image Magazine

★ ★ ★ လေးဖြူနှင့် နီကိုရဲ အင်တာဗျူးအပိုင်းကိုသာ ယူထားပါသည်။

special thank to ko
Ka Lee

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။