Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Friday, May 15, 2015

လူငယ္တို႔ လမ္းမေပ်ာက္ဖို႔ နည္းလမ္း

 

လူငယ္တို႔ လမ္းမေပ်ာက္ဖို႔ နည္းလမ္း

ယေန႔ေခတ္ လူငယ္လို႔ ဆုိရင္ ျမန္မာျပည္ တစ္ျပည္တည္း မဟုတ္ပါဘူး။ အေမရိကန္၊ အဂၤလန္နဲ႔ အျခားေသာ ဥေရာပနဲ႔ ခ်မ္းသာၾကြယ္ဝတဲ့ ႏုိင္ငံမ်ားမွာေတာင္ ၾကံဳေတြ႔ေနရတဲ့ ျပႆနာ တစ္ခုက လူငယ္မ်ား လမ္းေပ်ာက္ျခင္း ျဖစ္ပါတယ္။ လမ္းေပ်ာက္ျခင္း ဆုိတာ ေလွ်ာက္ေနတဲ့ လမ္း ေပ်ာက္သြားတာကို ဆုိလုိျခင္း မဟုတ္ပဲ မိမိတို႔ လုပ္ကိုင္ခ်င္တာဘာမွန္းကိုေတာင္ မသိတဲ့ အဆင့္အထိ ေရာက္ရွိသြားရတဲ့ အေျခအေန ျဖစ္...
ပါတယ္။ Career losing ျဖစ္တယ္ဆုိတဲ့ ျပႆနာနဲ႔ အလုပ္လက္မဲ့ ျဖစ္ျခင္းျပႆနာက ဆက္ဆံ ေနေတာ့ ဒါဟာ တိုင္းျပည္ရဲ႕ လူ႔စြမ္းအား အရင္းအျမစ္ အေပၚမွာ မ်ားစြာ ဆုိးက်ိဳး သက္ေရာက္မွု ရွိပါတယ္။ ျဗိတိန္ႏိုင္ငံမွာ ဆုိရင္ လူငယ္မ်ားကို ေကာ္ဖီဆိုင္ စားပြဲထိုး လုပ္ခိုင္းတဲ့အထိ အလုပ္သမား ဝန္ၾကီးခ်ဳပ္တို႔ ကိုယ္တိုင္ ေျပာယူရတဲ့ အေျခအေန တစ္ခု ၂၀၁၄ ခုႏွစ္အတြင္းမွာ ျဖစ္ခဲ့ပါတယ္။ ဒါေတြရဲ႕ ျပႆနာ ဟာ ဘယ္က စလည္းလို႔ အေျခခံကို ေလ့လာၾကည့္ေတာ့ လူငယ္မ်ား လမ္းေပ်ာက္ေနျခင္း ျဖစ္ပါတယ္။

၁) ဗဟုသုတ ၾကြယ္ပါေစ

ဗဟုသုတ ၾကြယ္ဖုိ႔ရာ ေျပာရန္လြယ္ေပမယ့္ လုပ္ယူဖို႔ က်ေတာ့ တစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ ၾကိဳးစားမွုနဲ႔ ဆိုင္ပါတယ္။ စာမ်ားမ်ား ဖတ္ျခင္း အေလ့အထ တစ္ခု ရွိရပါမယ္။ ပညာမွာ သိစရာ ပညာနဲ႔ တတ္စရာ ပညာ ဆုိျပီးေတာ့ ႏွစ္မ်ိဳးရွိပါတယ္္။ လုပ္ကိုင္ဖို႔အတြက္ တတ္စရာ ပညာ တစ္ခုရွိရင္ရေပမယ့္ ဘဝမွာ အသက္ရွင္ တဲ့အခါ အဘက္ဘက္က လံုျခံဳေနေအာင္ ပုိျပီးေတာ့ အလုပ္အကိုင္ေတြ တိုးတက္ ျမင့္မားလာေအာင္ သိစရာ ပညာ ကလည္း လိုအပ္ပါေသးတယ္။ ကိုယ္က အင္ဂ်င္နီယာ ျဖစ္ေပမယ့္ က်န္းမာေရးနဲ႔ ပက္သက္လို႔ ျဖစ္တတ္ တာေလးေတြ၊ ေရွာင္ရမယ့္ ဟာေလးေတြ သိဖို႔လိုမယ္။ အဂၤါျဂိဳလ္ကို ဘယ္သူေတြ သြားေနျပီ ဆုိတာ သိရမယ္။ တိုင္းေရး ျပည္ေရး စိတ္မဝင္စားလို႔မရ။ တိုင္းေရးျပည္ေရး ျဖစ္ပ်က္မွုမ်ားကိုလည္း သိေအာင္ ေစာင့္ၾကည့္ ေလ့လာထားဖို႔ လိုအပ္ပါမယ္။ ပတ္ဝန္းက်င္က ျဖစ္ပ်က္ေနတာကို သိေတာ့ ကိုယ့္အတြက္ ဘာေလး လုပ္ရင္ေတာ့ ဘာေလး ျဖစ္လာေကာင္းႏုိင္တယ္ ဆိုတဲ့ အားသာခ်က္ တစ္ခုကို ရေစမွာ ျဖစ္ပါတယ္။ လမ္းတစ္ခု ေလွ်ာက္ရင္ တည့္တည့္ပဲ ၾကည့္ေလွ်ာက္ေနလို႔ မရ။ ေဘးမွာ ေရအုိးစဥ္ေလးမ်ား ရွိေလမလား၊ အရိပ္ခို ခဏနားစရာေလးမ်ား ရွိမလား ၾကည့္ရသလိုပဲ ေဘးဘယ္ညာ ပတ္ဝန္းက်င္ကို အခ်ိန္နဲ႔ ကာလ မျပတ္ ေလ့လာ ထားႏိုင္ေတာ့ မိမိဟာ အသိပညာ ၾကြယ္ဝသူ တစ္ဦး ျဖစ္လာမွာ ျဖစ္ပါတယ္။

၂) အားကစား တစ္ခုခု လုပ္ပါ

စိတ္နဲ႔ ခႏၶာဟာ ဆက္စပ္မွု ရွိပါတယ္။ စိတ္ပင္ပန္းရင္ ကိုယ္က ဘာမွ မလုပ္ႏုိင္သလို၊ ကိုယ္ပင္ပန္းရင္လည္း စိတ္က မသက္သာပါဘူး။ ဆန္႔က်င္အားျဖင့္ ဆုိရရင္ ကိုယ္ခႏၶာက က်န္းမာသန္စြမ္းေနရံုမက သြက္လက္ လန္းဆန္း ေနတဲ့အခါ စိတ္ပိုင္းဆိုင္ရာမွာလည္း တက္ၾကြေနတတ္ ပါတယ္။ ဥပမာ မနက္ ထေျပးျခင္း၊ ေဘာလံုးကန္ျခင္း၊ ကိုယ္ကာယ ေလ့က်င့္ခန္းကို အပတ္စဥ္ ပံုမွန္ ျပဳလုပ္ျခင္း၊ ေရကူးျခင္း၊ မီတာရွည္ လမ္းေလွ်ာက္ျခင္း အစရွိသျဖင့္ အားကစား တစ္မ်ိဳးမ်ိဳး တို႔ကို စြဲျမဲ ျပဳလုပ္ႏုိင္ပါက ကိုယ္လည္း က်န္းမာ သလို စိတ္လည္း တက္ၾကြေနပါလိမ့္မယ္။ စိတ္ဖိစီးလာတဲ့အခါ အေကာင္းဆံုး ကုသနည္းထဲမွာ အားကစားလည္း ပါဝင္ ပါတယ္။ ျမန္မာျပည္မွာ အလည္အပတ္ ေရာက္ေနတဲ့ လာေရာက္ အလုပ္လုပ္ေနတဲ့ ႏိုင္ငံျခားသားမ်ား ကို ၾကည့္လိုက္ပါ။ အားကစား တစ္ခု သို႔မဟုတ္ တစ္ခုထက္ မကကို အျမဲ လိုလို ေလ့လာ လိုက္စားျပီး သြက္လက္ ျဖတ္လတ္ ေနၾကပါတယ္။ အားကစား လုပ္ဖို႔ရာ ေငြအမ်ားၾကီး ရွိမွ မဟုတ္။ မနက္ထေျပးျခင္း တို႔လို အားကစား နည္းက ေငြေတာင္ အကုန္အက် မရွိပါဘူး။ အားကစားလုပ္ပိုင္ခြင့္ဟာ လူတန္းစား ေပါင္းစံု ရရွိထားတဲ့ အခြင့္အေရး တစ္ခု ျဖစ္ပါတယ္။

၃) တရားထိုင္ပါ
တရားထိုင္ျခင္းျဖင့္လည္း မိမိ ဘာေၾကာင့္ လမ္းေပ်ာက္ေနတယ္။ မိမိ ဘာလုပ္သင့္တယ္ ဆုိတာေတြကို ခြဲျခမ္း စိတ္ျဖာ ေလ့လာမိသြားမွာ ျဖစ္ပါတယ္။ တရားထိုင္ျပီး တရားသေဘာေတြ ဘယ္ေလာက္ပဲ ရွဳရွု လူငယ္ဆုိတာ ကေတာ့ အေတြးက ဂေယာက္ဂယက္ ခတ္မွာ ပါပဲ။ ယင္း ေယာက္ယက္ခက္တဲ့ အေတြးကို မိမိ လက္ရွိ လုပ္ကိုင္ေနတဲ့ အလုပ္ သို႔တည္းမဟုတ္ မလုပ္မကိုင္ရပဲ ျဖစ္ေနတဲ့ ဘဝအေၾကာင္းကို ေတြးလိုက္ပါ။ ေတြးရင္းနဲ႔ မိမိရဲ႕ အးနည္းခ်က္ေတြ၊ အားသာခ်က္ေတြ ေတြ႔ျမင္လာပါ လိမ့္မယ္။ ကိုယ္ ဘာလုပ္သင့္တယ္ မလုပ္သင့္ဘူး ဆုိတာကို သိျမင္လာပါ လိမ့္မယ္။

၄) ရုပ္ရွင္ ၾကည့္ပါ

လူတုိင္းေတာ့ မဟုတ္ ေပမယ့္ အခ်ိဳ႕ေသာ လူမ်ားက ရုပ္ရွင္ဇာတ္ကား ၾကည့့္ရွုျပီး ယင္း ဇာတ္ကား ကေန ပညာ အျပင္ စိတ္ဓာတ္ တြန္းအား မ်ားပါ ရရွိျပီး ပိုတက္ၾကြလာတာမ်ိဳး ရွိပါတယ္။ ယခု စာေရးသူ ကုိယ္တိုင္ သမုိင္း ရုပ္ရွင္၊ ေခတ္လြန္ သိပၸံရုပ္ရွင္နဲ႔ ၾကိဳးစားသူမ်ားအေၾကာင္း ရိုက္တဲ့ ဒရာမာ ရုပ္ရွင္ မ်ားကို ၾကည့္တဲ့ အခါ သူတုိ႔ေတြ ဘာေၾကာင့္ ေသရတယ္။ ေအာင္ျမင္ရတယ္ အစရွိသျဖင့္ ေလ့လာ ျမင္ေတြ႔ ရပါတယ္။ ရုပ္ရွင္ကို အေပ်ာ္ အေနနဲ႔ မၾကည့္ပဲ သူတို႔ေတြရဲ႕ ယဥ္ေက်းမွု၊ ပညာ၊ ဗဟုသုတနဲ႔ ဘာသာစကား အသံုးအႏွုန္း မ်ားကို ေလ့လာတတ္မယ္ ဆုိရင္ ေလ့လာစရာေတြ အမ်ားၾကီးပါ။ SteveJob အေၾကာင္း ရိုက္ကူးထားတဲ့ ရုပ္ရွင္၊ SteveJob နဲ႔ Billl Gate တုိ႔ ယွဥ္ျပိဳင္တဲ့အေၾကာင္း ရိုက္ထားတဲ့ Pirates of Silicon Valley အစရွိသျဖင့္ ရုပ္ရွင္ အမ်ား အျပင္ မြန္ဂိုလီယား အင္ပါယာကို တည္ေထာင္ခဲ့သူရဲ႕ သမုိင္းေၾကာင္းကို ရိုက္တဲ့ Mongol လုိ႔ အမည္ရတဲ့ ရုပ္ရွင္ အစရွိသျဖင့္တို႔ဟာ မိမိကို ေတြးေခၚလိုစိတ္၊ ဆံုးျဖတ္ခ်က္ ျပတ္ျပတ္သားသား ခ်ႏိုင္စိတ္၊ သတၱိစိတ္ မ်ားကို ျဖစ္ေပၚေစပါတယ္။

၅) စီနီယာ မ်ားနဲ႔ မိတ္ေဆြဖြဲ႔ပါ

ေနရာတိုင္းမွာ စီနီယာမ်ား ရွိပါတယ္။ စီနီယာလို႔ ဆုိတဲ့အခါ ဆရာမ်ားလည္း ပါေကာင္းပါမယ္။ ကိုယ့္အထက္ အသက္ၾကီးသူလည္း ပါမယ္ အသက္ငယ္ေပမယ့္ အလုပ္လုပ္သက္ ရင့့္သူမ်ားလည္း ပါမယ္။ သူတို႔ေတြနဲ႔ မိတ္ဖြဲ႔ျပီး စကားမ်ား ေျပာဆုိျဖစ္တဲ့အခါ သူတို႔ရဲက အေၾကာင္းေတြ သိလာမယ္။ ကိုယ့္အေနနဲ႔ ဘယ္လမ္းကို ေလွ်ာက္ရမယ္ ဆိုတာကုိ သူတို႔ရဲ႕ တိုက္တြန္းခ်က္မ်ား ရရွိေစမယ္။ ကိုယ္တိုင္လည္း အင္အားသစ္မ်ား ရရွိျပီး သူတို႔ေတာင္ လုပ္ႏုိင္ေသးတာ ငါဘာလို႔ မရႏိုင္ရမွာလည္း ဆုိတဲ့ စိတ္ဓာတ္ကို ရရွိေစပါတယ္။ မိမိရဲ႕ တိုးတက္မွု က်ဆံုးမွုဟာ မိမိအျမဲ ေပါင္းသင္းနဲ႔ မိတ္ေဆြနဲ႔လည္း သက္ဆုိင္ပါတယ္။ မိမိမွာ မိတ္ေဆြသူငယ္ခ်င္း အမ်ိဳးမ်ိဳးရွိႏိုင္ပါတယ္။ ဒါေပမယ့္ အလုပ္မရွိ၊ ပညာနည္းတဲ့ မိတ္ေဆြမ်ားနဲ႔ မိမိအခ်ိန္မ်ားကို သိပ္မကုန္ဆံုး မိပါေစနဲ႔။ ဒါဟာ လူတန္းစား ခြဲျခားျခင္း မဟုတ္။ သူတို႔ေတြ အကူအညီေတာင္းရင္ ကူညီေပးပါ။ ေဖးမေပးပါ။ လမ္းျပေပးပါ။ ဒါေပမယ့္ မလိုအပ္ပဲ သူတို႔နဲ႔ လက္ဘက္ရည္ဆိုင္ ထိုင္ျခင္း၊ ဂိမ္းႏွိပ္ျခင္း၊ ေလွ်ာက္လည္ျခင္းတို႔သာ လုပ္ရင္ သင္ဘာမွ ရလိမ့္မွာ မဟုတ္ပါဘူး။ သူတို႔ဆီမွာ အလုပ္နဲ႔ ပက္သက္ျပီး ဘဝနဲ႔ ပက္သက္ျပီး အေတြးအေခၚေကာင္းမ်ား ရဖို႔ မလြယ္ပါဘူး။ မိမိဟာ တုိးတက္ခ်င္ရင္ တိုးတက္ခ်င္ေသာ စိတ္မ်ား ရွိသူမ်ားနဲ႔ ေပါင္းသင္းတတ္ဖို႔ လိုအပ္ ပါတယ္။ အခ်ိဳ႕က်ေတာ့လည္း မိမိသာ တိုးတက္ရင္ တိုးတက္မယ္၊ အေပါင္းအသင္း မိတ္ေဆြကို မတိုးတက္ေစခ်င္ပဲ ပညာလွ်ိဳ၊ ေခ်ာက္တြန္းေသာ လူမ်ိဳးလည္း ရွိပါ လိမ့္မယ္။ ဒါမ်ိဳးကုိလည္း ေရွာင္ပါ။

၆) အလုပ္ တစ္ခုခု စလုပ္ၾကည့္ပါ

အလုပ္ တစ္ခုကုိ စေရြးတဲ့အခါ မိမိ လုပ္ခ်င္တာနဲ႔ ထိပ္တိုက္တုိးရင္ေတာ့ အေကာင္းဆံုးေပါ့။ ဒါေပမယ့္ ပထမဦးဆံုး အလုပ္အေတြ႔အၾကံဳ ျဖစ္တယ္ ဆုိရင္ မိမိရႏိုင္မယ့္ အလုပ္တစ္ခုကို ေရြးလိုက္ပါ။ ဒါေပမယ့္ မိမိ ေလွ်ာက္လမ္းခ်င္တဲ့ လမ္းေၾကာင္းနဲ႔ ျပဒါးတစ္လမ္း၊ သံတစ္လမ္း ျဖစ္ေနရင္ေတာ့ မေလွ်ာက္မိ ပါေစနဲ႔။ မိမိ ေရြးခ်ယ္မယ့္ လမ္းနဲ႔ မနီးမေဝးလမ္းကို ေလွ်ာက္ပါ။ ဥပမာ ကိုယ္က နတ္ေဝ့ါအင္ဂ်င္နီယာ ျဖစ္ခ်င္တယ္ ဆုိရင္ ရံုးတြင္း ကြန္ျပဴတာျပင္ အုိင္တီ သမား အျဖစ္ စတင္ လုပ္ကိုင္မိျခင္းကလည္း ပထမ ေျခလွမ္းတစ္ခုပါပဲ။ မိမိဟာ ကုန္ပစၥည္းတစ္ခုရဲ႕ မန္ေနဂ်ာ၊ မာကဲတင္း မန္ေနဂ်ာ ျဖစ္ခ်င္တယ္ ဆုိရင္ ယင္းအလုပ္ရဲ႕ ေအာက္ေျခသိမ္း မာကဲတင္း ဝန္ထမ္း၊ ပစၥည္း အဝယ္ေတာ္ ဝန္ထမ္း အစရွိသျဖင့္ တို႔ကေန စတင္ျခင္း တို႔ဟာလည္း ပထမ ေျခလွမ္းပါပဲ။ ေအာင္ျမင္မွုမွာ ျဖတ္လမ္း မရွိပါ။ အရာအားလံုးကို သုညကေန စတင္ရျပီး မန္ေနဂ်ာ ျဖစ္ခ်င္ရင္ မန္ေနဂ်ာရဲ႕ အလုပ္သမား အရင္ ျဖစ္ဖို႔ လိုအပ္ပါလိမ့္မယ္။ သူေဌးျဖစ္ခ်င္ရင္ သူေဌးရဲ႕ တပည့္ဘဝကေန စတင္ ၾကိဳးစားရပါလိမ့္မယ္။ ဒီေတာ့ ပထမဆံုး အလုပ္ တစ္ခုခုကို စတင္ လုပ္ၾကည့္လိုက္ပါ။ ဒီအတြက္ အလုပ္ရွာမယ္ဆုိရင္ စီနီယာေတြနဲ႔လည္း သိတယ္။ စာဖတ္မ်ား ဗဟုသုတလည္း ၾကြယ္ေတာ့ အလုပ္ တစ္ခုခုကို ရဖုိ႔ ခက္မွာမဟုတ္ေတာ့ ပါဘူး။ ျမိဳ႕တစ္ပတ္ ေျခတိုေအာင္ ေလွ်ာက္လို႔ အလုပ္ေလွ်ာက္လႊာသာ လိုက္တင္။ တစ္ခုမဟုတ္ တစ္ခုေတာ့ ရပါလိမ့္မယ္။

၇) ၾကိဳက္ရင္ ဆက္လုပ္ပါ။ မၾကိဳက္ရင္ ေနာက္တစ္ခု ေျပာင္းပါ

ၾကိဳက္ရင္ ဆက္လုပ္ မၾကိဳက္ရင္ ေနာက္တစ္ခု ေျပာင္းလုပ္ပါ ဆုိတာ အလုပ္တစ္ခုခုကို စလုပ္ျပီး ၆ လ အၾကာမွာ မိမိ ဆံုးျဖတ္ရမယ့္ ကိစၥ ျဖစ္ပါတယ္။ မိမိေရြးခ်ယ္တဲ့ လမ္းက ကိုယ္တကယ္ပဲ လုပ္ခ်င္တဲ့ အရာကုိသြားဖို႔အတြက္ လမ္းေၾကာင္း ျဖစ္္ေတနယ္ဆုိရင္ ဆက္လုပ္နုိင္ရပါမယ္။ စိတ္ရွည္ရပါမယ္။ သည္းခံ ႏုိင္ရပါမယ္။ အကယ္၍ မဟုတ္ဘူး။ မိမိဟာ ဒီအေပၚမွာ မေပ်ာ္ေသးဘူး ဆုိရင္ေတာ့ ေျပာင္းႏိုင္ ပါတယ္။ ေျပာင္းႏုိင္တဲ့ သတၱိလည္း ရွိဖုိ႔ လိုအပ္ ပါလိမ့္မယ္။

၈) ခံစားခ်က္ကို ဦးစားမေပးပါနဲ႔၊ ေသာက္စားမလြန္က်ဴးပါနဲ႔

လူငယ္မုိ႔လို အခ်စ္ေရးမွာ အခ်ိန္ေပးခ်င္တာ သဘာဝပါ။ ဒါေပမယ့္ ဒါဟာ ေလာေလာဆယ္ င့ါအတြက္ အေရးၾကီးဆံုး အရာ တစ္ခု မဟုတ္ပါဘူး ဆုိတာကို သိထားဖို႔ လိုအပ္ ပါေသးတယ္။ အခ်ိဳ႕က အသဲေတြ ကြဲျပီး မစားႏုိင္၊ မအိပ္ႏိုင္၊ အလုပ္မလုပ္ႏိုင္တုိ႔ ျဖစ္ျပီး ဘဝလမ္းေၾကာင္း ေပ်ာက္တာမ်ိဳးတို႔ကို ျမင္ဖူးပါတယ္။ ဒါေၾကာင့္မို႔ ခံစားခ်က္ကို ဦးစားေပးတဲ့ သူမ်ားဟာ သူတို႔ရဲ႕ လမ္းေၾကာင္းမွ ေရာက္သင့္သေလာက္ မေရာက္ပဲ က်ရွံုးတာေတြ ျမင္ေတြ႔ရပါတယ္။ ပ်က္ဆီးသြားတာကို ျမင္ေတြ႔ ရပါတယ္။ ျပီးေတာ့ ေနာက္ဆက္တြဲ အေနနဲ႔ ေသာက္ၾက စားၾကျပီး အရက္ေသစာနဲ႔ ကာမဂုဏ္မ်ားအေပၚ အာရံုလြန္သြားတဲဲ့ အခါ ဘဝတိုးတက္ရာ ရွာဖို႔ ေမ့ျပီး အခ်ိန္ေတြကို မကုန္သင့္ပဲ ကုန္ေစသြားမွာ ျဖစ္ပါတယ္။ ဒီေတာ့ ခံစားခ်က္ကို ဦးစားေပးျခင္း၊ ေသာက္စားျခင္း တို႔က ဘဝကို မတိုးတက္ပဲ လမ္းေပ်ာက္ေစတဲ့ အေၾကာင္းျပခ်က္ေတြ ပါပဲ။

အထက္ပါ အခ်က္မ်ားကို သိရွိျပီး က်င့္သံုးမိသြားရင္ အေျခအေန အထိုက္အေလ်ာက္ တစ္ခုအထိ အဆင္ေျပလာတာကို ခံစားမိပါလိမ့္မယ္။ ယင္းအခ်က္ေတြအတိုင္း သြားေနသည့္တိုင္ လမ္းေပ်ာက္ေနေသးတယ္ ဆုိရင္ ဗဟုသုတ ထပ္မ်ားေအာင္ လုပ္ပါ။ အားကစား တစ္ခုခု လုပ္ပါ။ တရားထုိင္ပါ။ ရုပ္ရွင္ၾကည့္ပါ။ စီနီယာမ်ားနဲ႔ မိတ္ေဆြဖြဲ႔ၾကည့္ပါ။ လမ္းေၾကာင္းတူမ်ားနဲ႔ မိတ္ေဆြဖြဲ႔ၾကည့္ပါ။ အလုပ္ တစ္ခု ျပန္စလုပ္ၾကည့္ပါ။ အစရွိသျဖင့္ လမ္းစဥ္အတုိင္းကို အသံုးခ်ျပီး သြားမယ္ ဆုိရင္ ေနာက္ထပ္ လမ္းေပ်ာက္စရာ အေၾကာင္း မရွိေတာ့ပါဘူး။ ဒါေတာင္ လမ္းေပ်ာက္ေနေသးတယ္။ ဘဝ ရည္မွန္းခ်က္ ပန္းတိုင္မဲ့ေနေသးတယ္ ဆုိရင္ ေသခ်ာပါတယ္။ မိတ္ေဆြမွာ ထက္သန္တဲ့ ၾကိဳးစားခ်င္စိတ္ မရွိလို႔ပါ။ တစ္ခုခုကကို လြယ္တကူ လက္ေျမာက္ အရွံုးေပးတတ္လို႔ ျဖစ္ပါတယ္။ ဒီေတာ့ ဘာပဲ လုပ္လုပ္ အဆင္ေျပမွာ မဟုတ္ပါဘူး။

တစ္ခုခုကို လုပ္တဲ့အခါ လြယ္တကူ လက္ေျမာက္ အရွံုးမေပးတတ္သူ၊ ထက္သန္စြာ ၾကိဳးစားသူမ်ားက လမ္းမေပ်ာက္ေတာ့ ပါဘူး။ ကိုယ္ေရြးခ်ယ္တဲ့ လမ္းေၾကာင္းေပၚကို ေရာက္ျပီ ဆုိရင္လည္း လုပ္ငန္းခြင္ဘဝမွာ ဆက္ဆံေရး အဆင္ေျပေအာင္ ေနရပါမယ္။ အလုပ္ရဲ႕ သေဘာတရားကို ေကာင္းေကာင္း ေလ့လာ သိရွိျပီး ၾကိဳးစားရပါမယ္။ အလုပ္တစ္ခုကေန တစ္ခု အေတြ႔အၾကံဳေတြ ရင့္က်က္ျပီး မိမိဟာ ပိုလို႔ တန္ဖိုးရွိတယ္လို႔ ျမင္လာရင္ အေတြ႔အၾကံဳအသစ္မ်ား ဆက္လက္ ရယူဖို႔ လိုအပ္ပါမယ္။ ကုမၸဏီ ေနာက္တစ္ခု ေျပာင္းလုပ္ရင္ လုပ္ရမယ္။ ဆက္ပဲ လုပ္ရင္လည္းလည္း လုပ္ျဖစ္မယ္။ ဒါေပမယ့္ မိမိ တတ္တဲ့ ပညာကိုသာ အသံုးခ်လို႔ လုပ္ကိုင္ရတဲ့ အလုပ္ပဲ ျဖစ္ပါေစ။ အလုပ္မွာ ေပ်ာ္ပါေစ။ ဒါဆုိရင္ လမ္းမေပ်ာက္ေတာ့ပဲ လမ္းေဖာက္ေပးသူ တစ္ဦးအထိ ျဖစ္လာျပီး မိမိဟာ အလုပ္မရွိ၊ Career lost ျဖစ္ေနသူမ်ားအတြက္ ဦးေဆာင္လမ္းျပ ေပးသူေတာင္ ျဖစ္လာ ပါလိမ့္မယ္။

ေအာင္ခမ္း (ရိုးရာေလး)
LOOK Magazine - Myanmar တြင္လည္း ေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။
#angkham_yyl
#articles_yyl

(Unicode version)

လူငယ်တို့ လမ်းမပျောက်ဖို့ နည်းလမ်း

ယနေ့ခေတ် လူငယ်လို့ ဆိုရင် မြန်မာပြည် တစ်ပြည်တည်း မဟုတ်ပါဘူး။ အမေရိကန်၊ အင်္ဂလန်နဲ့ အခြားသော ဥရောပနဲ့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံများမှာတောင် ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ခုက လူငယ်များ လမ်းပျောက်ခြင်း ဖြစ်ပါတယ်။ လမ်းပျောက်ခြင်း ဆိုတာ လျှောက်နေတဲ့ လမ်း ပျောက်သွားတာကို ဆိုလိုခြင်း မဟုတ်ပဲ မိမိတို့ လုပ်ကိုင်ချင်တာဘာမှန်းကိုတောင် မသိတဲ့ အဆင့်အထိ ရောက်ရှိသွားရတဲ့ အခြေအနေ ဖြစ်ပါတယ်။ Career losing ဖြစ်တယ်ဆိုတဲ့ ပြဿနာနဲ့ အလုပ်လက်မဲ့ ဖြစ်ခြင်းပြဿနာက ဆက်ဆံ နေတော့ ဒါဟာ တိုင်းပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ် အပေါ်မှာ များစွာ ဆိုးကျိုး သက်ရောက်မှု ရှိပါတယ်။ ဗြိတိန်နိုင်ငံမှာ ဆိုရင် လူငယ်များကို ကော်ဖီဆိုင် စားပွဲထိုး လုပ်ခိုင်းတဲ့အထိ အလုပ်သမား ဝန်ကြီးချုပ်တို့ ကိုယ်တိုင် ပြောယူရတဲ့ အခြေအနေ တစ်ခု ၂၀၁၄ ခုနှစ်အတွင်းမှာ ဖြစ်ခဲ့ပါတယ်။ ဒါတွေရဲ့ ပြဿနာ ဟာ ဘယ်က စလည်းလို့ အခြေခံကို လေ့လာကြည့်တော့ လူငယ်များ လမ်းပျောက်နေခြင်း ဖြစ်ပါတယ်။

၁) ဗဟုသုတ ကြွယ်ပါစေ

ဗဟုသုတ ကြွယ်ဖို့ရာ ပြောရန်လွယ်ပေမယ့် လုပ်ယူဖို့ ကျတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကြိုးစားမှုနဲ့ ဆိုင်ပါတယ်။ စာများများ ဖတ်ခြင်း အလေ့အထ တစ်ခု ရှိရပါမယ်။ ပညာမှာ သိစရာ ပညာနဲ့ တတ်စရာ ပညာ ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ လုပ်ကိုင်ဖို့အတွက် တတ်စရာ ပညာ တစ်ခုရှိရင်ရပေမယ့် ဘဝမှာ အသက်ရှင် တဲ့အခါ အဘက်ဘက်က လုံခြုံနေအောင် ပိုပြီးတော့ အလုပ်အကိုင်တွေ တိုးတက် မြင့်မားလာအောင် သိစရာ ပညာ ကလည်း လိုအပ်ပါသေးတယ်။ ကိုယ်က အင်ဂျင်နီယာ ဖြစ်ပေမယ့် ကျန်းမာရေးနဲ့ ပက်သက်လို့ ဖြစ်တတ် တာလေးတွေ၊ ရှောင်ရမယ့် ဟာလေးတွေ သိဖို့လိုမယ်။ အင်္ဂါဂြိုလ်ကို ဘယ်သူတွေ သွားနေပြီ ဆိုတာ သိရမယ်။ တိုင်းရေး ပြည်ရေး စိတ်မဝင်စားလို့မရ။ တိုင်းရေးပြည်ရေး ဖြစ်ပျက်မှုများကိုလည်း သိအောင် စောင့်ကြည့် လေ့လာထားဖို့ လိုအပ်ပါမယ်။ ပတ်ဝန်းကျင်က ဖြစ်ပျက်နေတာကို သိတော့ ကိုယ့်အတွက် ဘာလေး လုပ်ရင်တော့ ဘာလေး ဖြစ်လာကောင်းနိုင်တယ် ဆိုတဲ့ အားသာချက် တစ်ခုကို ရစေမှာ ဖြစ်ပါတယ်။ လမ်းတစ်ခု လျှောက်ရင် တည့်တည့်ပဲ ကြည့်လျှောက်နေလို့ မရ။ ဘေးမှာ ရေအိုးစဉ်လေးများ ရှိလေမလား၊ အရိပ်ခို ခဏနားစရာလေးများ ရှိမလား ကြည့်ရသလိုပဲ ဘေးဘယ်ညာ ပတ်ဝန်းကျင်ကို အချိန်နဲ့ ကာလ မပြတ် လေ့လာ ထားနိုင်တော့ မိမိဟာ အသိပညာ ကြွယ်ဝသူ တစ်ဦး ဖြစ်လာမှာ ဖြစ်ပါတယ်။

၂) အားကစား တစ်ခုခု လုပ်ပါ

စိတ်နဲ့ ခန္ဓာဟာ ဆက်စပ်မှု ရှိပါတယ်။ စိတ်ပင်ပန်းရင် ကိုယ်က ဘာမှ မလုပ်နိုင်သလို၊ ကိုယ်ပင်ပန်းရင်လည်း စိတ်က မသက်သာပါဘူး။ ဆန့်ကျင်အားဖြင့် ဆိုရရင် ကိုယ်ခန္ဓာက ကျန်းမာသန်စွမ်းနေရုံမက သွက်လက် လန်းဆန်း နေတဲ့အခါ စိတ်ပိုင်းဆိုင်ရာမှာလည်း တက်ကြွနေတတ် ပါတယ်။ ဥပမာ မနက် ထပြေးခြင်း၊ ဘောလုံးကန်ခြင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းကို အပတ်စဉ် ပုံမှန် ပြုလုပ်ခြင်း၊ ရေကူးခြင်း၊ မီတာရှည် လမ်းလျှောက်ခြင်း အစရှိသဖြင့် အားကစား တစ်မျိုးမျိုး တို့ကို စွဲမြဲ ပြုလုပ်နိုင်ပါက ကိုယ်လည်း ကျန်းမာ သလို စိတ်လည်း တက်ကြွနေပါလိမ့်မယ်။ စိတ်ဖိစီးလာတဲ့အခါ အကောင်းဆုံး ကုသနည်းထဲမှာ အားကစားလည်း ပါဝင် ပါတယ်။ မြန်မာပြည်မှာ အလည်အပတ် ရောက်နေတဲ့ လာရောက် အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားများ ကို ကြည့်လိုက်ပါ။ အားကစား တစ်ခု သို့မဟုတ် တစ်ခုထက် မကကို အမြဲ လိုလို လေ့လာ လိုက်စားပြီး သွက်လက် ဖြတ်လတ် နေကြပါတယ်။ အားကစား လုပ်ဖို့ရာ ငွေအများကြီး ရှိမှ မဟုတ်။ မနက်ထပြေးခြင်း တို့လို အားကစား နည်းက ငွေတောင် အကုန်အကျ မရှိပါဘူး။ အားကစားလုပ်ပိုင်ခွင့်ဟာ လူတန်းစား ပေါင်းစုံ ရရှိထားတဲ့ အခွင့်အရေး တစ်ခု ဖြစ်ပါတယ်။

၃) တရားထိုင်ပါ
တရားထိုင်ခြင်းဖြင့်လည်း မိမိ ဘာကြောင့် လမ်းပျောက်နေတယ်။ မိမိ ဘာလုပ်သင့်တယ် ဆိုတာတွေကို ခွဲခြမ်း စိတ်ဖြာ လေ့လာမိသွားမှာ ဖြစ်ပါတယ်။ တရားထိုင်ပြီး တရားသဘောတွေ ဘယ်လောက်ပဲ ရှုရှု လူငယ်ဆိုတာ ကတော့ အတွေးက ဂယောက်ဂယက် ခတ်မှာ ပါပဲ။ ယင်း ယောက်ယက်ခက်တဲ့ အတွေးကို မိမိ လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ် သို့တည်းမဟုတ် မလုပ်မကိုင်ရပဲ ဖြစ်နေတဲ့ ဘဝအကြောင်းကို တွေးလိုက်ပါ။ တွေးရင်းနဲ့ မိမိရဲ့ အးနည်းချက်တွေ၊ အားသာချက်တွေ တွေ့မြင်လာပါ လိမ့်မယ်။ ကိုယ် ဘာလုပ်သင့်တယ် မလုပ်သင့်ဘူး ဆိုတာကို သိမြင်လာပါ လိမ့်မယ်။

၄) ရုပ်ရှင် ကြည့်ပါ

လူတိုင်းတော့ မဟုတ် ပေမယ့် အချို့သော လူများက ရုပ်ရှင်ဇာတ်ကား ကြည့်ရှုပြီး ယင်း ဇာတ်ကား ကနေ ပညာ အပြင် စိတ်ဓာတ် တွန်းအား များပါ ရရှိပြီး ပိုတက်ကြွလာတာမျိုး ရှိပါတယ်။ ယခု စာရေးသူ ကိုယ်တိုင် သမိုင်း ရုပ်ရှင်၊ ခေတ်လွန် သိပ္ပံရုပ်ရှင်နဲ့ ကြိုးစားသူများအကြောင်း ရိုက်တဲ့ ဒရာမာ ရုပ်ရှင် များကို ကြည့်တဲ့ အခါ သူတို့တွေ ဘာကြောင့် သေရတယ်။ အောင်မြင်ရတယ် အစရှိသဖြင့် လေ့လာ မြင်တွေ့ ရပါတယ်။ ရုပ်ရှင်ကို အပျော် အနေနဲ့ မကြည့်ပဲ သူတို့တွေရဲ့ ယဉ်ကျေးမှု၊ ပညာ၊ ဗဟုသုတနဲ့ ဘာသာစကား အသုံးအနှုန်း များကို လေ့လာတတ်မယ် ဆိုရင် လေ့လာစရာတွေ အများကြီးပါ။ SteveJob အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်၊ SteveJob နဲ့ Billl Gate တို့ ယှဉ်ပြိုင်တဲ့အကြောင်း ရိုက်ထားတဲ့ Pirates of Silicon Valley အစရှိသဖြင့် ရုပ်ရှင် အများ အပြင် မွန်ဂိုလီယား အင်ပါယာကို တည်ထောင်ခဲ့သူရဲ့ သမိုင်းကြောင်းကို ရိုက်တဲ့ Mongol လို့ အမည်ရတဲ့ ရုပ်ရှင် အစရှိသဖြင့်တို့ဟာ မိမိကို တွေးခေါ်လိုစိတ်၊ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချနိုင်စိတ်၊ သတ္တိစိတ် များကို ဖြစ်ပေါ်စေပါတယ်။

၅) စီနီယာ များနဲ့ မိတ်ဆွေဖွဲ့ပါ

နေရာတိုင်းမှာ စီနီယာများ ရှိပါတယ်။ စီနီယာလို့ ဆိုတဲ့အခါ ဆရာများလည်း ပါကောင်းပါမယ်။ ကိုယ့်အထက် အသက်ကြီးသူလည်း ပါမယ် အသက်ငယ်ပေမယ့် အလုပ်လုပ်သက် ရင့်သူများလည်း ပါမယ်။ သူတို့တွေနဲ့ မိတ်ဖွဲ့ပြီး စကားများ ပြောဆိုဖြစ်တဲ့အခါ သူတို့ရဲက အကြောင်းတွေ သိလာမယ်။ ကိုယ့်အနေနဲ့ ဘယ်လမ်းကို လျှောက်ရမယ် ဆိုတာကို သူတို့ရဲ့ တိုက်တွန်းချက်များ ရရှိစေမယ်။ ကိုယ်တိုင်လည်း အင်အားသစ်များ ရရှိပြီး သူတို့တောင် လုပ်နိုင်သေးတာ ငါဘာလို့ မရနိုင်ရမှာလည်း ဆိုတဲ့ စိတ်ဓာတ်ကို ရရှိစေပါတယ်။ မိမိရဲ့ တိုးတက်မှု ကျဆုံးမှုဟာ မိမိအမြဲ ပေါင်းသင်းနဲ့ မိတ်ဆွေနဲ့လည်း သက်ဆိုင်ပါတယ်။ မိမိမှာ မိတ်ဆွေသူငယ်ချင်း အမျိုးမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် အလုပ်မရှိ၊ ပညာနည်းတဲ့ မိတ်ဆွေများနဲ့ မိမိအချိန်များကို သိပ်မကုန်ဆုံး မိပါစေနဲ့။ ဒါဟာ လူတန်းစား ခွဲခြားခြင်း မဟုတ်။ သူတို့တွေ အကူအညီတောင်းရင် ကူညီပေးပါ။ ဖေးမပေးပါ။ လမ်းပြပေးပါ။ ဒါပေမယ့် မလိုအပ်ပဲ သူတို့နဲ့ လက်ဘက်ရည်ဆိုင် ထိုင်ခြင်း၊ ဂိမ်းနှိပ်ခြင်း၊ လျှောက်လည်ခြင်းတို့သာ လုပ်ရင် သင်ဘာမှ ရလိမ့်မှာ မဟုတ်ပါဘူး။ သူတို့ဆီမှာ အလုပ်နဲ့ ပက်သက်ပြီး ဘဝနဲ့ ပက်သက်ပြီး အတွေးအခေါ်ကောင်းများ ရဖို့ မလွယ်ပါဘူး။ မိမိဟာ တိုးတက်ချင်ရင် တိုးတက်ချင်သော စိတ်များ ရှိသူများနဲ့ ပေါင်းသင်းတတ်ဖို့ လိုအပ် ပါတယ်။ အချို့ကျတော့လည်း မိမိသာ တိုးတက်ရင် တိုးတက်မယ်၊ အပေါင်းအသင်း မိတ်ဆွေကို မတိုးတက်စေချင်ပဲ ပညာလျှို၊ ချောက်တွန်းသော လူမျိုးလည်း ရှိပါ လိမ့်မယ်။ ဒါမျိုးကိုလည်း ရှောင်ပါ။

၆) အလုပ် တစ်ခုခု စလုပ်ကြည့်ပါ

အလုပ် တစ်ခုကို စရွေးတဲ့အခါ မိမိ လုပ်ချင်တာနဲ့ ထိပ်တိုက်တိုးရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ပထမဦးဆုံး အလုပ်အတွေ့အကြုံ ဖြစ်တယ် ဆိုရင် မိမိရနိုင်မယ့် အလုပ်တစ်ခုကို ရွေးလိုက်ပါ။ ဒါပေမယ့် မိမိ လျှောက်လမ်းချင်တဲ့ လမ်းကြောင်းနဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေရင်တော့ မလျှောက်မိ ပါစေနဲ့။ မိမိ ရွေးချယ်မယ့် လမ်းနဲ့ မနီးမဝေးလမ်းကို လျှောက်ပါ။ ဥပမာ ကိုယ်က နတ်ဝေါ့အင်ဂျင်နီယာ ဖြစ်ချင်တယ် ဆိုရင် ရုံးတွင်း ကွန်ပြူတာပြင် အိုင်တီ သမား အဖြစ် စတင် လုပ်ကိုင်မိခြင်းကလည်း ပထမ ခြေလှမ်းတစ်ခုပါပဲ။ မိမိဟာ ကုန်ပစ္စည်းတစ်ခုရဲ့ မန်နေဂျာ၊ မာကဲတင်း မန်နေဂျာ ဖြစ်ချင်တယ် ဆိုရင် ယင်းအလုပ်ရဲ့ အောက်ခြေသိမ်း မာကဲတင်း ဝန်ထမ်း၊ ပစ္စည်း အဝယ်တော် ဝန်ထမ်း အစရှိသဖြင့် တို့ကနေ စတင်ခြင်း တို့ဟာလည်း ပထမ ခြေလှမ်းပါပဲ။ အောင်မြင်မှုမှာ ဖြတ်လမ်း မရှိပါ။ အရာအားလုံးကို သုညကနေ စတင်ရပြီး မန်နေဂျာ ဖြစ်ချင်ရင် မန်နေဂျာရဲ့ အလုပ်သမား အရင် ဖြစ်ဖို့ လိုအပ်ပါလိမ့်မယ်။ သူဌေးဖြစ်ချင်ရင် သူဌေးရဲ့ တပည့်ဘဝကနေ စတင် ကြိုးစားရပါလိမ့်မယ်။ ဒီတော့ ပထမဆုံး အလုပ် တစ်ခုခုကို စတင် လုပ်ကြည့်လိုက်ပါ။ ဒီအတွက် အလုပ်ရှာမယ်ဆိုရင် စီနီယာတွေနဲ့လည်း သိတယ်။ စာဖတ်များ ဗဟုသုတလည်း ကြွယ်တော့ အလုပ် တစ်ခုခုကို ရဖို့ ခက်မှာမဟုတ်တော့ ပါဘူး။ မြို့တစ်ပတ် ခြေတိုအောင် လျှောက်လို့ အလုပ်လျှောက်လွှာသာ လိုက်တင်။ တစ်ခုမဟုတ် တစ်ခုတော့ ရပါလိမ့်မယ်။

၇) ကြိုက်ရင် ဆက်လုပ်ပါ။ မကြိုက်ရင် နောက်တစ်ခု ပြောင်းပါ

ကြိုက်ရင် ဆက်လုပ် မကြိုက်ရင် နောက်တစ်ခု ပြောင်းလုပ်ပါ ဆိုတာ အလုပ်တစ်ခုခုကို စလုပ်ပြီး ၆ လ အကြာမှာ မိမိ ဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်ပါတယ်။ မိမိရွေးချယ်တဲ့ လမ်းက ကိုယ်တကယ်ပဲ လုပ်ချင်တဲ့ အရာကိုသွားဖို့အတွက် လမ်းကြောင်း ဖြစ်တေနယ်ဆိုရင် ဆက်လုပ်နိုင်ရပါမယ်။ စိတ်ရှည်ရပါမယ်။ သည်းခံ နိုင်ရပါမယ်။ အကယ်၍ မဟုတ်ဘူး။ မိမိဟာ ဒီအပေါ်မှာ မပျော်သေးဘူး ဆိုရင်တော့ ပြောင်းနိုင် ပါတယ်။ ပြောင်းနိုင်တဲ့ သတ္တိလည်း ရှိဖို့ လိုအပ် ပါလိမ့်မယ်။

၈) ခံစားချက်ကို ဦးစားမပေးပါနဲ့၊ သောက်စားမလွန်ကျူးပါနဲ့

လူငယ်မို့လို အချစ်ရေးမှာ အချိန်ပေးချင်တာ သဘာဝပါ။ ဒါပေမယ့် ဒါဟာ လောလောဆယ် ငါ့အတွက် အရေးကြီးဆုံး အရာ တစ်ခု မဟုတ်ပါဘူး ဆိုတာကို သိထားဖို့ လိုအပ် ပါသေးတယ်။ အချို့က အသဲတွေ ကွဲပြီး မစားနိုင်၊ မအိပ်နိုင်၊ အလုပ်မလုပ်နိုင်တို့ ဖြစ်ပြီး ဘဝလမ်းကြောင်း ပျောက်တာမျိုးတို့ကို မြင်ဖူးပါတယ်။ ဒါကြောင့်မို့ ခံစားချက်ကို ဦးစားပေးတဲ့ သူများဟာ သူတို့ရဲ့ လမ်းကြောင်းမှ ရောက်သင့်သလောက် မရောက်ပဲ ကျရှုံးတာတွေ မြင်တွေ့ရပါတယ်။ ပျက်ဆီးသွားတာကို မြင်တွေ့ ရပါတယ်။ ပြီးတော့ နောက်ဆက်တွဲ အနေနဲ့ သောက်ကြ စားကြပြီး အရက်သေစာနဲ့ ကာမဂုဏ်များအပေါ် အာရုံလွန်သွားတဲ့ အခါ ဘဝတိုးတက်ရာ ရှာဖို့ မေ့ပြီး အချိန်တွေကို မကုန်သင့်ပဲ ကုန်စေသွားမှာ ဖြစ်ပါတယ်။ ဒီတော့ ခံစားချက်ကို ဦးစားပေးခြင်း၊ သောက်စားခြင်း တို့က ဘဝကို မတိုးတက်ပဲ လမ်းပျောက်စေတဲ့ အကြောင်းပြချက်တွေ ပါပဲ။

အထက်ပါ အချက်များကို သိရှိပြီး ကျင့်သုံးမိသွားရင် အခြေအနေ အထိုက်အလျောက် တစ်ခုအထိ အဆင်ပြေလာတာကို ခံစားမိပါလိမ့်မယ်။ ယင်းအချက်တွေအတိုင်း သွားနေသည့်တိုင် လမ်းပျောက်နေသေးတယ် ဆိုရင် ဗဟုသု

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။