.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)#aungkham_yyl
#news_yyl
www.yoyarlay.com
(Unicode version)
စာတော်၊ စိတ်ထားကောင်း၊ ကယ်ဆယ်တတ်သူ နီပေါလူငယ်လေး
Ishwor Ghimire လို့ အမည်ရတဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်လေး တစ်ယောက် မြေငလျင်လှုပ်တဲ့ နေ့မှာ အလုပ်များနေခဲ့တယ်။ အကြောင်းကတော့ သူဟာ မြို့ထဲက မြေငလျင်လှုပ်လှုပ်ယက်ယက်ဖြစ်နေတဲ့ မြို့ထဲမှာ ကလေးတွေ ကျန်လို့ကျန်ညား လိုက်လံ ရှာဖွေ ကယ်ဆယ်နေလို့ ဖြစ်ပါတယ်။ ကြောက်လွန်းလို့ အိမ်ထဲကနေ ထွက်မလာရဲတဲ့ ကလေးတွေ၊ အပျက်အဆီးတွေ ကြားထဲ ကူသူမယ့်နေတဲ့ ကလေးငယ်များကို သူတစ်ယောက်တည်း အားနဲ့ ကယ်ထုတ် ပါတယ်။
စုစုပေါင်း ၅၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး မြို့ထဲက ပန်းခြံတစ်ခုမှာ မိုးကာနဲ့ တဲထိုးပြီး နေစေပါတယ်။ မြေငလျင်ကြီး ပြီးသွားတဲ့အချိန် သေရင်သေ၊ မသေရင် ဒုက္ခိတဘဝ ရောက်ဖို့ ဖြစ်နိုင်ချေ များတဲ့ ကလေးငယ်များဟာ ဘေးမသိ ရန်မခနဲ့ အသက်ရှင်ကျန်ခဲ့ ပါတယ်။ Iswhwor ဟာ အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်။ သူကိုယ်တိုင်ဟာ မိဘမဲ့ ကလေးဂေဟာကနေ ကြီးပျင်းလာသူ ဖြစ်ပါတယ်။ ပညာထူးချွန်မှုကြောင့် ဩစတေးလျသို့ ပညာတော်သင် သွားရောက်ခွင့် ရခဲ့ပြီး ယခုနှစ် နီပေါကို ခဏပြန်လာသူ ဖြစ်ပါတယ်။
သူရောက်ရှိနေချိန် လူသား အကျိုးအကောင်းဆုံး သယ်ပိုးနိုင်ခဲ့လို့ လူငယ်လေးရဲ့ သတင်းဟာ မွေးကြိုင်လျက် ရှိပါတယ်။ စာတော်တယ်။ ရုပ်ချောတယ်၊ လက်ရေးလှတယ် ဆိုတာ နောက်ပြောင်တဲ့ စကားတစ်ခုလို့ အများစု ထင်ကြပေမယ့် ယခုလို စာတော်၊ စိတ်ထားလှ၊ ကူညီတတ်သူ လူစွမ်းကောင်းတွေလည်း အများကြီး ရှိနေပါ သေးဆိုတာ သိလိုက်ရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။