ဒေါ်ခင်ကြည်ပြောတဲ့ လူငါးယောက်အကြောင်း
အပိုင်း (၂)
တို့ဗမာ Dobama
ဓာတ်ပုံ – မြန်မာသစ် မဂ္ဂဇင်း
-------------------------- ------
နောက် တယောက်က နာမည်ကြီး ခေါင်းဆောင်ဟောင်းကြီးတဦး၊ ဝန်ကြီးချုပ်တဦးအဖြစ် လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ က ၁၉၆၂ အထိ ဆောင်ရွက်ခဲ့တဲ့ ဦးနုပါ။
နောက် ကွန်မြူနစ်တွေကို တောထဲ မောင်းချလိုက်တာ၊ ဆက်တိုက်ဆိုသလို ပြည်တွင်းစစ်ကြီး ကျယ်ပြန့်ကြီးမားလာတာ၊ ပြည်တွင်းစစ်ကို အကြောင်းပြပြီး ဗိုလ်နေဝင်းက စစ်တပ်တိုးချဲ့တာ၊ စစ်အုပ်စုကို အားကောင်းအောင် လုပ်လာတဲ့ အထိပဲ။
၁၉၅၈ ခုနှစ်မှာ ဗိုလ်နေဝင်းကို ဦးနုက နိုင်ငံတော် အာဏာ လွှဲပြောင်းပေးအပ်ပြီး အိမ်စောင့်အစိုးရ အဖြစ် အုပ်ချုပ်စေတာ။
အဲဒီထဲမှာ ပြည်တွင်းစစ် ရပ်စဲပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့၊ နှစ်ဘက် တန်းတူရည်တူ ဆွေးနွေး၊ သင်ပုန်းခြေ စတဲ့ နည်းတွေ သုံးရမယ့် အစား တဘက် လက်နက်ကိုင် အင်အားစုတွေ လက်နက်ချ၊ အညံ့ခံဖို့ကိုသာ တလျှောက်လုံး တောင်းဆိုခဲ့တာ ဖြစ်တယ်။ ဒီလို လုပ်တာဟာ ဗိုလ်နေဝင်း စစ်တပ် နဲ့ ဆိုရှယ်လစ် ဒီမိုကရက်တွေ အကြိုက် လုပ်တာပဲ။
တကယ် ဒီလိုဖြစ်လာတာဟာ ဦးနုမှာ တာဝန်ရှိတယ်။ ဦးနုဟာ သူတပါးပြောတာကို ယုံလွယ်တယ် ။ တရှူးထိုး လုပ်တတ်တယ်။ ဒါဟာ သူ့ရဲ့ အားနည်းချက်ပဲ။ ဒီအားနည်းချက်ဟာ သူ့အတွက် အန္တရာယ် ဖြစ်လာတာပဲလေ။
* * * * *
နောက်တယောက်က ဗိုလ်ချုပ်ကြီးနေဝင်း။
မင်းကို နောက်တယောက် အကြောင်း ပြောပြဦးမယ်။ အဲ.. သူကလည်း တို့ဗမာ့သမိုင်းမှာ တခန်း၊ တကဏ္ဍ တော့ အရှိသား။
၁၉၆၀ ရွေးကောက်ပွဲ ပြီးစမှာ “ကိုကြီးနု ရွေးကောက်ပွဲမှာ ခြိမ်းခြောက် မဲထည့်ခိုင်းတဲ့ ကိစ္စတွေမှာ ကျွန်တော်နဲ့ လုံးဝ မသက်ဆိုင်ပါ။ ဗိုလ်အောင်ရွှေ တို့ အုပ်စု လုပ်တာသာ ဖြစ်တယ်။ ကိုကြီးနု သိတဲ့အတိုင်း လွတ်လွတ်လပ်လပ် မဲပေးဖို့ ရေဒီယိုက ပြောခဲ့တာပါ” လို့ သတင်းပို့သတဲ့။ ဒါဟာလည်း ဗိုလ်နေဝင်းကို ဦးနု ယုံကြည်စရာ အချက်ပေါ့။
တနည်းအားဖြင့် ဗိုလ်နေဝင်းက ဦးနုကို အယုံသွင်းလိုက်တာ။
နောက်တနည်းပြောရရင် အစက သူ့ကို ဗုံမြှောက်ပေးခဲ့တဲ့၊ သူ့ကို ခေါင်းဆောင် အဖြစ် မွေးခဲ့တဲ့ ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စုကို တန်ပြန်ထိုးနှက်ဖို့ အင်အားစု လိုက်တာပဲ။ ဒါကိုလည်း ဦးနုက ယုံပေးလိုက်တဲ့အခါ သူ့ကို ပုခုံးပေါ် ထမ်းတင်ပေးခဲ့တဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေစတဲ့ ဆိုရှယ်လစ် စစ်ဗိုလ်တွေကို ဖြုတ်လိုက်တာကိုး။ ဒီလို လုပ်လိုက်တာဟာ ဆိုရှယ်လစ် ခေါင်းဆောင်ကြီးတွေ ဖြစ်တဲ့ ဦးကျော်ငြိမ်း၊ ဦးဘဆွေ တို့သာမက ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စု တခုလုံး အထိတ်တလန့် ဖြစ်ကြရသတဲ့။
ဒီမှာ အလျင်းသင့်လို့ ဆိုရှယ်လစ် အုပ်စုဖြစ်လာမယ့် အုပ်စု နဲ့ ဗိုလ်နေဝင်း ဘယ်လို ပတ်သက်ခဲ့တယ်ဆိုတာ မင်းတို့ လူငယ်တွေသိအောင် ပြောပြမယ်။
၁၉၄၂ ဇူလိုင်လ ၂၇ ရက်နေ့မှာ ဘီအိုင်အေ (ဗမာ့လွတ်လပ်ရေးတပ်မတော်) ကို ဖျက် ဘီဒီအေ (ဗမာ့ကာကွယ်ရေးတပ်မတော်) ကို ပြင်ဆင် ဖွဲ့စည်းတယ်။ အဲဒီမှာ မင်းတို့ ဗိုလ်ချုပ်က ကာနယ်လ် (ဗိုလ်မှူးကြီး) စစ်သေနာပတိ။ ဗိုလ်စကြ၊ ဗိုလ်လက်ျာတို့က ဒုတိယ ဗိုလ်မှူးကြီး စစ်ဦးစီးမှူးတွေ ဖြစ်တယ်။ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျာ၊ ဗိုလ်ရန်နိုင်တို့က ဗိုလ်မှူး (မေဂျာ) တွေ ဖြစ်တယ်။ ဒါပေမယ့် ဗိုလ်နေဝင်းဟာ စစ်ဦးစီးမှူး ဗိုလ်လက်ျာ ပေးတဲ့ အမိန့်နဲ့တာဝန်ကို ဘာမှ မလုပ်ဘဲ တလျှောက်လုံး ငြင်းဆန်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းပြီးရင် သူသာ ဒုတိယ အကြီးအကဲ ဖြစ်ရမယ် ဆိုတဲ့ စိတ်နဲ့ ဆန့်ကျင်တာပဲ။
၁၉၄၃ ခုနှစ် သြဂုတ်လ (၁) ရက်၊ ဂျပန်က လွတ်လပ်ရေး ပေးပြီး မြန်မာစစ်တပ် ပြန်ဖွဲ့တဲ့အခါ ဗိုလ်ချုပ်အောင်ဆန်း က စစ်ဝန်ကြီး၊ ဗိုလ်နေဝင်းက ဗိုလ်မှူးကြီး စစ်ဦးစီးချုပ် (သေနာပတိ) ခန့်ထားခဲ့တယ်။ ဒီလို ခန့်တာ သူ့အရည်အချင်းကြောင့် မဟုတ်၊ နှစ်ပါတီ ညီညွတ်ရေးကြောင့် ပေးတာပဲ။ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့က ဗိုလ်နေဝင်းကို သေနာပတိပေးဖို့ တောင်းဆိုတာကြောင့်ပဲ။
“ဗိုလ်အောင်ဆန်း အပါအဝင် ရဲဘော်သုံးကျိပ် က ဘာမှ အသုံးမကျဘူး၊ အလုပ်လည်း မလုပ်ဘူး” လို့ ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ ဗိုလ်အောင်ကြီးတို့ အုပ်စုက ပြောဆိုပြီး လူငယ်တွေကို စည်းရုံးခဲ့တယ်။
ဒီမှာ “သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့” ဆိုတဲ့ စကား အတိုင်း ဗိုလ်နေဝင်း နဲ့ ဗိုလ်အောင်ကြီး စတဲ့ ဆိုရှယ်လစ် စစ်ဗိုလ် အုပ်စု (အဲဒီတုန်းက ဗိုလ်အောင်ကြီးပင် ဗိုလ်ကြီး အဆင့် ရှိသေးတယ်) ဟာ ဆရာ မွေးချင်သူ နဲ့ တပည့်မွေးချင်သူ ဆုံမိကြတာကိုး။ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်အောင်ရွှေ တို့က ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်လက်ျာတို့ကို အံတု၊ ဖက်ပြိုင် ချင်ကြတယ်။ ဒါပေမယ့် ဒီလို ဖက်ပြိုင်နိုင်ဖို့က ဂုဏ်တူ၊ ဒြပ်တူ လိုတယ်လေ၊ အနိမ့်ဆုံး အရည်အချင်း မမီရင်တောင် ရာထူး အဆင့်အတန်းတော့ ရှိဖို့လိုတယ်။
ဗိုလ်နေဝင်း ကလည်း ဗိုလ်လက်ျာ၊ ဗိုလ်အောင်ဆန်းကို တိုက်ဖို့ နောက်လိုက်၊ နောက်ပါ လိုတယ်၊ ရှာတယ်။ ဒီမှာတင် ဗိုလ်အောင်ကြီး အုပ်စု နဲ့ ဗိုလ်နေဝင်း တပည့်မွေး၊ ဆရာ မွေး စနစ် နဲ့ ပေါင်းဖက်မိကြတယ်။
ဗိုလ်နေဝင်တို့ဟာ ဗိုလ်လက်ျာကို သာမကတော့ဘဲ ဗိုလ်ချုပ်အောင်ဆန်း ကိုပါ ဝေဖန်တိုက်ခိုက်လာကြတာကလားကွဲ့။ မင်းတို ဗိုလ်ချုပ် နဲ့ ကိုသန်းထွန်း တို့က သိပေမယ့် ညီညွတ်ရေး ပျက်မှာ စိုးလို့ ရေငုံနေခဲ့ကြတယ်။
ဒါပေမယ့် ဂျပန်တော်လှန်ရေးပြီးဖို့ လအနည်းငယ်အလို ၁၉၄၅ ခုနှစ် လောက်ထဲမှာ အရေးမယူလို့ မဖြစ်တဲ့ အခြေ ရောက်လာလို့ ဗိုလ်နေဝင်းကို စစ်သေနာပတိ အဖြစ်က စစ်ဦးစီးချုပ် ရာထူး ချလိုက်တယ်။ ဒါ ပထမ အဆင့်ပဲ။ ဒုတိယ အဆင့်က စစ်ဦးစီးချုပ် ဗိုလ်နေဝင်းကို ရိက္ခာ ထောက်ပံ့ရေးမှူး အထိ အရာ ချ လိုက်တယ်။
ဒီလို ချရတဲ့ အကြောင်းက ၁၉၄၃ ဒီဇင်ဘာ မှာ အောင်လံ စစ်သေနာပတိရုံးမှာ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင် တို့က လာတွေ့ပြီး “စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းက သူ သွားရာ နေရာတိုင်း ဂျပန် အကြံပေး အရာရှိချုပ် ဗိုလ်ချုပ် ဆာဝါမိုတိုက တကောက်ကောက် လိုက်နေတယ်။ ဗိုလ်ကြီး ကဝါရှီမာ ကလည်း အလစ် မပေးဘူး။ ဒါကြောင့် ငါ့ ကိုယ်စား မင်းတို့ အစည်းအဝေးမှာ ဗိုလ်နေဝင်းကို ခေါင်းဆောင်ခိုင်း၊ မင်းတို့ အစည်းအဝေးက ဆုံးဖြတ်တဲ့အတိုင်း ဂျပန်တော်လှန်ရေး စမယ်” လို့ ပြောသတဲ့။ ဗိုလ်နေဝင်းကလည်း သဘောတူပြီး သဘာပတိ လုပ်သတဲ့၊ ဒီ အစည်းအဝေးက ၁၉၄၄ ဇူလိုင် ၂၂ ရက်နေ့မှာ တော်လှန်ရေး စဖို့ ဆုံးဖြတ်ခဲ့ ဆိုကိုး။
အစည်းအဝေး တက်ခဲ့တဲ့ ဗိုလ်ရန်အောင်၊ သခင် သာညှင်း တို့က ရန်ကုန်မှာ သခင်သန်းထွန်းနဲ့တွေ့ပြီး အစည်းအဝေး အကြေင်း ပြောတော့ သခင်သန်းထွန်း အတော်အံ့သြပြီး ဗိုလ်အောင်ဆန်းကို အကြောင်းကြားတာကိုး။ ဗိုလ်အောင်ဆန်းက သိသိချင်း ဗိုလ်နေဝင်းကို ခေါ်ပြီး “ခင်ဗျား သေနာပတိ မလုပ်နဲ့တော့၊ စစ်ဦးစီး ပဲလုပ်” ဆိုပြီး ရာထူးချလိုက်တယ် တဲ့။
ဖက်ဆစ် တော်လှန်ရေးပြီးစ မှာ တပ်က ကန်ထုတ်ဖို့ အထိ ဆုံးဖြတ်ခဲ့တယ်။ သခင်သန်းထွန်း က ညီညွတ်ရေးပြိုကွဲ လို့ မဖြစ်ဘူး ဆိုပြီး အတင်းတားတာ နဲ့ မထုတ် ဖြစ်ခဲ့ဘူးတဲ့။ ဗိုလ်နေဝင်းက ဗိုလ်အောင်ဆန်းကို ပါ အံတုလာတာတွေ၊ ပြိုင်လာတာတွေနဲ့ တခြား အကြောင်းတွေလည်း ရှိသေးသတဲ့။
* * * * *
ပြီးတော့ သခင်သန်းထွန်း။
သခင်သန်းထွန်းရဲ့ ယုံကြည်ချက်၊ နိုင်ငံရေးလမ်းစဉ်ကိုတော့ မကြိုက်ဘူး။ ဒေါ်ဒေါ်က ကွန်မြူနစ်လည်း မဟုတ်ဘူး။ ဒါပေမယ့် သခင်သန်းထွန်းကို ပုဂ္ဂိုလ်အရ လေးစားတယ်။ ဘာဖြစ်လိုလဲဆိုတော့ ရိုးသားတယ်၊ မျှမျှတတ စဉ်းစားတတ်တယ်၊ မဟုတ်တာ မလုပ်ဘူး၊ သူ့ ကိုယ်ကျိုး စီးပွားအတွက် ဘာမှ မလုပ်ဘူး၊ ဖျောင်းဖျောင်းဖျဖျ ပြောတတ်တယ်။ သူ နဲ့ မင်းတို့ ဗိုလ်ချုပ် တွဲခဲ့တဲ့ အချိန်က လုပ်ငန်းတိုင်းလို အောင်မြင်တယ်။ မင်းတို့ ဗိုလ်ချုပ်က စိတ်မြန်တယ်၊ ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်တယ်၊ သခင်သန်းထွန်းက အေးဆေးတယ်၊ တည်ငြိမ်တယ်၊ ခေါင်းအေးအေးထား စဉ်းစားတတ်တယ်။ ငါ့ယောက်ျားကို ဝန်းရံပေးတာ သခင်သန်းထွန်းနဲ့ သခင်ဗဟိန်းပဲ။ ဒီဒုတ် ဦးဘချိုတို့၊ သခင်မြတို့၊ သခင်ချစ်တို့၊ ဗိုလ်လက်ျာတို့လည်း ပါတာပေါ့။ ကိုသန်းထွန်း နဲ့ ကိုဗဟိန်းကတော့ အနီးကပ်ကိုး။
* * * * *
ဒီတယောက်ကတော့ အစက အလံနီ၊ နောက်တော့ ဗကပ၊ ဟော… အခုတော့ မဆလ ဗိုလ်နေဝင်း နဲ့ သူနဲ့ ဉာဏ်ရည် ပြိုင်တဲ့ ပွဲပဲ။ ဘယ်သူနိုင်မလဲ စောင့်ကြည့်ရမှာပေါ့။ နှစ်ယောက်စလုံးကတော့ ဉာဏ်နီ ဉာဏ်နက် တွေချည်းပဲ။ သူက ဗိုလ်နေဝင်း အကြိုက်တွေ ရေးပြီး “ရွှေနားတော်သွင်းဧချင်း” လုပ်နေတယ်။ သမိုင်းကို လိမ်ပေးနေတယ်။ နေရတကာ သူသိသူတတ် လုပ်နေတယ်။ တချို့နေရာတွေမှာ သူပါတာမှန်ပေမယ့် နေရာ အများမှာ သူမပါဘူး၊ သူမသိဘဲ နဲ့ ရမ်းတုတ်နေတာတွေ များတယ်။ ကိုသိန်းဖေ စာအုပ်ထဲက ခိုးချနေတာပဲ။ အဲဒီလို ရေးပေးလို့လည်း ဗိုလ်နေဝင်းက ဆုလာဘ်တွေချ၊ သစ်တောတွေတောင် ပေးဆိုလားပဲ။ အေး.. မှတ်ထား ဘယ်နေ့ ဗိုလ်နေဝင်းရဲ့ ကန်အထုတ် ခံရမလဲ ဆိုတာပဲ။
* * * * *
အဲသလို လူပုဂ္ဂိုလ် တဦးစီ ရဲ့ အကြောင်း သူတွေ့ထိ၊ သိမြင် ရသလောက် ပြောပြလေ့ ရှိတယ်။ ကောင်းရင် ကောင်းသလို၊ ချီးကျူး ပြောဆိုတတ်ပြီး သူမကြိုက်တာကိုလည်း မကြိုက်သလို ပြောပြတတ်တယ်။ တခါတရံမှာ ဂျပန်တော်လှန်ရေး ကာလ အတွေ့အကြုံတွေ၊ ဂျပန်ခေတ် ဆေးရုံကြီး အကြောင်းတွေ မှတ်မိသမျှ ပြောပြတတ်တယ်။ တခါတရံမှာတော့ ပန်းတွေ အကြောင်း၊ အိမ်ရှေ့မှာ စိုက်ထားတဲ့ “လစ်လီ” ပန်းမျိုးတွေ အိန္ဒိယ က ယူလာခဲ့တဲ့ အကြောင်းတွေ ပြောတတ်တယ်။
စိတ်အားငယ်စရာ၊ စိတ်ပျက်စရာ စကားတွေ ပြောသံ မကြားရပါဘူး။ မုဆိုးမ ဘဝ သက်တမ်း တလျှောက်လုံး၊ သံအမတ်ကြီး ရာထူးကို စွန့်ခဲ့ရပြီး အထီးကျန် ဆန်ဆန် နေခဲ့ရတဲ့ ကာလ တလျှောက်လုံး တည်တည်ငြိမ်ငြိမ် နဲ့ ရပ်တည်ခဲ့တယ်။ အိမ်နိမ့်စံ ဘဝ၊ မုဆိုးမ ဘဝ နဲ့ သိမ်ငယ်နေရမယ့် အစား ပန်းပင်တွေနဲ့ စကားပြောရင်း သူ့ဘဝကို ကြံ့ကြံ့ခိုင်ခိုင် ရပ်တည် နိုင်ခဲ့တယ်။
တချိန်က ဗမာပြည်မှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကတော်ဟာ ဗိုလ်ချုပ် နဲ့ သေကွဲ ကွဲခဲ့ရတယ်။ မုဆိုးမဘဝနဲ့ ကြိုးစား ရပ်တည်နေတုန်း သားလတ်ဖြစ်သူ “အောင်ဆန်းလင်း” က သေမင်း နောက် ကောက်ကောက်ပါအောင် လိုက်သွားပြန်တယ်။ ကျန်တဲ့ သား နဲ့ သမီးက ရေမြေခြား နေခဲ့တယ်။
ဒီလို ပန်းပင်တွေကြားမှာ အလုပ်များနေခဲ့တဲ့ ဒေါ်ခင်ကြည်ကို ၁၉၁၂ ခုနှစ် ဧပြီလ (၁၆) ရက်နေ့ မြောင်းမြ မှာ မွေးခဲ့သတဲ့။ ဦးဘိုးညှင်း၊ ဒေါ်ဖွားစု တို့ရဲ့ သားသမီး (၁၀) ဦး ရှိတဲ့ အနက် သူမက အဋ္ဌမ မြောက် သမီးလေ။
ရန်ကုန် ကြည့်မြင်တိုင် အေဘီအမ် အမျိုးသမီးကျောင်း၊ မော်လမြိုင် မော်တင်လိန်း ဆရာ အတတ်သင်ကျောင်းတွေမှာ ပညာသင်ယူခဲ့တယ်။ မြောင်းမြ အမျိုးသမီးကျောင်းမှာ ဆရာမ လုပ်ခဲ့တယ်။ နောက် ဝါသနာပါတဲ့ သူနာပြု အလုပ်လုပ်နိုင်ရန် ရန်ကုန်ဆေးရုံကြီးနဲ့ ဒပ်ဖရင် ဆေးရုံကြီးတွေမှာ သူနာပြု အတတ်ကို သင်ယူခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်လာစဉ် ရန်ကုန်ဆေးရုံကြီးမှာ သူနာပြု လုပ်နေခဲ့တယ်။ ဗြိတိသျှ တို့ အိန္ဒိယ ကို ဆုတ်ခွာတဲ့ အချိန်မှာ ရန်ကုန်ဆေးရုံကြီးက လူမမာ တချို့ကို ကာလကတ္တား ဆေးရုံကို ပြောင်းရွှေ့ပေးပြီး အိန္ဒိယ က ဗမာပြည်ကို နောက်ဆုံး သဘောင်္နဲ ပြန်ခဲ့ရပါသတဲ့။
ဂျပန်ခေတ် ၁၉၄၂ ရန်ကုန်ဆေးရုံကြီးကို ပြန်ဖွင့်တဲ့အခါ အဖွဲ့ဝင် သူနာပြု တဦးအဖြစ် တာဝန်ယူနေစဉ် ဆေးရုံတက်နေတဲ့ လူနာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မေတ္တာမျှပြီး အဲဒီနှစ် စက်တာဘာ (၆) ရက်နေ့မှာ လက်ထပ်ခဲ့ ဆိုကိုး။
၁၉၆၀ ခုနှစ်မှာ အိန္ဒိယ နဲ့ နီပေါ နိုင်ငံ ဆိုင်ရာ သံအမတ်ကြီး အဖြစ် ဦးနု ပထစ အစိုးရက တာဝန်ပေးခဲ့တယ်။ ၁၉၆၇ ခုနှစ် ဗိုလ်နေဝင်း ရဲ့ တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်မှာ အငြိမ်းစား ပေးခံခဲ့ရတယ်။
ဒေါ်ခင်ကြည်ဟာ ပထမဦးဆုံး မြန်မာဗိုလ်ချုပ်ကြီး၊ စစ်သေနာပတိ၊ စစ်ဝန်ကြီး ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဇနီး ဖြစ်တယ်။ ဗမာ့သမိုင်းထဲက အထွတ်အထိပ် ရောက်ခဲ့ကြတဲ့ သမ္မတကြီး စဝ်ရွှေသိုက်၊ ဝန်ကြီးချုပ် ဦးနု၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်း၊ ဦးနေဝင်း၊ သခင်သန်းထွန်း တို့နဲ့ လက်ရေတပြင်တည်း နေခဲ့ကြတယ်။ မောင့်ဘက်တန်၊ ဂဝါဟလာနေရူး၊ အင်ဒီရာ ဂန္ဒီ၊ သီရိလင်္ကာ ဝန်ကြီးချုပ် မစ္စက် ဘန္ဒရာ နာယကေး တို့လို နိုင်ငံခြား တိုင်းပြည်က ခေါင်းဆောင်တချို့ နဲ့ တရင်းတနှီး ဆက်ဆံ နေထိုင်ခဲ့ရတယ်။
၁၉၆၇ သံအမတ်ကြီးရာထူးက အငြိမ်းစားယူလိုက်ရချိန်ကစြ ပီး သူ့ခြံထဲက ဥယျာဉ် သေးသေးလေးထဲမှာ ပန်းပင်ကလေးတွေနဲ့ စကားပြောရင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ စကားလက်ဆုံကျရင်း သူ့ဘဝကို သူကိုယ်တိုင် ပြုစု ပျိုးထောင်ရင်း လောကဓံ ကို ကြံ့ကြံ့ခံ နေထိုင်ခဲ့တယ်။
တကယ်တော့ ဗိုလ်ချုပ်ကတော်၊ တပ်မတော်ရဲ့ ဖခင်ကြီး၊ မိခင်ကြီး ဘဝက အရာကျ၊ အိမ်နိမ့်စံ ဘဝ၊ သံအမတ်ကြီး ဘဝက အရာကျ အိမ်နိမ့်စံ ဘဝ နှစ်ဘဝ ရောက်ခဲ့ပေမယ့် အနိုင်မခံ၊ အရှုံးမပေးဘဲ စိတ်ဓာတ် ကြံ့ခိုင်မှုမျိုးနဲ့ ရပ်တည်ရင်း ၁၉၈၈ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်နေ့မှာ မဟာသုဓမ္မဒေါ်ခင်ကြည်ဟာ ဘဝတပါး ပြောင်းရွှေ့ သွားရှာပါတော့တယ်။
ဒေါ်ဒေါ် ကောင်းရာ သုဂတိ လားပါစေ။
(မြန်မာသစ် မဂ္ဂဇင်း၊ ဧပြီ/၂၀၁၂ တွင် မူရင်းပုံနှိပ်သည်)
လှကွန့်
အပိုင်း (၂)
တို့ဗမာ Dobama
ဓာတ်ပုံ – မြန်မာသစ် မဂ္ဂဇင်း
--------------------------
နောက် တယောက်က နာမည်ကြီး ခေါင်းဆောင်ဟောင်းကြီးတဦး၊ ဝန်ကြီးချုပ်တဦးအဖြစ် လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ က ၁၉၆၂ အထိ ဆောင်ရွက်ခဲ့တဲ့ ဦးနုပါ။
နောက် ကွန်မြူနစ်တွေကို တောထဲ မောင်းချလိုက်တာ၊ ဆက်တိုက်ဆိုသလို ပြည်တွင်းစစ်ကြီး ကျယ်ပြန့်ကြီးမားလာတာ၊ ပြည်တွင်းစစ်ကို အကြောင်းပြပြီး ဗိုလ်နေဝင်းက စစ်တပ်တိုးချဲ့တာ၊ စစ်အုပ်စုကို အားကောင်းအောင် လုပ်လာတဲ့ အထိပဲ။
၁၉၅၈ ခုနှစ်မှာ ဗိုလ်နေဝင်းကို ဦးနုက နိုင်ငံတော် အာဏာ လွှဲပြောင်းပေးအပ်ပြီး အိမ်စောင့်အစိုးရ အဖြစ် အုပ်ချုပ်စေတာ။
အဲဒီထဲမှာ ပြည်တွင်းစစ် ရပ်စဲပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့၊ နှစ်ဘက် တန်းတူရည်တူ ဆွေးနွေး၊ သင်ပုန်းခြေ စတဲ့ နည်းတွေ သုံးရမယ့် အစား တဘက် လက်နက်ကိုင် အင်အားစုတွေ လက်နက်ချ၊ အညံ့ခံဖို့ကိုသာ တလျှောက်လုံး တောင်းဆိုခဲ့တာ ဖြစ်တယ်။ ဒီလို လုပ်တာဟာ ဗိုလ်နေဝင်း စစ်တပ် နဲ့ ဆိုရှယ်လစ် ဒီမိုကရက်တွေ အကြိုက် လုပ်တာပဲ။
တကယ် ဒီလိုဖြစ်လာတာဟာ ဦးနုမှာ တာဝန်ရှိတယ်။ ဦးနုဟာ သူတပါးပြောတာကို ယုံလွယ်တယ် ။ တရှူးထိုး လုပ်တတ်တယ်။ ဒါဟာ သူ့ရဲ့ အားနည်းချက်ပဲ။ ဒီအားနည်းချက်ဟာ သူ့အတွက် အန္တရာယ် ဖြစ်လာတာပဲလေ။
* * * * *
နောက်တယောက်က ဗိုလ်ချုပ်ကြီးနေဝင်း။
မင်းကို နောက်တယောက် အကြောင်း ပြောပြဦးမယ်။ အဲ.. သူကလည်း တို့ဗမာ့သမိုင်းမှာ တခန်း၊ တကဏ္ဍ တော့ အရှိသား။
၁၉၆၀ ရွေးကောက်ပွဲ ပြီးစမှာ “ကိုကြီးနု ရွေးကောက်ပွဲမှာ ခြိမ်းခြောက် မဲထည့်ခိုင်းတဲ့ ကိစ္စတွေမှာ ကျွန်တော်နဲ့ လုံးဝ မသက်ဆိုင်ပါ။ ဗိုလ်အောင်ရွှေ တို့ အုပ်စု လုပ်တာသာ ဖြစ်တယ်။ ကိုကြီးနု သိတဲ့အတိုင်း လွတ်လွတ်လပ်လပ် မဲပေးဖို့ ရေဒီယိုက ပြောခဲ့တာပါ” လို့ သတင်းပို့သတဲ့။ ဒါဟာလည်း ဗိုလ်နေဝင်းကို ဦးနု ယုံကြည်စရာ အချက်ပေါ့။
တနည်းအားဖြင့် ဗိုလ်နေဝင်းက ဦးနုကို အယုံသွင်းလိုက်တာ။
နောက်တနည်းပြောရရင် အစက သူ့ကို ဗုံမြှောက်ပေးခဲ့တဲ့၊ သူ့ကို ခေါင်းဆောင် အဖြစ် မွေးခဲ့တဲ့ ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စုကို တန်ပြန်ထိုးနှက်ဖို့ အင်အားစု လိုက်တာပဲ။ ဒါကိုလည်း ဦးနုက ယုံပေးလိုက်တဲ့အခါ သူ့ကို ပုခုံးပေါ် ထမ်းတင်ပေးခဲ့တဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေစတဲ့ ဆိုရှယ်လစ် စစ်ဗိုလ်တွေကို ဖြုတ်လိုက်တာကိုး။ ဒီလို လုပ်လိုက်တာဟာ ဆိုရှယ်လစ် ခေါင်းဆောင်ကြီးတွေ ဖြစ်တဲ့ ဦးကျော်ငြိမ်း၊ ဦးဘဆွေ တို့သာမက ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စု တခုလုံး အထိတ်တလန့် ဖြစ်ကြရသတဲ့။
ဒီမှာ အလျင်းသင့်လို့ ဆိုရှယ်လစ် အုပ်စုဖြစ်လာမယ့် အုပ်စု နဲ့ ဗိုလ်နေဝင်း ဘယ်လို ပတ်သက်ခဲ့တယ်ဆိုတာ မင်းတို့ လူငယ်တွေသိအောင် ပြောပြမယ်။
၁၉၄၂ ဇူလိုင်လ ၂၇ ရက်နေ့မှာ ဘီအိုင်အေ (ဗမာ့လွတ်လပ်ရေးတပ်မတော်) ကို ဖျက် ဘီဒီအေ (ဗမာ့ကာကွယ်ရေးတပ်မတော်) ကို ပြင်ဆင် ဖွဲ့စည်းတယ်။ အဲဒီမှာ မင်းတို့ ဗိုလ်ချုပ်က ကာနယ်လ် (ဗိုလ်မှူးကြီး) စစ်သေနာပတိ။ ဗိုလ်စကြ၊ ဗိုလ်လက်ျာတို့က ဒုတိယ ဗိုလ်မှူးကြီး စစ်ဦးစီးမှူးတွေ ဖြစ်တယ်။ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျာ၊ ဗိုလ်ရန်နိုင်တို့က ဗိုလ်မှူး (မေဂျာ) တွေ ဖြစ်တယ်။ ဒါပေမယ့် ဗိုလ်နေဝင်းဟာ စစ်ဦးစီးမှူး ဗိုလ်လက်ျာ ပေးတဲ့ အမိန့်နဲ့တာဝန်ကို ဘာမှ မလုပ်ဘဲ တလျှောက်လုံး ငြင်းဆန်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းပြီးရင်
၁၉၄၃ ခုနှစ် သြဂုတ်လ (၁) ရက်၊ ဂျပန်က လွတ်လပ်ရေး ပေးပြီး မြန်မာစစ်တပ် ပြန်ဖွဲ့တဲ့အခါ ဗိုလ်ချုပ်အောင်ဆန်း က စစ်ဝန်ကြီး၊ ဗိုလ်နေဝင်းက ဗိုလ်မှူးကြီး စစ်ဦးစီးချုပ် (သေနာပတိ) ခန့်ထားခဲ့တယ်။ ဒီလို ခန့်တာ သူ့အရည်အချင်းကြောင့် မဟုတ်၊ နှစ်ပါတီ ညီညွတ်ရေးကြောင့် ပေးတာပဲ။ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့က ဗိုလ်နေဝင်းကို သေနာပတိပေးဖို့ တောင်းဆိုတာကြောင့်ပဲ။
“ဗိုလ်အောင်ဆန်း အပါအဝင် ရဲဘော်သုံးကျိပ် က ဘာမှ အသုံးမကျဘူး၊ အလုပ်လည်း မလုပ်ဘူး” လို့ ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ ဗိုလ်အောင်ကြီးတို့ အုပ်စုက ပြောဆိုပြီး လူငယ်တွေကို စည်းရုံးခဲ့တယ်။
ဒီမှာ “သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့” ဆိုတဲ့ စကား အတိုင်း ဗိုလ်နေဝင်း နဲ့ ဗိုလ်အောင်ကြီး စတဲ့ ဆိုရှယ်လစ် စစ်ဗိုလ် အုပ်စု (အဲဒီတုန်းက ဗိုလ်အောင်ကြီးပင် ဗိုလ်ကြီး အဆင့် ရှိသေးတယ်) ဟာ ဆရာ မွေးချင်သူ နဲ့ တပည့်မွေးချင်သူ ဆုံမိကြတာကိုး။ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်အောင်ရွှေ တို့က ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်လက်ျာတို့ကို အံတု၊ ဖက်ပြိုင် ချင်ကြတယ်။ ဒါပေမယ့် ဒီလို ဖက်ပြိုင်နိုင်ဖို့က ဂုဏ်တူ၊ ဒြပ်တူ လိုတယ်လေ၊ အနိမ့်ဆုံး အရည်အချင်း မမီရင်တောင် ရာထူး အဆင့်အတန်းတော့ ရှိဖို့လိုတယ်။
ဗိုလ်နေဝင်း ကလည်း ဗိုလ်လက်ျာ၊ ဗိုလ်အောင်ဆန်းကို တိုက်ဖို့ နောက်လိုက်၊ နောက်ပါ လိုတယ်၊ ရှာတယ်။ ဒီမှာတင် ဗိုလ်အောင်ကြီး အုပ်စု နဲ့ ဗိုလ်နေဝင်း တပည့်မွေး၊ ဆရာ မွေး စနစ် နဲ့ ပေါင်းဖက်မိကြတယ်။
ဗိုလ်နေဝင်တို့ဟာ ဗိုလ်လက်ျာကို သာမကတော့ဘဲ ဗိုလ်ချုပ်အောင်ဆန်း ကိုပါ ဝေဖန်တိုက်ခိုက်လာကြတာကလားက
ဒါပေမယ့် ဂျပန်တော်လှန်ရေးပြီးဖို့ လအနည်းငယ်အလို ၁၉၄၅ ခုနှစ် လောက်ထဲမှာ အရေးမယူလို့ မဖြစ်တဲ့ အခြေ ရောက်လာလို့ ဗိုလ်နေဝင်းကို စစ်သေနာပတိ အဖြစ်က စစ်ဦးစီးချုပ် ရာထူး ချလိုက်တယ်။ ဒါ ပထမ အဆင့်ပဲ။ ဒုတိယ အဆင့်က စစ်ဦးစီးချုပ် ဗိုလ်နေဝင်းကို ရိက္ခာ ထောက်ပံ့ရေးမှူး အထိ အရာ ချ လိုက်တယ်။
ဒီလို ချရတဲ့ အကြောင်းက ၁၉၄၃ ဒီဇင်ဘာ မှာ အောင်လံ စစ်သေနာပတိရုံးမှာ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင် တို့က လာတွေ့ပြီး “စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းက သူ သွားရာ နေရာတိုင်း ဂျပန် အကြံပေး အရာရှိချုပ် ဗိုလ်ချုပ် ဆာဝါမိုတိုက တကောက်ကောက် လိုက်နေတယ်။ ဗိုလ်ကြီး ကဝါရှီမာ ကလည်း အလစ် မပေးဘူး။ ဒါကြောင့် ငါ့ ကိုယ်စား မင်းတို့ အစည်းအဝေးမှာ ဗိုလ်နေဝင်းကို ခေါင်းဆောင်ခိုင်း၊ မင်းတို့ အစည်းအဝေးက ဆုံးဖြတ်တဲ့အတိုင်း ဂျပန်တော်လှန်ရေး စမယ်” လို့ ပြောသတဲ့။ ဗိုလ်နေဝင်းကလည်း သဘောတူပြီး သဘာပတိ လုပ်သတဲ့၊ ဒီ အစည်းအဝေးက ၁၉၄၄ ဇူလိုင် ၂၂ ရက်နေ့မှာ တော်လှန်ရေး စဖို့ ဆုံးဖြတ်ခဲ့ ဆိုကိုး။
အစည်းအဝေး တက်ခဲ့တဲ့ ဗိုလ်ရန်အောင်၊ သခင် သာညှင်း တို့က ရန်ကုန်မှာ သခင်သန်းထွန်းနဲ့တွေ့ပြီး အစည်းအဝေး အကြေင်း ပြောတော့ သခင်သန်းထွန်း အတော်အံ့သြပြီး ဗိုလ်အောင်ဆန်းကို အကြောင်းကြားတာကိုး။ ဗိုလ်အောင်ဆန်းက သိသိချင်း ဗိုလ်နေဝင်းကို ခေါ်ပြီး “ခင်ဗျား သေနာပတိ မလုပ်နဲ့တော့၊ စစ်ဦးစီး ပဲလုပ်” ဆိုပြီး ရာထူးချလိုက်တယ် တဲ့။
ဖက်ဆစ် တော်လှန်ရေးပြီးစ မှာ တပ်က ကန်ထုတ်ဖို့ အထိ ဆုံးဖြတ်ခဲ့တယ်။ သခင်သန်းထွန်း က ညီညွတ်ရေးပြိုကွဲ လို့ မဖြစ်ဘူး ဆိုပြီး အတင်းတားတာ နဲ့ မထုတ် ဖြစ်ခဲ့ဘူးတဲ့။ ဗိုလ်နေဝင်းက ဗိုလ်အောင်ဆန်းကို ပါ အံတုလာတာတွေ၊ ပြိုင်လာတာတွေနဲ့ တခြား အကြောင်းတွေလည်း ရှိသေးသတဲ့။
* * * * *
ပြီးတော့ သခင်သန်းထွန်း။
သခင်သန်းထွန်းရဲ့ ယုံကြည်ချက်၊ နိုင်ငံရေးလမ်းစဉ်ကိုတော့ မကြိုက်ဘူး။ ဒေါ်ဒေါ်က ကွန်မြူနစ်လည်း မဟုတ်ဘူး။ ဒါပေမယ့် သခင်သန်းထွန်းကို ပုဂ္ဂိုလ်အရ လေးစားတယ်။ ဘာဖြစ်လိုလဲဆိုတော့ ရိုးသားတယ်၊ မျှမျှတတ စဉ်းစားတတ်တယ်၊ မဟုတ်တာ မလုပ်ဘူး၊ သူ့ ကိုယ်ကျိုး စီးပွားအတွက် ဘာမှ မလုပ်ဘူး၊ ဖျောင်းဖျောင်းဖျဖျ ပြောတတ်တယ်။ သူ နဲ့ မင်းတို့ ဗိုလ်ချုပ် တွဲခဲ့တဲ့ အချိန်က လုပ်ငန်းတိုင်းလို အောင်မြင်တယ်။ မင်းတို့ ဗိုလ်ချုပ်က စိတ်မြန်တယ်၊ ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်တယ်၊ သခင်သန်းထွန်းက အေးဆေးတယ်၊ တည်ငြိမ်တယ်၊ ခေါင်းအေးအေးထား စဉ်းစားတတ်တယ်။ ငါ့ယောက်ျားကို ဝန်းရံပေးတာ သခင်သန်းထွန်းနဲ့ သခင်ဗဟိန်းပဲ။ ဒီဒုတ် ဦးဘချိုတို့၊ သခင်မြတို့၊ သခင်ချစ်တို့၊ ဗိုလ်လက်ျာတို့လည်း ပါတာပေါ့။ ကိုသန်းထွန်း နဲ့ ကိုဗဟိန်းကတော့ အနီးကပ်ကိုး။
* * * * *
ဒီတယောက်ကတော့ အစက အလံနီ၊ နောက်တော့ ဗကပ၊ ဟော… အခုတော့ မဆလ ဗိုလ်နေဝင်း နဲ့ သူနဲ့ ဉာဏ်ရည် ပြိုင်တဲ့ ပွဲပဲ။ ဘယ်သူနိုင်မလဲ စောင့်ကြည့်ရမှာပေါ့။ နှစ်ယောက်စလုံးကတော့ ဉာဏ်နီ ဉာဏ်နက် တွေချည်းပဲ။ သူက ဗိုလ်နေဝင်း အကြိုက်တွေ ရေးပြီး “ရွှေနားတော်သွင်းဧချင်း” လုပ်နေတယ်။ သမိုင်းကို လိမ်ပေးနေတယ်။ နေရတကာ သူသိသူတတ် လုပ်နေတယ်။ တချို့နေရာတွေမှာ သူပါတာမှန်ပေမယ့် နေရာ အများမှာ သူမပါဘူး၊ သူမသိဘဲ နဲ့ ရမ်းတုတ်နေတာတွေ များတယ်။ ကိုသိန်းဖေ စာအုပ်ထဲက ခိုးချနေတာပဲ။ အဲဒီလို ရေးပေးလို့လည်း ဗိုလ်နေဝင်းက ဆုလာဘ်တွေချ၊ သစ်တောတွေတောင် ပေးဆိုလားပဲ။ အေး.. မှတ်ထား ဘယ်နေ့ ဗိုလ်နေဝင်းရဲ့ ကန်အထုတ် ခံရမလဲ ဆိုတာပဲ။
* * * * *
အဲသလို လူပုဂ္ဂိုလ် တဦးစီ ရဲ့ အကြောင်း သူတွေ့ထိ၊ သိမြင် ရသလောက် ပြောပြလေ့ ရှိတယ်။ ကောင်းရင် ကောင်းသလို၊ ချီးကျူး ပြောဆိုတတ်ပြီး သူမကြိုက်တာကိုလည်း မကြိုက်သလို ပြောပြတတ်တယ်။ တခါတရံမှာ ဂျပန်တော်လှန်ရေး ကာလ အတွေ့အကြုံတွေ၊ ဂျပန်ခေတ် ဆေးရုံကြီး အကြောင်းတွေ မှတ်မိသမျှ ပြောပြတတ်တယ်။ တခါတရံမှာတော့ ပန်းတွေ အကြောင်း၊ အိမ်ရှေ့မှာ စိုက်ထားတဲ့ “လစ်လီ” ပန်းမျိုးတွေ အိန္ဒိယ က ယူလာခဲ့တဲ့ အကြောင်းတွေ ပြောတတ်တယ်။
စိတ်အားငယ်စရာ၊ စိတ်ပျက်စရာ စကားတွေ ပြောသံ မကြားရပါဘူး။ မုဆိုးမ ဘဝ သက်တမ်း တလျှောက်လုံး၊ သံအမတ်ကြီး ရာထူးကို စွန့်ခဲ့ရပြီး အထီးကျန် ဆန်ဆန် နေခဲ့ရတဲ့ ကာလ တလျှောက်လုံး တည်တည်ငြိမ်ငြိမ် နဲ့ ရပ်တည်ခဲ့တယ်။ အိမ်နိမ့်စံ ဘဝ၊ မုဆိုးမ ဘဝ နဲ့ သိမ်ငယ်နေရမယ့် အစား ပန်းပင်တွေနဲ့ စကားပြောရင်း သူ့ဘဝကို ကြံ့ကြံ့ခိုင်ခိုင် ရပ်တည် နိုင်ခဲ့တယ်။
တချိန်က ဗမာပြည်မှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကတော်ဟာ ဗိုလ်ချုပ် နဲ့ သေကွဲ ကွဲခဲ့ရတယ်။ မုဆိုးမဘဝနဲ့ ကြိုးစား ရပ်တည်နေတုန်း သားလတ်ဖြစ်သူ “အောင်ဆန်းလင်း” က သေမင်း နောက် ကောက်ကောက်ပါအောင် လိုက်သွားပြန်တယ်။ ကျန်တဲ့ သား နဲ့ သမီးက ရေမြေခြား နေခဲ့တယ်။
ဒီလို ပန်းပင်တွေကြားမှာ အလုပ်များနေခဲ့တဲ့ ဒေါ်ခင်ကြည်ကို ၁၉၁၂ ခုနှစ် ဧပြီလ (၁၆) ရက်နေ့ မြောင်းမြ မှာ မွေးခဲ့သတဲ့။ ဦးဘိုးညှင်း၊ ဒေါ်ဖွားစု တို့ရဲ့ သားသမီး (၁၀) ဦး ရှိတဲ့ အနက် သူမက အဋ္ဌမ မြောက် သမီးလေ။
ရန်ကုန် ကြည့်မြင်တိုင် အေဘီအမ် အမျိုးသမီးကျောင်း၊ မော်လမြိုင် မော်တင်လိန်း ဆရာ အတတ်သင်ကျောင်းတွေမှာ ပညာသင်ယူခဲ့တယ်။ မြောင်းမြ အမျိုးသမီးကျောင်းမှာ ဆရာမ လုပ်ခဲ့တယ်။ နောက် ဝါသနာပါတဲ့ သူနာပြု အလုပ်လုပ်နိုင်ရန် ရန်ကုန်ဆေးရုံကြီးနဲ့ ဒပ်ဖရင် ဆေးရုံကြီးတွေမှာ သူနာပြု အတတ်ကို သင်ယူခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်လာစဉ် ရန်ကုန်ဆေးရုံကြီးမှာ သူနာပြု လုပ်နေခဲ့တယ်။ ဗြိတိသျှ တို့ အိန္ဒိယ ကို ဆုတ်ခွာတဲ့ အချိန်မှာ ရန်ကုန်ဆေးရုံကြီးက လူမမာ တချို့ကို ကာလကတ္တား ဆေးရုံကို ပြောင်းရွှေ့ပေးပြီး အိန္ဒိယ က ဗမာပြည်ကို နောက်ဆုံး သဘောင်္နဲ ပြန်ခဲ့ရပါသတဲ့။
ဂျပန်ခေတ် ၁၉၄၂ ရန်ကုန်ဆေးရုံကြီးကို ပြန်ဖွင့်တဲ့အခါ အဖွဲ့ဝင် သူနာပြု တဦးအဖြစ် တာဝန်ယူနေစဉ် ဆေးရုံတက်နေတဲ့ လူနာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မေတ္တာမျှပြီး အဲဒီနှစ် စက်တာဘာ (၆) ရက်နေ့မှာ လက်ထပ်ခဲ့ ဆိုကိုး။
၁၉၆၀ ခုနှစ်မှာ အိန္ဒိယ နဲ့ နီပေါ နိုင်ငံ ဆိုင်ရာ သံအမတ်ကြီး အဖြစ် ဦးနု ပထစ အစိုးရက တာဝန်ပေးခဲ့တယ်။ ၁၉၆၇ ခုနှစ် ဗိုလ်နေဝင်း ရဲ့ တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်မှာ အငြိမ်းစား ပေးခံခဲ့ရတယ်။
ဒေါ်ခင်ကြည်ဟာ ပထမဦးဆုံး မြန်မာဗိုလ်ချုပ်ကြီး၊ စစ်သေနာပတိ၊ စစ်ဝန်ကြီး ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဇနီး ဖြစ်တယ်။ ဗမာ့သမိုင်းထဲက အထွတ်အထိပ် ရောက်ခဲ့ကြတဲ့ သမ္မတကြီး စဝ်ရွှေသိုက်၊ ဝန်ကြီးချုပ် ဦးနု၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်း၊ ဦးနေဝင်း၊ သခင်သန်းထွန်း တို့နဲ့ လက်ရေတပြင်တည်း နေခဲ့ကြတယ်။ မောင့်ဘက်တန်၊ ဂဝါဟလာနေရူး၊ အင်ဒီရာ ဂန္ဒီ၊ သီရိလင်္ကာ ဝန်ကြီးချုပ် မစ္စက် ဘန္ဒရာ နာယကေး တို့လို နိုင်ငံခြား တိုင်းပြည်က ခေါင်းဆောင်တချို့ နဲ့ တရင်းတနှီး ဆက်ဆံ နေထိုင်ခဲ့ရတယ်။
၁၉၆၇ သံအမတ်ကြီးရာထူးက အငြိမ်းစားယူလိုက်ရချိန်ကစြ
တကယ်တော့ ဗိုလ်ချုပ်ကတော်၊ တပ်မတော်ရဲ့ ဖခင်ကြီး၊ မိခင်ကြီး ဘဝက အရာကျ၊ အိမ်နိမ့်စံ ဘဝ၊ သံအမတ်ကြီး ဘဝက အရာကျ အိမ်နိမ့်စံ ဘဝ နှစ်ဘဝ ရောက်ခဲ့ပေမယ့် အနိုင်မခံ၊ အရှုံးမပေးဘဲ စိတ်ဓာတ် ကြံ့ခိုင်မှုမျိုးနဲ့ ရပ်တည်ရင်း ၁၉၈၈ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်နေ့မှာ မဟာသုဓမ္မဒေါ်ခင်ကြည်ဟာ ဘဝတပါး ပြောင်းရွှေ့ သွားရှာပါတော့တယ်။
ဒေါ်ဒေါ် ကောင်းရာ သုဂတိ လားပါစေ။
(မြန်မာသစ် မဂ္ဂဇင်း၊ ဧပြီ/၂၀၁၂ တွင် မူရင်းပုံနှိပ်သည်)
လှကွန့်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။