ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ ငြိမ်းချမ်းရေး ရဲ့ အဓိပ္ပာယ်
“ကျွန်မအနေနဲ့ ငြိမ်းချမ်းရေးဆိုတာကို တကယ့်ကို ရိုးရိုးစင်းစင်းနဲ့ လွယ်လွယ်လေးပြောရမယ်ဆိုရင် ငြိမ်းချမ်းခြင်းဆိုတာက အိပ်တဲ့အခါ ချမ်းသာရမယ်၊ နိုးတဲ့အခါချမ်းသာရမယ်။ ဒါပါပဲ။ ဒီလိုစဉ်းစားလိုက် မယ်ဆိုရင် ကျွန်မတို့အားလုံး သဘောပေါက်မယ် ထင်ပါတယ်”လို့ သူဖွင့်ဆိုထားတဲ့ ငြိမ်းချမ်းရေးရဲ့ အဓိပ္ပာယ်ကို ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။
“ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားအားလုံးကို ငြိမ်းချမ်းစေချင်တယ်ဆိုတာ ဒါပါပဲ” လို့ သူက ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဖြစ်ပါ တယ်။ ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အဖြစ် ကြေညာတော့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေအတွက် အကြမ်းမဖက်ဘဲ ရုန်းကန်လှုပ်ရှားခဲ့တဲ့ သူ့ရဲ့ လုပ်ဆောင်မှုတွေအတွက် ချီးမြှင့်တယ်လို့ နိုဘယ်ဆုရွေးချယ် ရေးကော်မတီက ဆိုထားပါတယ်။
REF: ရတနာထွန်း အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ – ၂၂ ၊ ၁၂ ၊ ၂၀၁၁)
Aung San Suu Kyi received a thunderous standing ovation as she accepted the award (Photo - Reuters: Lise Aserud)
12.3.2014
ပြန်လည်မျှဝေပေးပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။