Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, March 10, 2014

လီဆူမိုးကုတ်လောပန် ဦးအောင်သိန်း သက်သေခံချက်


Murann Ezine added 3 new photos.
လီဆူမိုးကုတ်လောပန် ဦးအောင်သိန်း သက်သေခံချက်
ငယ်စဉ်က ၁၇နှစ်အရွယ်မှာ သေပြီလို့ အလောင်းထားတဲ့နေရာမှာ ထားစဉ် ငိုခဲ့ရသည်။ ဆုတောင်းပေးသူ ဆရာကြီးက လာခေါ်ပြီး၊ မသေပဲ ပြန်လာနိုင်ခဲ့သည်။
အိမ်ထောင်ကျစဉ် ဇနီးသည်က သင်းထောက်၏သမီး ယုံကြည်သူ၊ ဦးအောင်သိန်းက နတ်စားဘာသာဖြစ်သည်။ မိဘ ၂ဖက်စလုံးက သဘောမတူခဲ့ကြပါ။ မွေးလာသော ကလေးကို နှစ်ခြင်းခံပြီး မိမိလည်း နှစ်ခြင်းခံခဲ့သည်။ ကလေးလည်း သေးသွားပြီးနောက်မှာ၊ သေသည့်တိုင်အောင် ဘုရားကိုသစ္စာရှိမယ် ဆုံးဖြတ်တယ်။ နတ်စားဆွေမျိုးများက နတ်စားပြန်လုပ်ရန် လာခေါ်သော်လည်း ငြင်းပယ်လိုက်သည်။ နှစ်ခြင်းလဲခံပြီးပြီ၊ ဘုရားသခင်နှင့်အတူသွားရန်ဖြစ်သည်။ မိမိတို့ လီဆူဆွေမျိုးများမှာ မိုးကုတ်မြို့တွင် နှစ်ပေါင်း၃၀၀ကျော် နေထိုင်ခဲ့ကြပြီဖြစ်သည်။ နတ်စားမလုပ်တော့ချိန် စီးပွားအခက်ခဲများ ရှိပြီး၊ ၂ကျပ်ခွဲသာ ငွေကြေးရှိသည်။ ဝက်ခေါင်းတစ်ခု ၂ကျပ်တစ်မတ်နှင့်ဝယ်ပြီး လူများကို ကျွေးမွေးသည်။

ထောင်၂ခါကျခဲ့သည်။

ပထမအကြိမ်တွင် မြစ်ကြီးနား၊ ကျမ်းစာသင်ကျောင်းဆောက်ချိန်၊ ဝတ်ပြုကိုးကွယ်နေစဉ် လာရောက်ဖမ်းဆီးခြင်းဖြစ်သည်။ ကျောက်အရောင်းအဝယ်လုပ်ငန်းနှင့်ပတ်သက်ပြီး ဖမ်းဆီးသည်။ မြစ်ကြီးနားအချုပ်၊ ထောင်၊ မန္တလေးထောင်၊ မိုးကုတ်ထောင်များသို့ရွှေ့ပြောင်းပြီး နောက်ဆုံး မိမိကျောက်ကို နိုင်ငံတော်အား ပေးအပ်လိုက်သောအခါ လွတ်ငြိမ်းခွင့်ရရှိခဲ့သည်။ အမှုလည်း ပြီးသွားပါသည်။

နောက်ပိုင်း မိုးကုတ်တွင် လူ၃၅၀ခန့်ကို ဘိန်း၊မူးရစ်ဆေး ဖြတ်ပေးသည့်လုပ်ငန်း၊ လူ၃၀၀ခန့် အောင်မြင်ခဲ့သည်။ စာသင်ကျောင်း၊ မူကြို၊ ကျမ်းစာသင်ကျောင်းများ ဆောက်လုပ်ခြင်းဖြင့် နိုင်ငံတော်မှ လူမှုထူးချွန် တတိယအဆင့်ဆုကို ပေးအပ်ခံရသည်။

ဒုတိယအကြိမ် ကျောက်လုပ်ငန်းဖြင့်၊ ထောင်ကျပြန်သည်။ အင်းစိန်ထောင်တွင် ၁၀နှစ်၊ ၂လကြာခဲ့သည်။ မိုးကုတ်မြို့ပေါ်သို့ တောင်ပေါ်လူများစွာ ခေါ်လာ၊ အလုပ်လုပ်ကိုင်ခြင်းကို မြို့ခံများက မကြိုက်ကြ၊ နိုင်ငံရေးလုပ်မည်လား စိုးရိမ်များဖြင့်၊ ပြစ်မှုမရှိပဲ ဒုတိယအကြိမ် ထောင်ကျခဲ့ရသည်။ ထောင်ကျချိန်တွင် ဇနီးသည်တွင် ငွေလည်းမရှိ၊ အတိုးချေးပြီး ၆နှစ်ကျော်ရုန်းကန်ခဲ့ရသည်။ ညတိုင်း ဘုရားရှိခိုးသည်။ သား၂ယောက်နှင့်ချွေးမများလည်း သေဆုံးကြသည်။ (မျက်ရည်ဖြင့်)၊ ယောင်္ကျားလည်း ထောင်ထဲရောက်၊ အားကိုးစရာလဲမရှိတော့ပါ။

ထောင်ထဲတွင် သမ္မကျမ်းစာ မနက်၁၀ရွက်၊ နေ့၁၀ရွက်၊ ည၁၀ရွက် .. နေ့စဉ် အရွက်၃၀ဖတ်သည်။ ၂လမပြည်ခင် တအုပ်လုံးပြီးသွားသည်။ အဖေါ်အဖြစ် ခေါ်ထားသော ထောက်လှမ်းရေးမှ ထင်ရသူများနှင့်အတူ ကျမ်းစာဖတ်ခိုင်းသည်။ ၃လတစ်ကြိမ် လူသစ်လဲသည်။ ဗိုလ်မှုးဆိုသူများပင်လျှင် ငါ့ကိုတရားလာမဟောနဲ့ဟု ပြောသည်အထိ ဖြစ်ခဲ့သည်။ ထောင်ထဲနေစဉ် ပွဲတော်မစားရသဖြင့် ဆရာတစ်ပါး၊ ရောက်စေလိုသဖြင့် ဆုတောင်းရာ၊ ချင်းလူမျိုး ဆရာတစ်ပါး နိုင်ငံခြားသို့လူတစ်ဦးပို့ပေးခြင်း (လူကုန်ကူးခြင်းပြစ်မှု) ဖြင့် ထောင်ထဲရောက်လာသည်။ ပွဲတော်ပေးသဖြင့် ဆုတောင်းပြည့်ခဲ့သည်။ စကောပီယံ ကိုရန်နိုင်တို့နှင့်လည်း တွေ့ပြီး၊ ထောင်တွင် အတူဆုတောင်း၊ ကျမ်းစာလေ့လာ၊ ကိုးကွယ်ဝတ်ပြုကြသည်။

ဦးအောင်သိန်း ၁၉၉၉ခုတွင် ထောင်ကျသွားသည်။ ၁၂က ပုဒ်မဖြင့် ရန်ကုန်သွားပြီး၊ ရှေ့နေများနှင့် လွတ်လမ်းရှာသည်။ မလွတ်နိုင်ဟု ဘယ်လိုမှလုပ်မရဖြစ်ခဲ့သည်။ ဇနီးဖြစ်သူက ကား၂စီး၊ ပေါင်မုန့်ကားတစ်စီး၊ ရှိပြီး တောင်ပေါ်မှ တိုက်များအားလုံးကို ဖျက်သိမ်းရသည်။ ဇနီးသည်မှာ စိတ်ဓါတ်ကျပြီး သေဖို့အတွက် ဘုရားသခင်ကို ခေါ်တော်မူရန် ဆုတောင်းသည်အထိ ဖြစ်ခဲ့သည်။ ယောင်္ကျားလည်း ထောင်ထဲ၊ သားသမီးများကလည်း မလိမ်မာ၊ မူးရစ်ဆေးဝါးသုံးစွဲပြီး အိမ်ပြန်လာ၊ ငွေတောင်းရန်၊ ပိုက်ဆံလည်းမရှိ၊ ၃လတိုင်အောင် ဆုတောင်းရသည်။ ထိုအခါ ကျောက်တစ်လုံး ရရှိပြီး ရောင်းရငွေ ၁၄၀၀ ခန့်ရရှိခဲ့သည်။ ဘုရားကောင်းကြီးပေးခဲ့သည်။ အလုပ်တစ်ပတ်လုပ်၊ တစ်ပတ်ပြန်လာပြီး၊ ၁၅ရက်တစ်ခါ ရန်ကုန်ရှိ ခင်ပွန်းသည်ကို ထောင်တွင်သွားတွေ့သည်။ တွေ့တိုင်း ဇနီးဖြစ်သူက မျက်ရည်ကျရသည်။

ဦးအောင်သိန်းက စိတ်ဓါတ်လုံးဝမကျပါ။ ဘုရားကိုလည်း အပြစ်မတင်ပါ။

ထောင်ကပြန်ထွက်လာပြီးသည့်နောက် စိတ်ပြောင်းလိုက်သည်။ မူးရစ်ဆေးဝါးသုံးသဖြင့် သား၂ယောက်သေဆုံးခဲ့သည်။ လူအများက ဒီကောင် ပြန်လာပြီး၊ ဘာမှလဲမရှိတော့ဘူး၊ သားတွေလည်း သေကုန်ပြီ ..ဟု ပြောကြသည်။ ရန်ကုန်မှ အိမ်တစ်လုံးကို ရောင်းချလိုက်ပြီး လမ်းခင်း၊ တံတားဆောက်၊ စာသင်ကျောင်းဆောက်သည်။ ဘုရားကောင်းကြီးပေးလာသည်။ နံပါတ်(၁)မှာ ဘုရားပဲဖြစ်သည်။ ဘုရားပေးသော ကောင်းကြီးများကို မရှိဆင်းရဲသားများအား ပေးကမ်းရသည်။ လင်မယား၂ယောက် ပေးကမ်းခြင်းနှင့်ပတ်သက်ပြီး တစ်ခါမျှ စကားမများကြပါ။

ငွေကြေးနှင့်ပတ်သက်သော ခံယူချက်

အသက်ရှိစဉ် ဘုရားက သုံးဖို့ပေးထားခြင်းဖြစ်သည်။ ယနေ့အထိ လက်ထဲတွင် ပိုက်ဆံမရှိသော်လည်း ပေးတာပါပဲ၊ လက်ရှိ ကျောက်မိုင်းများ .. အစိုးရနှင့်ဖက်စပ်လုပ်ကိုင်လျှက်ရှိသည်။ ကမ္ဘာအရပ်ရပ် နိုင်ငံရပ်ခြားသွားရောက်ပြီး၊ ငွေကြေးနောက်လိုက်နေသူများအတွက် သန့်သန့်ရှင်းရှင်းနှင့် ငွေရှာရန်၊ များများရှာ၊ ဘုရားပဲ တတ်နိုင်သည်ဟု ပြောလိုသည်။ ငွေမရှိတော့ဘူး ဟု မပြောရန်၊ ငွေမလာသေးဖူး ဟု ခံယူရန်ဖြစ်သည်။ ဘုရားကို ကျေးဇူးတင်သည်။ အသက်ရှင်ခွင့်ပေးခြင်း၊ လှုဒါန်းခွင့်ပေးခြင်းများအတွက် ကျေးဇူးတင်သည်။

ဇနီးသည်ကလည်း ဘုရားမကြိုက်တာ ဘာတစ်ခုမှ မလုပ်ချင်ကြောင်း၊ ခက်ခဲသောကာလများတွင် ဘုရားကျောင်း၊ ကွာယာသီချင်းများ သွားရောက်သီဆိုနေကြောင်း၊ ဘုရားကျောင်းမှာရှိနေပါက စိတ်ညစ်မှုမရှိကြောင်း၊ ပြောပါသည်။

အနာဂါတ်အတွက်၊ ကျမ်းစာသင်ကျောင်း ၈ခု ဆောင်လိုပါသည်။ သားသမီး၊ချွေးမများကို အိမ်မြေများ ခွဲဝေမပေးပါ။ အားလုံး အတူနေထိုင်သည်။ ဦးအောင်သိန်းသည် အတန်းပညာ ၄တန်းသာ အောင်ခဲ့သောကြောင့် ပညာရေးကို အထူးအားပေးချင်သည်။ တောရွာများတွင် စာသင်ကျောင်းများဆောက်လုပ်ကာ၊ ပညာသင်စေသည်။ အခြားလောပန်များကို လှုဒါန်ရန်မပြောလိုသော်လည်း ပြောလိုသည့်အချက်မှာ၊ ဘုရားကိုဆက်ကပ်လျှင် စိတ်ချမ်းသာသည်၊ ဘုရားသည် ရွှေငွေများကိုလည်း ပေးနိုင်ပါသည်။ ယခုအခါ ဟိုးယခင်က အဖေါ်များစွာ ခက်ခဲနေကြသည်။ ဘုရားမရှိသောကြောင့် ဖြစ်သည်။ ဖန်ဆင်းရှင်၊ လောကကြီးကို ၆ရက်နှင့်ဖန်ဆင်းပြီး၊ တစ်ရက် အနားယူသော ဘုရားဖြစ်သည်။ ဘုရားက ကောင်းကြီး၊ ငွေကြေးများ တစ်ခါပေးလည်းမသိ၊ နှစ်ခါပေးလည်းမသိ ဖြစ်သူများ ဒုက္ခရောက်တတ်ပါသည်။

ထောင်မှပြန်ထွက်လာပြီး ၁၀နှစ်၂လအကြာ၊ မိုးကုတ်လူအများစုမှာ ရွှေ့ပြောင်းလုပ်သားအဖြစ်၊ တရုပ်ပြည်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ စသဖြင့် ရောက်သွားကြသည်။ အိမ်ပေါင်၊ ငွေတိုးယူပြီး အဆင်မပြေဖြစ်နေကြသည်။ သူတို့အား နောင်တရကြပါ၊ ဆယ်ဖို့တစ်ဖို့ ပေးကြပါဟု ပြောသောအခါ.. ဒီကောင်၊ ထောင်ကထွက်လာပြီး ဘာတွေလာပြောနေသလဲ...ဟု ပြောခံရသည်။ နောက်ပိုင်း မိမိပြန်လည် တိုးပွားလာသည်ကို သူတို့တွေ့ကြရသည်။ ဆယ်ဖို့တစ်ဖို့မကပါ။ ကြုံသလို နှစ်ဖို့၊ သုံးဖို့၊ ၅ဖို့ စသဖြင့် ပေးလှုပါသည်။

ကမ္ဘာလူသားများအားလည်း ဘုရားကိုကိုးကွယ်သူများ ဖြစ်ရန်၊ ကောင်းကင်သစ်၊မြေကြီးသစ်တွင် စံစားနိုင်ရန်၊ လောကနေထိုင်စဉ်တွင် စိတ်ချမ်းသာဖို့ ဘုရားနှင့်အမြဲနေထိုင်ရန်၊ ထိုအခါ ငြိမ်သက်ခြင်းနှင့်အတူ ကောင်းကြီးမင်္ဂလာများ ခံစားရကြောင်း၊ မိမိသည် ထောင်ကျနေစဉ်အတွင်း တစ်ခါမျှ စိတ်မညစ်ခဲ့ရကြောင်း သက်သေခံပြောကြားပါသည်။

ဇနီးမောင်နှံနှစ်ဦးသည် ကမ္ဘာအနှံ့ရောက်နေသူ လူစီးလူမျိုးများအားလည်း လီစူးစကားဖြင့် ဘုရားကို နံပါတ်(၁၀ ထားရန် မှာကြားစကားများကို ပြောကြားသွားခဲ့ပါသည်။

**********
9-Mar-2014 တွင် စင်ကာပူသို့ ဆေးစစ်ရန်ရောက်ရှိနေသော ဆရာဦးအောင်သိန်း၊ ဇနီးဒေါ်ခင်တင်တို့ Grace Baptist Church နှင့် Little Myanmar Fellowship (City Hall) သို့လာရောက်မိတ်သဟာရပြုပါသည်။ လီဆူဆရာ ဦးအောင်သိန်းက ကိုကွယ်ဝတ်ပြုခြင်းအစ Praise Worship အဖွဲ့ကို ဆုတောင်းပေးခြင်းဖြင့် စတင်ပါတယ်။ တရားဒေသနာနှင့်သက်သေခံခြင်းပြုလုပ်ပေးပါတယ်။

ဆရာတို့ဇနီးမောင်နှံကို ရန်ကုန်ဒလမြို့အသင်းတော်မှ ဆရာနောနောက ကျန်းမာရေး၊ ဘု၇ားရှင်ဘုန်းတော်ထင်ရှားရေးအတွက် ဆုတောင်းပေးရာ၊ ဇနီးမောင်နှံ၂ဦးတို့ အသင်းတော်ရှေ့တွင်ဒူးထောက်ဆုတောင်းခံသွားခဲ့ပါတယ်။

Little Myanmar မှညီငယ်၊ ညီမငယ်များက ဘုရားသခင်နှင့်အတူရှိခြင်းဖြင့် ဘုန်းတော်ထင်ရှားမှု၊ လူရှေ့ဘုရားရှေ့မျက်နှာရစေမှုများကို သက်သေခံပြောကြားကြပါတယ်။ ဆရာနောနောမှ ကောင်းကြီးပေးပြီး ကိုးကွယ်ဝတ်ပြုခြင်းကို အဆုံးသတ်ပါတယ်။
ဆရာခင်
ဆရာအောင်နိုင် +65 8282 2798, +65 92318043 မုရန်...။
Reference:
Saya Sai Aye Gospelinterview 2014 Published on Sep 9, 2014

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။