TechSpace Journal
Volkswagen ရဲ့ အနာဂတ် Concept
====================
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကိုပြန်ရောက်သွားမယ်ဆိုရင် ယနေ့ထွက်လာသမျှ
နည်းပညာတွေဟာ စိတ်ကူးယဉ်အဆင့်သာ ရှိနေမှာပါ။
နည်းပညာတွေရဲ့ ကြောက်ခမန်းလိလိ တိုးတက်လာမှုကြောင့် စိတ်ကူးယဉ်
အိမ်မက်တွေဟာ လက်တွေ့အကောင်ထည်ဖော်အသုံးချလာတာကို စာဖတ်
သူတွေအသိပါပဲ။

ယခုလည်း ဂျာမနီနာမည်ကျော် Volkswagen ကားကုမ္ပဏီဟာ သူ့ရဲ့ 
စိတ်ကူးယဉ်အနာဂတ် Concept ယာဉ်ကိုဗီဒီယိုဖိုင်နဲ့ မိတ်ဆက်ပြသ ခဲ့ပါတယ်။ဖန်တီရေးဆွဲသူ ဒီဇိုင်းပညာရှင် အသက် ၂၁ နှစ်အရွယ် တရုတ်လူမျိုး Yuhan Zhang ဆိုတဲ့ လူငယ်လေးရဲ့ လက်ရာပါ။
Volkswagen Aqua Hovercraft Concept လို့ခေါ်ပြီး Hydrogen Fuel Cell
ကိုအသုံးပြုမှာဖြစ်တဲ့အတွက် ပတ်ဝန်းကျင် ညစ်နွမ်းမှုကို ၁၀၀% ကာကွယ်စေ မှာပါ။
ရေပေါ်၊ကုန်းပေါ်နှစ်မျိုးလုံးအသုံးပြုနိုင်အောင် ထုတ်လုပ်မှာဖြစ်ပြီးတစ်နာရီ ၆၂ မိုင်နှုန်းအထိမောင်းနှင်နိုင်အောင်ဖန်တီးသွားမယ်လို့သိရ ပါတယ်။
ဖန်တီးမှုအနေနဲ့ လေးငါးနှစ်အနည်းဆုံးအချိန်ယူရမှာဖြစ်တဲ့ အတွက် လာမယ့် ၂၀၂၀ ရောက်မှသာထုတ်လုပ်နိုင်မယ်လို့သိရပါတယ်။
Volkswagen ရဲ့ ယခုလိုမိတ်ဆက်ဖော်ပြမှုကြောင့် အနာဂတ်ကား
တွေရဲ့  ပြိုင်ဆိုင်မှုပုံစံတစ်မျိုးပြောင်းသွားလေမလား ဆိုတာကတော့
လာမယ့် ၂၀၂၀ ကိုစောင့်မျှော်ရင်း 2020 Volkswagen Aqua Hovercraft Concept ယခုလိုဖော်ပြပေးလိုက်ပါတယ်။
Ref:indiatimes
Khun Nay(August Myanmar Media Group)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။