MM Social Sky
Facebook တွင် ပထမဦးဆုံး မာကဲတင်း အရာရှိချုပ် ခန့်အပ်
Facebook အနေနဲ့ ကုမ္မဏီတည်ထောင်ပြီး သက်တမ်းတစ်လျှောက် ပထမဆုံး မာကဲတင်း အရာရှိချုပ် ကို စတင်ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ Chief Marketing Officer လို့အမည်ရတဲ့ ရာထူး အမျိုးအစား အတွက်ပါ။
အခန့်အပ်ခံရသူကတော့ Gary Briggs အမည်ရ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူက အရင်တုန်း Google ရဲ့  Motorola Mobility မှာ Chief Marketing Officer ရာထူးနဲ့လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ Google က Motorola ကို မဝယ်ယူခင် ကတည်းက လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ Google က ဝယ်ယူပြီးနောက်ပိုင်း ဆက်လက် လုပ်ကိုင်ခဲ့ ပေမယ့်လည်း Google ရဲ့  အဖွဲ့တွင်း ဝန်းထမ်း အပြောင်းအလဲပြုလုပ်မှုများကြောင့် Gary ဟာ Motorola ကို စွန့်ခွာလာ ခဲ့ခြင်...း ဖြစ်ကြောင်း ဆိုပါတယ်။ Motorola မှာတုန်းကလည်း Gary ဟာ နာမည်ကောင်း ထွက်ထားသူ ဖြစ်ပါတယ်။

သူ့ရဲ့  လုပ်ဆောင်ချက်များကြောင့် Motorola ဟာ ဈေးကွက်မှာ လူသိ များပြီး Customer တွေ တိုးတက်ခဲ့တယ်လို့ ယုံကြည်တဲ့အတွက် Facebook ဟာလည်း Gary Briggs ကို ခေါ်ယူဖို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ Facebook ရဲ့  CMO ဟာ Gary Briggs ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (MM Social Sky)
.
Ref: mashable
Aung Kham (MM Social Sky)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။