Myanmar News Update
<< သီဟတင်စိုးအဘယ့်ကြောင့်လွတ်လပ်ရေး မရနိုင်သေးသနည်း? >>
ကျနော် က ရွာမှာ နယ်လှည့် ဗီဒီယို ပြစားတဲ့ မိသားစုက ပေါက်ဖွားတာပါ..........
ဒါကြောင့် ရွာသားများ အကြောင်းသိပါတယ် နောက် သီဟတင်စိုးကို ဘာကြောင့် ရွာသားများ အားပေးသလဲ သိပါတယ်.....
သီဟတင်စိုးကို အားပေးတာ တောသားတွေပါ

သီဟတင်စိုး ဘာကြောင့် လွတ်လပ်ရေး မရသေးလဲ ...........
တောသားတွေ လွတ်လပ်ရေး မရသေးလို့
တောသားတွေ ဆင်းရဲနေမြဲမို့ပါ..............
ဆင်းရဲသားများကို သူကြီးနောက်လိုက်မှ အစ အားလုံးက အနိုင်ကျင့် စော်ကား ဂုတ်သွေးစုပ် စတာစတာတွေ၊ ဘဝပေး အခြေအနေတွေနဲ့ ခံစားချက်တွေကို ခေတ်ပြိုင် သရုပ်ဖော် ရိုက်ကူးခွင့် မရတဲ့ကာလာမှာ ဆင်းရဲသားများရဲ့ ခံစားချက်များကို ဂျပန်ခေတ် ပြကွက်များ ကိုလိုနီခေတ်ပြကွက်များနဲ့ ပြပါတယ်..........
ရွာသားများက သူတို့ကိုယ်စား သူတို့ ခံစားရသလို သီဟတင်စိုး ခံစားပြတယ်
နိုပ်ကွပ် စော်ကားသူများကို ပြန်ချပြတဲ့ သီဟတင်စိုးဟာ
သူတို့ရဲ့ ရင်ထဲက သူရဲကောင်းပါ .........သူတို့ကိုယ်စားလို့ မြင်ပါတယ်......
သူတို့ ကိုယ်စား ဆိုပီး အားပေးပါတယ်....
သီဟတင်စိုး တော်လှန်သလို အပြင်မှာ သူတို့ လက်တွေ့ မတော်လှန် နိုင်တဲ့ အာဏာရှင်များကို သီဟတင်စိုး နဲ့ ပူးဝင် ခံစား တော်လှန် ပါတယ် ......
ဆင်းရဲသား ကျောမွဲများ တောသူတောင်သားများ ဒုက္ခ တွေ မကုန်သေးသ၍
ဒီနေ့ ခေတ်လို လယ်သိမ်း ယာသိမ်း လုပ်နေသေးသ၍
ဆင်းရဲသားများအတွက် ကိုယ်စားလှယ် သီဟတင်စိုး လွတ်လပ်ရေး မရသေးပါ........
ထိုကြောင့် သီဟတင်စိုး လွတ်လပ်ရေး မရသေးပါ..........
_________________________________________
ဇော်မျိုးလှိုင် (ဒဂုံတက္ကသိုလ်)
(Share from:မြ၀တီ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။