သက် နိုင်ဝင်း
အမည်က ဦးချစ်ရီ အသက်က ၇၄နှစ် ရွှေဘို-မြစ်ကြီးနားလမ်းမ ဂျီတီစီ ကျောင်းထောင့်မှာ ဆိုင်းဘုတ်ထောင်တော့ နေကတအားပူတာနဲ့ အရိပ်ခိုဖို့အသွား အဲ့အဘနေရာနားလေးက သစ်ရိပ်လေးရှိလို့ ဆိုင်ကယ်ရပ်ပြီး ခဏနားနေတုန်း အဘကလူလေးက ဘယ်ကလည်းတဲ့ ကျွန်တော်က ရန်ကုန်က ဆိုင်းဘုတ်လာထောင်တာဆိုပြီးပြောရင်း စကားဆက်ကျတော့ အဘကဒီမှာ နားနေတာလား ဘယ်သွားမလို့တုန်းဆိုတော့ ဘူးကုန်းဆိုလား သူပြောတာပဲ ကိုလည်း မကြားဖူးဘူး အဲ့ကိုသွားမလို့တဲ့ ခုအဘ စက်ဘီးစီးလာတာ သမီးဖြစ်သူနဲ့မြေးကိုတွေ့ချင်လို့လေတဲ့ အပြန်မောလာတာနဲ့ ခဏနားနေတာ စက်ဘီးလည်းဆက်မနင်းနိုင်တော့လို့ကားကြုံစောင့်နေတာတဲ့ ဒီလိုနဲ့ အဘိုးကြီးခမျာ လာသမျှကားတွေ တားတယ် တားသမျှကားကလည်း ရပ်ပေးတဲ့ကားကျတော့ သူသွားချင်တဲ့နေရာထိမရောက်ဘူး တစ...်ချို့ကျတော့ ရပ်ကိုမပေးကျတာ ဒီလိုသူကားစောင့်နေတာ နှစ်နာရီကျော်သွားပြီတဲ့လေ ကျွန်တော်လည်း သူ့ကြည့်ရတာသနားလာတာနဲ့ အဘခဏနော်ဆိုပြီး အအေးတစ်ဘူးရယ် ပေါင်မုန့်တစ်ထုပ်ရယ်သွားဝယ်ပြီးပေးလိုက်တော့ သူ့ခမျာ ပေးလိုက်တဲ့ဆုတွေ နည်းတာမဟုတ်ဘူး နောက် ကျွန်တော်က အဘ အအေးသောက်လေဆိုတော့ လူလေးရယ် အဘ အအေးဘူး မဖောက်တတ်ဘူးတဲ့ ဒါနဲ့ ကျွန်တော်လည်း အအေးဘူးယူပြီးဖောက်ပေးမှ သူလည်းသောက်ရှာတယ် သောက်နေရင်းမှ သူကပြောသေးတယ် တော်တော် အရသာရှိသားတဲ့ ဒါ ပထမဆုံးသောက်ဖူးတာ လူလေးရဲ့တဲ့ ကိုယ့်မှာတော့ သူစားနေသောက်နေတာကြည့်ပြီး ပီတိကိုဖြစ်လို့ ဒီအချိန်မှာ ကားတစ်စီးလားလို့ ကိုယ်လည်း ဝမ်းသာအားရတားလိုက်တော့ ကားကရပ်ပေးတယ် ဘူးကုန်းသွားမှာ ဒီအဘနဲ့ စက်ဘီး တစ်စီး ဘယ်လောက်ပေးရ မလည်းဆိုတော့ စပယ်ရာက အဘလက်ထဲက အအေးဘူး သောက်နေတာ ကို အဘိုးကြီးက မူးနေတာလားတဲ့ ကျုပ်လည်း ဒေါသကဘယ်လိုထွက်သွားမှန်းမသိဘူး ခင်းများ ဘာစကားပြောတာလည်း အဘကမောလို့ အအေးဝယ်တိုက်တာကို သောက်နေတာဗျ ကျုပ်က ကြားကနေ မနေနိုင်လို့ ကုသိုလ်ပြုပေးတာဆိုပြီး အော်တော့မှ ကားဒရိုက်ဘာ ဆင်းလားပြီး စပယ်ရာကိုကောပါလေရော နောက်မှ စက်ဘီးကော လူပါဆို နှစ်ထောင့်ငါးရာကျတယ်တဲ့ အဘက မျက်နှာငယ်လေးနဲ့ သူ့မှာ မပါတဲ့ အကြောင်း ပြောတော့ ဒါဆိုမတင်နိုင်ဘူးလုပ်နေတယ် ပိုက်စံကျုပ်ပေးမှာ ခင်များစကားမရှည်နဲ့လို့ ပြောမှ စပါယ်ရာလည်း ငြိမ်သွားတော့တယ် ကားထွက်ခါနီးမှာ အဘခမျာ သက်နိုင်ဝင်း အဘတို့ဘက်ရောက်ရင်ဝင်ခဲ့နော် အဘနာမည် ဦးချစ်ရီ သိလားဆိုပြီး တကြော်ကြော်အော်သွားလေရဲ့
လူကိုလူလိုမြင်နိုင်ကျပါစေ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။