Today Myanmar
"သူ့ကြောင့်"
တောမြို့လေးတမြို့ရဲ့ ကလေးမွေးဖွားနှုန်းဟာ အလွန်အမင်းမြင့်မားနေလို့ ပြည်နယ်အစိုးရ ခေါင်းခဲနေပါတယ်။
ဘာ့ကြောင့် မွေးဖွားနှုန်း မြင့်ရတာလဲဆိုတာကို ရှာဖွေဖော်ထုတ်ပြီး ထိန်းချုပ်မှ ဖြစ်တော့မယ်
အချိန်မှီ မထိန်းသိမ်းနိုင်ရင် နောင်နှစ်များ ကြာလာတဲ့အခါ စားဝတ်နေရေး၊ လူမှုရေးပြသနာတွေ ဖြစ်လာတော့မယ်။
... ဆိုတော့ ဘတ်ဂျက်များများသုံးပြီး မွေးဖွားနှုန်းထိမ်းချုပ်ရေး စီမံကိန်း ရေးဆွဲကြတယ်။
-သားဖွားမီးယပ် ဆရာဝန်ကြီးတွေ ငှားတယ်
... -လူမှုဆက်ဆံရေး ပညာရှင်တွေ ငှားတယ်
-မိသားစုစီမံကိန်းနဲ့ ကလေးမွေးဖွားနှုန်း ထိမ်းချုပ်မှုဆိုင်ရာ ကျွမ်းကျင်သူတွေ ငှားတယ်
ပြီးတာနဲ့ အဲဒီမြို့လေးမှာ ရုံးခန်းသွားထိုင်လိုက်တယ်။
လိုအပ်တဲ့ ရုံးသုံးပစ္စည်းတွေနဲ့ ကွန်ပြူတာတွေကိုလည်း တပ်ဆင်လိုက်တယ်။

ပထမဆုံးရုံးတက်တဲ့နေ့မှာ... ...
စီမံကိန်းဒါရိုက်တာကြီးဟာ ကော်ဖီသောက်ချင်လာလို့ ဘေးနားကကော်ဖီဆိုင်က ကော်ဖီမှာသောက်တယ်
စာပွဲထိုးလေးက ကော်ဖီလာပို့ရင်း စပ်စုတယ်...
"ဆရာတို့ ရုံးကြီးက အပျံစားဘဲနော်"
"အေးကွ"
"ဘာအတွက် ရုံးလာဖွင့်တာလဲ ဆရာ"
"ဒီမြို့လေးကကွာ ကလေးမွေးဖွားနှုန်း မြင့်လွန်းနေလို့၊ အဲဒါကို ရှာဖွေဖော်ထုတ်ဖို့ကွ"
"ဟာ ဒါများ၊ ကျနော်သိပါတယ်"
"ဟင် ဟုတ်လား၊ ဘာ့ကြောင့်လဲကွ"
"အမှတ် ၆ အမြန်ရထားကြောင့် ဆရာရေ..."
"ဟေ... ငါနားမလည်ဘူး၊ သေချာ ရှင်းပြ"
ဒီတော့ စာပွဲထိုးလေးက ရှင်းပြတယ်... ...
"အဲဒီအမှတ် ၆ အမြန်ရထားက ဒီမြို့လေးကို မနက် ၆နာရီမှာ ဖြတ်တယ်၊ မြို့လယ်မှာ လမ်းဆုံတခုရှိတော့ သူကရထားဥသြကို အကျယ်ကြီးဆွဲတယ်၊ အဲဒီမှာ တမြို့လုံး လန့်နိုးတော့တာကိုး ဆရာရဲ့"
"အဲဒါနဲ့ ကလေးမွေးနှုန်းများတာ ဘာဆိုင်လို့လဲဟ"
"ဆိုင်ပီပေါ့ဆရာရယ်၊ မနက် ၆ နာရီကြီး လန့်နိုးလာတယ်၊ ပြန်အိပ်ဖို့လည်း အချိန်မရှိ၊ အလုပ်သွားဖို့ကျတော့လည်း စောသေး.... ဆိုတော့... ..."
"ဟေ.... အေး... ဂွီ"
သန်၎ကို-ပေါက်ကရရေးသည်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။