Popular Journal
"တို့မေမေ - ၂ "
ကျွန်တော်၏ မေမေ မှာဒေါ်မြ ဖြစ်ပါ သည်။ မေမေ မှာ ဖေဖေ နယ်ပိုင်အရာ ရှိကြီး၏ က တော်ဖြစ်ပါ သည်။ မေမေ မှာ ဘွဲ့ရထား သော ဓာတ်ပုံ အ များကြီး ရှိပါသည်။ မေမေ သည် အင်္ဂလိပ်စာ မတတ်ပါ။ မေမေတွင် ဝမ်းဆက် မျိုးစုံလည်းရှိ ပါသည်။ ခြုံပဝါများလည်း အများကြီး ရှိပါ သည်။ မေမေ့ထံသို့ ဧည့်သည် အမေကြီး များလာလျှင် ဝမ်းဆက် များ ဝတ် တတ်ပါသည်။ မေမေသည် ရောက်လာသောမေမေကြီးများ နှင့်လည်း ဆင်တူ ဝတ်ကြပါသည်။ မေမေကြီးများ မိန့်ခွန်းခြွေလျှင် မေမေက လက်ခုပ်တီးပါသည်။ မေမေကြီးများ ကာရာအိုကေ ဆိုလျှင် မေမေက စီစဉ်ပေး ရပါသည်။ မေမေ လည်း သီချင်းဆိုပါသည်။ မြနန္ဒာ သီချင်းဆို လျှင် မေမေတို့ ကပြကြ ရပါသည်။
မေမေသည် ဧည့်သည် မေမေ ကြီးများလာလျှင် ဖေဖေပိုင် သောမြို့ ကို ပတ်တတ် ...ကြပါသည်။မေမေက ခေါင်းပဲညိတ်နေ ရပါသည်။ မေမေ၏ လက်သုံးစကားမှာ "မမကြီးက နုလာတယ်" ဖြစ်ပါသည်။ မေမေ နှင့်ဆုံလျှင် မေမေကြီးများမှာ ပစ္စည်း များ ဝယ်မသုံးပါ။ မေမေကြီးကြိုက် သော ပစ္စည်းများကို "မမကြီး ကြိုက် ရင်ယူ" ဟု ရှောရှူစွာ ပေးလိုက်တတ် ပါသည်။ မေမေပေးလိုက်သော ပစ္စည်းများ အတွက် မေမေလည်း ပိုက်ဆံ မပေးရပါ။ ဖေဖေ၏ တပည့် များကသာ ရှင်းပေးလိုက်ကြပါသည်။ မေမေကြီးများ တောင်းတာများပြီ ဆိုလျှင် မေမေက သူ၏နောက်လိုက် များကို "ဟဲ့..ပစ္စည်းကောင်းတွေ အမြန်သိမ်းကြစမ်း၊ နင်တို့ နားမလည်ဘူးလား" ဟုဆို၍ သိမ်းခိုင်းတတ်ပါ သည်။ မေမေသည် မေမေ ကြီးများနှင့် ဆုံတိုင်း ပျော်ချင်ယောင် ဆောင်နေ တတ်ပါသည်။ မေမေကြီး များပြန်လျှင် မေမေက...

"မမ ကျွန်မလာလည်မယ်နော်" ဟု ပြောတတ်ပါသည်။ မေမေကြီး များက လည်း ဝမ်းသာအယ်လဲနှင့်
"အေး..အေး၊ ဆက်ဆက်လာ နော်။ မမကြီးစောင့်နေမယ်" ဆိုပြီး ပြန်ပြော တတ်ပါသည်။ မေမေက ယုံပြီး မြို့ကိုလိုက်သွား ပါ သည်။ မေမေ ဒေါကြီးမောကြီးနှင့် ပြန် ရောက်လာပါသည်။ နှုတ်မှလည်း
"အဘွားကြီး..ဒီလာတုန်းက တော့ စားချင်တာစား၊ ယူချင်တာ လက်ညှိုးထိုး ပြီး ယူသွားတယ်။ သူ့ကို သွားတွေ့တော့ ထွက်တောင် မတွေ့ ဘူး။ လက်ဆောင် ပစ္စည်းတွေထားပြီး ပြန်ခိုင်းတယ်။ မေတ္တာကို မရှိဘူး" ဟု ငြူစူနေတတ်ပါသည်။ ပေးလာရ သော ပစ္စည်းများမှာလည်း မေမေ ဝယ်ထားသော ပစ္စည်းများမဟုတ်ပါ။ ဖေဖေ၏တပည့်များ ဝယ်ပေး လိုက် သော ပစ္စည်းများသာဖြစ်ပါသည်။ မေမေ ပိုက်ဆံသုံးတာ တစ်ခါမှ မမြင်ဖူးပါ။ ဧည့်သည်မလာလျှင် မေမေ အားနေတတ်ပါသည်။ ဖေဖေ့ တပည့်၏ မိန်းမများကိုခေါ်၍ တစ်ခု ပြီးတစ်ခု ခိုင်းနေတတ်ပါသည်။ ဧည့်သည်မေမေကြီး များလာမှ မေမေ အလုပ်ရှိပါသည်။ ဝမ်းဆက် များ ပြန် ဝတ်ပါသည်။ ခြုံပဝါပြန်ခြုံ ပါသည်။ မေမေကြီးများ စင်ပေါ် တွင် စကားပြော လျှင် ပျော်ချင် ယောင်ဆောင်ပြီး လက်ခုပ်တီးပေး ပါသည်။ ကာရာအိုကေဆို ပါသည်။ မြနန္ဒာသီချင်းနှင့် ကပါသည်။ ဖေဖေ ပိုင်သောမြို့ကို ပတ်ကြပါ သည်။ ပစ္စည်းကောင်းများ ကြိုဝှက်ပါသည်။ မေမေကြီးများ လက်ညှိုးညွှန်ရာ အလွယ်တကူ ပေးတတ်ပါသည်။
"မမ ကျွန်မလာလည်မယ်နော်" နှုတ်ဆက်ပါသည်။ သွားလည်လျှင် ထွက် မတွေ့မှန်းသိသော်လည်း ပြော ဖြစ်အောင်ပြောပါသည်။
မေမေသည် ဣနြေ္ဒရှင်ဖြစ်ပါ သည်။ မေတ္တာ မရှိသော မေမေကြီး များလာ လျှင်ပင် ဝမ်းသာပုံနှင့် ဆီးကြိုတတ်ပါသည်။ ကျွန်တော် လည်း ကြီးလာ လျှင် မေမေ့လို မပြုံး ချင်လည်း ပြုံးနေနိုင်သူဖြစ်အောင် ကြိုးစားပါမည်။
အကြည်တော်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။