Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 1, 2013

သွေးလွန်တုပ်ကွေးအန္တရာယ် သတိနှင့်ကာကွယ်

 
ကျန်းမာရေးစာတိုများစုစည်းမှု
သွေးလွန်တုပ်ကွေးအန္တရာယ် သတိနှင့်ကာကွယ်

သွေးလွန်တုပ်ကွေးဆိုတာ...
သွေးလွန်တုပ်ကွေးရောဂါရဲ့ အဓိကတရားခံဟာ ခြင်ကျားများဖြစ်ပါတယ်။ ရေအိုင်များ၊ အိုးခြမ်းပဲ့များ၊ ဘတ္တရီအိုးဟောင်းတွေမှာ မိုးရွာပြီးနောက် မိုးရေတင်ကျန်ခဲ့ပြီး၊ နေထွက်လာတဲ့အခါ ပိုးလောက်လန်းတွေပေါက်လာကာ၊ ၄င်းမှတဆင့် ခြင်းကျား (ခေါ်) ခြင် ပုန်း တွေဖြစ်လာပါတော့တယ်။ အဲဒီခြင်းပုန်းတွေက ပေါက်ပွားမှုမြန်ဆန်ပြီး မိုးဦးစကျောင်းဖွင့်ချိန် လူဦးရေထူထပ်သော မူကြို ကျောင်း/စာသင်ကျောင်းများ/တရားစခန်းများမှာ သွေးစုပ်ရန်ကျက်စားလာကြပါတယ်။ ခြင်ဆိုးများဟာ လူတစ်ဦးဆီမှ နောက် တစ်ဦးဆီသို့  မတူညီသော သွေးများကိုသယ်ဆောင်သွေးစုပ်ခြင်းဖြင့် သွေးလွန်တုပ်ကွေးအစဖြစ်ပေါ်လာတာပါ။ ရှေးယခင် ကာလများမှာ အသက် ၃ နှစ် နှင့် ၁၅ နှစ်အရွယ် ကလေးတွေ အဖြစ်များကြပြီး၊ ခုနောက်မှာတော့ တစ်နှစ်အောက် ကလေးများ သာမက၊ ၂၅ - ၃၀ နှစ်အရွယ်တွေလည်းဖြစ်လာကြပါတယ်။ ယခုလိုမိုးဦးကျ ဇွန်လမှစ၍ ဇူလိုင်၊ သြဂုတ်၊ စက်တင်္ဘာ မှာ အဖြစ် များဆုံးကာလမို့  သတိနှင့် ကြိုတင်ကာကွယ်တတ်ဖို့ အရေးကြီးပါတယ်။

သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ…

ရောဂါလက္ခဏာများမှာ အပူချိန် ၁၀၀ နှင့်အထက်အဖျားကြီးခြင်း၊ ကိုယ်အပူချိန် ၁၀၅ဒီဂရီဖာရင်ဟိုက်လောက်အထိ ရုတ်တရက် ဆောင့်တက်လာခြင်း၊ ခေါင်းအရမ်းကိုက်ခဲခြင်း၊ နားထင်များနာကျင်ကိုက်ခဲခြင်း၊ အရိုး/ကြွက်သား/အရိုးဆစ်စသည့် ကိုယ်လက် ကိုက်ခဲခြင်း၊ ဗိုက်နာဗိုက်အောင့်ပြီး ဗိုက်ကိုအထိမခံနိုင်ခြင်း၊ ခိုက်ခိုက်တုန်ပြီးခြေဖျားလက်ဖျားအေးစက်ခြင်း၊ အရေပြားပေါ်မှာ အနီရောင်အစင်းကြောင်းများပေါ်လာခြင်း၊ မျက်နှာနီအမ်းခြင်း၊ ပင်ပန်းနွယ်နယ်ကာ အချိန်ပြည့်မှိန်းနေတတ်ပြီး အစာစားချင်စိတ် မရှိခြင်း၊ အစားအသောက်အရည်ဝင်သည်နဲ့ တပြိုင်နက်တည်းအန်ထွက်ခြင်း၊ လည်ချောင်းနာခြင်း၊ လက်မောင်းတွင် သွေးပေါင် ချိန်တိုင်း ကိရိယာဖြင့်တိုင်းကြည့်ရင် Hess Test Positive ဖြစ်နေခြင်းစသည်တို့ ဖြစ်ပါတယ်။ (အချို့ သူများမှာ ချောင်းဆိုးနှာစေး ၀မ်းပျက် ၀မ်း လျှောဖြစ်တတ်ပါတယ်)

သွေးလန့် ခြင်းရောဂါလက္ခဏာများ…

အထက်ပါလက္ခာများဟာ သာမန်သွေးလွန်တုပ်ကွေးရောဂါဖြစ်ပြီး၊ ဆေးဝါးကုသမှုခံယူပါက ပျမ်းမျှရက်သတ္တတစ်ပတ်အတွင်း နေကောင်းသွားမှာပါ။ သို့ သော် အဖျားပျောက်သော်လဲ တော်တော်နဲ့ မလန်းဆန်းဘဲ လေးလံထိုင်းမှိုင်းပြီးမှိန်းနေခြင်း၊ ကယောင် ကတမ်းဖြစ်ခြင်း၊ ခြေလက်များအေးစက်ခြင်း စသည်တို့ ဟာ သွေးလန့် ခြင်းလက္ခဏာများပါဘဲ။ အထူးသဖြင့် ကလေးတွေမှာ သွေးလန့် လေ့ရှိပါတယ်။ သွေးလန့် တယ်ဆိုတာ ခန္ဓာကိုယ်အနှံ့ အပြားကို သွေးသွားလာမှုလျော့သွားတာပါ။ သွေးရည်ကြည် မျာပြင်ပကို ခဏထွက်သွားတယ်လို့  ဆေးပညာမှာပြောလေ့ရှိပြီး၊ အသက်အန္တရာယ်စိုးရိမ်ရလို့  “အဖျားကျစဉ် မလန်းလျှင် အစဉ် သတိချပ် ” လို့  ပြောစမှတ်ပြုကြရပါတယ်။ သွေးလန့် တဲ့ အခြားလက္ခဏာများကတော့ မတ်တပ်ရပ်စဉ် မူးယိုင်ခြင်း၊ မကြာခဏ အဖျားတက်လိုက်ကျလိုက်ဖြစ်ခြင်း၊ မောပမ်းခြင်း၊ သွေးခုန်နှုန်းသိသိသာသာကျဆင်းသွားခြင်း၊ အာခံတွင်းခြောက်သွေ့ ခြင်း၊ အ သက်ရှုနှုန်းမြန်ဆန်လာခြင်း၊ အသည်းရောင်ကိုင်းခြင်း၊ ကော်ဖီရောင်အန်ခြင်း၊ သွားဖုန်းသွေးထွက်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွေးဖြူဥနည်းသွားခြင်း၊ ဆီးနည်းလာပြီး ဆီးထဲသွေးပါခြင်းတို့ ဖြစ်ပါတယ်။ ထိုအခြေအနေမှာ ဆရာဝန်ရဲ့ လက်ဦးမှုကို အရယူနိုင်ဖို့ လွန်စွာအရေးကြီးပါတယ်။ လူနာ၏ ရောဂါအခြေအနေနဲ့  ကိုယ်ခံစွမ်းပေါ်မူတည်ပြီး၊ ဆရာဝန်က လိုအပ်သလို တစ် နာရီခြားတစ်ခါ စောင့်ကြည့်ကာ ရိုးရိုးဆားရည်သွင်းခြင်း (သို့ မဟုတ်) သွေးရည်ကြည်သွင်းခြင်း (သို့ မဟုတ်) ကော်ရည်သွင်း ခြင်း၊ သွေးခုန်နှုန်းပမာဏ-ဆီးပမာဏ-သွေးပျစ်ကျဲနှုန်း…စသည်တို့ ဖြင့် ထိထိရောက် ကုသမှုခံယူရမှာပါ။

သွေးလွန်တုပ်ကွေးအတွက် အိမ်တွင်းကုထုံး…

(၁) တမာပင်အရွက် နှင့် တမာပင်အဆီတို့ ဟာသွေးသန့် စေလို့ ၊ တမာပြုတ်ရည်ဖြင့် ရေပတ်တိုက်ပါ (သို့ မဟုတ်) တမာဆီလူး ပေးပါ။ (၂) ခန္ဓာကိုယ်တွင်းရေဓာတ်ဆုံးရှုံးမှုကိုပြန်လည် အစားထိုးရန်နှင့် အပူရှိန်လျော့ချနိုင်ရန်အတွက် ရေများများသောက်ပါ။ (၃) အဖျားလုံးဝကျတဲ့ အထိ အဖတ်လုံးဝမစားဘဲ၊ အရည်စစ်သောက်ပါ။ (၄) နံနံပင်အရွက်များက အဖျားကျစေရုံသာမက၊ သွေး လွန်တုပ်ကွေးကြောင့် ကုန်ဆုံးသွားသောအားများကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ (၅). ပင်စိမ်းရွက်ကလည်း သွေးလွန်တုပ် ကွေးဖျားနာခြင်းအတွက် အကောင်းဆုံးဆေးတစ်ခွက်ဖြစ်လို့  ပင်စိမ်းရွက် ၁၅ ရွက်ခန့် ဝါးစားပါ (သို့ မဟုတ်) ပစ်စိမ်းရွက်အစိုကို ရေနွေးကြမ်းခပ်သောက်ပါ။ (၆) သင်္ဘောသီး နှင့် သင်္ဘောစေ့တို့ ကို တုပ်ကွေးဖျာနာခြင်းအတွက် သဘာဝဓာတ်ဆာအဖြစ် ယုံကြည်စိတ်ချစွာစားပါ။ သင်္ဘောရွက်ထဲတွင် ပါရှိသော အင်ဇိုင်းဓာတ်များက ကိုယ်အပူချိန်ကျစေရုံမျှမက၊ သွေးလွန်တုပ်ကွေး ကြောင့် အစာမကျေဗိုက်နာခြင်းအတွက် အားကိုးဆေးတစ်ခွက်ပါ။ (၇) မဲဇလီပင်အမြစ် က တုပ်ကွေးအဖျားကျစေသလို၊ ချက်ချင်းအားပြည့်လာစေပါတယ်။ (၈) ပဲနံ့ သာပင်ရွက် ကို လ္ဘက်ရည်ကြမ်းခပ်သောက်ခြင်းက အဖျားကျစေသလို၊ ခနာကိုယ် တွင်း ဇီဝကမ္မဖြစ်စဉ်ကို ကောင်းစွာလည်ပတ်စေပါတယ်။ (၉) သလဲသီးနှင့် အနက်ရောင်စပျစ်သီးတို့ က သွေးဆဲများကို တိုးပွားလာစေပါတယ်။ (၁၀) လိမ္မော်ရည်ကအစာချေအားကောင်းခြင်း၊ ဆီးသွားခြင်း၊ လန်းဆန်းစေခြင်းတို့ ကို ပေးစွမ်းနိုင် ပါတယ်။ (၁၁) ကြက်သွန်နီကို ထက်ခြမ်းခြမ်း၍ ဖန်ပုလင်းထဲထဲ့ကာ ရှာလကာရည်မြုပ်အောင်တညသိပ်စိမ်၍ အဖုံးလုံအောင်ဖုံး ပါ။ ထမင်းစားသည့်အခါတိုင်း ထဲ့စားပေးခြင်းဖြင့် သွေးလွန်တုပ်ကွေးမဖြစ်အောင်ကြိုတင်ကာကွယ်ရာရောက်ပါတယ်။

ကြိုတင်ကာကွယ်နည်း………။

ရောဂါဖြစ်လာမှကုသခြင်းထက်၊ မဖြစ်အောင်ကြိုတင်ကာကွယ်ထားတတ်ဖို့ လို ပါတယ်။ ဒါကြောင့်လည်း "ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်တယ်/ Precaution is better than Cure" လို့ ဆိုပါတယ်။ အရေးကြီးဆုံးကတော့ ခြင်ကိုက်မခံရ စေဖို့ ပါဘဲ။ အကျီလက်ရှည်၊ ပုဆိုးရှည်ရှည်ဝတ်ဆင်ခြင်း၊ ခြင်ထောင်ဖြင့်အိပ်စက်ခြင်း၊ ရေစီးရေလာကောင်းပြီး ခြင်မပေါက်ပွါး စေရန် ရေဆိုးမြောင်းများရှင်းလင်းခြင်း၊ လေ၀င်လေထွက်ကောင်းပြီး ခြင်မခိုအောင်းနိုင်အောင် အိမ်တွင်းအိမ်ပြင်သန့် ရှင်းရေးပြု လုပ်ခြင်း၊ ခြံတွင်းခြံပြင်ချုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ ကိုယ်ထုကိုယ်ထ ဖုံး-သွန်-လဲ-စစ် ပြုလုပ်ခြင်း၊ ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း ...စသည်တို့  ကို မိမိအသိစိတ်ဓာတ်ဖြင့် အိမ်ထောင်စုအသီးသီးတိုင်း တာဝန်ယူကြမယ်ဆိုရင် သန့် ရှင်းကျမ္မာ သော စံပြရပ်ကွက်၊ ကျေးရွာ၊ မြို့ နယ်မှသည် တပြည်လုံးအတိုင်းအတာထိ သွေးလွန်တုပ်ကွေးရောဂါ ကျဆင်းလာမည်ဟု မျှော်လင့်မိပါကြောင်း။


(ပေါက်ပေါက်…ရေးသားသည်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။