Burma-Newselite
၈၈ အပြီး ၂၅နှစ်အကြာ
( ထားထားမြင့်၊ ဆဲဗင်ဒေးသတင်းစာပါ ဘာသာပြန်ဆောင်းပါး)
၂၅ နှစ်ကြာခဲ့ သော်လည်း စစ်သားတွေက ဒီမိုကရေစီရေးဆန္ဒပြသူများကို ရက်စက်စွာနှိမ်နှင်းနေသော လမ်းများကိုဖြတ်ပြီး အကျီင်္မှာသွေးစွန်းနေသော ကျောင်းသူလေးကို သယ်ဆောင်လာခဲ့ သူ လူငယ်အမျိုးသားနှစ်ဦး၏ မျက်လုံးများက ကြောက်ရွံစိတ်များကို ယခုတိုင်မြင်နိုင်ပါသေးသည်။
နယူးစ်ဝိခ်မဂ္ဂဇင်းမှာ မျက်နှာဖုံးအဖြစ်ဖော်ပြခဲ့ သောဓတ်ပုံက မြန်မာနိုင်ငံ၏ ၁၉၈၈ အရေးအခင်းကြီးကို စစ်အစိုးရက ရက်ရက်စက်စက်နှိမ်နှင်းခဲ့ ပုံကို ထင်ရှားစွာ ပြသခဲ့ ပါသည်။ ထိုအရေးအခင်းသည် စစ်တပ်က အာဏာသိမ်းသည်နှင့် အဆုံးသတ်ခဲ့ပြီဒီမိုကရေစီရေးလှုပ်ရှားသူများထောင်နှင့်ချီပြီး အကျဉ်းထောင်များကို အပိုခံ့ခဲ့ ရသလို အနာဂတ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်လာမည့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထင်ရှားကျော်ကြားလာစေခဲ့ သည်။
ယခုအချိန်မှာတော့ ရှစ်လေးလုံးဟု သိကြသော ထိုနေ့ ကအဖြစ်အပျက်အားလုံးဒေါက်တ၀င်းဇော်က စတင်ပြန်ပြောင်းပြောပြခဲ့ ပါသည်။
ဒေါက်တာဝင်းဇော်ကအဆိုပါဓတ်ပုံထဲက ဆရာဝန်ဖြစ်ပါသည် ။ သွေးစွန်းနေသော ကျောင်းသူလေးကို ခက်ခက်ခဲခဲသယ်နေရသဖြင့် သူမျက်မှန်က နှာခေါင်းပေါ်ကို တွဲကျနေခဲ့ သည်။ ယနေ့ မြန်မာစစ်အစိုးရက အရပ်သားအစိုးရဟူသော အစိုးရကို အာဏာလွဲပြောင်းပေးပြီး နှစ်နှစ်အကြာမှာတောင် သူက ထိုနေ့ က ဖြစ်ပွားခဲ့ သောအဖြစ်အပျက်ကို ပြောပြဖို့ နုတ်လေးတုံဆိုင်းနေမြဲ။ မြန်မာပြည်က လူအများစုအတွက်တော့ သူတို့ ၏ ကိုယ်ပိုင်သမိုင်းဇတ်လမ်းများက တီးတိုးစကားထက် နည်းနည်းလေးသာရုံအဆင့်သာရှိပါသည်။
“ တံခါးကနည်းနည်းလေးဘဲဖွင့်ထားတာပါ။သမိုင်းကို ထိန်းသိမ်းဖို့ နဲ့ ကွယ်လွန်ခဲ့ သူတွေအတွက် ကျနောပြောပြချင်ပါတယ်။ ကျနော့် ရင်ထဲမှာတော့ အချိန်တန်ပြီလို့ ယူဆပါတယ်။ ဒါပေမဲ့ သိပ်တော့ စိတ်မချရသေးဘူးပေါ့လေ”ဒေါက်တာဝင်းဇော်က စကားလုံးရွေးချယ်ရန်အားယူနေသည့်အလား ခေတ္တခဏ နုတ်ဆိတ်သွားပါသည်။
ထိုအရာသည် ကိုယ်တိုင်အဖြစ်ဆိုးများဖြင့်ကြုံတွေခဲ့ ရသော နိုင်ငံများ၏ ဇတ်လမ်းတခုဖြစ်ပါသည်။ ဘာအချိန်မှာများ မြို သိပ်ထားရသောစကားများကို ဖွင့်ပြောရန် အချိန်တန်မှာပါလဲ။ အတိတ်ကို ပြန်သွားရမလာ။းဒါမှမဟုတ် အဖြစ်ဆိုးများကို လက်ခံရင်ဆိုင်ရမည်လား
အာ၈ျင်တီးနားနိုင်ငံမှာလည်း ၁၉၇၀ ခုနှစ် စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရန် ကြိုးစားခဲ့ စဉ်က ထို ဖြစ်ရပ်မျိုးများရှိခဲ့ ဖူးပါသည်ကမ္ဘောဒီယားတွင်လည်း ခမာနီခေါင်းဆောင် ပိုပေါ့ လက်ထက်မှာ တနိုင်ငံလုံးကို ခမာနီတွေသိမ်းပိုက်စဉ်ကလည်း ထိုအဖြစ်မျိုးတွေ ဖြစ်ပွားခဲ့ သည်။
ယနေ့ တရုတ်နိုင်ငံတွင်လည်း ထိုအဖြစ်အပျက်မျိုးက မကြာခဏ ဖြစ်ပွားခဲ့ သည်။ ၁၉၈၉ခုနှစ်တိန်ရင်မင်အရေးအခင်းက ယခုအချိန်တွင် ပြောပြလို့ မရသည့် အဖြစ်အပျက်တခုအဖြစ်ရှိနေသေးသော်လည်း ရာစုနှစ်တ၀က်ကျော်ကြာခဲ့ ပြီဖြစ်သည့် မော်စီတုံး၏ ယဉ်ကျေးမှူတော်လှန်ရေးကြောင့် လူပေါင်းသန်းနှင့်ချီသေဆုံးခဲ့သည့် ၁၉၅၀ နှောင်းပိုင်းနှင့် ၁၉၆၀ နှစ်ဦးဆီက အဖြစ်အပျက်များကို မကြာသေးခင်က လွတ်လပ်စွာပြောဆိုနိုင်လာပါသည်။
.“ အဲဒိအကြောင်းကို ညွန်းပြီး မပြောမိအောင်တောင် ရှောင်ခဲ့ ကြတယ်။ အဖြစ်မှန်ကို ဖုံးကွယိချင်တာနဲ့  အမှန်ကို ပြောချင်သူတွေကြားမှာ ရှေ့ တိုးနောက်ငင်ဖြစ်နေကြတုန်းဘဲ ။တဖြည်းဖြညးနဲ့ ဒါဟာ ပြောင်းလဲခြင်းရဲ့ အစဘဲ’
တရုတ်နိုင်ငံမှာကြီးပြင်းလာခဲ့ သူ ချီကာဂိုတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် ဒါလီရန်က ပြောကြားသည်
။
ပြောင်းလဲလာသည်ဆိုသော်လည်း ထိုပြောင်းလဲမှုက ဘယ်နေရာက လာပါမည်လဲ။ ကြောက်ရွံမှုနှင့် တိတ်ဆိတ်မှုများက တိုင်းပြည်ကနေ ပျောက်ကွယ်ပြီး ကိုယ့် သမိုင်းကြောင်းကို ပွင့်လင်းစွာ ဆွေးနွေးလာအောင် မည်သို့ ပြူလုပ်ရပါမည်လဲ။
တချို့ အကြောင်းများကတော့ အချိန်၏ တန်ခိုးအာဏာဘဲဖြစ်ပါသည်။ အရှိန်အ၀ါကြီးသောနိုင်ငံရေးသမားများ သေဆုံးကုန်ကြသည်။ သမိုင်းကဖြစ်ရပ်ဆိုးများသည် လက်တလောဖြစ်ရပ်ဆိုးများအောက်တွင် တိမ်မြုပ်နေကြသည်။ ဖြစ်ရပ်လေးများက ကွင်းဆက်အဆင့်အဆင့်ကို တစတစထက်ဖေါ်ထုတ်လာကြသည်။ နောက်ဆုံးတွင် အဖြစ်အပျက်အသေးစိတ် စတင်ပေါ်ပေါက်လာပြီ။
မကြားသေးခင်နှစ်များဆီက တရုတ်အစိုးရကပင်လျှင် မော်စီတုန်း ၏ မူဝါဒများမှားယွင်းကြောင်း အသိအမှတ်ပြုလာကြပြီး တချို့ အပိုင်းများကို အပြစ်တင်လာကြသည်။
တရုတ်နိုင်ငံကဲ့ သို့ ပင်မြန်မာသည်လည်း အာဏာရှင်အောက်မှ လွတ်မြောက်လာပြီး နှိပ်စက်မှုများနည်းပါးလာသော်လည်း စစ်မှန်သော ဒီမိုကရေစီရရန် အလှမ်းဝေးနေပါသေးသည်။ မြန်မာ၏ ရာဇ၀င်မှာ အဆိုးမြင်သူများ၏ မျိုးဆက်တို့ က လွှမ်းခြုံထားခဲ့ သည်။
၁၉၆၂ခုနှစ်တွင် ဦးနေ၀င်းက အာဏာသိမ်းပြီးနောက် အာရှ၏ အချမ်းသာဆုံးနိုင်ငံတနိုင်ငံမှ ကမ္ဘာမှာအဆင်းရဲ ဆုံးနိုင်ငံတနိုင်ငံဖြစ်လာခဲ့ သည်။ဦးနေ၀င်းအစိုးရ၏ အကျင့်ပျက်မှုများနှင့် အုပ်ချုပ်ရေးညံ့ ဖျင်းမှုများကြောင့် ၁၉၈၈ ခုနှစ်အရေးအခင်းကြီးပေါ်ပေါက်လာပြီးတလကြာအရပ်သားအစိုးရကအုပ်ချုပ်ပြီးနောက် စက်တင်ဘာလ၁၈ ရက်တွင် စစ်အာဏာတဖန်ပြန်သိမ်းခဲ့ သည်။
အနည်းဆုံးလူသုံးထောင်ခန့် သေဆုံးခဲ့ သောအကြမ်းဖက်မှုများမှာ မည်သည့် အစိုးရအရာရှိမှ ယခုထိ တာဝန်ရှိသည်ဟု အဖမ်းမခံရသေးပါ။
ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်ဒေါက်တာဝင်းဇော်ကြုံခဲ့ ရသောအဖြစ်မှာ စက်တင်ဘာစစ်အာဏာသိမ်းခဲ့ စဉ်က ဆန္ဒပြသူများပစ်ခံရသည်ကြားသဖြင့် ဆေးကုသမှုပေးရန်လိုအပ်နေသောအချိန်ဖြစ်သည်
သူထက်အသက်ကြီးသည့် လုပ်ဖော်ကိုင်ဖက်တဦးနှင့် အလုပ်လုပ်နေရင်း ဒေါက်တာဝင်းဇော်က အရေးပေါ်ကားဖြင့် ဆန္ဒပြနေသောဒဏ်ရာရသူများကို အခေါက်ခေါက်အခါခါ သွားပြီး ဆေးရုံသို့ သယ်လာသည်။
တတိယမြောက်အခေါက်တွင် မဟာဗန္ဓုလလမ်းပေါ်၌ဆန္ဒပြသူများဒါဇင် ချီသေဆုံးနေပြီး ဒဏ်ရာရနေသူများကိုလည်း သူတွေ့ ခဲ့ သည်။ သွေးများကားနေရာတိုင်းမှာအိုင်ထွန်းလျှက်။
ဆရာဝန်နှစ်ယောက်က ပြင်းပြင်းထန်ထန်ဒဏ်ရာရထားသော ကျောင်းသူကလေးတဦးကို မြင်သွားသည်။ ကျောင်းသူကလေးက အထက်တန်းကျောင်းသားဝတ်စုံအဖြူနှင့် အစိမ်းကို ၀တ်ထားပြီး ရှပ်အကျီအဖြူမှာ သွေးများအကုန်စွန်းထင်းနေသည်။
“သူနှလုံးခုန်သံကို နားထောင်လိုက်တော့ နှလုံးခုန်နေသေးတယ် ။သူက တိုးတိုးလေးပြောတယ်။ အကို ကျမကိုကယ်ပါတဲ့ ”
အားတင်းထားရန်ပြောပြီး ဒေါက်တာဝင်းဇော်နှင့်ဆရာဝန်နှစ်ဦးက အသက် ၁၆နှစ်အရွယ်ကျောင်းသူမ၀င်းမော်ဦးကို အရေးပေါ်ကားဆီသို့ သယ်ပြေးသည်။ ထိုပုံမှာ အသက် ၂၄နှစ်အရွယ်ရှိ အမေရိကန်ဓတ်ပုံဆရာ စတိလေမန်ရလိုက်သော မြင်ကွင်းဖြစ်ပါသည်။ ထိုပုံမှာ သူတို့ ၏ ကြောက်ရွံမှုများနှင့်ဆရာဝန်ကုတ်အကျီလွှင့်နေသည်အထိ သူတို့ ၏ စိတ်ပူပင်သောကများကို အမိအရဖော်ပြလိုက်နိုင်သော ဓတ်ပုံဖြစ်ပါသည်။
ကျောင်းသူမိန်းကလေးကတော့ ထိုဓတ်ပုံကို မမြင်သွားရရှာပါ။
ထိုနေ့ညနေမှာဘဲကွယ်လွန်သွားခဲ့ ပါသည်။
တပတ်ခန့်ကြာသောနယူးစ်ဝိခ်စာစောင်မှာ ထိုဓတ်ပုံက မျက်နှာဖုံးအဖြစ်ပါလာသောအခါ ဒေါက်တာဝင်းဇော်မှာ ဒုက္ခလှလှရောက်ရပါတော့သည်။ သူ့ ကို စစ်ထောက်လှမ်းရေးများက ဖမ်းဆီးခဲ့ ပြီး စစ်ကြောရေးစခန်းတွင် ငါးရက်ကြာဖမ်းဆီးထားခဲ့ သည်။ သူ့ ကနှိပ်စက်ညှင်းပန်းခြင်းမခံရသော်လည်း ဖမ်းဆီးခံရမှူကြောင့် အလွန်အမင်းကြောက်လန့် တုန်လှုပ်ခဲ့ ရသည်။ သူက အစိုးရ၏ အမည်ပျက်စာရင်းတွင် ပါနေပြီး အနှစ်၂၀ ကြာအောင် နိုင်ငံကူးလတ်မှတ်မရခဲ့ ပါ။ ပုဂ္ဂလိက ဆေးခန်းလေးသာဖွင့်ထားရရှာပါသည်။
သူ၏ သူငယ်ချင်းဒေါက်တာစောလွင်ကတော့ သူ့ ထက်ပိုအဖြစ်ဆိုးပါသည်။ ဒေါက်တာစောလွင်၏ ဖခင်မှာ မြန်မာအသံမှ တာဝန်ရှိသူတဦးဖြစ်ပြီး အငြိမ်းစားပေးခံရပါသည်။ သူ့ ကြောင့်သူ့ အဖေယခုကဲ့ သို့ ဖြစ်ခဲ့ သည့်အတွက်စိတ်ဓာတ်ကျပြီး ၁၉၉၆ခုနှစ်မှာ ဒေါက်တာစောလွင်က သူ့ ကိုယ်သူ သတ်သေသွားခဲ့ ပါသည်။
“သူငယ်ချင်းတယောက်ဆုံးရှုံးခဲ့ တာပေါ့ဗျာ”ဟု ဒေါက်တာဝင်းဇော်က ဆိုပါသည်
အရေးအခင်းပြီးသည်မှာ ၂၅နှစ်ကြာပြီဖြစ်သော်လည်း မြန်မာနိုင်ငံမှာ မပြောရဲသည့်အရာများ များစွာရှိနေပါသေးသည်။ စစ်အစိုးရလက်ထက်တွင် လူထောင်ပေါင်းများစွာ ထောင်ကျခဲ့ရသည်။ လက်ကမ်းစာစောင်ဝေရုံမျှလောက်နှင့် တချို့ ကနှစ်ပေါင်းများစွာ ၊တချို့ က မကြာခဏထောင်ကျခံရသည်။ စစ်ကြောရေးစခန်းမှာ နှိပ်စက်သူများနှင် သူတို့ ကို အမိန့်ပေးခဲ့ သူများကတော့ ယခုထိအပြစ်မှ လွတ်နေတုန်းပင်ဖြစ်သည်။
“တကယ်လို့ အစိုးရက အတိတ်ကရက်စက်ကြမ်းကြတ်ခဲ့မှုတွေကို အသိအမှတ်ပြုပြီး ၀န်ခံမယ်ဆိုရင် အခုရှစ်လေးလုံးအခမ်းအနားက ဆယ်စုနှစ်တွေအတော်များများကြာအောင် ဖိနှိပ်သူ အစိုးရလက်ထက်ကနေ လွတ်မြောက်လာတဲ့ အောင်မြင်ခြင်းအခမ်းအနားဘဲ ဖြစ်လာနိုင်တယ်။ စစ်တပ်နဲ့ အစိုးရက ငြင်းဆိုနေတာကနေ ၀န်ခံလာပြီး အပြစ်လွတ်နေတာကနေ တရားဥပဒေရဲ့ အပြစ်ပေးတာခံမယ်ဆိုရင် ဒါဟာ ခေတ်သစ်တခုရဲ့ အစတောင် ဖြစ်လာနီုင်တယ်ဟု “ လူ့ အခွင့်အရေးစောင့်ကြည့်အဖွဲ့ ၏ အာရှဒါရိုက်တာ ဘရက်အေဒင်ကပြောကြာူသည်။
သို့ ရာတွင်ဒီမိုကရေစီရေးလှုပ်ရှားသူများက စုံစမ်းစစ်ဆေးမှူများပြုရန် တောင်းဆိုနေသော်လည်း အာဏာရှိစစ်ဗိုလိချုပ်များနှင့် အစိုးရကတော့ ရာဇ၀င်ကို ပြည်ဖုံးကားချပြီး ပိတ်ဆို့ မှုများရုပ်သိမ်းမှုကို ကြိုဆိုနေကြပြီး စီးပွားရေးတိုးတက်လာမှုကို မျှော်လင့်စောင့်ကြည့်နေကြသည်။ကမ္ဘာလှည့်ခရီးသည်များက မြန်မာကို စုပြုံကာ လာလည်နေကြသည်။ ကုန်သွယ်ရေးစာချုပ်များလည်း လတ်မှတ်ရေးထိုးပြီးကြပြီ။ ဒေါက်တာဝင်းဇော်ကတော့ စာအုပ်တအုပ်ရေးနေပါသည်။
စာအုပ်အဖြစ်ထုတ်ဝေရန်သူ စိတ်လှုပ်ရှားနေသော်လည်း ၈၈ အရေးအခင်းမှာ ဘာတွေဖြစ်ခဲ့ သလဲဆိုတာကို အမှတ်ရနေဖို့ လိုသည်ဟု သူကဆိုပါသည်။
‘ ၈၈ ဆိုတာ မေ့ပစ်လို့ မရဘူး အဲဒိဝိညာဉ်ကို ကျနော်တို့ ဆက်လက်ထိန်းထားရမယ်။
အေပီသတင်းဌာနမှဆောင်းပါးရှင်ဆူလီဗန်__ 25 Years After Unrest, Myanmar Begins To Copeကို ထားထားမြင့်မှဘာသာပြန်ဆိုသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။