Aye Chan Mon
လက်ကိုင်ဖုန်း hand set အမျိုးအစားတွေထဲမှာ HUAWEI ဖုန်းအမျိုးအစားက ရောင်းအားကောင်းပါတယ်။
လိုင်းဆွဲအား ကောင်းတာ၊ တခြားနာမည်ကြီး ဖုန်းအမျိုးအစားတွေမှာ ထည့်တဲ့ appalication တွေကိုလည်း ထည့်သွင်း အသုံးပြုလို့ ရတာတွေကြောင့် လူကြိုက်များနေတာပါ။
...
ဒါပေမဲ့ HUAWEI ဖုန်း အသုံးပြုသူတွေ သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။
အဖြူနဲ့ ပန်းရောင် နှစ်လုံးက ဘယ်ထရီ အပိုပါတဲ့ C8812 နဲ့ T5900
အမျိုးအစားတွေ ဖြစ်ပါတယ်။
T, C, U ဆိုတာ ဘာတွေလဲ ~
HUAWEIဖုန်းဝယ်မယ် ဆိုရင် မော်ဒယ်နံပတ်ရှေ့မှာပါတဲ့ အင်္ဂလိပ်အက္ခ ရာတွေ ကိုသတိထားပြီးရွေး ၀ယ်ပါ။
ဥပမာ - T8950 မှာ T ဆိုတာ တရုတ်ပြည်မှာသုံးတဲ့ TDMA Network ပါ ၊ ဒီ ဖုန်းကိုအသုံးရင် 3G အပြည့် မရပါဘူး၊
C8950 မှာ C ဆိုတာ CDMA 800 ကို ရည်ညွန်းတာပါ၊
U8950 မှာ ပါတဲ့ U က GSMA နဲ့ WCDMA နှစ်မျိုးသုံး လို့ရတဲ့ Dual sim card ကို ဆိုလိုတာပါ။
မော်ဒယ်နံပတ်တွေရှေ့မှာပါတဲ့ ဒီ အင်္ဂလိပ်အက္ခရာတွေမှာ T နဲ့ စတဲ့ TDMA ဖုန်းတွေက ကျန်တဲ့ U တို့ C တို့နဲ့ စတဲ့ဖုန်းတွေထက် ဈေးသက်သာပါတယ်။
ဒါကြောင့် ဖုန်းဝယ်မဲ့သူတွေ မော်ဒယ်နံ ပတ်ရှေ့က အင်္ဂလိပ်အက္ခရာတွေကို ကြည့်ပြီး ၀ယ်ဖို့လိုပါတယ်။
စင်ကာပူက အ၀င်နည်းတယ် ~
“HUAWEI ဖုန်းတွေ မြန်မာပြည်ထဲကို တရုတ်ပြည်က ၀င်သလို စင်ကာပူက ပတ်ဝင်လာတာ ရှိပါတယ်။ စင်ကာပူက ၀င်တဲ့အလုံးတွေ ဆိုရင် ဖုန်းအတွင်းစာတွေ အကုန်လုံးက အင်္ဂလိပ်စာနဲ့ဖြစ်ပြီး Gmail ၊ gtalk တပါတည်း ပါတယ်”
လို့ ရန်ကုန်မြို့ အမှတ် ၁၆၃၊ လသာလမ်းမှာ ရှိတဲ့ Easy One Mobile ဆိုင်က ကိုအောင်ကျော်ကျော်က ပြောပါတယ်။
သို့သော်လည်း စင်ကာပူက အ၀င် အင်မတန်နည်းတယ်လို့ ဆိုပါတယ်။
“HUAWEI အလုံး ၁၀၀ မှာ ၉၉ လုံးလောက်က တရုတ်ပြည်က၀င်တာ” လို့ ကိုအောင်ကျော်ကျော်က ပြောပါတယ်။
HUAWEI ဖုန်းတွေမှာ C8812 နဲ့ T5900 အမျိုးအစားတွေမှာ ဘက်ထရီ ၂ ခု ပါတယ်။ ဒါကြောင့် ဒီအမျိုးအစားတွေ ၀ယ်တဲ့အခါ ဘယ်ထရီအပို ပါမပါ စစ်ဖို့လိုပါတယ်။
ဈေးနှုန်းကပ်ထားတဲ့အတွက် အရောင်းအ၀ယ် ပိုပြီး အဆင်ပြေစေပါတယ်
C 8812 ရဲ့ အားနည်းချက် ~
“Touch Screen အပျက်အများဆုံး မော်ဒယ်ကတော့ C 8812 ပါ၊ Screen အသစ် လဲမယ် ဆိုရင်တော့ အမည်းရောင်က ၁၀,၀၀၀ နဲ့ အဖြူရောင်က ၁၂,၀၀၀ ပါ၊ ဒါ ပုံသေတော့ မဟုတ်ဘူး ဈေးနူန်း အတက်အကျတော့ရှိပါတယ်၊ လက်ခက ၅,၀၀၀ ပါ” လို့ ကိုအောင်ကျော်ကျော်က ဆိုပါတယ်။
Huawei က လိုင်းဆွဲအားကောင်းတယ်လို့ ဆိုကြတယ်။ ဟလို ကြားရလား ... ဆိုတဲ့ အနေအထားမှာ Huawei အရောင်းသွက်တာ သဘာဝ ကျပါတယ်။
News from: Myawady News
အေးချမ်းမွန်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။