Hlaing Bwa and KhingKhing Su shared Royal Hero Media's photo.
စင်ကာပူ ဖေဖော်ဝါရီ ၈
ကမ္ဘာပေါ်ရှိ လူနေမှု စရိတ် အမြင့်မားဆုံး မြို့များ စာရင်းတွင် စင်...ကာပူ မြို့သည် ယခုနှစ်တွင် နံပါတ် (၆) နေရာကို ရရှိခဲ့သည်ဟု Economic မဂ္ဂဇင်း၏ စီးပွားရေး သတင်း ကဏ္ဍတွင် ဖော်ပြထားသည်။
၂ဝ၁၃ ခုနှစ်၏ ကမ္ဘာတစ်ဝန်း လူနေမှု စရိတ် အများဆုံး မြို့များ စာရင်းကို ဆန်းစစ် လေ့လာသူ များက စာရင်းကောက်ယူ ခဲ့ကြရာတွင် စင်ကာပူ၏ လူနေမှု ကုန်ကျစရိတ်သည် နယူးယောက်မြို့ ထက်ပင် ၃၅ ရာခိုင်နှုန်း ပိုမို များပြားကြောင်း တွေ့ရှိ ခဲ့ကြသည်။
စင်ကာပူ နိုင်ငံသည် ယခင်နှစ်က ငွေကြေး သုံးစွဲမှု အများဆုံး စာရင်းတွင် နံပါတ် (၉) နေရာ၌ ရောက်ရှိခဲ့ပြီး ယခုနှစ်တွင်မူ ယမန်နှစ်က ၎င်း၏ အထက်တွင် ရှိသော ဇူးရစ်၊ ပဲရစ်နှင့် ဂျီနီဗာမြို့ တို့ကို ကျော်၍ နံပါတ် (၆) နေရာကို ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။
ဆန်းစစ် လေ့လာသူ များသည် ကမ္ဘာ တစ်ဝန်းရှိ မြို့ပေါင်း ၁၃၁ မြို့၏ လူနေမှု ကုန်ကျစရိတ်ကို နှိုင်းယှဉ်ရာ တွင် နယူးယောက် မြို့ကို အခြေပြု၍ တစ်နှစ်လျှင် နှစ်ကြိမ် ဆန်းစစ် လေ့လာလေ့ ရှိကြောင်း သိရသည်။ လေ့လာသူ များသည် မြို့အသီးသီးမှ တစ်ဦးချင်းစီ၏ အသုံးစရိတ် များကို နှိုင်းယှဉ် ခဲ့ကြကြောင်း၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု လုပ်ငန်း အတွက် ကုန်ကျ စရိတ်များတွင် စားသောက်မှု၊ အဝတ်အထည်၊ နေအိမ်၊ သယ်ယူ ပို့ဆောင်ရေး၊ အထွေထွေ အသုံးစရိတ်နှင့် အပန်းဖြေမှု အတွက် ကုန်ကျစရိတ် တို့ပါဝင် သည်ဟု သိရသည်။
တိုကျိုမြို့သည် ယခုနှစ် အတွက် နေထိုင်မှု စရိတ် အမြင့်မားဆုံး မြို့အဖြစ် နံပါတ်တစ် နေရာတွင် ရောက်ရှိခဲ့ပြီး ကျန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခု အတွင်း၌လည်း နှစ်တိုင်းလိုလို နံပါတ်တစ် နေရာတွင် ရောက်ရှိခဲ့ သည်။ ပါကစ္စတန် နိုင်ငံ၏ မြို့တစ်မြို့ ဖြစ်သော ကရာချိ မြို့သည် လူနေမှု စရိတ် အသက်သာဆုံး မြို့တစ်မြို့ အဖြစ် စာရင်း၏ အောက်ဆုံးတွင် ရပ်တည် နေခဲ့သည်ဟု သိရသည်။
မြဝတီ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။