Zaw Mintun Zawmintun
နနွင်းမှုန့်ကို နှစ်ပေါင်းများစွာ ကတည်းက အရိုးအဆစ်ရောင် ရောဂါနဲ့ တခြားရောဂါတွေကို ကုသဖို့ အသုံးပြုခဲ့ကြပါတယ်။ နနွင်းမှာ ပါဝင်တဲ့ ကာကူမင်ဟာ ရောင်ရမ်းမှုကို တားမြစ်နိုင်တာကြောင့်လို့ ဆိုပါတယ်။
အခု ဂျာမနီနိုင်ငံက လေ့လာမှု အရလည်း နနွင်းဟာ ကင်ဆာပြန့်ပွားမှုကို တားမြစ် နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ လေ့လာမှုအရ နနွင်းဟာ သားမြတ်ကင်ဆာ ရှိသူတွေကို အဆုတ်အတွင်း ပြန့်ပွားမှု မရှိအောင် တားမြစ် နိုင်တယ်လို့ သိရပါတယ်။ သားမြတ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဟာ နာတာရှည် ရောင်ရမ်းမှုကြောင့် ဖြစ်ပါတယ်။
ဒီကင်ဆာ နှစ်မျိုးစလုံးရဲ့ ကင်ဆာဆဲလ် တွေက CXCL1 နဲ့ CXCL2 အပါအဝင် ရောင်ရမ်းမှုဖြစ်စေတဲ့ ပရိုတင်းတွေကို ထုတ်လုပ် ပေးတယ်လို့ တွေ့ရှိခဲ့ပြီး ကာကူမင်ဟာ အဲဒီပရိုတင်း နှစ်မျိုးရဲ့ ထုတ်လုပ်မှုကို လျှော့ချနိုင်တယ်လို့ သိရပါတယ်။
နနွင်းမှုန့်ကို နေ့စဉ် ရှစ်ဂရမ်ထိ သောက်သုံး နိုင်ပါတယ်။ ဆီးကျိတ်ကြီး (BPH) တဲ့ အမျိုးသားတွေနဲ့ မိသားစုရာဇဝင်မှာ သားမြတ်ကင်ဆာရှိတဲ့ အမျိုးသမီးတွေ အနေနဲ့ နနွင်းကို ကင်ဆာရောဂါ ကာကွယ်ဖို့ အသုံးပြုထားသင့်ကြောင်း သုတေသီတွေက အကြံပေးထား ကြပါတယ်။
Ref; healtharticle
Royal Hero Media
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။