Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 4, 2013

မြန်မာ့ ဂန္တ၀င်အဆိုတော် ဒေါ်မာမာအေး ၏ ဂီတအနုပညာ ရက်စွဲ မှတ်တမ်း

 
ကို စိန်သန်း
 ( Popularmyanmar )

မြန်မာ သက္ကရာဇ် ၁၃ဝ၄ ခုနှစ်၊ ဒုတိယဝါဆိုလ (၁၉၄၂ခုနှစ်-ဇူလိုင် ၂၆ရက်နေ့) တွင် ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြမြို့၊ ရှမ်းကုန်းပိုင်း၌ ဖခင်နှဲဆရာ ဦးအေးနှင့် မိခင် ဒေါ်သန်းနှစ် (အဆိုတော်မြောင်းမြသန်း) တို့က မွေးဖွားခဲ့သည်။ ယခင် အမျိုးသမီးစံပြ အထက်တန်းကျောင်း အမည်ရှိပြီး ယခုအခါ အ.ထ.က(၁) ကမာရွတ်၌ ပညာ ဆည်းပူးခဲ့သည်။ အမည်ရင်း...မှာ မအေးမြင့် ဖြစ်ပြီး အသက်သုံးနှစ်ကျော် မှစ၍ ခေတ်သစ် ရာဇဝင်ပြဇာတ် အဖွဲ့တွင် သီချင်း ဆိုပြဇာတ်ကခဲ့ပြီး အသက်ရှစ်နှစ် အရွယ်တွင် စတင် အသံလွှင့်ခံရသည်။
စန္ဒရားမြမြအေး အပျော်တမ်း တူရိယာ အဖွဲ့ဖြင့် သန်းသန်းမြင့် အမည် နှင့်လည်းကောင်း၊ ပွင့်ဦးတေးသံ အပျော်တမ်း တူရိယာအဖွဲ့၊ မြင့် သီရိ အပျော်တမ်း တူရိယာ အဖွဲ့၊ ချိုတေးရှင် တူရိယာ အဖွဲ့တို့၌ မြင့်မြင့်အေး အမည်ဖြင့် လည်းကောင်း၊ ရဲသီဟ အပျော်တမ်း တူရိယာ အဖွဲ့၊ စစ်ရဲဂီတ တူရိယာ အဖွဲ့ ၊ ကေသီပန် တူရိယာ အဖွဲ့၊ ဂီတမာလာ သီချင်းကြီး တူရိယာ အဖွဲ့၊ စောင်း ဦးစင်မြင့်သီချင်းကြီး တူရိယာ အဖွဲ့၊ မန္တလေး စန္ဒရား ဦးအုန်းမောင် သီချင်းကြီး တူရိယာ အဖွဲ့တို့ တွင် မာမာအေး အမည်ဖြင့် အသံလွှင့် ဖြေဖျော်ခဲ့ကြောင်း သိရသည်။

၁၉၅၅ ခုနှစ်- “သက်တံပေါ်မှာက စား မယ်”သီချင်းဖြင့်အောင်မြင် ကျော် ကြားခဲ့ပြီး ထင်ရှားသည့် နိုင်ငံတော် သိအဆိုတော် တစ်ဦးဖြစ်လာခဲ့သည်။

၁၉၅၆၊ ၅၇၊ ၅၈ခုနှစ်- နိုင်ငံအတွင်းရှိ ကျောင်းပေါင်းစုံ ကဗျာရွတ်ပြိုင်ပွဲတွင် အလယ်တန်း အဆင့်ပထမဆု တံဆိပ်ကို သုံးနှစ် ဆက်တိုက် ဆွတ်ခူး ရရှိသဖြင့် တံခွန်စိုက်ဆု ချီးမြှင့်ခြင်း ခံရသည်။

၁၉၅၇ခုနှစ်- စာပေ၊ ဂီတအနုပညာ ရပ်များဖြစ်သည့် ကဗျာ၊ စာညွန့်၊ သီ ချင်းများကိုလေးမာ ကလောင် အမည် ဖြင့် ရေးသားခဲ့သည်။

၁၉၆၁မှ ၆၄ခုနှစ်အထိ -မြန်မာ့ အသံ အသံလွှင့် ဌာနတွင် ဒုတိယမြန်မာပိုင်း အစီအစဉ် လက်ထောက် ထုတ်လွှင့် ရေးမှူး အဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။

၁၉၆၄မှ ၆၅ခုနှစ်အထိ- မြန်မာနိုင်ငံ ခေတ်ပေါ် တေးဂီတ ကောင်စီတွင် အမှု ဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်ခဲ့သည်။

၁၉၆၄မှ ၇၇ခုနှစ်အထိ- မြန်မာ့အသံ အသံလွှင့်ဌာနတွင်လက်ထောက် ထုတ် လွှင့်ရေးမှူး(အလုပ်သမား ပညာပေး အစီအစဉ်) ၌ အမှုထမ်းရွက်ခဲ့သည်။

၁၉၆၈မှ ၇ဝခုနှစ်အထိ- မြန်မာနိုင်ငံ ဂီတကောင်စီ အမှုဆောင်နှင့် ဂီတ ပဒေ သာ မဂ္ဂဇင်းကော်မတီဝင် ဖြစ်ခဲ့သည်။

၁၉၆၉မှ ၁၉၇၃ခုနှစ်အထိ- “မြခြူ သံ”၊ “သူ့ကိုမှ ချစ်သည်”၊ “မန်ဒါလီ”စ သည့် ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင် အဖြစ် ပါဝင်ရိုက် ကူးခဲ့သည်။

၁၉၇၁ခုနှစ်-တေးသံရှင်ဓာတ်ပြား ထုတ်လုပ်ရေးကို တည်ထောင်ခဲ့ သည်။

၁၉၇၄ခုနှစ်- “သိုးကလေးမေမေ”လုံးချင်း ဝတ္ထုစာအုပ်ရေးသား ထုတ်ဝေခဲ့သည်။

၁၉၇၆ခုနှစ်- “အေးအဆိုလေ့ကျင့် ရေး ကျောင်း” ကိုတည်ထောင်ဖွင့်လှစ်ခဲ့သည်

၁၉၇၇ခုနှစ် – မာမာအေးတေးဂီတ လုပ်ငန်းကို တည်ထောင်ခဲ့သည်။

၁၉၉၅၊ ၉၆၊ ၉၇ ခုနှစ်- မြန်မာ့ရုပ်မြင်သံကြား အသံလွှင့်ဌာနတွင် စတင်ထုတ် လွှင့်ခဲ့သော မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ပြည်သူ့လူထု၏ စိတ်နှလုံးသားထဲ ထိစွဲကိုင်လှုပ်ကာ ဂီတ ဖျော်ဖြေရေး အစီ အစဉ် တစ်ရပ်ဖြင့် ဖမ်းစား စေခဲ့သည့် ဆိုကရေးတီး ပြိုင်ပွဲ၊ အဆိုအဖွဲ့၊ အတွင်း ရေးမှူး (မဟာဂီ) အဖြစ် တာဝန်ယူ ဆောင် ရွက်ခဲ့သည်။

၁၉၈၈ခုနှစ်- အမေရိကန် ပြည်ထောင်စု တွင် ခေတ္တနေထိုင် လျက် ဂီတမှတ်တမ်းများ ရေးသားပြုစုရင်း ဆေးပညာ သင်တန်းများ တက်ရောက်ခဲ့သည်။ အမေရိကန်၊ ဗြိတိန် ၊သြစတြေး လျ ၊ဂျပန်နိုင်ငံ များတွင် ရောက်ရှိနေသော မြန်မာသံစဉ် ဂီတချစ်သူများကို သွား ရောက် ဖျော်ဖြေလည်ပတ်ခဲ့သည်။

လန်ဒန်မြို့ အခြေစိုက် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှ တစ်ဆင့်သော တရှင် ပြည်သူများ အတွက် “ပြောစရာတွေလည်း တစ်ပုံကြီးရှိ သေးတယ်” အစီအစဉ်ကို အသံ လွှင့် လျက်ရှိသည်။ ဒေါ်မာမာအေးသည် အမေရိကန် အခြေစိုက် မိုးမခ Radio and Multi media ၏ အကြံပေးလည်း ဖြစ်သည်။

၁၉၈၉ခုနှစ်- အမျိုးသား ဂီတပညာရှင် များအဖွဲ့ချုပ်တွင် အတွင်းရေးမှူး (၁) အဖြစ် ထမ်းရွက်ခဲ့သည်။

၁၉၉၅ခုနှစ်- ယဉ်ကျေးမှု ဝန်ကြီးဌာန၊ မဟာဂီတ သီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတ မှတ်တမ်း ပြုစုရေး ကော်မတီ အဖွဲ့ဝင်၊ စည်းဝါးသံကျ စိစစ်ရေး အဖွဲ့ အတွင်း ရေးမှူး အဖြစ်ထမ်းရွက်ခဲ့သည်။

၁၉၉၇ခုနှစ်- Studio A အသံသွင်းခန်း တည်ထောင်ခဲ့သည်။

၁၉၉၈ ခုနှစ် - အမေရိကန် ပြည်ထောင်စု၊ နယူးယောက် မြို့တွင် ခေတ္တနေထိုင် ၍ ဂီတ မှတ်တမ်းများ ရေးသားပြုစုခြင်း အပြင် အမေရိကန်ပြည်နယ် များ နှင့်အင်္ဂလန် ၊သြစတြေးလျ၊ ဂျပန်နိုင်ငံ များသို့ ရောက်ရှိနေကြသည့် မြန်မာ့ ဂီတချစ်သူများ ထံသွား ရောက်လှည့် လည်ဖျော်ဖြေခဲ့သည်။

၂ဝ၁၂၊ သြဂုတ်လ- မြန်မာနိုင်ငံတော် သမ္မတရုံးမှနေ၍ အကြောင်း မျိုးမျိုးကြောင့် နာမည်ပျက် စာရင်းတွင် ထည့်သွင်းခြင်း ခံရသူ ၆၁၆၅ဦး အနက်မှ ၂ဝ၈၂ဦးကို ပြန်လည် ပယ် ဖျက်ပေးခြင်းအား သြဂုတ်လ ၂၈ ရက်နေ့ ကကြေညာခဲ့ပြီး ပယ်ဖျက်ခံ ရသော စာရင်းတွင် အဆိုတော် မာမာအေး၊ အဆိုတော် လားရှိုး သိန်းအောင်နှင့် ရုပ်ရှင် သရုပ် ဆောင်ရဲ မင်းပိုင် တို့လည်းပါဝင်ခဲ့ကြသည်။

၂ဝ၁၂၊ ဒီဇင်ဘာလ ၇- တေးသံရှင် ဒေါ်မာမာအေး အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဒေါ်မာမာအေးသည် ကျန်းမာ ရေး အခြေအနေကြောင့် ဘီးတပ် ကုလားထိုင် နဲ့ တွန်းလာခဲ့ရပြီး မီဒီ ယာ များနှင့်တွေ့ဆုံရာမှာ “အခုလို ပြန်လာရတာ တအား ဝမ်းသာတယ်။ ပရိသတ်ကြီးနဲ့ တွေ့ ဖို့ ပြန်လာတာပါ။ အားလုံးကို သီချင်းဆိုပြဖို့ ပြန်လာပါ တယ်။ သီချင်းတွေ ဆိုနိုင်အောင် လည်း ကြိုးစားသွားမယ်”ဟု ပြောခဲ့သည်။

၂ဝ၁၂၊ ဇူလိုင်လ -Central Hotel ကျောက်စိမ်း ခန်းမတွင် ဒေါ်မာ မာ အေး၏ ဇူလိုင်လ ၂၆ရက်၌ ကျရောက်မည့် အသက် ၇ဝပြည့် မွေးနေ့ အထိမ်းအမှတ် “ရင်ဖွင့်ကြည့် ပါ သူငယ် ချင်း” စာအုပ်မိတ်ဆက်ပွဲကျင်းပခဲ့သည်။

၂ဝ၁၂၊ဒီဇင်ဘာ- အထက(၁) ကမာရွတ်ကျောင်း ခန်းမတွင် ကျင်းပသော စံပြ အမျိုးသမီး အထက်တန်းကျောင်း (မရမ်းခြံ) ကျောင်းသူ၊ ကျောင်းသား ဟောင်းများက အနန္တ ကျေးဇူးရှင် ဆရာမများအား ပူဇော် ကန်တော့ ပွဲသို့ တက်ရောက်ခဲ့သည်။

၂ဝ၁၃ခုနှစ်၊ ဇန်နဝါရီ ၅- ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC (လေဟာပြင်)၌ ကျင်းပခဲ့သည့် City FM ၏ ၁၁ နှစ်မြောက် အထိမ်းအမှတ် ပွဲတွင် လှိုင် တေးသံသွင်းက ထုတ်လုပ် ဖြန့်ချိခဲ့ သည့် အကောင်းတကာ့ အကောင်း ဆုံး Vol.1,2 စီးရီးဖြင့် ရောင်းအား အကောင်း ဆုံး မြန်မာသံ တေးစီးရီးသီ ဆိုသူ (အမျိုးသမီး) ဆုကို ရရှိခဲ့သည်။

ဇန်နဝါရီ ၂ဝ၁၃ ၁၂ရက်- ရန်ကုန်မြို့ ရွှေတိဂုံဘုရား အနောက်ဘက်မုခ်ရှိ ပြည်သူ့ ရင်ပြင်တွင် “ရသနှလုံး သား ပေးဆပ်ပွဲ” အမည်ရှိ ဂီတ ဖျော်ဖြေရေးပွဲကို ကျင်းပခဲ့ရာ သက်ကြီး အနုပညာရှင်များ ဖြစ်ကြသည့် ဗိုလ်ကလေး တင့်အောင်၊ ကိုမင်းနောင်၊ ဒေါ်တင်တင်မြ၊ ထား၊ ချိုပြုံးနှင့် တစ် ချိန်က ဂီတအနုပညာ ညီအစ်ကို မောင်နှမ များစွာ မြင်တွေ့ခွင့်ရခဲ့သည်။

ဇန်နဝါရီ ၂ဝ၁၃ခုနှစ်- “မမအေးတို့ တေး ဥယျာဉ်” မာမာအေးအသက် ၇ဝ ပြည့် မွေးနေ့ အမှတ်တရ စာစုများ အဖြစ် ဗိုလ်ကလေး တင့်အောင်၊ မောင်မိုးသူ၊ မာမာအေး၊ ရွှေကူမေနှင်း၊ မြသဲဖြူ (မြန်မာသံ)၊ ချစ်ဦးညို၊ လေးကိုတင်၊ ကြည်ရွန်း၊ မောင်ဟံသာ၊ အောင်နိုင် ထွန်း(စိုင်ပြင်ကြီး) တို့ပါဝင်ရေး သား သည့် အမှတ်တရ စာစုများ စု စည်း ထုတ်ဝေသည်။
သူမသည် မြန်မာပြည်တွင် သုံးလနီးပါး နေထိုင်မည်ဖြစ်ပြီး တန့် ကြည့်တောင်ရှိ တရားရိပ်သာစခန်း တွင်၁ဝရက်စခန်းလည်း ဝင်ခဲ့သည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။