Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 21, 2016

ကော်ဖီသောက်သူတိုင်း သိရမယ့် လျှို့ဝှက်ချက်တစ်ခု

ကော်ဖီသောက်သူတိုင်း သိရမယ့် လျှို့ဝှက်ချက်တစ်ခု

ကော်ဖီစွဲနေတဲ့ လူတွေအတွက် Huffington Post မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။
ကော်ဖီတစ်ခွက် သောက်ပြီးတိုင်း ရေသောက်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ ကော်ဖီမှာ ကဖိန်းဓာတ်ပါဝင်ပြီး လူကို မောပန်းရင်တုန်တာတွေ ဖြစ်စေပါတယ်။ ကော်ဖီသောက်ပြီး ရေသောက်နည်းသွားတဲ့အခါ သွေးဟာ ပြစ်လာပါတယ်။

စွမ်းအင်ပိုသုံးရပြီး နှလုံးဟာ အလုပ် ပင်ပင်ပန်းပန်း လုပ်လာရပါတယ်။
ကဖိန်းဓာတ်ကြောင့်ရော၊ ရေဓာတ်ခန်းခြောက်တာကြောင့်ပါ ကော်ဖီကို ပိုသောက်ဖြစ်လာပြီး မောပန်းရင်တုန်တာတွေ ပိုဖြစ်လာပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကော်ဖီသောက်ပြီးတိုင်း ရေနှစ်ခွက်လောက် သောက်ပေးသင့်ပါတယ်။

ကန်စွန်းရွက် နှစ်သက်သူများ မိမိဧ။် နေအိမ်တွင် အိုးနှင့် သန့်ရှင်းစွာစိုက်ရ်ျ ဘေးကင်းစွာ စားသုံးနိုင်ရန် ကန်စွန်းရွက်စိုက်နည်းကို မျှဝေလိုက်ပါတယ် ။


MyFood Myanmar added 6 new photos.

ကန်စွန်းရွက် နှစ်သက်သူများ မိမိဧ။် နေအိမ်တွင် အိုးနှင့် သန့်ရှင်းစွာစိုက်ရ်ျ ဘေးကင်းစွာ စားသုံးနိုင်ရန် ကန်စွန်းရွက်စိုက်နည်းကို မျှဝေလိုက်ပါတယ် ။
ရန်ကုန်တွင် ကန်စွန်းခင်းမှ ခူးရ်ျ ကစွန်းရွက် ရောင်းသူများ ရှိသကဲ့သို့ အချို့ကလည်း ရေဆိုးမြောင်းဘေးတွင် အလေ့ကျ ပေါက်နေသော ကန်စွန်းရွက်များကို တနိုင်တပိုင် စီးပြီး ရောင်းသူများ ရှိပါသည် ။ ရေဆိုးမြောင်းထဲတွင် စက်ရုံမှ စွန့်ပြစ်သည့် ဓါတုဗေဒ ရေဆိုးများ လူနေအိမ်များမှ စွန့်ပြစ်သည့် အညစ်အကြေးများ ရှိပြီး ထိုအနီး အနားတွင်ပေါက်သော ကန်စွန်းရွက်များတွင် လူကို ဥပဒ်ပေးသော ပိုးမွှားများပါရှိရ်ျ စားသုံးမိပါက ရောဂါဆိုးများ ရရှိနိုင်ပါသည် ။ မိတ်ဆွေ ကန်စွန်းရွက် ဝယ်လျင် သတိထားရ်ျ ဝယ်ယူ စားသုံးသင့်ပါသည် ။
***ကန်စွန်းရွက်ကို အိုးနှင့် စိုက်သည့်နည်းကို မျှဝေသော မူလပိုင်ရှင် နှင့် မျှဝေသူ အာားလုံးကို My Food Myanmar မှ ကျေးဇူးအထူးတင်ပါတယ် ။

သင်ဘာလို့ ထွန်းထွန်းပေါက်ပေါက် မဖြစ်သေးတာလဲ

 
 
သင်ဘာလို့ ထွန်းထွန်းပေါက်ပေါက် မဖြစ်သေးတာလဲ
++++++++++++++++++++++++++++++++

၁။ ဆင်ခြေအရမ်းများတယ်။

တစ်ခုခုကို မလုပ်ချင်ရင်၊ လုပ်လိုစိတ်မရှိရင် အကြောင်းပြချက်တွေ၊ ဆင်ခြေတွေ ရာထောင်မက ရှာတွေ့နိုင်ပါတယ်။ တကယ့်လုပ်ချင်တဲ့လူတွေအတွက်ကျတော့ နည်းလမ်းအမြဲရှာတွေ့ပါတယ်။

၂။ တစ်ခုခု ကို အမြဲကြောက်တယ်။

##ဂုဏ်မယူချင်ပါနဲ့##

##ဂုဏ်မယူချင်ပါနဲ့##
*****************

*ကိုယ့်အနားမှာကိုယ့်ကို
ချစ်ခင်သူဝိုင်းဝိုင်းလည်နေလို့
"သင်ဂုဏ်ယူဝင့်ကြွားနေသလား?"
"ဘဝင်တွေမြင့်နေပါသလား.?"

*ဂုဏ်ယူစရာမဟုတ်သလို
ဘဝင်မြင့်ဝံ့ကြွားနေ
စရာလဲမဟုတ်ပါဘူး။

ခန္ဓာကိုယ်အတွက် ရေဘယ်လောက် လိုအပ်သလဲ

ခန္ဓာကိုယ်အတွက် ရေဘယ်လောက် လိုအပ်သလဲ

ခန္ဓာကိုယ်အတွက် ရေဓာတ်လိုအပ်မှုဟာ ခန္ဓာကိုယ် အနေအထားနဲ့ အသက်အရွယ်ပေါ် မူတည်ပါတယ်။ လူတစ်ယောက် အတွက် တနေ့ကို ရေ ခြောက်ခွက်ကနေ ၁၃ ခွက်အထိ လိုအပ်ပါတယ်။

အမျိုးသားနှင့် အမျိုးသမီးများအတွက်

အမျိုးသားတွေမှာ တစ်နေ့ကို ရေရှစ်ခွက်ကနေ ၁၃ ခွက်အထိ လိုအပ်ပြီး အမျိုးသမီးတွေမှာတော့ ခြောက်ခွက်ကနေ ကိုးခွက်အထိ လိုအပ်ပါတယ်။ သင့်ပတ်ဝန်းကျင်ရဲ့ အပူအအေးနဲ့ သင်လှုပ်ရှားရတဲ့ လုပ်ငန်းဆောင်တာပေါ်မှာ မူတည်ပြီး အနည်းငယ် ပိုလိုအပ်တာမျိုးတွေတော့ ရှိတတ်ပါတယ်။

👰ကိုယ်ဝန်ဆောင်များမသောက်သုံးသင့်သည့် ဆေးဝါးများနှင့် ဆိုးကျိုးများ👰

 သိန်း မြင့် added 6 new photos.

👰ကိုယ်ဝန်ဆောင်များမသောက်သုံးသင့်သည့် ဆေးဝါးများနှင့် ဆိုးကျိုးများ👰
💊💊💊💊💊💊💊💊💊💊💊💊💊💊💊💊💊💊💊💊💊💊💊💊💊💊💊💊
ကိုယ်ဝန်ပထမသုံးလ
(First trimester of pregnancy )
👰👰👰👰👰👰👰👰👰👰👰👰

💊 အက်စ်ပရင် အကိုက်အခဲပျောက်ဆေးပြား
( Aspirin (Acetylsalicylic acid, ASA))
💣💣💣💣💣💣💣💣💣💣💣💣💣💣💣
(သွေးကျဲဆေးအဖြစ်လည်းသုံးကြသည်...
အချို့ တိုင်းရင်းဆေးအတုအယောင် အဖျားကျဆေးမှုန့်များတွင် ဤဆေးပြားကို
ကြိတ်၍ ထည့်ထားခြင်းများရှိတတ်သည်)
ဤဆေးကို ကိုယ်ဝန်ဆောင်စဉ်
သောက်မိလျှင်

အကြံပေးတစ်ယောက်သမ္မတကြီးအနားကပ်၍ ခပ်တိုးတိုးပြောနေ၏..

 
 
အကြံပေးတစ်ယောက်သမ္မတကြီးအနားကပ်၍
ခပ်တိုးတိုးပြောနေ၏..
"သမ္မတကြီးခင်ဗျား
ဟီလာရီကလင်တန်လေယာဉ်ပေါ်ကဆင်းလာရင်
Hi..Mrs Hilary.How are you?
နေကောင်းရဲ့လားဟီလာရီလို့
သမ္မတကြီးကစတင်နှုတ်ဆက်ရမှာဖြစ်ပါတယ်..
သူကFine..Mrs President.And you?ဆိုပြီး
သမ္မတကြီးလည်းနေကောင်းပါရဲ့လားလို့
ပြန်မေးပါလိမ့်မယ်..
အဲ့ဒီအခါမှာသမ္မတကြီးက Me too (ကျနော်လည်းပဲ)
လို့ပြန်ပြောရုံပါပဲ.."
သမ္မတကြီးလည်းသဘောပေါက်သွားဟန်ဖြင့်..
ခေါင်းတငြိမ့်ငြိမ့် ငြိမ့်လျက်..
မကြာခင်မှာပဲ ..

သင်သတိမထားမိတဲ့ ငွေထွက်ပေါက်တွေ

 
သင်သတိမထားမိတဲ့ ငွေထွက်ပေါက်တွေ
-----------------------------------------------------
သင့်အနေနဲ့ ချမ်းသာကြွယ်ဝပါတယ်ဆိုရင်တောင် ပိုက်ဆံဖြုန်းတာကတော့ တော်တော်လေးအပြစ်ကြီးပါတယ်။ သင်ကိုယ်တိုင်သတိမထားမိဘဲ သင့်ရဲ့ ၀င်ငွေတွေကို ဖြုန်းတီးနေမိတာလည်း ရှိတတ်ပါတယ်။ မသေချာမရေရာတဲ့ နောင်လာမယ့် မနက်ဖြန်အတွက် ဒီငွေထွက်ပေါက် (၄) ပေါက်ကို သတိထား ရှောင်ကြဉ်ပါ။

အင်မတန် သဘောကောင်းတဲ့လူမျိုး ၊ ကူညီတတ်တဲ့ လူမျိုး တဲ့ ...


Melvin Moe with Melvin Moe.

ပြည်ပ မှာ မြန်မာပညာတတ်တွေအများကြီးဗျ။
စင်္ကာပူ က ကျောင်းတွေမှာလဲ မြန်မာလူမျိုးဆရာတွေ နာမည်ကြီးကြတယ်။
လုပ်ငန်းခွင်ထဲမှာလဲ မြန်မာလူမျိုးတွေ နာမည်ရတယ်။
သို့သော်....
မြန်မာလူမျိုးအချင်းချင်းဖေးမလေ့မရှိပါဘူး။ နိုင်ငံခြားသားတွေနဲ့ ဆက်ဆံတဲ့အခါ သဘောကောင်းသလောက် ကိုယ့်လူမျိုးအချင်းချင်းဆို အထာကိုင်ကြတယ်။
ပြည်တွင်းမှာလား...
ပိုဆိုးတာပေါ့ဗျာ။

ဒေါင်းဆိုမှဒေါင်း

 Nyein Chan Burma

ခိုးသွားတာ နဂါး
ခွင့်ပြုတာ ခြင်္သေ့
ဖြေရှင်းရတာ ဒေါင်း
ဖောင်းထိမှာလဲ ဒေါင်း
အကျိုးအကြောင်း ညီညွှတ်
ဖြေရှင်းတတ်တာ ဒေါင်းပဲ
အစွမ်းရှိတာလဲ ဒေါင်းပဲ
ပေါင်းခွပ်ရင်
နဂါးတောင်
မာန်စွယ်ညိုး
ဒေါင်းဆိုမှဒေါင်း
ဖြစ်စေရတယ်
ဒေါင်းဆိုမှဒေါင်း

မိုးဇာတ်လမ်း

 Ha Shing

မိုးဇာတ်လမ်း
။။။။။။။။။။။။။။။။
ငယ်ငယ်တုန်းက
ကျောင်းဆင်းချိန်မှာ
ရွံ့လုံးကလေးတွေနဲ့ ပေါက်ခဲ့မိသမျှ
အခုချိန်ထိ ငါ့ရင်ဘတ်ကို လာ လာမှန်တယ် မြရွက်ဝါ။

ဖားဥစွဲနေတဲ့ ရင်ဖုံးကျောင်းဖြူကလေးမှာ
ကျောင်းတက်ရက်တွေဟာ နာကျင်ရှက်ရွံ့လို့
ဘယ်သူမှမသိအောင် အိမ်ပြန်ခဲ့ရတာတွေဟာ
ငါ့ချစ်ခြင်းပါ မြရွက်ဝါ
ကြည်ပြာရောင် ခေါက်ထီးကလေး
မြင်ကွင်းရှေ့က ပျောက်သွားတဲ့အထိ
မိုးစက်တွေဟာ ငါ့အလိုဆန္ဒကို မတားဆီးနိုင်ခဲ့
အမေ့ ကရုဏာ ဒေါသ စကားသံဟာ ငါ့နားထဲမဝင်တစ်ချက် ဝင်တစ်ချက်
ငါစိုးရိမ်နေတာ နင့်လွယ်အိတ်ထဲက
ငါ့ကဗျာ နင့်အစ်မတွေ နဲ့ နင့်အမေ အရင်တွေ့သွားမှာကိုပဲ မြရွက်ဝါ

"ကျား စကား"

 
 
"ကျား စကား"
.

ကျနော်ကလည်း အားနေရင် ပင်နင်ဆူလာပလာဇာက ရွှေဝါမြေကဖေးမှာပဲ သွားသွားထိုင်နေတာကိုး။
ဒါကိုသိတဲ့ တချို့မိတ်ဆွေတွေက စကားပြောချင်တဲ့အခါ၊ အကြံဥာဏ်လေးဘာလေး တောင်းချင်တဲ့အခါ ကျနော့်ဆီ ရောက်ရောက်လာပြီး စကားလာပြောတတ်ကြတယ်။

မနေ့က စနေနေ့ဆိုတော့ ပင်နင်ဆူလာမှာ လူနည်းနည်းရှင်းတယ်။
ကျနော်တစ်ယောက်ထဲ ဆရာကြယ် (Kyal Phyu) လာမယ်ဆိုလို့ ရွှေဝါမြေမှာ ထိုင်စောင့်နေတုန်း ကောင်မလေးတစ်ယောက် ရောက်လာတယ်။

ကြည့်လိုက်တော့ ရဲမျိုး (Ye Myo) ရဲ့ ကောင်မလေး။

အမြင်မတတ်လို့ ဆင်းရဲတာ

 
 
အမြင်မတတ်လို့ ဆင်းရဲတာ
+++++++++++++++++++
~လူတိုင်းလိုလိုတော့ ပစ္စည်းဥစ္စာပြည့်စုံချင်ကြတာပဲလေ~~~
~ပစ္စည်းဥစ္စာပြည့်စုံပြီး ချမ်းသာချင်တယ်ဆိုရင်
~လက်ရှိအမြင်ထက် / အနာဂါတ်ကို ကြိုမြင်နိုင်ရမယ်
~သင့်ရဲ့လက်ရှိအခြေနေ တစ်ခုက ကြီးမားချင်ကြီးမားနေလိမ့်မယ်
~အကောင်းဆုံးတွေလည်းဖြစ်ချင်ရင်ဖြစ်လိမ့်မယ်
~ဒါပေမယ့်ယာယီ အတိုင်းတာ တစ်ခုလောက်ပဲ မြင်ရင်တော့
~အနာဂါတ်မှာ သင့်ပာာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုသည်က ဧကန်ပါပဲ
~ကျရှုံးရခြင်းရဲ့ အဓိကပြဿနာတစ်ခုက ကြိုတင်မတွေးဆခဲ့လိုပါပဲ

♬ ♪ အို..မြောက်ပိုင်းလမ်း...ပေတရာပေါက်ပြဲလမ်း...♪♬


Lashio Media added 4 new photos.

♬ ♪ အို..မြောက်ပိုင်းလမ်း...ပေတရာပေါက်ပြဲလမ်း...♪♬
အော်...ဟော်..ဟော်...စုတ်သောလမ်း.....။♬ ♪
ကျနော်လေ....ဝဿန်ချိန်ခါ.... ဗွက်ပေါတဲ့အခါမှာ...ကွန်တိန်နာလိုကားကြီးမျိုး.....ရှမ်းမြောက်ဘက်သို့....ကုန်တင်အရောင်းသွား
တယ်....♪ ♬ လမ်းတွေက...ဆိုးဆိုး...ချိုင့်တွေကပေါ...စားထားထမင်းများ..ပြန်အန်ထွက်သွားတယ်.....။
တစ်ခါတစ်လေ ဂေါ်လီ...ဇကောထဲ လိမ့်လိုက်... သလို.....အဆီပိုတွေတောင်...ဝိတ်ကျခဲ့ရတယ်.....♪ ♬ ♬

♬ ♪ တစ်နေ့ကောင်းလာမလား...တစ်ရက်တစ်လေ လမ်းပြင်မလား...မခန့်မှန်းနိုင်....။
မြန်မြန်ဆန်ဆန်မောင်းသော်လည်း......
ကားကအရမ်းခုန်ပေါက်တာပဲ....စိတ်သွားတိုင်း..
ရယ်..ကိုယ်ကမပါ....။ ♬ ♪
မိုင်တစ်ရာကျော်သာရှိတဲ့လမ်းရဲ့အတိုင်းအထွာ...
ခုနှစ်ခါကျော်တောင် တိုးဂိတ်ဖြတ်ရတယ်....။

ရဲတေဇ ရေးသားသည်။ ‪#‎ဘုရင်မ‬



Khinohmmar Tun to 2015 Demo Pa Yit

ကြိုက်လို့ကွယ်.....ချက်ချင်းပြန်တင်မယ်
*******************************
ရဲတေဇ ရေးသားသည်။
‪#‎ဘုရင်မ‬
*******
ဘယ်သူပြောလဲ ?
ဒီအမျိုးသမီးက ဘုရင်မ မဖြစ်ရဘူးလို့..

အဲဒီလို အတွေးတွေ ရာစုနှစ်မှာ ထားခဲ့သင့်ပြီ။
ဒါ ပညာခေတ်...
သေနတ်ထမ်းပြီး ကျားထိုးရမယ့်
ကိုလိုနီခေတ်မဟုတ်တော့ဘူး...။
နိုင်ငံတကာက ခေါင်းဆောင်တွေက
ဦးနှောက်နဲ့ တိုးတက်အောင် လုပ်နေကြချိန်မှာ
ငါတို့အဘတွေက သေနတ်ကြီးထမ်းပြီး
ချီတက်နေလို့ အခုလောက် စုတ်ပြတ်နေရတာ..။

**လက်ဖက်သုတ်ထဲမှ ကျန်းမာရေးဆိုးဝါးစွာထိခိုက်စေမည့် ပဲကြမ်းကြော်အန္တရာယ် နှင့် လက်တွေ့စမ်းသပ်ချက်*** (ဖတ်ကြည့်ပါ။)



Mi Mi Tun added 4 new photos.

***လက်ဖက်သုတ်ထဲမှ ကျန်းမာရေးဆိုးဝါးစွာထိခိုက်စေမည့်
====================================
ပဲကြမ်းကြော်အန္တရာယ် နှင့် လက်တွေ့စမ်းသပ်ချက်*** (ဖတ်ကြည့်ပါ။)
===================================
မြန်မာနိုင်ငံသားမှန်ရင် လက်ဖက်သုတ်မကြိုက်တဲ့သူ မရှိသလောက် ရှားပါလိမ့်မယ်။
ကျွန်တော်တို့အိမ်မှာလည်း လက်ဖက်နဲ့ ပဲကြမ်းကြော် မပြတ်သလောက်ကို
ဝယ်ပြီးထားတတ်ပါတယ်။
ဟိုတစ်လောက FB ပေါ်မှာ တစ်ချို့ဆိုင်က အီကြာကွေးတွေနဲ့၊ လက်ဖက်နဲ့စားတဲ့
ပဲကြမ်းကြော်တွေကို ရေရှည်ကြွတ်ရွစေဖို့ ရေသန့်ဘူးခွံတွေထည့်ကြော်တယ်
ဆိုတာ ဖတ်လိုက်ရပေမဲ့ အမှုမဲ့ အမှတ်မဲ့ နေပြီး လက်ဖက်သုတ်ကို နှစ်သက်စွာ
ဆက်ပြီး စားနေခဲ့ပါတယ်။

Mr.Richard နှင့် Mr.William တို့၏ နှုတ်ဆက်စကားမိတ်ဖွဲ့ပြောဆိုပုံလေးတွေကို လေ့လာကြည့်ကြရအောင်…

Mr.Richard နှင့် Mr.William တို့၏ နှုတ်ဆက်စကားမိတ်ဖွဲ့ပြောဆိုပုံလေးတွေကို လေ့လာကြည့်ကြရအောင်…
အခု ဒီသင်ခန်းစာကို လေ့လာနေသူသည်လည်း ပေးထားသော စကားပြောဆိုနည်းလေးတွေကို အချိန်ရလျှင် မိမိသူငယ်ချင်းများနှင့် အပြန်အလှန်လေ့ကျင့်ပြောဆိုကြည့်ပါ

@@@@@@@@@@@@@@@@@@@@@@@@

Richard ; Hello!
ဟဲလို…

William ; Hello!
ဟဲလို…

Richard ; How are you?
နေကောင်းလား

ကမ္ဘာကျော် သိုးကျောင်းသူတစ်ယောက်အကြောင်း


ကျောက်သင်ပုန်း added 4 new photos.

ကမ္ဘာကျော် သိုးကျောင်းသူတစ်ယောက်အကြောင်း
******************************
နာဂျတ်ဘယ်လ်ကာဆင်(မ်)ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို မော်ရိုကိုနိုင်ငံအစွန်အဖျား၊ နာဒါ ဆိုတဲ့ ကျေးလက်မြို့ကလေးရဲ့ နီချီကာ ကျေးရွာမှာ ၁၉၇၇ခုနှစ်က မွေးဖွားခဲ့ပါတယ်။ အလွန်ဆင်းရဲချို့တဲ့စွာ ကြီးပြင်းခဲ့ရပြီး မွေးချင်း ၇ယောက်ရှိတဲ့အနက် နာဂျတ်က ဒုတိယမြောက်ဖြစ်ပါတယ်။ နာဂျတ်ရဲ့ ဖခင်ဟာ စီးပွားရေးအဆင်မပြေတော့တဲ့အတွက် ၁၉၈၂ခုနှစ်မှာ မော်ရိုကိုနိုင်ငံကနေ ပြင်သစ်နိုင်ငံကို မိသားစုလိုက် ရွေ့ပြောင်းခဲ့ကြတယ်။

Saturday, August 20, 2016

သူကြွယ်သူဌေးအစစ်

သူကြွယ်သူဌေးအစစ်

============

အဘိုးအိုတစ်ယောက် မြစ်ကမ်းနဘေးမှာ အညောင်းပြေ လမ်းလျှောက်နေတဲ့ တစ်နေ့မှာပေါ့။ အဘိုးအိုဟာ မြစ်ကမ်းနဖူးပေါ်မှာ စိတ်ပျက်လက်ပျက်ထိုင်နေတဲ့ လူငယ်တစ်ယောက်နဲ့ သွားဆုံမိတယ်။ လူငယ်က သက်ပြင်းတွေချ ညည်းတွားလို့။ မျက်နှာပြင် တစ်ခုလုံးလည်း ရွာတော့မယ့်မိုးလို အုံ့မှိုင်းလို့။

အဘိုးအိုက မေးလိုက်တယ်။ “ ကလေး.. မင်းဘာဖြစ်နေတာလည်းကွ.. ဟေ… မျက်နှာကြီးက သုန်မှုန်လို့ပါလား ” လို့ အဘိုးအိုက လူငယ်ကို ဂရုတစိုက်နဲ့ မေးလိုက်တယ်။ လူငယ်က အဘိုးအိုကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်တယ်။

ကျောက်ကပ်တစ်လုံးပဲရှိတဲ့ ဘရာဇီးက ရီယိုအိုလံပစ်ဆုတံဆိပ် ၃ ခုရှင်။

ကျောက်ကပ်တစ်လုံးပဲရှိတဲ့ ဘရာဇီးက ရီယိုအိုလံပစ်ဆုတံဆိပ် ၃ ခုရှင်။
လက်ရှိကျင်းပနေတဲ့ ရီယိုအိုလံပစ်ပြိုင်ပွဲမှာ ဘရာဇီးနိုင်ငံက အီဆာကွီးယတ်စ် (Isaquias Queiroz dos Santos) ဟာ တယောက်စီး ကာနူးလှေလှော်ပြိုင်ပွဲ (Canoeing) တွေမှာ မကြာမီက မီတာ၂၀၀ ကာနူးပြိုင်ပွဲမှာ ကြေးတံဆိပ်၊ မီတာ ၁၀,၀၀၀ မှာ ငွေတံဆိပ်နဲ့ ဒီနေ့ မီတာ ၁,၀၀၀ ပြိုင်ပွဲမှာ ငွေတံဆပ် ထပ်မံဆွတ်ခူးလိုက်ပြန်လို့ ဘရာဇီနိုင်ငံသမိုင်းမှာ အိုလံပစ်ဆုတံဆိပ် ၃ ခု ရယူနိုင်ခဲ့တဲ့ ပထမဆုံး အားကစားသမား ဖြစ်လာခဲ့တယ်။

အသက် ၂၄ နှစ်မှာ မင်းသားရဲ့ကြင်ယာတော်ဖြစ်မယ့်အရေးကို စွန့်လွှတ်ပြီး အသက် ၂၅နှစ်မှာ ဘုရင်မဖြစ်မယ့်လမ်းကိုလျှောက်ခဲ့သူ (သို့မဟုတ်) Emma Watson

အသက် ၂၄ နှစ်မှာ မင်းသားရဲ့ကြင်ယာတော်ဖြစ်မယ့်အရေးကို စွန့်လွှတ်ပြီး အသက် ၂၅နှစ်မှာ ဘုရင်မဖြစ်မယ့်လမ်းကိုလျှောက်ခဲ့သူ
(သို့မဟုတ်) Emma Watson
.
တရုတ်မင်းသမီး Fan Bing Bing ရဲ့ နာမည်ကြီးစကားတစ်ခွန်းရှိတယ်။
.
“သူဋ္ဌေးတွေကို ငါမယူ၊ ငါကိုယ်တိုင်သူဋ္ဌေးဖြစ်အောင်လုပ်မယ်”
.
ဒီလိုစကားကနားထောင်ရတာ အထက်စီးဆန်ပြီး ကြီးကျယ်လိုက်တဲ့ပုံစံပေါ့။ ဒီကနေ့မှာ အဲဒီစကားထက် အထက်စီးဆန်တဲ့ အသွင်တူအဆိုတစ်ခုရှိလာခဲ့တယ်။
.
“မင်းသမီး(princess)ဖြစ်ဖို့ အိမ်ရှေ့မင်းသားနဲ့လက်ထပ်စရာမလိုပါဘူး”
.
ဒီစကားကို Emma Watson ကပြောခဲ့တယ်။

(အိန္ဒိယရေ... ငါ့ကို ခွင့်လွတ်နော်)

အတိုများ
======
.
1. အကောင်းဆုံးလက်ဆောင်
----------------------------------
'မနက်ဖန် င့ါကောင်လေးမွေးနေ့အေ့၊ မွေးနေ့လက်ဆောင် ဘာပေးရင် ကောင်းမလဲ အကြံပေးပါအုံး'

'သူက ချောသလား'
'ချောချော ခန့်ခန့်'
'ပညာအရည်အချင်းကရော'
'အင်ဂျင်နီယာ'
'မိဘတွေက ဘာလုပ်လဲ'
'ရွှေဆိုင်ဖွင့်ထားတာ'
'ဒါဆို ငါ့ဖုန်းနံပတ်ပေးလိုက်'
'ငင်...'

မုန်လာဥနီ ဖျော်ရည်ကို

 
 
မုန်လာဥနီ ဖျော်ရည်ကို

၈ လ ဆက်တိုက် မနက်တိုင်း စွဲစွဲ မြဲမြဲ သောက်ပြီးတဲ့ နောက် ကြုံတွေ့ ခဲ့ရတဲ့ မယုံနိုင်စရာ အဖြစ်အပျက်

ကလေးစာပေတွေကို ရေးသားတဲ့ နာမည်ကျော် စာရေးဆရာမ Mrs Ann Cameron ကတော့ သူမရဲ့ အံသြစရာ အတွေ့ အကြုံကို ဝေမျှ ခဲ့ပါတယ်..

သူမ ဘ၀ မှာ ပထမဆုံးခါးသီးစွာ ကြုံတွေ့ ခဲ့ရတဲ့ ရောဂါ ကတော့ ဓာတု ကုထုံး နဲ့  ကုသမှူ ခံယူရင်း ၂၀၀၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ သူမ ခင်ပွန်းသည် ခံစားခဲ့ရတဲ့ ရက်စက်လှတဲ့အဆုတ် ကင်ဆာ ပါပဲ..

နိုက်ထရိုဂျင် နဲ့ ရိုးရိုးလေ ဘယ်ဟာထိုးသင့်လဲ?


နိုက်ထရိုဂျင် နဲ့ ရိုးရိုးလေ
ဘယ်ဟာထိုးသင့်လဲ?
🐇🐇🐇🐇🐇🐇🐇🐇

🎩တာယာတွေကိုရိုးရိုးလေပဲထိုးတာထက် နိုက်ထရိုဂျင်ဓါတ်ငွေ့ထိုးပေးတာကပိုကောင်းပါတယ်။ပြိုင်ကားတွေစစ်တပ်သုံးကားတွေ လေယာဉ်ဘီးတွေမှာ နိုက်ထရိုဂျင်ကိုပဲထိုးကြပါတယ်။အာကာသလွန်းပျံယာဉ်တွေမှာတောင်တာယာကို နိုက်ထရိုဂျင်ပဲထိုးပါတယ်။ ရိုးရိုးလေထဲမှာ ရေခိုးရေငွေ့ တွေအပြင် နိုက်ထရိုဂျင်(၇၈)ရာခိုင်နှုန်း အောက်ဆီဂျင်(၂၁)ရာခိုင်နှုန်း အာဂွန်ကာဗွန်ဓါတ်ငွေ့တွေနဲ့အိုဇုံးတို့ကတော့အနည်းအကျဉ်း ရောနှောနေပါတယ်။

" အကောင်းဆုံး TEAMWORK ဖြစ်ရန် လိုအပ်ချက် "

" အကောင်းဆုံး TEAMWORK ဖြစ်ရန် လိုအပ်ချက် "

၁ - သူပြောဖို့ အလှည့်ပေးပါ။
အဖွဲ့လိုက် အလုပ် လုပ်ဆောင်ရာမှာ ကိုယ်ချည်း ပြောဆိုနေလို့ မဖြစ်ပါ။ အကြံဉာဏ်တို့ ဟာ ဘက်စုံဝင်လာမှ ရွေးစရာ အမယ် များမှာမို့ ဆွေးနွေးသည့် ပုံစံဖြင့် တစ်ယောက် တလှည့် ဆွေးနွေးကြရပါမည်။

၂ - ချီးကျူးပါ။ (မမြှောက်ပါနှင့်)
သူတစ်ပါးအကြံကောင်းတို့ကို ပြောပြတဲ့အခါ ချီးကျူးပါ။ သူ့ကို ချီးမွန်း ဖို့ကို မရှက်ပါနဲ့။ ချီးကျူးလိုက်ခြင်း အားဖြင့် သူနဲ့ ကိုယ့်အကြားက ရင်းနှီးမှုကို ပိုမို ပေါ်လွင် လာစေပါတယ်။ ဒါပေမယ့် ဘယ်တော့မှ မမြှောက်ပါနဲ့။

တရုတ် သမ္မတ နှင့် တွေ့ပြီ၊ မြစ်ဆုံကိစ္စ မျှော်လင့်ချက် သိတ်မရှိတော့ဟု တရုတ် ရှိ ကျွမ်းကျင်သူ များက ဆို

တရုတ် သမ္မတ နှင့် တွေ့ပြီ၊ မြစ်ဆုံကိစ္စ မျှော်လင့်ချက် သိတ်မရှိတော့ဟု တရုတ် ရှိ ကျွမ်းကျင်သူ များက ဆို
=====================================================

မနေ့က တရုတ် သမ္မတ စီရှင်ပင့် ကဘီဂျင်း မြို့ အနောက်ဘက်ရှိ အစိုးရ ဧည့်ဂေဟာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ရာတွင် မြန်မာ နဲ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ကို လွန်စွာ အရေးထားပါကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စွမ်းအင် နဲ့ ဘဏ္ကာရေး ကဏ္ကတွေမှာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လိုပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နဲ့ နယ်စပ်ဒေသ မှာ ငြိမ်းချမ်း တည်ငြိမ်မှု ရရှိအောင် ပူးတွဲ ကြိုးပမ်းသွားဖို့ လိုလားကြောင်း လည်း ပြောဆိုခဲ့ပါတယ်။

Thursday, August 18, 2016

ဒီဝေဒနာတွေခံစားနေရရင် ကော်ဖီလျှော့သောက်သင့်ပါပြီ

 
ဒီဝေဒနာတွေခံစားနေရရင် ကော်ဖီလျှော့သောက်သင့်ပါပြီ
--------------------------------------------------------
ကဖိန်းဓာတ်များတဲ့လက္ခဏာတွေကို အပြင်ပန်းကကြည့်ရုံနဲ့ သိဖို့မလွယ်ပါဘူး။ ကော်ဖီကို အများကြီးစွဲသောက်တဲ့အခါ ရေရှည်မှာ သင့်ကျန်းမာရေးကို ဒီလိုထိခိုက်မှုတွေ ဖြစ်စေပါလိမ့်မယ်။

(၁) ပူပန်သောကများလာပါမယ်။ အလွယ်တကူ စိတ်သောကရောက်တတ်လာပြီး စိတ်ဖိစီးစရာတွေနဲ့ တွေ့ကြုံရတဲ့အခါ အလွန်အမင်းစိတ်လှုပ်ရှားတတ်လာပါလိမ့်မယ်။

(၂) အစာအိမ်နာကျင်တဲ့ ဝေဒနာကိုခံစားရနိုင်ပါတယ်။

မနေ့က၊ ဒီနေ့ နဲ့ မနက်ဖြန်

မနေ့က၊ ဒီနေ့ နဲ့ မနက်ဖြန်
------------------------------

“မနက်ဖြန်ရဲ့ မျော်လင့်ခြင်းက လှပပေမယ့် မနက်ဖြန်ရဲ့ လမ်းတွေတိုင်းက ဆူးခက်တွေနဲ့…”

လူ့ဘဝသက်တမ်း ဘယ်နှစ်ရက် ရှိသလဲ။ မတူတဲ့လူတွေမှာ မတူတဲ့အဖြေတွေ ရှိကြတယ်။
ကျွန်တော့် အဖြေက လူ့ဘဝတစ်လျှောက်မှာ ရက် (၃) ရက်ပဲ ရှိတယ်။ အဲ့ဒီရက်တွေက မနေ့က၊ ဒီနေ့နဲ့ မနက်ဖြန်ပဲ ဖြစ်တယ်။
ဒီ (၃) ရက်ကို သေချာအသုံးပြုတတ်ရင် ဘဝ တစ်သက်တာလုံး အဆင်ပြေ ကောင်းမွန်နေလိမ့်မယ်။

“မနေ့က” ဆိုတဲ့ ရက်တွေ ရှည်လျားလွန်းလှတယ်။

ပဋိဇီဝဆေးဝါးမှီဝဲနေစဉ် ရှောင်ရှားသင့်သော အစားအသောက်များ

ပဋိဇီဝဆေးဝါးမှီဝဲနေစဉ် ရှောင်ရှားသင့်သော အစားအသောက်များ

---------------------------------------------------------------------------- #ဒေါက်တာခင်မိုးမိုး

တချို့အစားအစာနဲ့ ဖျော်ရည်တွေက ပဋိဇီဝဆေးတွေရဲ့ စွမ်းအင်ကို လျော့ကျစေနိုင်တဲ့အတွက် ဒီအစားအစာတွေကို ပဋိဇီဝဆေးဝါးမှီဝဲနေစဉ် စားသောက်မိပါက နာလန်ထနိုင်ဖို့ နှေးကွေးနိုင်တယ်ဆိုတာ သင်သိပါရဲ့လား။ ဒီအစားအစာ တွေက သင် မှီဝဲလိုက်တဲ့ဆေးဝါးကို ခန္ဓာကိုယ်က ချေဖျက်နိုင်ဖို့ အနှောင့်အယှက်ပေးနိုင်တာကြောင့်ပါ။ ဒါ့အပြင် ဒီအစားအစာတွေကြောင့် အစာအိမ်မှ အစာတွေ အူထဲကို ရောက်ချိန်နှေးကွေးသွားစေတဲ့အတွက် ဆေးဝါးကို ခန္ဓာကိုယ်မှစုပ်ယူနိုင်စွမ်း လျော့ကျသွားတာကြောင့်ပါ။ တစ်ခါတစ်ရံမှာ ဒီအစားအစာတွေက ဆေးဝါးတွေကို ခန္ဓာကိုယ်မှ မစုပ်ယူနိုင်အောင် ကာကွယ်ထားသလို ဖြစ်သွားတဲ့အတွက် ဆေးရဲ့ အာနိသင်လျော့နည်းသွားစေနိုင်ပါတယ်။ ဒါကြောင့် ပဋိဇီဝဆေးဝါးမှီဝဲ နေစဉ်မှာ အောက်ပါအစားအစာတွေကို ရှောင်ရှားထားသင့်ပါတယ်။

ဝေလငါးကြီး Shamu ကပေးတဲ့ ဘဝသင်ခန်းစာ...

ဝေလငါးကြီး Shamu ကပေးတဲ့ ဘဝသင်ခန်းစာ...
ရေကန်ကြီးဘေးက ပွဲကြည့်စင်တွေမှာ
ပရိသတ်တွေက စိတ်ဝင်တစားနဲ့ ကန်ရေပြင်ကို
စူးစိုက်ကြည့်နေကြတယ်
အဲ့ဒီလိုအချိန်မှာ အလေးချိန်ပေါင် ၁ဝဝဝဝ လောက်ရှိတဲ့
ဝေလငါးကြီး Shamu က ကန်ရေပြင်ထဲကနေ
ဘွားကနဲပေါ်လာပြီး ကန်ရေပြင်အထက်
၂၂ ပေအမြင့်လောက်ကို အသာလေးခုန်ပြသွားခဲ့တယ်
အစကတည်းက မိုးကာဝတ်ပြီးကြည့်နေကြတဲ့
ပရိသတ်တွေဟာ Shamu ဆီက လွင့်ပျံလာတဲ့
ရေမှုန်ရေမွှားတွေကို ကြည်နူးခံစားရင်း
လက်ခုပ်သြဘာသံတွေ သောသောညံသွားခဲ့တယ်...

★ ရှက်စရာ အစွဲနှင့် တစ်သက်စာ အလွဲများ ★


★ ရှက်စရာ အစွဲနှင့် တစ်သက်စာ အလွဲများ ★

#ဒါရိုက်တာမင်းအုပ်စိုးရဲ့ရှေ့နေက ပြောတယ်
`မတေးနုယဉ်´ သေရတာ မတော်တဆမှု ပါ.....တဲ့။

#ပညာတော်သင်ဆုရ ဇွန်သဉ္ဇာက ပြောတယ်
ဖင်ပြောင်ပြောင် ပုံကြီးတွေ အရိုက်ခံတာ `အနုပညာ´အလုပ်ပါ.....တဲ့။

#ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ပြောတယ်
အဘ ဝန်ကြီးချုပ်ဖြစ်တုန်းကဆို ပြည်သူတွေကို ဒံပေါက်ကျွေးမယ်
ဟိုဟာပေးမယ် ဒီဟာပေးမယ်ဆိုပြီး တစ်ခါမှ မစည်းရုံးခဲ့ဖူးဘူး။
ပြည်သူတွေကိုယ်တိုင် ချစ်ချစ်ခင်ခင်လေးလေးစားစားနဲ့
အဘ သွားတဲ့နေရာတိုင်းမှာ ကြိုဆိုခဲ့ကြတာ မီဒီယာသမားတွေအသိဆုံးပါ...တဲ့။

လဘက်ရည်ကြမ်း( Green tea )အကျိုးကျေးဇူးများ

လဘက်ရည်ကြမ်း( Green tea )
*****************
အကျိုးကျေးဇူးများ

၁ ။ Green tea ပါဝင်သော antioxidants ဓါတ်တိုးကာကွယ်ပစ္စည်း က
LDL bad cholesterol ဓါတ်တိုးခြင်း ကိုတာဆီးပြီး ၊ HDL good cholesterol ကို
တိုးပွားစေပါသည် ။ ထို့ ကြောင့် နှလုံးသွေး ကြောရောဂါ ဖြစ်ခြင်း ၊ သွေးခဲခြင်း ၊
သွေးတိုးခြင်း ၊ လေဖြတ်ခြင်းတို့ ကို ကောင်းစွာ ကာကွယ်ပေးပါသည် .

၂ ။Green tea တွင်ပါဝင်သော catechins က အဆီများကို လျင်မြန်စွာ လောင်ကြွမ်း
စေနိုင်သဖြင့် ၀မ်းဗိုက်အဆီများ လျော့ကျစေနိုင်ပါသည် ။
ကိုယ်အလေးချိန် weight ကျ စေရန် အတွက်အသုံး ရည်ရွယ်ပြီး အသုံးမပြုနိုင်သော်လဲ
weight ကျဖို့ ရန် အတွက် အထောက် အကူ ရနိုင်ပါသည် ။

ငါးကင်အရောင်းသမားလေးတီထွင်တဲ့ စာငှားစနစ်

[ဆရာမ ခင်နှင်းဦး ရေးသား၍ ၂၀၁၅ မေလအတွင်းက News Watch ဂျာနယ်တွင် ဖော်ပြခဲ့သော ထူးချွန်လူငယ် ကိုသိန်းဇော် (ခ) ကိုဇော်ဇော်၏အကြောင်း “ငါးကင်အရောင်းသမားလေးတီထွင်တဲ့ စာငှားစနစ်” ဆောင်းပါးကို ပြန်လည်ဖော်ပြသည်။

ကိုဇော်ဇော်သည် ယနေ့ (သြဂုတ် ၁၆) ထုတ်ပြန်သော ၂၀၁၆ ခုနှစ် ဇူလိုင်လအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရွေးချယ်သည့် ချီးကျုးဂုဏ်ပြုထိုက်သူ ထူးချွန်လူငယ်ဆုကို ချီးမြှင့်ခြင်းခံရသူဖြစ်သည်။]
------- ။ ------ ။ ------ ။ ------ ။ ------

ငါးကင်အရောင်းသမားလေးတီထွင်တဲ့ စာငှားစနစ်
----- ----- ----- ----- ------
၂၀၁၀ ပြည့်နှစ်နောက်ပိုင်း၊ အာဏာပိုင်တွေ ဖြေလျှော့ပေးလာတဲ့အထဲမှာ၊ စာကြည့်တိုက်တွေ တည်ထောင်ခွင့်လည်းပါဝင်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း တိုင်းပြည်အာဏာသိမ်းပြီးနောက်ပိုင်း၊ သတင်းစာတွေကို ပြည်သူပိုင်လုပ်ပြီး၊ အစိုးရပိုင်သတင်းစာတွေပဲ ထုတ်ဝေခဲ့တာ၊ အများသိကြပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်ကြီးနေဝင်း ပြည်တွင်းမှာလည်း သတင်းစာရှင်းပွဲ လုပ်လေ့လုပ်ထ မရှိသလို၊ ပြည်ပခရီးသွားတဲ့ အခါများမှာလည်း၊ တတ်နိုင်သမျှ သတင်းသမားတွေကို ရှောင်တယ်လို့ နာမည်ကြီးခဲ့သူပါ။

ဒါလေးတွေကို ကူးမထားမိရင် Share ထားလိုက်နော် အချိန်ရတဲ့အခါ ကိုယ့် Wall ထဲမှာ ပြန်ဖတ်လို့ရပါတယ်

ဒါလေးတွေကို ကူးမထားမိရင် Share ထားလိုက်နော်
အချိန်ရတဲ့အခါ ကိုယ့် Wall ထဲမှာ ပြန်ဖတ်လို့ရပါတယ်
@@@@@@@@@@@@@@@@@@@@@@@@@@@@

1. I come here off and on.
ကျွန်တော် ဒီကို မကြာခဏလာပါတယ်။

2. I seek the truth.
ကျွန်တော် အမှန်တရားကို ရှာဖွေနေတယ်။

3. I get into trouble.
ကျွန်တော် ဒုက္ခရောက်သွားတယ်။

T4K ဘဏ်ထဲကို ဓားပြနှစ်ယောက် ဝင်လာတယ်။

 
 
T4K ဘဏ်ထဲကို ဓားပြနှစ်ယောက် ဝင်လာတယ်။

ဝင်လာလာချင်းပဲ အသင့်စောင့်နေတဲ့ ရဲအင်အား ၂၀ လောက်က ဝိုင်းဝန်းဖမ်းဆီးခြင်းကို ခံလိုက်ရတယ်။

အံ့သြတကြီးဖြစ်နေတဲ့ ဓားပြခေါင်းဆောင်က ရဲတွေကို မေးတယ်... ...

"ခ... ခ များတို့က ဘဏ်ထဲကြိုရောက်နေပ့ါလား"

"ရောက်မှာပေါ့ကွ... မင်းတို့လာမယ်ဆိုတာ ကြိုသိနေတာကိုး"

"ဗျာ.... ဘယ်လိုလုပ် သိတာလဲ"

ရိုက်လိုက်တဲ့စာတွေမှာ ? တွေ လေးထောင့်တွေ ဖြစ်နေပါက

ရိုက်လိုက်တဲ့စာတွေမှာ ? တွေ လေးထောင့်တွေ ဖြစ်နေပါက

==========================================

ဒီမနက် မန့်တိုင်းလိုလိုမှာ ဒီအတိုင်းဖြစ်နေပါတယ်။ ကီးဘုတ်ကြောင့်ပါ ။ အများစု အသုံးပြုကြတာ Bagan Keyboard နဲ့ Frozen keyboard ကြောင့်ပါ။

ဒါကို ပြင်ဖို့အတွက် Bagan Keyboard မှာ
Bagan Keyboard/Options/Font Rendering Fix/None (or) အမှန်ခြစ်ဖြုတ် လိုက်ပါ။

Frozen zawgyi pro မှာ
Setting/language&Input/ frozen zawgyi pro/ character correction/ no style ကို ရွေးပေးလိုက်ပါ။

" ကိုယ့်ကိုယ်ကိုယ်ဆုံးမခြင်း "

" ကိုယ့်ကိုယ်ကိုယ်ဆုံးမခြင်း "

အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့မှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ
လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။