Ladies & Gentlemen
----------------------------
• လူကြီးလူ ကောင်းတို့ မည်သည်ကိုယ့် ဂုဏ် သိက္ခာ နှင့်
ရပ်တည်မှုကို ကောင်းမွန် အောင် ထိန်းသိမ်းတတ်ကြသည်။
ထို့ အတူ သူတစ်ပါး၏ ဂုဏ် သိက္ခာနှင့် ရပ်တည်မှုတို့ ကို...
လည်း လေးစား၏။ ထိခိုက်ပွန်းပဲ့ အောင် မလုပ် ဆောင်
မ ပြောဆိုတတ်ကြ ပေ။

• လူကြီးလူ ကောင်းတို့ သည်အများနှင့်ဆိုင် သော နေရာ
အများပိုင် ပစ္စည်းများအသုံးပြု ရာတွင် စည်းကမ်းရှိကြသည်။
• လူကြီးလူ ကောင်းတို့ သည်ကိုယ့်အားနည်းချက် အမှား
များအတွက်တာဝန်ယူ လေ့ ရှိသည်။ သူတစ်ပါးကို
အပြစ်ပုံချ လေ့မ ရှိ ပေ။
• လူကြီးလူ ကောင်းတို့ သည် ကိုယ့်ထက် အင် အားနည်း
သူ နိမ့်ပါးသူများကို ကိုယ့် ရဲ့အသာစီးရ နေ သောအ ခြေ
အ နေကို အသုံးချပြီး နိုင် လိုမင်းထက် မပြုမူတတ် ပေ။
ညှာတာ ထောက်ထားတတ်ကြသည်။
• လူကြီးလူ ကောင်းတို့ သည်ကိုယ့်ထက်သာ သောသူများ
ကို အားကျအတုယူတတ်ကြသည်။ မနာလိုဝန်တို
စိတ်မထားကြ ပေ။
• လူကြီးလူ ကောင်းတို့ သည်ချစ်ခင် နှစ်သက် သောသူ
များကိုတန်ဖိုးထား၍အ ရှည်သဖြင့် ဆက်ဆံတတ်သည်။
နောက် ကျောကိုဓားဖြင့် မထိုးတတ်။
• လူကြီးလူ ကောင်းတို့ သည် ကိုယ်နှင့် သ ဘောထားမ
တိုက်ဆိုင် သောသူများနှင့် ထိပ်တိုက် တွေ့ပါက ငြင်း
ခုန်၍အချင်းမများတတ်။ ရန်ကို ရှောင် လွှဲတတ်ကြသည်။
• လူကြီးလူ ကောင်းတို့ သည် သူတစ်ပါး၏ ဘဝနှင့်
အခွင့်အ ရေးတို့ ကိုလည်းတန်ဖိုးထားတတ်ကြသည်။
နှောင့် ယှက် ဖျက်စီးခြင်းအလျဉ်းမပြုလုပ်။
• လူကြီးလူ ကောင်းတို့ သည် လောကတွင် အပြုသ ဘော
ဆောင် ၍ သ ဘောထားကြီးစွာ သုံးသပ် ပြောဆိုတတ်ကြ
သည်။ အမြင် ကျဉ်းမြောင်းစွာဖြင့် ကဲ့ ရဲ့ခြင်းကိုမပြု။
• လူကြီးလူ ကောင်းတို့ သည်ကိုယ့်ဘဝကို ခိုင် ခိုင်
မာမာတည် ဆောက်တတ်၏။ ကိုယ့်ဘဝကိုမဖျက်စီး။
• လူကြီးလူ ကောင်းတို့ သည် အရက်ကို သောက်၏။
ဒေါသလည်းထွက်၏။ အ ပျော်အပါးကိုမက်၏။
သို့ ရာတွင် မရမ်းကား။
• လူကြီးလူ ကောင်းတို့ မည်သည် လူဘုံအလယ်တွင်
သင့်တင့်စွာဝတ်စား၏။ သင့်တင့်စွာပြုမူ ပြောဆိုတတ်၏။
မဖွယ်မ ရာ မလုပ် ဆောင် ပေ။
• လူကြီးလူ ကောင်းတို့ သည်တာဝန် ဝတ္တရားကျေပွန်
အောင် ကြိုးစားအားထုတ် လေ့ ရှိတတ်သည်။
တာဝန်မမဲ့တတ်။ ဝတ်မပျက်တတ်။
• လူကြီးလူ ကောင်းတို့ သည်သူတစ်ပါး၏ ဥစ္စာပစ္စည်း
ကို မတရားသောနည်းလမ်းဖြင့် အရ မယူတတ် ပေ။
မိမိ၏ ဥစ္စာပစ္စည်းကို ပေးသင့်သူကို ပေးကမ်းလှူဒါန်း
ရာ၌လည်းတွန့် တို ငြူစူခြင်းမရှိ။
• လူကြီးလူ ကောင်းတို့ သည် က်ုယ်ချင်းစာနာစိတ်
ထားတတ်ကြသည်။ မျက်နှာလွှဲ၍ ခဲမပစ်ကြ ပေ။
ပြုံးဇာလီ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။