Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, January 29, 2015

အမေက ရိုးသားတဲ့ တောရွာနေ သာမန်အမျိုးသမီးတစ်ဦးပါ။

အမေက ရိုးသားတဲ့ တောရွာနေ သာမန်အမျိုးသမီးတစ်ဦးပါ။
ဒါပေမယ့် ကျွန်တော့်ရဲ့ချစ်ခြင်းကမ္ဘာမှာတော့ သူဟာ နတ်ဘုရားတစ်ဆူဖြစ်ခဲ့ပါတယ်။ ကျွန်တော် အလုပ်ဝင်ပြီးတဲ့နောက် အမေ့အိမ်ပြန်တဲ့အရေအတွက် နည်းနည်းလာခဲ့ပါတယ်။ ဒီလောကကြီးကနေ အမေထွက်သွားခဲ့မှ ဒီစကားလုံးလေးတွေကို နောင်တတရားတွေနဲ့ ချရေးပြီး အမေ့ကို ကျွန်တော်လွမ်းဆွတ်တမ်းတပါတယ်။

(၁)
ဆင်းရဲပင်ပန်းတဲ့နေ့ရက်တွေ လွန်မြောက်လာတော့ အမေကအိုစာသွားခဲ့ပြီ။
ကောင်းမွန်တဲ့နေ့ရက်တွေ ရောက်လာချိန်မှာတော့ အမေကသေဆုံးသွားခဲ့ပြီ။
ဒါဟာ ဆင်းရဲဒုက္ခတွေကို လွယ်ပိုးခဲ့တဲ့ ကျွန်တော့်ရဲ့မေမေပေါ့။

မေမေ သက်ရှိထင်ရှားကျန်းမာချိန်မှာ ကျွန်တော်က အဝေးကိုရောက်နေခဲ့တယ်။
ကျွန်တော်ပြန်လာတော့ မေမေက အဝေးကိုထွက်သွားခဲ့ပြီ။
အမေရေ.. ဒါဟာ အမေ့ကိုမစောင့်ရှောက်လိုက်ရတဲ့ သားပေါ့။

(၂)
ကျွန်တော့်ကို အမေမွေးတော့ ကျွန်တော့်ရဲ့အသွေးအသားချက်ကြိုး အဖြတ်ခံလိုက်ရတယ်။
ဒါဟာ ကျွန်တော့်ဘဝ၊ ကျွန်တော့်အသက် အင်အားရှိကြီးပြင်းဖို့ဖြစ်တယ်။

ဒီလောက,ကနေ အမေထွက်ခွာသွားတော့ ကျွန်တော့်ရဲ့သံယောဇဉ်ချက်ကြိုး အဖြတ်ခံလိုက်ရတယ်။
ဒါဟာ ကျွန်တော့်ဘဝ၊ ကျွန်တော့်အသက်ရဲ့ ဝမ်းနည်းနာကျင်ခြင်းဖြစ်တယ်။

(၃)
သားသမီးတွေကို အမေဘယ်လောက်ပေးပေး ပေးဆပ်ဖို့ အများကြီးကျန်သေးတယ်လို့ အမေထင်တယ်။

အမေကို သားသမီးတွေက နည်းနည်းပဲပေးပြီး ငါပြုစုစောင့်ရှောက်လိုက်ပြီလို့
လေကြီးမိုးကြီးပြောကြတယ်။

(၄)
အမေရှိတုန်းက “အိမ်မှာ ကျွေးမွေးပြုစုရမယ့်လူအို”ရှိသေးတယ်ဆိုတာက တာဝန်တစ်ခုဖြစ်ခဲ့တယ်။
အမေမရှိတော့ “ပြုစုစောင့်ရှောက်ရမယ့်သူ” မရှိတော့ပါလားဆိုတာက အထီးကျန်မှုတစ်မျိုးဖြစ်ခဲ့တယ်။

“သားရေ…”လို့ ခေါ်မယ့်သူမရှိတော့တဲ့အခါမှ ရင်မှာ ဟာတာတာ ဗလာဖြစ်ခဲ့ရတယ်။
အိမ်ကိုပြန်ခဲ့ဦးလို့ လောတဲ့သူမရှိတော့မှ ကျွန်တော်ရဲ့တည်ရှိခြင်း၊ မတည်ရှိခြင်းကို ခံစားခဲ့ရတယ်။

(၅)
အမေရှိတုန်းက “သား”ဆိုတဲ့ အခေါ်ဟာ ဂုဏ်ပုဒ်တစ်မျိုး၊ ဂုဏ်ယူခြင်းတစ်မျိုးဆိုတာကို မခံစားခဲ့မိဘူး။
အမေမရှိတော့မှ “သား”ဆိုတဲ့အခေါ်လည်း သေဆုံးသွားတာကို သိလိုက်ရတယ်။
နောင်ဘဝမှာ အမေ့“သား”ဖြစ်ဖို့ ကျွန်တော့်အလှည့်ရောက်မရောက်၊ အရည်အချင်းမီမမီ မသိနိုင်ပါဘူး။

(၆)
အမေရှိတုန်းက ဇာတိမြေဆိုတာ ကျွန်တော်ရဲ့အိမ်ပေါ့။
အမေမရှိတော့ ဇာတိမြေကလည်း ဝေးရပ်မြေဖြစ်သွားခဲ့တယ်။
အိပ်မက်တဲ့အရေအတွက် များသထက်များလာပေမယ့်
ပြန်ဖြစ်တဲ့အရေအတွက်က နည်းသထက်နည်းခဲ့တယ်။

(၇)
ငယ်ငယ်တုန်းက
အမေ့ဒူးခေါင်းက ကျွန်တော်ရဲ့လက်ရန်းပေါ့..
အမေ့ဒူးခေါင်းကိုကိုင်ပြီး ကျွန်တော်မတ်တပ်ရပ်၊ လမ်းလျှောက်သင်ခဲ့တယ်။

ကြီးလာတော့
အမေ့ပခုံးက ကျွန်တော်ရဲ့လက်ရန်းပေါ့..
အမေ့ပခုံးက ကျွန်တော့်ရဲ့နားနေမှီခိုရာနေရာဖြစ်ခဲ့သလို ရုန်းကန်လှုပ်ရှားဖို့တောင့်ခံပေးတဲ့ နေရာလည်းဖြစ်ခဲ့တယ်။

အိမ်ကနေခွဲခွာတော့
အမေ့ရဲ့မျှော်လင့်ချက်က ကျွန်တော်ရဲ့လက်ရန်းပေါ့…
အဲဒီလက်ရန်းကိုကိုင်ပြီး ဘဝတိုက်ပွဲတွေကို စိန်ခေါ်ခဲ့တယ်။

အိမ်ကိုပြန်တော့
အမေ့ရဲ့အပြုံးက ကျွန်တော်ရဲ့လက်ရန်းပေါ့…
အဲဒီအပြုံးနဲ့ ဇာတိမြေကိုလွမ်းဆွတ်တမ်းတတဲ့ဖုန်တွေကို
ဆေးကြောသုတ်သင်ခဲ့တယ်။

အမေမရှိတော့ ကျွန်တော်တစ်သက်မှီခိုခဲ့တဲ့ အဲဒီလက်ရန်းကို ကျွန်တော်ဘယ်မှာသွားရှာရတော့မလဲ…
(၈)
အမေမရှိတော့ ကျွန်တော့်ကမ္ဘာပြောင်းလဲသွားတယ်၊ လောကကြီး ပြောင်းလဲသွားတယ်၊
ကျွန်တော့်အတွင်းစိတ် ပြောင်းလဲသွားတယ်။
ကျွန်တော်ဟာ အမေမရှိတဲ့သားဖြစ်သွားတယ်။
အမေမရှိတော့ မြက်တစ်ပင်လောက်တောင် ကမ္ဘာမြေကြီးပေါ် အမြစ်ချရပ်တည်မရနိုင်ပါတော့မလားလို့ တွေးမိတယ်။

အမေက ကောင်းကင်ကြီးပါ… ကျွန်တော့်ကောင်းကင် ပြိုကျသွားခဲ့ပြီ။
အမေက ပင်လယ်ကြီးပါ… ကျွန်တော့်ပင်လယ် ခမ်းခြောက်သွားခဲ့ပြီ။

--------
လောကမှာ စောင့်လို့မရတဲ့အရာ သုံးမျိုးရှိသတဲ့။
အခွင့်အရေးရယ်၊ အချိန်အခါရယ်၊ ဂရုစိုက်စောင့်ရှောက်ခြင်းရယ်…
ဂရုစိုက်စောင့်ရှောက်ဖို့ အခွင့်အရေးရှိသေးတယ်၊ အချိန်အခါရှိသေးတယ်ဆိုရင် သင်ဘာကို တွေဝေနေဦးမလဲ....

**** San Linn Naing ဆိုသူက နိုင်းနိုင်းစနေရေ အများဖတ်ရအောင် ဘာသာပြန်ပေးပါဦးဆိုလို့ တတ်သိနားလည်သလို ဘာသာပြန်လိုက်ပါတယ်။ San Linn Naing ကျေနပ်ပါစေ.. ဖတ်မိသူများလည်း ကျေနပ်နိုင်ပါစေ...
နိုင်းနိုင်းစနေ (1. 28. 2015)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။