Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 21, 2015

နှင်းဆီပန်းနဲ့ ဆေးတောင့်(Capsule)

 




နှင်းဆီပန်းနဲ့ ဆေးတောင့်(Capsule)
--------------------------------------
“သတင်းအချက်အလက်တွေပေါက်ကွဲတဲ့ခေတ်မှာ လူတွေရဲ့စာဖတ်နှုန်းက အဆမတန်ကျဆင်းနေပါတယ်။ လူတွေရဲ့စာဖတ်အားကျဆင်းတာမဟုတ်ဘဲ လူတွေရဲ့စာဖတ်ချိန် တဖြည်းဖြည်းနည်းလာတာဖြစ်တယ်။” ဆိုတာက တွေဝေစေတဲ့အဆိုတစ်ခုဖြစ်တယ်

လွန်ခဲ့တဲ့၁ဝနှစ်ကျော်ကာလက စာရေးသူကျွန်တော်ဟာ ဆွစ်ဇလန်နိုင်ငံမှာပြုလုပ်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို တက်ရောက်ခ...
ဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ အသက်အတန်ငယ်တဲ့ စီးပွားရေးလုပ်ငန်းရှင်လူငယ်တစ်ဦးက သူ့ကုမ္ပဏီသစ်ကို မိတ်ဆက်ပါတယ်။ ကုမ္ပဏီရဲ့အဓိကလုပ်ငန်းက “စာအငှားဖတ်ခြင်း”ဖြစ်ပါတယ်။ လုပ်ငန်းကြီးတွေကိုအုပ်ချုပ်ရတဲ့ စီးပွားရေးသမားတွေဟာ အရမ်းအလုပ်များပြီး စာဖတ်ချင်ကြပါတယ်။ ဒီကုမ္ပဏီက အဲဒီလို စာဖတ်ချင်ပြီး စာဖတ်ချိန်မရှိတဲ့လူတွေအတွက် စာမျက်နှာ ၃ဝဝလောက်ရှိတဲ့စာအုပ်ကို ၁ဝမျက်နှာလောက်အတိုချုံးပြီး အဲဒီစာအုပ်ရဲ့“အဆီအနှစ်၊ အနှစ်သာရ”ကို ပေးမှာဖြစ်တယ်။ အဲဒီလိုအတွက် ဈေးများတဲ့ဝန်ဆောင်ခကိုယူမှာဖြစ်တယ်။ စာဖတ်တဲ့တာဝန်ကိုယူမယ်၊ ရွေးချယ်မယ်၊ အနှစ်ချုပ်ရေးမယ်..
ဒီလိုလုပ်မယ့်သူတွေဟာ ပညာအဆင့်အတန်းမြင့်တဲ့ သုတေသီတွေဖြစ်ကြတယ်။ ဒါဆိုရင် အတိုချုံးလိုက်တဲ့ စာတွေဟာလည်း အဆီအနှစ်ပြည့်ဝနေမယ်ဆိုတာကို အာမခံပါတယ်။

ဒီကုမ္ပဏီက အချိန်ကာလတစ်ခုလောက်မှာတော့ လူတွေအရမ်းနှစ်သက်ခဲ့ကြပါတယ်။ သူတို့ စီစဉ်ပေးတဲ့ “အနှစ်ချုပ်”က စာပေလောကမှာ အာဟာရဆေးတောင့်အဖြစ် ဖြစ်နေခဲ့တယ်။
ဆေးတောင့်သေးလေးတစ်တောင့်နဲ့ စိတ်နှလုံးကို လိုအပ်တဲ့သတင်းအချက်အလက်နဲ့ အာဟာရတွေကို ရစေတယ်လို့ လူတွေထင်ခဲ့ကြတယ်။ ဒါ့အပြင် အချိန်လည်း မကုန်စေခဲ့ဘူး။

ဒီလိုနည်းက ရသစာပေ၊ အတွေးအမြင်စာပေတွေအပေါ် အသုံးဝင်လိမ့်မှာမဟုတ်ဘူးလို့ အဲဒီတုန်း ကျွန်တော်တွေးထင်ခဲ့တယ်။ ဒီလိုမှမဟုတ်ရင် Anna Karenina ဆိုတဲ့စာအုပ်ရဲ့အနှစ်ချုပ်က “အိမ်ထောင်ရှိတဲ့ Annaဟာ Vronskyကို ချစ်ခဲ့မိပြီး မိသားစုကိုခွာခဲ့တယ်။ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်လိုက်တယ် ”။ Jane Eyre ဆိုတဲ့စာအုပ်ရဲ့အနှစ်ချုပ်က “မိသားစုဆရာမတစ်ဦးဖြစ်တဲ့ Jane Eyreဟာ Rochester အိမ်မှာ ဆရာမလုပ်ခဲ့တယ်။ နောက်ဆုံးမှာ အိမ်ရှင် Rochesterနဲ့ လက်ထပ်လိုက်တယ်”ဆိုတာမျိုးဖြစ်မယ်။ တကယ်လို့ ဒီဇာတ်လမ်းတွေရဲ့အသေးစိတ်အချက်အလက်ကို ဖြုတ်လိုက်မယ်၊ လူနေမှုအရေးအဖွဲ့နဲ့ အကြောင်းအရာဖြစ်ပျက်ချိန်တွေကို ဖြုတ်လိုက်မယ်ဆိုရင် ဘယ်ဇာတ်လမ်းကမှ ဖတ်ဖို့ မထိုက်တန်တော့သလို ဘယ်ဇာတ်ကောင်ကိုမှ ချစ်ခင်နှစ်လိုဖို့ မထိုက်တန်တော့ပါဘူး။

ကောင်းမွန်တဲ့စာပေတွေက အတိုချုံးအနှစ်ချုပ်လို့ မရပါဘူး။ ဒီလိုစာပေတွေကို အချိန်၊ အားထုတ်မှုတွေပေးဆပ်ပြီးမှ ဖတ်ရတယ်ဆိုပေမယ့် ဒီလိုစာဖတ်ခြင်းကသာ ပြန်တမ်းတအောက်မေ့လို့ရနိုင်တဲ့ ဘဝစာဖတ်ခြင်းပဲဖြစ်တယ်။

သတင်းအချက်အလက်ကိုရဖို့ အဓိကထားတယ်ဆိုရင်တော့ အတိုချုံးအနှစ်ချုပ်ကောင်း ချုပ်နိုင်ပါတယ်။ ချွတ်ယွင်းချက်ကင်းတဲ့စာတွေကို အမြန်မျိုချပြီး အာဟာရကိုချက်ချင်းရယူတာဖြစ်တယ်။ ဒါဟာ ယုန် မုန်လာဥစားတဲ့ စာဖတ်နည်းဖြစ်တယ်။ အမြန်သိမ်းယူလိုက်တဲ့စာဖတ်နည်းဖြစ်တယ်။

နောက်စာဖတ်နည်းတစ်မျိုးက စိမ်ပြေနပြေဖတ်တာဖြစ်တယ်။ ဒီလိုဖတ်နည်းက စာဖတ်သူရဲ့အရသာခံစွမ်းကို စမ်းသပ်တာဖြစ်သလို စာဖတ်သူရဲ့စိတ်ရှည်မှုကိုလည်း စမ်းသပ်တာဖြစ်တယ်။ ဒီလို စိတ်ပါဝင်စားဖတ်ရှုတဲ့ စာဖတ်ခြင်းမှာ စာဖတ်သူနဲ့ စာအုပ်ပါအကြောင်းအရာတွေက ဘဝနဲ့ချိတ်ဆက်လိုက်ပါတယ်။ အဲဒီကနေ စာဖတ်ခြင်းရဲ့အဓိပ္ပာယ်ကို စာဖတ်သူရှာဖွေတွေ့ရှိပြီး တွေးတောမှုအရည်အချင်း၊ ခံစားမှုစွမ်းရည်တွေ ပိုမိုရရှိပြီး ဘဝလည်း တိုးတက်ကောင်းမွန်လာမှာဖြစ်တယ်။

စာဖတ်ခြင်းက ရွေးချယ်မှုတစ်ခုပါ။ စာဖတ်ရခြင်းရဲ့ရည်ရွယ်ချက်က အသိပညာ ဗဟုသုတရယူရုံသက်သက်မဟုတ်ဘဲ ဘဝတစ်ခုကို ဘယ်လိုဖြတ်သန်းမယ်ဆိုတဲ့ ရွေးချယ်ခြင်းတစ်ခုလည်းဖြစ်ပါတယ်။

အရာရာမြန်ဆန် ပျားပန်းခတ်လှုပ်ရှားနေရတဲ့လောကမှာ စာဖတ်ခြင်းက ဇိမ်ခံတဲ့အလုပ်တစ်ခုဖြစ်နေပါတယ်။ သတင်းအချက်အလက်နဲ့ ဗဟုသုတရဖို့က ဆိုရှယ်နက်ဝေါ့တွေမှာ အလွယ်တကူရယူနိုင်ပေမယ့် အတွေးစွမ်းရည်၊ သဘောပေါက်နားလည်နိုင်စွမ်း တိုးမြင့်ဖို့ဆိုတာတော့ ခက်ပါလိမ့်မယ်။

သတင်းအချက်အလက်နဲ့ ဗဟုသုတအတွက် နက်ဝေါ့တွေက စာအုပ်နေရာမှာ အစားထိုးဝင်ရောက်လာတဲ့အခါ နှလုံးသားအဟာရအတွက် စာအုပ်ရဲ့အသုံးဝင်မှုက ပိုအရေးပါလာပါတယ်။ အတိုချုံးလို့မရတဲ့အရာတွေက ဘာတွေလဲ၊ အဲဒီ အနှစ်ချုပ်လို့မရတဲ့အရာတွေက ဘာတွေလဲဆိုတာ စာရေးသူနဲ့စာဖတ်သူတို့ တွေးတောသင့်တဲ့မေးခွန်းဖြစ်တယ်။

ဒီကနေ့ခေတ်ဟာ အာဟာရဆေးတောင့်ကို ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်နေကြပါတယ်။ နှင်းဆီပန်းဆေးတောင့်တစ်လုံးက အသားအရည်ကို ထိန်းသိမ်းပေးနိုင်စွမ်းရှိကောင်းရှိပေမယ့် အပင်ပေါ်ပွင့်လန်းတဲ့ နှင်းဆီရဲရဲတစ်ပွင့်ကတော့ နွေဦးရာသီတစ်ခုလုံးကို
ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။

-----------
မူရင်းရေးသားသူ-- Chén qí lán
မူရင်းလင့် --
http://www.85nian.net/qinggan/11675.html

နိုင်းနိုင်းစနေ (Jan.14. 2015)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။