ဘာသာစကား ကျွမ်းကျင်တက်မြောက် လိုပါလျှင်
ဘာသာစကားဟာ လူတစ်ယောက်အတွက် ကွာဝေးတဲ့ကမ်း
နှစ်ဖက်ကို ဖြတ်သန်းသွားနိုင်ဖို့ ခင်းပေးလိုက်တဲ့ တံတားနဲ့ တူတယ်။ ဒါကြောင့် ဘာသာစကားကို ကလေးငယ်တွေသာမက စီးပွားရေး လုပ်ငန်းလုပ်နေသူတို့ ပါ အသည်းအသန် လေ့လာနေရတာပါ။
...

သင်က ဘာသာစကား လေ့လာနေသူ (သို့) ဘာသာစကား တကယ်ကို ကျွမ်းကျင်တတ်မြောက်လိုသူ ဆိုရင် မိမိကိုယ်ကို နေ့စဉ်
“ ငါသည် ဘာမှမဟုတ်သေး၊ ငါသည် ဘာမှမသိသေး၊ ငါသည် ဘာမှ မဖြစ်သေးပါ “ ဆိုတဲ့ စကားနဲ့ သတိပေးနေရပါမယ်။
ကိုယ့်ကိုကိုယ် နှိမ့်ချတာဟာ စိတ်ဆင်းရဲ ရတယ်လို့ complain တက်နိုင်တယ်။ အမှန်တော့ အပေါ်က စကားတွေကို မှီပြီး နေစဉ် ဆည်းပူနိုင်ဖို့ပါ။ ပါမောက္ခ တစ်ယောက်ရဲ့ အဆိုအရ ဘာသာစကား တစ်ခု တကယ်တက်မြောက်ချင်တယ်ဆိုရင် စာ များများဖတ်ပါ။ များများဖတ်ပြီး များများမှတ်မိနေရမယ်။
နေ့စဉ်မှတ်တမ်းအဖြင့် စဉ်းစားရသမျှကို လေ့လာတဲ့ ဘာသာရပ်နဲ့ ရေးရမယ်။ လေ့လာသူ အချင်းချင်းတွေ့တဲ့ အခါ အမှား မကြောက်ဘဲ ပြောဆိုဆွေးနွေး နိုင်ရမယ်။ ဒီလိုသာ အားထုတ်ပေးရင် ၁ နှစ်မကြာဘဲ တတ်မြောက်လွယ်ပါတယ်။
ဘာသာစကားတိုင်းမှာ ဖတ်တော့ အသံ ရေးတော့ အမှန် ဆိုတဲ့ "ဒေတိယ" အသံ တွေ အများကြီးရှိတယ်။ အကုန်သိနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ တစ်ဖက်လူပြောလိုက်တဲ့ အသံနေ အသံထားက ကိုယ်သိနေသလို မဟုတ်ဘဲ စိတ်ထဲ တစ်မျိုးကြီး ဖြစ်သွားခဲ့ရင် မှားတယ်လို့ အတင်းကြီး ငြင်းဆန်မယ့်အစား ဘာကြောင့် ဒီလို အသံထွက်ရပါသလဲလို့ မေးမြန်းဆွေးနွေးရပါမယ်။
ဒီလိုနည်းနဲ့ တစ်ဖြည်းဖြည်းချင်း ကိုယ်ရဲ့ Level ကို မြှင့်တင်လိုက်ပါနော်။။။
#Yangonlife #SocialInterest
စုစည်းတင်ပြသူ - LILY

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။