Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 24, 2015

တိုက်ပုံဝတ် တပ်အသွင်ပြောင်းအရာရှိတွေပဲ အုပ်စိုးနေတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအကြောင်း သောင်းပြောင်းထွေလာပေါ့ဗျာ (၁)

 
 
တိုက်ပုံဝတ် တပ်အသွင်ပြောင်းအရာရှိတွေပဲ အုပ်စိုးနေတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအကြောင်း သောင်းပြောင်းထွေလာပေါ့ဗျာ (၁)
ဒီကိစ္စကိုရေးချင်နေတာတော့ ကြာပြီ။ ဒါပေသိ ကိုယ်ကလည်း တိတိကျကျဖြစ်ချင်တဲ့ လူဆိုတော့ အချက်အလက်တွေ စုဆောင်းနေဆဲမို့ မပြည့်စုံသေးတာနဲ့ မရေးဖြစ်သေးတာ။ အချက်အလက်တွေစုဆည်းရင်း၊ ပြုရင်းနဲ့ လနဲ့ချီလာပြီဆိုတော့ မစောင့်နိုင်တော့ပဲ ရှိသလောက်နဲ့ပဲ ရေးဖြစ်လိုက်တယ်။ ရေးမဲ့ အကြောင်းရင်းကတော့ မြန်မာပြည်ရဲ့ အရပ်ဘက်ဝန်ကြီးဌာန လက်အောက်ခံ ဦးစီးဌာနတွေထဲမှာ အုပ်ချုပ်ရေးအာဏာလုပ်ပိုင်ခွင့်အရှိဆုံးဦးစီးဌာနတစ်ခုလည်းဖြစ်၊ အင်မတန်အရေးပါတဲ့ နေရာတစ်ခုလည်းဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တပ်ပြောင်းအရာရှိတွေနဲ့ ထိန်းချုပ်ထားတဲ့ကိစ္စပဲဖြစ်ပါတယ်။
ဒီဟာမရေးခင်မှာ ပြောချင်တာတစ်ခုလည်း ကြိုတင်ပြောချင်ပါသေးရဲ့။ ရွေးကောက်ပွဲ ကော်မရှင်မှာ တိုင်း/ပြည်နယ်၊ ခရိုင်အဆင့်ထိသာမကပဲ မြို့နယ်အဆင့်ထိပါ တပ်ပြောင်းအရာရှိတွေကို နေရာယူစေတဲ့အကြောင်း တလောက ဖေ့ဘုတ်မယ် ကျနော်ရေးခဲ့ဖြစ်တယ်။ ဘီစီနံပတ်၊ အပတ်စဉ်၊ ရာထူး၊ တည်နေရာ စသဖြင့် တိတိကျကျပေါ့။ အဲ့သဟာရေးဖို့အတွက် အချက်အလက်တွေ ကျနော်စုဆည်းခဲ့ရတာ ၃/၄ လကြာမြင့်ခဲ့ပါတယ်။ ကျနော်မျှော်လင့်တာက အတိုက်အခံပါတီတွေအနေနဲ့ ရွေးကော်မှာ ဒီလိုလူတွေရှိနေတာဟာ ဘာကြောင့်လဲဆိုတာကို သိစေချင်တဲ့ စိတ်ဆန္ဒရယ်ပါ။ တချို့ကတော့ အင်္ဂလိပ်လို ဘာသာပြန်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဖြန့်ဝေအသိပေးကြတယ်လို့ ပြန်ကြားရတဲ့အတွက်လည်း ကိုယ်လုပ်ထားတာလေးတွေအတွက် ၀မ်းမြောက်မိပါတယ်။ ထားတော့ ထွေအုပ်အကြောင်းဆက်ကြဦးစို့ရဲ့။ ထွေအုပ်အကြောင်းမယ် မရေးမဖြစ်တဲ့ ရေးစရာတွေကလည်း များတော့ စာကလည်းရှည်တယ်။ ဒါပေသိ ဖေ့ဘုတ်ကနေ ဖတ်ရသူတွေလည်း အဆင်ပြေအောင်လို့ ခပ်တိုတိုနဲ့ပဲ အပိုင်းတွေခွဲပြီး ရေးသွားပါမယ်ခင်ဗျာ။
------------------------------------
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ(၁၈)နေ့မှာ နိုင်ငံတော်အာဏာအရပ်ရပ်ကို တပ်မတော်မှ ထိန်းချုပ်ပြီးတဲ့နောက် စစ်ဗိုလ်ချုပ်ကြီးများသာပါဝင်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) ကို ဖွဲ့စည်းကာ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ပါတယ်။ ဒီ့နောက် ၁၉၉၅ ခုနှစ်မှာ န၀တကိုပဲ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ(နအဖ)ဟု အမည်ပြောင်းကာ ဆက်လက်အုပ်ချုပ်ခဲ့တယ်။ အမည်ပြောင်းသော်လည်း မူမပြောင်းတာမို့ နအဖမှာ ပါဝင်တဲ့သူတွေဟာလည်း စစ်ဗိုလ်ချုပ်ကြီးတွေသာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ နိုင်ငံတော်အဆင့်အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ န၀တ/နအဖမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှအစ တိုင်းမှူးတွေအထိပါဝင်ခဲ့သလို လက်အောက်ခံ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာလည်း စစ်တပ်ကပဲ ကိုင်တွယ် ထိန်းချုပ်ခဲ့ပါတယ်။ ပြည်နယ်/တိုင်းတွေက သက်ဆိုင်ရာ စစ်တိုင်းမှူးတွေက တာဝန်ယူအုပ်ချုပ်ခဲ့ပါတယ်။ ခရိုင်အုပ်ချုပ်ရေးဖြစ်တဲ့ ခ၀တ/ခယကဥက္ကဌများအဖြစ် ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူများက တာဝန်ယူပြီး မြို့နယ်အဆင့်အုပ်ချုပ်ရေးဖြစ်တဲ့ မ၀တ/မယကတွေ ကိုတော့ ဗိုလ်မှူး/ဗိုလ်ကြီးအဆင့်ရှိသူတွေက တာဝန်ယူကာ နိုင်ငံတော်အာဏာကို ထိန်းချုပ်ခဲ့ကြပါတယ်။ စစ်တပ်ကပဲ နိုင်ငံတော်အာဏာရပ်အရပ်ရပ်ကို ထိန်းချုပ်ထားခဲ့တာကြောင့်ပဲ မြန်မာပြည်ရဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်းကာလကို စစ်အာဏာရှင်ခေတ်ရယ်လို့ ရည်ညွှန်းခေါ်ဆိုကြပါတယ်။ ထိုခေတ်ကာလအတွင်းဝယ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြတဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူတွေလည်း အများအပြားရှိခဲ့ပြီး စစ်အာဏာရှင်တွေကြောင့် အသက်တွေ၊ ဘ၀တွေလည်း မြောက်မြားစွာဆုံးရှုံးခဲ့ကြရပါတယ်။
စစ်အာဏာရှင်တွေဟာ နိုင်ငံတော်အာဏာကို (၂၅)နှစ်ကျော်ကြာကြီးစိုးပြီးတဲ့နောက် ၂၀၁၀ ပြည့်နှစ်မှာတော့ အထွေထွေ ရွေးကောက်ပွဲတစ်ခု ကျင်းပပေးခဲ့ပါတယ်။ စစ်အာဏာရှင်နအဖအဖွဲ့ကို ၂၀၁၁ ခုနှစ်၊ မတ်လ(၃၀)ရက်နေ့မှာ နအဖ ကြေညာချက်အမှတ် (၅/၂၀၁၁)နဲ့ ဖျက်သိမ်းခဲ့ပါတယ်။ တဖန် ကြေညာချက် အမှတ်(၈/၂၀၁၁)ကို ထုတ်ပြန်ကာ အဆင့်ဆင့်သော စစ်အာဏာရှင်အုပ်ချုပ်ရေး ယန္တရားများ ဖြစ်တဲ့ ခယက/မယကတို့ကို ဖျက်သိမ်းပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ အုပ်ချုပ်ရေးအာဏာများကို လွှဲအပ်ကြောင်း ကြေညာခဲ့တယ်။ တိုင်း/ပြည်နယ်များကို စစ်ဘုရင်ပြုအုပ်ချုပ်နေတဲ့ တိုင်းမှူးတွေရဲ့အာဏာတွေကိုလည်း တိုင်း/ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်း/ပြည်နယ်အဆင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးများထံသို့ လွှဲပြောင်းပေးခဲ့ပါတယ်။
နအဖ/ခယက/မယကတွေ ဖျက်သိမ်း၊ မြန်မာပြည်အုပ်ချုပ်ရေးမယ် ယူနီဖောင်းဝတ် စစ်ဗိုလ်ချုပ်တွေက နောက်ဆုတ်၊ တိုက်ပုံဝတ်ထားသောအုပ်ချုပ်သူတွေသာ လူထုရှေ့မယ် ရှိနေတာမို့ ကျနော်တို့ မြန်မာပြည်သူတွေ စစ်အာဏာရှင် ယန္တရားကြီးအောက်က လွတ်မြောက်ကြပြီလားလို့ ထင်ယောင်ထင်မှားဖြစ်စရာပါ။ တကယ်တမ်းတော့ ကျနော်တို့တွေဟာ စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်ကနေ မလွတ်မြောက်ကြသေးပါဘူး။ အာဏာရှင်တွေဟာ နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ အမြင်ကောင်း၊ အပြကောင်းစေဖို့ အာဏာရှင်ယန္တရားကို ဟန်ပြဖျက်သိမ်းခဲ့ပေမဲ့ နောက်ကွယ်မှတဆင့် အာဏာကိုထိန်းချုပ်နိုင်ဖို့အတွက် အစစအရာရာပြင်ဆင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြင်ဆင်ပြီးချိန်မှ လူကြားသူကြားကောင်းအောင် ခွာစစ်ဆင်သလေး ဘာလေး ကြွေးကြော်ကာ ဆုတ်ခွာချင်ယောင်ဆောင်ကြခြင်း ဖြစ်ပါတယ်။
နအဖက နိုင်ငံတော်အာဏာကို ထိန်းချုပ်ထားနိုင်ဖို့ ဘာတွေပြင်ဆင်ခဲ့သလဲ။ နအဖရဲ့ ပြင်ဆင်ဆောင်ရွက်ထားခဲ့တာတွေကို အတိုတုတ်ဆုံးနဲ့အကျဉ်းချုပ်ပြောရရင်-
“နိုင်ငံရေးသမားတွေဆိုတာက ပြည်ပပုဆိန်ရိုးတွေ၊ သူလျှိုတွေ၊ ယုံကြည်ရတဲ့သူတွေ မဟုတ်၊ ဒီမိုကရေစီဆိုတို့ လူ့အခွင့်အရေးတို့ဆိုတာက ပြည်ပက ကျူးကျော်ချင်တဲ့ လူတွေရဲ့ ဟန်ပြလက်နက်တွေ၊ နည်းလမ်းတွေသာဖြစ်တယ်။ တပ်မတော်သာလျှင် နိုင်ငံအတွက် ဘာဘာညာညာ” ဆိုတဲ့ အမြင်တွေကို တပ်မတော်သားများအား နှစ်ရှည်လများ ရိုက်သွင်းဦးနှောက်ဆေးပေးခဲ့တယ်။ ဒီလိုအမြင်တွေနဲ့ ထုသားပေသား ကျနေတဲ့လူတွေကို ယူနီဖောင်းချွတ်၊ တိုက်ပုံဝတ်ပေးပြီး အရပ်သားယောင်ဆောင်ကာ အရပ်ဘက်အုပ်ချုပ်ရေးရယ်လို့ လူမြင်ကောင်းအောင် ပြခဲ့ကြခြင်းသာ ဖြစ်ပါတယ်။

ကဲ- ယနေ့ခေတ် အရပ်ဘက်အုပ်ချုပ်ရေးကို ကြီးစိုးနေတဲ့ လူတွေထဲမှာ ယူနီဖောင်းချွတ်၊ တိုက်ပုံဝတ်ထားတဲ့လူတွေ ဘယ်လောက်များနေလဲဆိုတာ ကြည့်ကြရအောင်။ တိုင်း/ပြည်နယ်ဝန်ကြီးချုပ်တွေ စာရင်းကတော့ တစ်ခါတင်ပြီးသားမို့ ထပ်မရေးတော့ပါဘူး။ ၂၀၁၁ မယ်၊ ဒီမိုကရေစီခေတ်ရောက်ပြီ၊ စစ်တပ်အုပ်ချုပ်ရေးမရှိ၊ အရပ်ဘက် အုပ်ချုပ်ရေးသာ အဓိကရယ်လို့ သဘောထားမျိုးကြေညာပြီးနောက် တိုင်း/ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးဟာ စစ်တိုင်းမှူးတွေဆီကနေ အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းရယူခဲ့ပါတယ်။ လက်ရှိ တိုင်းနဲ့ပြည်နယ်တွေရဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှူးတွေဟာ ဒုညွှန်ကြားရေးမှူးချုပ်အဆင့်ရှိကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ အတွင်းရေးမှူး အဖြစ်လည်း တာဝန်ယူကြရပါတယ်။ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များရဲ့ ရုံးလုပ်ငန်းတာဝန် အ၀၀ကိုလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကပဲ စီမံဆောင်ရွက်ပေးနေရပါတယ်။ ကိုင်း - ခုလက်ရှိ၊ တိုင်းနဲ့ပြည်နယ်တွေကို အုပ်ချုပ်နေတဲ့ ထွေ/အုပ်ဦးစီးဌာနမှူးတွေက ဘယ်သူတွေများပါလိမ့်ဗျာ။ စာရင်းအင်းလေးနဲ့ ကြည့်ကြည့်ရအောင်။
(Photo Credit: ကာတွန်းဆရာအမည် မသိပါ။ အင်တာနက်မှတွေ့ပြီး သဘောကျမိသဖြင့် သိမ်းထားသောပုံဖြစ်သည်)
ဆက်ပါဦးမည်-
မိုးဇေညိမ်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။