ကြောင်တောင်နှိုက် လောင်မြှိုက်ခံရာ ပြည်မြန်မာ
မြန်မာ့အဖိုးတန် သဘာဝသယံဇာတများအပေါ် မောင်ပိုင်စီးလိုသည့် တရုတ်၏ မဟာ အတ္တတရား ခပ်ကြမ်းကြမ်း ပွင့်အံ လာလေပြီ။ ပြောင်စင်အောင် ကြောင်တောင်နှိုက်မည့် ပုံစံဖြင့် တစ်မျိုး၊ လက်ဝါးကြီးအုပ် ခရိုနီပုံသွင်ဖြင့် တစ်ဖုံ တွေ့နေရသည်။ သဘာ၀၀န်းကျင် သို့မဟုတ် လူထုအရေး သောက မထားသလောက် မြေယာများကို ကိုယ်ကျိုးရှာအသုံးချရန် အားသန်လှစွာသော တရုတ်ကုမ္ပဏီ တို့နှင့် မြန်မာစစ်တပ် အခ...ွင့်ထူးခံ အုပ်စုသည် သဘောတူစာချုပ်များ ရှိနေကြ၏။ မြန်မာနိုင်ငံအရှေ့မြောက်ပိ
ယခုရက်သတ္တပတ်အတွင်း တရုတ်အစိုးရ အာဏာပိုင်များသည် တရားမ၀င်သစ် ထုတ်မှု သံသယဖြင့် ထိန်းသိမ်းခံထားရသည့် တရုတ်နိုင်ငံသားများ အရေး စုံစမ်းစစ်ဆေးရန် မြန်မာနိုင်ငံ ထဲ ရှိနေခဲ့ကြသည်။ တရုတ်ပြည်သို့ တရားမ၀င်သစ် (အထူးသဖြင့် မြန်မာ့ ရှားပါးသစ်နက်ပင်များ) ခိုးထုတ်ရောင်းချမှု တို့က ပြဿနာကြီးထွားနေသည်။ ထိုအပင်များမှာ သုံးနှစ်အတွင်း မျိုးပြုန်းတော့မည်ဖြစ်ကြော
ကျားနှင့်ကျားသစ်ခန္ဓာ အစိတ်အပိုင်း၊ ၀က်ဝံသည်းခြေနှင့် သင်းခွေချပ်များကို တရုတ်နိုင်ငံ၏ အာသာငမ်းငမ်း ၀ယ်ယူနေမှုကြောင့် တရုတ်နယ်စပ်အနီးရှိ Mong La မုံလ/မိုင်းလား မြို့မှာ တိရစ္ဆာန် ကုန်ကူးဈေးကွက်၊ ပြည့်တန်ဆာနှင့် လောင်းကစား ဖြန့်ကျက်ရာဌာန တစ်ရပ် အသွင်သို့ ကူးပြောင်း သွားစေသည်။ မြန်မာ့ကျား အရေအတွက်မှာ အကောင် ၇၀ အောက်သာ အများဆုံး ကျန်ရှိတော့မည်ဟု ခန့်မှန်းထားကြသည်။
အဖိုးတန်ကြေးနီသတ္ထုများ ရှာဖွေငွေဖော်နေခြင်းက သဘာဝပတ်ဝန်းကျင်နှင့် လူသားတန်ဖိုးအား အရေးမစိုက်တတ်ကြသည့် ဗမာလူမျိုးတို့ အပေါ် ဆန့်ကျင်အကြမ်းဖက်မှုဆီ ဦးတည်သွားလေသည်။ ၂၀၁၂ ခုနှစ်၌ တရုတ်နိုင်ငံ ၀မ်ပေါင်သတ္ထုတူးဖော်ရေး ကုမ္ပဏီနှင့် မြန်မာစစ်တပ်ပိုင် စီးပွားရေး အင်အားစုအကြား ဖက်စပ်လုပ်ကိုင်နေသော မြန်မာ့အလယ်ပိုင်း လက်ပံတောင်းကြေးနီ သတ္ထုတွင်းအတွက် အဓမ္မ အိုးအိမ် ဖယ်ရှားရွှေ့ပြောင်းချက်များ
ကန့်ကွက်ဆန္ဒပြမှုများမှ မီးမောင်းထိုးပြနေသည်မှာ မြန်မာပြည်သူလူထုသည် ဤသို့ မောင်ပိုင်စီးနယ်ချဲ့လုယက်ေ
xxxxxxxxxxxxxxx
New York Times မှ အယ်ဒီတာ့အာဘော်ကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။
သယံဇာတ သူခိုးများ အကြောင်း
New York Times အယ်ဒီတာ့ အာဘော်
The Plunder of Myanmar - JAN. 23, 2015 http://www.nytimes.com/
Credit to MMedia and NY Times
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။