Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, January 27, 2015

Megadeth ရဲ့ ဂစ်တာသမားဟောင်း Marty Friedman ရဲ့  Inferno (2014)

 
Megadeth ရဲ့ ဂစ်တာသမားဟောင်း Marty Friedman ရဲ့  Inferno (2014)
================================================

ပေါ်ပြူလာဖြစ်တဲ့ မက်တယ်လ်ဂစ်တာသမားတွေ အကြောင်းပြောကျကြေးဆို Marty Friedman ကို ချန်ထားခဲ့လို့မရပါဘူး။ သူ့အကြောင်းကတော့ တကယ့်ကို စိတ်ဝင်စားစရာပါ။ ၁၉၈၀ နှစ်များဆီက မက်တယ်လ်ဂစ်တာသမားတွေကြားမှာ အထင်ကရဖြစ်ခဲ့တဲ့ ဂစ်တာသူရဲကောင်း Jason Becker နဲ့ နှစ်ယောက်တွဲတီးခဲ့တဲ့ အချိန်ကာလတွေက စခဲ့မယ်ထင်ပါတယ်။ အဲကာလတွေက နီယိုကလက်ဆစ်ကယ် shred မက်တယ်လ်ကို ကာလာစုံပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ 'exotic' စကေးဂစ်တာ licks ပုံစံမျိုးတွေနဲ့ တီးခဲ့ကျတဲ့သူတွေ ဆိုရင် မမှားပါဘူး။ ကိုယ်ပိုင် ဂစ်တာ ဆိုလိုတွေ ဖန်တီးကျရင်း နှစ်ယောက်သား Cacophony ဆိုတဲ့တီးဝိုင်းမှာ ပါဝင်ခဲ့ကျပြီးတော့ ရော့ခ်ဂစ်တာသမိုင်းမှာ ချီတက်ခဲ့ကျတာပေါ့။
Cacophony ဝိုင်းကွဲသွားပြီးတော့ အသွေးအသားထဲမှာ Thrash မက်တယ်လ်သွေးတွေ စီးဆင်းနေတဲ့ Marty Friedman ဟာ ၁၉၉၀ လောက်မှာ အမေရိကန် Thrash မက်တယ်လ်တီးဝိုင်းဖြစ်တဲ့ Megadeth တို့နဲ့ ၃၃ ကြိမ်မြောက် အကောင်းဆုံးမက်တယ်လ်ပါဖောမန့် ဂရမ်မီဆုလျာထားခြင်းခံရတဲ့ Rust in Peace ဆိုတဲ့ အယ်လ်ဘမ်လေးမှာ စတင်ပါဝင်လာခဲ့ပြီးတော့ ၁၀နှစ်နီးပါးလောက်လက်တွဲခဲ့ ကျပါတယ်။ အဲဒီ အယ်လ်ဘမ် ထဲက Sweep-picking နည်းကို သုံးပြီး တီးထားတဲ့ Friedman ရဲ့  "Tornado of Souls" ဆိုလိုလေးကတော့ နာမည်ကျော်ပေါ့။ Megadeth ကထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့ သူ့ ကိုယ်ပိုင်ဆန်းသစ်တီထွင်ထားတဲ့ ဆိုလိုမျိုးတွေကိုပဲ စတင်တီးခတ်လာပါတော့တယ်။
သူ့ရဲ့ အစောပိုင်း ဆိုလို အယ်လ်ဘမ်တွေကတော့ "Introduction" နဲ့ "Scenes" ဆိုတဲ့ အယ်လ်ဘမ်တွေဖြစ် ပြီးတော့ မီဂါဒတ်က ဂစ်တာသမား Dave Mustaine နဲ့ အတူတွဲပြီး တီးနေတဲ့ Friedman တောင် ဟုတ်ပမ လားဆိုပြီးထင်သွားရ လောက်အောင်ကို ကောင်းလွန်းတဲ့ အယ်လ်ဘမ်တွေပါ။ shred ချစ်သူတွေအတွက်တော့ ကိုးကားသင့်တဲ့ အယ်လ်ဘမ်လို့တောင် ပြောနေကျပါတယ်။ အဲဒီနောက်မှာတော့ သူ့ကိုယ်ပိုင်ဟန်ဖြစ်တဲ့ မော်ဒန် မက်တယ်လ်၊ ဂျေရော့ခ်၊ နယူးအေ့ခ်ျနဲ့ အီလက်ထရောနစ်ဂီတတွေ ပေါင်းစပ်ထားတဲ့ဟန်ဖြစ်တဲ့ 'fourth' စတိုင်နဲ့ စတင်တီးခတ်လာပါတယ်။ ဒီဟန်လေးကို "Music for Speeding", "Bad DNA", "Loudspeaker" စတဲ့ အယ်လ်ဘမ်တွေမှာ တွေ့ ရနိုင်ပြီးတော့ အခု နောက်ဆုံးထွက်ရှိထား တဲ့ "Inferno" ဆိုတဲ့ အယ်လ်ဘမ်လေးမှာ တော်တော်လေးကို ကြိုးစားတီးခတ်ထားတာကို နားထောင်ကြည့်ရင် သိမှာပါ။
ဒီအယ်လ်ဘမ်လေးမှာ ဧည့်သည် ဂစ်တာသမားတွေ၊ အဆိုရှင်တွေ အများအပြားထည့်ထားတာကို ကြည့်ချင်းအားဖြင့် Marty Friedman ဟာ သူ့ဂီတကို ဘယ်လောက်ထိ စမ်းသပ်ခံနိုင်သလဲဆိုတာ ပြောနေသလိုပါပဲ။

မက်တယ်လ် အငွေ့ အသက်အဓိကပါဝင်တဲ့ "Lycanthrope" ဒီသီချင်းလေးမှာ Children of Bodom က ဂစ်တာသမား Alexi Laiho နဲ့ ကနေဒါ ရော့ခ်ဘမ်က Danko Jones တို့ကို ဖိတ်ခေါ်ထားပြီးတော့ အပီဗျင်း ထားတာပါ။ သီချင်းကလည်း ဟဲဗီးဖြစ်ပြီးတော့ Danko Jones ရဲ့  growling ဗိုကယ်လ်သံကြီးနဲ့လည်းဆိုတော့ ကျစ်လစ်တဲ့ thrash မက်တယ်လ်သီချင်းတပုဒ်ဖြစ်လာပါတော့တယ်။
မော်ဒန်ရော့ခ်အမျိုးအစားလို့ပြောလို့ရတဲ့ "I Can't Relax" ဆိုတဲ့ သီချင်းမှာတော့ Marty ရဲ့  ဂစ်တာအမြန်နှုန်း က သတိပြုမိစရာပါ။ ဘေ့စ်ဂစ်တာသံ အင်ထရိုနဲ့ စထားတဲ့ "Sociopaths" သီချင်းမှာတော့ မာန်တအားပါတဲ့ thrash နဲ့ death မက်တယ်လ်အတွဲအစပ်မျိုးကို တွေ့ ရပြီး Revocation တီးဝိုင်းက David Davidson ကပါဝင် ကူညီထားပါတယ်။
ခင်ဗျားတို့ Jazz ဆိုလိုတွေနဲ့ မက်တယ်လ်ဆိုလိုတွေကို ပေါင်းထားတဲ့ အသံတွေကို ကြားဖူးသလား? နော်ဝေက Jazz ဂီတသမား Jørgen Munkeby နဲ့ အပြိုင်အဆိုင်တီးခတ်ထားတဲ့ Marty ရဲ့  'exotic' စကေးတွေကို "Meat Hook" ဆိုတဲ့ သီချင်းလေးမှာ လန့်ဖြန့်သွားအောင် ထူးထူးခြားခြား ကြားကျရမှာပါ။
လက်တင် အငွေ့အသက်ပါတဲ့ ဖလန်မီကိုဂစ်တာသံလေးတွေကို နောက်ခံထားပြီး ပေါင်းစပ်ဖန်တီးထားတဲ့ မက်တယ်လ်သီချင်းလေးကတော့ "Wicked Panacea" ပါတဲ့။ လွမ်းမောဖွယ်ကောင်းပြီး ဖြည်းဖြည်းလေးနဲ့ အငြိမ့်လေးဆွဲခေါ်သွားမယ့် "Undertow" ဆိုတဲ့ သီချင်း အမိုက်စားလေးဖြစ်ပါတယ်။
ဒီအယ်လ်ဘမ် တချပ်လုံးမှာတီးခတ်ပေးထားတဲ့ ဒရမ်မာကတော့ Steve Vai အားထားရတဲ့ Jeremy Colson ပဲဖြစ်ပါတယ်တယ်။ သူရဲ့  လတ်ဆတ်ပြီး မာန်ပါတဲ့ အဲ့ ဒရမ်မာရဲ့ တီးဟန်တွေဟာ Marty ဖန်တီးချင်တဲ့ ဂီတနဲ့ တကယ့်ကို လိုက်ဖက်ပါတယ်။ ကာလရှည်ကြာစွာ သူငယ်ချင်းအရင်းဖြစ်တဲ့ Jason Becker နဲ့တွဲပြီး ဖန်တီးခဲ့တဲ့ Horrors ဆိုတဲ့ သီချင်းလေးကလည်း Cacophony တီးဝိုင်းတုန်းက အတူတီးခဲ့ကျတဲ့ Becker ကို အမှတ်ရစေမှာပါ။
Marty ရဲ့  ကိုယ်ပိုင်ဟန် အပြည့်ဝဆုံးပါတဲ့ သီချင်းလေးကတော့ "Steroidhead" ဒီသီချင်းလေးမှာ အိန္ဒိယက တူရိယာပညာရှင်တယောက်နဲ့တူတူ တီးထားကျတာပါ။ ပထမဆုံး ၂ပုဒ်ဖြစ်တဲ့ "Inferno" နဲ့ "Resin" သီချင်းတွေကတော့ ကျော်သွားလို့ မဖြစ်တဲ့ သီချင်းတွေပေါ့ ။
ဒီ Inferno ဆိုတဲ့ အယ်လ်ဘမ်လေးဟာ Marty Friedman ဘယ်သူဆိုတာ ပြန်လည် အသက်သွင်းထား သလိုမျိုးပေါ့။ ပထမအချက်အနေနဲ့ ပြောရမယ်ဆိုရ သူဟာ အခုချိန်ထိ လက်ရည်မကျပဲ မြန်ဆန်ပြီးတော့ အပီဖြဲနိုင်သေးတယ်ဆိုတာပါပဲ မယုံရင် "Hyper Doom" ဆိုတာလေးကို နားဆင်ကြည့်ပါ။ ဒုတိယအချက်အနေနဲ့ကတော့ သူရဲ့ ကိုယ်ပိုင်ဟန်ဖြစ်တဲ့ exotic စကေးကို ယနေ့ချိန်ထိ မပြောင်းလဲပဲ တီးခတ်နေတုံးပဲဆိုတာပါပဲ။ တတိယအနေနဲ့ကတော့ သူရဲ့  စိတ်ကူးစိတ်သန်းတွေကို ပုံအောထားပြီးတော့ စိတ်ဝင်စားဖွယ်ရာ အဖွဲ့ အနွဲ့ တွေနဲ့ ဖန်တီးထားနိုင်ခဲ့တယ်။ ပါရမီရှိတဲ့ ဂီတပညာရှင် အများအပြားနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ဒီအယ်လ်ဘမ်လေးဟာ သူ့ တန်ဖိုးတစ်ခုတော့ ရှိနေမှာ အမှန်ပါပဲ။ Marty ရဲ့  Fan တွေ၊ shred ချစ်သူတွေ ၊ Megadeth ပရိတ်သတ်တွေနဲ့ အင်စတူမန်တယ် အယ်လ်ဘမ်တွေ သဘောကျတဲ့ ဘော်ဒါတွေ အတွက်ကတော့ မဖြစ်မနေ နားဆင်သင့်တဲ့ အယ်လ်ဘမ်လေးဖြစ်ပါကြောင်း....
စကားမစပ် အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ Marty Friedman ဟာ၂၀၀၃ ခုနှစ်လောက်ထဲက ဂျပန်နိုင်ငံ တိုကျိုမြို့ မှာအခြေချနေထိုင်ခဲ့ပြီးတော့ ဂျပန်တီဗွီတိုကျို အသံလွှင့် ဌာနရဲ့  အစီအစဉ်တွေဖြစ်တဲ့ Rock Fujiyama နဲ့ Jukebox English အစီအစဉ်တွေမှာ အမြဲတမ်းပါဝင်တင်ဆက်နေတုန်းဖြစ်ပြီး ဂျပန်ဂစ်တာ ရှိုးပွဲတွေ တခြား အစီအစဉ်တွေမှာလည်း မကြာခဏတွေ့ ရလေ့ရှိပါတယ်။ Megadeth တီးဝိုင်းက ထွက်ခွာပြီး ဂျပန်မှာ သုညဘဝက စခဲ့တဲ့ သူဟာ အခုဆိုရင် ဂျပန်နိုင်ငံရဲ့  အထင်ကရ စူပါစတားတယောက်ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပါဘီ။ ကြည့်ရတာ အာရှမြေကို ချစ်မြတ်နိုးသွားတဲ့ Marty ဟာ သူ့ဘဝကို ဂျပန်မှာပဲ တသက်လုံးမြုပ်နှံ သွားတော့မယ့် ပုံ ပေါ်ပါတော့တယ် ....
ခင်သောမင်သော စကော်ပီယံများ \m/
Marty Friedman - Inferno (2014)
01. Inferno
02. Resin
03. Wicked Panacea (feat. Rodrigo y Gabriela)
04. Steroidhead (feat. Keshav Dhar)
05. I Can't Relax (feat. Danko Jones)
06. Meat Hook (feat. Jørgen Munkeby)
07. Hyper Doom
08. Sociopaths (feat. David Davidson)
09. Lycanthrope (feat. Alexi Laiho & Danko Jones)
10. Undertow (feat. Gregg Bissonette & Tony Franklin)
11. Horrors (co-written by Jason Becker)
12. Inferno (reprise)

DL : https://www.mediafire.com/?e6lmb2py7q8oy9h
**p.s. The stuffs we share on this page are not owned by us. Just for review. Please buy original CDs and support the artists if you love their creation & inspiration. Thanks! **

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။