Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 23, 2015

ကိုယ်လုပ်မှ ကိုယ်စားရမယ်လို့ပြောနေသူများ ဖတ်ကြည့်ဖို့

 

ကိုယ်လုပ်မှ ကိုယ်စားရမယ်လို့ပြောနေသူများ ဖတ်ကြည့်ဖို့

နိုင်ငံရေး လို့ ဆိုလိုက်တာနဲ့ တချိုံ့သောလူတွေက ငါနဲ့ မဆိုင်ပါဘူးကွာ ဆိုပြီး ထင်နေတတ်ကြတယ်။ အဲဒီလို လူတွေအတွက် ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်ကို ပြန်ပြောပြချင်ပါတယ်။
ရွာတစ်ရွာက အိမ်တစ်အိမ်မှာ ကြွက်တစ်ကောင်က အစာရှာရင်းနဲ့ အိမ်ကြီးရှင်ရဲ့ အရှေ့ကနေ ဖြတ်ပြေးမိလိုက်တယ်။ အိမ်ကြီးရှင်ကလည်း ကြွက်တွေပေါနေပြီလို့ တွေးရင်းနဲ့ ညှပ်မိရင် တခါတည်း ...
သေစေနိုင်မယ့် ကြွက်ထောင်ချောက် ကြီးကြီးတစ်ခုကို မီးဖိုချောင်ထဲမှာ ထောင်ထားလိုက်တာပေါ့။ ဒါကို မောင်ကြွက်က မြင်တော့ ခြံထဲမှာတွေ့တဲ့ ကြက်ဖကြီးကို သွားပြောတယ်။ ကိုကြက်ရေ အိမ်ထဲမှာတော့ ကြွက်ထောင်ချောက်ကြီး ထောင်ထားတယ် ဂရုစိုက်နေနော် တဲ့။ ကိုကြက်ကလည်း ပြန်ပြောတာက မင်းသာဂရုစိုက်နေပါကွာ ငါတို့က အပြင်မှာ နေတာ။ အနေသာကြီးပါတဲ့။ အဲဒါနဲ့ မောင်ကြွက်ကလေးလည်း ထွက်သွားရင်း နောက်ဖေးက နွားတင်းကုပ်ထဲမှာ အစာစားနေတဲ့ ကိုကြီးနွားကို တွေ့တာနဲ့. ကိုနွားကြီးကို သွားပြောပြန်တယ်။ဒါပေမယ့် ကိုကြီး နွား ပြန်ပြောလိုက်တာက အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ တဲ့။ မောင်ကြွက်ကလေးလဲ ဘယ်သူ့မှ ပြောမရတဲ့ အဆုံး ကိုယ်ဖာသာပဲ သတိလေးနဲ့ ထားပြီးအစာရှာတာပေါ့နော်။ တနေ့တော့ ညဖက်အချိန်မတော် အိမ်ကြီးရှင်မိန်းမကြီး မီးဖိုချောင်ထဲ ဝင်ရင်းနဲ့ ကိုယ်ထောင်တဲ့ ကြွက်ထောင်ချောက် ကိုယ့်ဖာသာကိုယ်ပဲ တက်နင်းမိတယ်။ ကြွက်ထောင်ချောက် ညှပ်မိလိုက်တာ တစ်ခါတည်း အနာဖြစ် ၊ ချက်ပြုတ်ရင်းနဲ့ အညှော်တွေဝင်ပြီး ရောဂါက ဆိုးလာလိုက်တာ အဖျားပါ ဝင်ပါလေရောဗျာ။ ဖျားနေတဲ့ လူမမာ အားရှိအောင် ကြက်သားဆန်ပြုတ်တိုက်ရမယ်လိ
ု့ ဆေးဆရာက ပြောသွားတော့ ငါနဲ့ အနေသာကြီးပါ ဆိုတဲ့ ကိုကြက်ကြီးလည်း အိုးထဲရောက်သွားတယ်။ ဒါပေမယ့် အနာက အချိန်မှီ ဆေးထိုးဆေးစား မလုပ်မိလိုက်တာ မေးခိုင်ပိုးဝင်ပြီး မြို့ဆေးရုံအထိ တက်လိုက်ရတယ်ဆိုပဲ။ ဆေးရုံတက်ပြီဆိုမှတော့ ငွေကလိုပြီပေါ့။ လက်ထဲမှာကလည်း ငွေပို ငွေလျှံလေးက မရှိ။့ ဘာလုပ်ရမလဲ စဉ်းစားရင်းနဲ့ ငါနဲ့ ဘာဆိုင်လည်း ဆိုတဲ့ ကိုကြီးနွားကို နွားသတ်ရုံကို ပို့လိုက်ရတယ်။
ဇတ်လမ်းလေးကတော့ ဒါပါပဲ။

ကျွန်တော်တို့ နိုင်ငံမှာလည်း လူတော်တော်များများက ကိုကြက်နဲ့ ကိုကြီးနွားတို့လို ငါတို့နဲ့ ဘာဆိုင်လို့လဲ ။ ငါတို့က အနေသာကြီးပါ ဆိုပြီး ထင်နေတတ်ကြပါတယ်။
တကယ်တော့ နိုင်ငံရေး ဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်။တချို့ပြောတာတွေ ရှိပါသေးတယ် ။ ဘယ်သူတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုတဲ့စကား။ ကိုယ်လုပ်မှ ကိုယ်စားရတာ ဖြစ်ပေမယ့် နိုင်ငံ့ခေါင်းဆောင်တွေ အရည်အချင်း ချို့တဲ့နေကြတဲ့အခါ ကိုယ်ကျိုးစီးပွားအတွက်ပဲ ကြည့်နေကြတဲ့အခါမှာ ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးပြီး စီးပွားရေး အဆင်မပြေမှု့တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ပြည်သူတွေရဲ့ ပညာရေး အဆင့်အတန်း နိမ့်ကျနေတာ ကျန်းမာေ၇း စောင့်ရှောက်မှု့တွေ လျော့နည်းလို့ ရောဂါဘယ ထူပျောတာကလည်း နိုင်ငံ့ခေါင်းဆောင်တွေနဲ့ စီမံခန့်ခွဲမှု့ တွေနဲ့ သက်ဆိုင်ပါတယ်။ ဒီလို အခက်အခဲတွေ မဖြစ်အောင်လည်း ပြည်သူတရပ်လုံးမှာ တာဝန်ရှိပါတယ်။ ငါနဲ့ တိုက်ရိုက်မသက်ဆိုင်သေးသရွေ့ ငါနဲ့ မဆိုင်ပါဘူးကွာ ဆိုတဲ့သူတွေ ကိုကြွက်နဲ့ ကိုနွားကြီးလိုပဲ ကိုယ်တိုင် သက်ဆိုင်လာတဲ့အခါမှာ အချိန်မမှီနိုင်တော့ ပါဘူး။ အာဏာကိုတဖက်စောင်းနင်း အသုံးချနေမှု့တွေနဲ့ တ၇ားဥပဒေ ချိန်ခွင်လျှာ တစ်ဖက်စောင်းနင်းတွေအောက်မှာ ကိုယ်နေတဲ့ အိမ်ကလေး ကျူးကျော်ထဲမှာ ပါတယ်ဆိုပြီး အဖျက်ခံရတဲ့ အခါ။ မိမိလုပ်ကိုင် စားသောက်နေတဲ့ အမွေရခဲ့တဲ့ လယ်မြေလေး စီမံကိန်းမြေထဲမှာပါလို့ လုပ်ကိုင်စားသောက်ခွင့်မရတော့တဲ့အခါ (တပ်ပိုင်မြေ ဖြစ်သွားတဲ့ အခါ) ၊ ဘာသာရေးသွေးထိုးမှု့တွေကြောင့် ဖြစ်နေရတဲ့ လူမျိုးရေး ပဋိပက္ခတွေကြား မိမိပိုင်ဆိုင်မှု့တွေ ဖျက်ဆ်ီးခံရ မီးထဲပါသွားရတဲ့အခါ ရင်ထဲမှာ တလှိုက်လှိုက်ခံစားရလွန်းလို့ အလိုလိုကျလာတဲ့ မျက်ရည်တွေကို ပုဆိုးအောက်နားစ ထမိန်အောက်နားစတွေနဲ့ ကုန်းကုန်းပြ်ီး သုတ်နေရတဲ့ အချိန်ရောက်မှ နိုင်ငံရေးဟာ ငါနဲ့ ဆိုင်ပါလားဆိုတဲ့ အသိဝင်လာတတ်ကြပါတယ်။ အဲဒီလို ကိုယ် ကိုယ်တိုင် ဒုက္ခတွေ ကြုံတွေ့ရတဲ့ အချိန်ရောက်မှ သူတို့တွေ၇ဲ့ လုပ်ကိုင်ပုံတွေဟာ တရားမျှတမှု့ မရှိဘူး။ ဝိုင်းဝန်းပြီးတော့ စုပေါင်းအားနဲ့ ဆောင်၇ွက်မယ်ဆိုတဲ့ စိတ်မျိုး မွေးလို့လည်း မမှီနိုင်တော့ပါဘူး။ဒါ့ကြောင့် လက်ရှိ နိုင်ငံအတွင်းမှာဖြစ်ပျက်နေမှု့တွေမှာလည်း တရားမျှတမှု့ မရှိတာတွေမှာ တရားမျှတမှု့ မရှိဘူးဆိုတာ မြင်အောင် ကြည့်တတ်ကြရင်းနဲ့ ဒီလိုအဖြစ်အပျက်မျိုးတွေဟာ နောင်တချိန်မှာ ငါ့အလှည့်လည်း ရောက်လာနိုင်တယ်ဆိုတာ ကြိုတင်တွေးထားရင်း ပညာသင်ကြားရမယ့် ခလေးငယ်လေးတွေကအစ ပင်ပန်းကြီးစွာရုန်းကန်ရှာဖွေစားသောက်နေရတာကို မြင်စေချင်ပါတယ်။
ဒါ့ကြောင့်.. ..

ပြည်သူအပေါ် ဂုတ်သွေးစုပ် အမြတ်ထုတ်ပြီး ပြည်သူပိုင် သယံဇာတ၊ ဘိုးဘွားပိုင် အမွေအနှစ်များကို မိမိတို့ကိုယ်ပိုင်ပစ္စည်းများသဖွယ် အသုံးပြု လုယက် ယူငင်နေကြသောသူများ
ပြည်သူအများဆင်းရဲဒုက္ခရောက်နေကြတာကို ဂရုမစိုက်ပဲ မိမိတို့ ကြီးပွားတိုးတက်ရေးအတွက်
ပြည်သူအပေါ်
မတ၇ားပြုကျင့်သူများအား ဝိုင်းဝန်း၍့ ညီညွတ်စွာ ချေမှုန်းသင့်ပါကြောင်း တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။
(နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ ဆိုင်ပါတယ်။ ကိုယ်နဲု့ မဆိုင်ပါဘူးဆိုပြီး နေတတ်သလိုသာ
နေခဲ့ကြမယ်ဆိုရင် မြန်မာပြည် လွတ်လပ်ရေးအတွက် ဘိုးဘေးတွေလည်း တိုက်ပွဲဝင်ခဲ့ကြမှာ မဟုတ်ပါဘူး။
ဒါ့ကြောင့် နိုင်ငံရေးဟာ အားလုံးနဲ့ သက်ဆိုင်တယ်လို့ မြင်ကြည့်ရင်း မိမိတို့ အနာဂတ် အတွက်
မိမိတို့၏ မျိုးဆက်သစ်တွေအတွက် တွေးပေးရင်း မတရားမှု့များကို တွန်းလှန်သွားသင့်ပါသည်ဟု ရေးသားလိုက်ရပါသည်



No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။