ဦးထွန်းမြင့် ပြောပြသည့် ညီဖြစ်သူ နိုင်ငံတော်သမ္မတ (ဗိုလ်ချုပ်ကြီး) ဦးသိန်းစိန်၏ ဘ၀ကောက်ကြောင်း
|| The Ladies News Journal ||
သမ္မတဦးသိန်းစိန်၏ အစ်ကိုဖြစ်သူ ဦးထွန်းမြင့်က ဂျပန်သတင်းစာ မအီနီချီ ရှင်ဘွန်းနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ၎င်း၏ညီမှာ ကျန်းမာရေး အခြေအနေကြောင့် သမ္မတရာထူး ထပ်မံရွေးကောက်ခံမည် မဟုတ် ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ငပုတောမြို့ နေအိမ်၌ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် အသက် ၇...၅ နှစ်အရွယ်ရှိပြီဖြစ်သည့် ဦးထွန်းမြင့်က သမ္မတမှာ အသက်အရွယ်အရ ဘာသာရေးအလုပ်များလုပ်ရန် အချိန်အနည်းငယ်သာ ရှိတော့သည်ဟု ဆိုသည်။
ယခုနှစ်ကုန်၌ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲက ရွေးချယ်မည့် လွှတ်တော် က မြန်မာနိုင်ငံ၏ သမ္မတသစ်အား ရွေးချယ် တင်မြှောက် မည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်က ထပ်မံရွေးချယ်ခံခြင်းပြု/
သမ္မတအတွက် သမီး ၃ ဦးမှလွဲလျှင် ဦးထွန်းမြင့်မှာ အသက်ရှင်လျက်ရှိသည့် တစ်ဦးတည်းသော သွေးရင်းသားရင်းဖြစ်သည်။ နိုင်ငံခြားမီဒီယာများ နှင့် ပထမဆုံး အင်တာဗျူးဖြစ်သည့် မာအီနီချီနှင့် အင်တာဗျူးပြုလုပ်ချိန်တွင် မြန်မာ စစ်တပ်နှင့် ပြည်ထဲရေးဝန် ကြီးဌာနမှ ထောက်လှမ်းရေးအရာရှိ များ က စောင့်ကြည့်ခဲ့ကြသည်။
သမ္မတသည် ၁၈ နှစ်အရွယ်တွင် ဗိုလ်သင်တန်း (DSA) သို့တက်ရောက်ခဲ့ပြီး ငယ်ရွယ်သည့်အချိန်အများစုကိ
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရွာငယ်တစ်ခုရှိ ဆင်းရဲသားမိသားစု မှ မွေးဖွား ခဲ့သည့် ဦးသိန်းစိန်တို့ ညီအစ်ကို သည် ငယ်ဘ၀က တောဆင်ရိုင်းများ ရှိသည့် တောတောင်များဝန်းရံလျှက်ရှိ
လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များဖြစ် သည့် မြန်မာနိုင်ငံ တွင် လူအများအပြားမှာ လုပ်ငန်းခွင်မှ အနားယူပြီးနောက် ဘာသာရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်လေ့ရှိသည်။ သမ္မတကမူ အလုပ်က အနားယူပါက ၄င်းပိုင်ဆိုင်သည့် လယ်တော်အိမ်ယာ တစ်ခုတွင် အနားယူ စိုက်ပျိုးသွားမည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၌ စစ်ဖက်အုပ်ချုပ်ရေး အဆုံးသတ်ချိန်က ၀န်ကြီးချုပ်ရာထူး ထမ်းဆောင် လျှက်ရှိသည့် ဦးသိန်းစိန်မှာ စစ်တပ်တွင် စတုတ္ထမြောက် ရာထူး အကြီးဆုံး ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည
ဦးထွန်းမြင့်က ငယ်ဘ၀အကြောင်း ပြန်ပြောပြရာတွင် ဦးသိန်းစိန်မှာ အမြဲ ထိန်းထိန်းသိမ်းသိမ်း နေတတ်သူဟု ဆိုသည်။ ဦးသိန်းစိန် သမ္မတရာထူးအထိ တက်လှမ်းနိုင်ခြင်းမှာ အထက်လူကြီးများအား စေတနာထား၊ လေး စားပြီး မည်သည့်အခါကမှ ဆန့်ကျင်ခြင်းမပြုသည့်အတွက်
သမ္မတဦးသိန်းစိန်အကြောင်း အစ်ကိုဖြစ်သူ ဦးထွန်းမြင့်က အောက်ပါ အတိုင်း ပြောပြခဲ့သည်။
“သူ ၅ နှစ်ကနေ ၇ နှစ်အရွယ်လောက်အထိ သစ်သားသေနတ်နဲ့ ကစား ပါတယ်။ အဲဒီသေနတ်က ပစ်ရင် သားရေပင်က ၀ါးတံမှာရှိတဲ့ အခြား သားရေပင်ကို သွားရိုက်မိတဲ့သေနတ်ပါ။ သူက အဲဒီသေနတ်နဲ့ ကစားရ တာ အလွန်စိတ်ဝင်စားပါတယ်။ ဒီစိတ်ဝင်စားမှုကလွဲရင် ကျန်တာတော့ အခြား သူတွေလိုပါပဲ။ ရွာမှာ ၄ တန်းအထိ သင်လို့ရတဲ့ အစိုးရ မူလတန်းကျောင်း တစ်ကျောင်းရှိတယ်။ သူက အတန်းထဲမှာ အမြဲတန်း အဆင့် ၂ (သို့) ၃ ရပေမယ့် ၁ တော့ မရပါဘူး။ သူက သင်္ချာ၊ အထွေထွေသိပ္ပံနဲ့ မြန်မာစာတွေမှာ ကြိုးစားပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ အင်္ဂလိပ်စာမသင်ရပါဘူး။ ကျွန်တော်တို့မွေးတဲ့ ကျုံကူးရွာက ပုသိမ်မြို့အနောက်ဘက်မှာရှိ
"၁၉၄၈ မှ လွတ်လပ်ရေးရပြီး ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းစစ်တွေကြောင့် ကျွန်တော်တို့ ကလေးဘ၀က နေရာတိုင်း မှာ လက်နက်ကိုင်တွေရှိပါတယ်။ ကျွန်တော်တို့နယ်မှာ တစ်ရွာနဲ့တစ်ရွာ ၁ မိုက်ကနေ ၃ မိုင်လောက် ကွာဝေးပါ တယ်။ ကရင်နဲ့ ကွန်မြူနစ်လက်နက်ကိုင်တွေရန
"ကျွန်တော့် ညီက အဲဒီအချိန်မှာ သူ့ရဲ့သစ်သားသေနတ်နဲ့ ကစားနေခဲ့ပါတယ်။ သူ ၄ တန်းအောင်ပြီးတော့ ပုသိမ်မှာရှိတဲ့ အလယ်တန်းကျောင်း မှာ ၅ တန်း တက်ရပါတယ်။ ကျွန်တော်က အဲဒီ့ ကျောင်းမှာပဲ ၇ တန်းတက်နေပါပြီ။ အဲဒီ အချိန်က တိုက်ပွဲတွေကြောင့် ကျွန်တော်က ကျောင်းနေတာနောက်ကျ ပါတယ်။ အလယ်တန်းကျောင်းက ၇ တန်းအထိပဲ တက်လို့ရပါတယ်။ မိဘတွေက ညီအစ်ကိုနှစ်ယောက်လုံးအတွက်
"ကျွန်တော့်ညီက ကျောင်းမှာတုန်းက ဘောလီဘောကစားပြီး တစ်ခါတလေ ဘောလုံးကစားပါတယ်။ သူက လက်ရွေးစင်ဘောလီဘော အသင်း မှာ ပါပါတယ်။ သူက လက်ဖက်ရည်ဆိုင်ထိုင်တာ၊ စစ်တုရင် ကစားတာ မျိုး နဲ့ အချိန်ဖြုန်းတာ ဘယ်တော့မှမလုပ်ပါဘူး။ အဲဒီ့အစား သူက မြေပုံနဲ့ အခြား ပုံတွေဆွဲနေလေ့ရှိပါတယ်။ ပုသိမ်မှာ စာကြည့်တိုက် ၂ ခုရှိပြီး သူက လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းအကြောင်
"အဲဒီ့ခေတ်တုန်းက ၁၀ တန်းတက်နေပြီး အသက် ၁၈ နှစ်မပြည့်သေးရင် ဗိုလ်သင်တန်း ၀င်ခွင့်ဖြေနိုင်ပါတယ်။ သူက ကောလိပ်တက်ဖို့ မတက်နိုင်တဲ့ အတွက် ဗိုလ်သင်တန်းဝင်ခွင့်လျှောက
"ကျွန်တော်က ဆယ်တန်းကျပြီးတော့ ရွာပြန်ပြီး မိသားစုစီးပွားရေးကို ကူညီ လုပ်ကိုင်ခဲ့ပါတယ်။ အမေ၊ မမနဲ့ ကျွန်တော်က လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဖွင့် ထားပြီး ခေါက်ဆွဲမုန့်ဟင်းခါးလည်း ရောင်းပါတယ်။ ကျွန်တော်တို့ နယ်မှာက တံငါလုပ်ငန်းလုပ်ကြပါတယ်။ အဖေက ငါးခြောက်လှမ်းတဲ့ ၀ါးခြမ်းပြားတွေ လုပ်ပြီး တံငါသည်တွေကို ရောင်းပါတယ်။ ရွာနားမှာ ချောင်း တစ်ခုရှိပါတယ်။ အစ်မက ကျွန်တော့်ထက် ၅ နှစ်ကြီးပြီး ကျွန်တော်က ကျွန် တော့်ညီထက် ၅ နှစ် ပိုကြီး ပါတယ်။ အစ်မက အိမ်ထောင်မပြုဘဲ အပျိုကြီး အဖြစ်နဲ့နေသွားပြီး လည်ချောင်းကင်ဆာနဲ့ ကွယ်လွန်သွားပါပြီ။"
"ကျွန်တော့်ညီက နိုဘယ်ဆုရရင်တောင် ခံစားချက်ကို ထုတ်ဖော်ပြမှာ မဟုတ်တဲ့ လူမျိုးပါ။ သူက နိုင်ငံဖွံ့ဖြိုးရေးကိုပဲ အာရုံစိုက်ပါတယ်။ တပ်ထဲမှာ အမှုထမ်းခဲ့ ရတဲ့ အတွေ့အကြုံအရ အရေးကြီး ကိစ္စတွေကို လျှို့ဝှက်ထားဖို့ သင်ယူခဲ့ရပါတယ်။ သူက နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ညီအစ်ကို ချင်းတောင် ပြောလေ့မရှိဘဲ ကန့်သတ်ထားပါတယ်။ သူ့ဇနီးနဲ့ သားသမီးတွေကိုတောင် မပြောပါဘူး။ ကျွန်တော်က သူ့အလုပ်အကြောင်း မမေးသလို နားလည်းမလည်ပါဘူး။"
"သူက ပင်ပန်းနေပါပြီ။ ၁၈ နှစ်သားကတည်းက တပ်ထဲဝင်ခဲ့ပြီး တိုက်ပွဲတွေ မှာ အသက်မသေဘဲ ရှိနေခဲ့တာပါ။ သူက ခေါင်းကဆံပင်တွေမရှိတော့တဲ့
"ကျွန်တော်တို့အဖေက လက်မထပ်မီ ၃ နှစ်လောက် ရဟန်းဝတ်ခဲ့ဖူးပါတယ်။ အမေဆုံးပြီးနောက် အဖေက ရဟန်းပြန်ဝတ်ခဲ့ပြီး ကွယ်လွန်ချိန်အထိ ရဟန်း ၀တ်နဲ့ပဲ နေခဲ့ပါတယ်။ ဒါကြောင့် ရဟန်းဝတ်နဲ့ အချိန်အများစု နေခဲ့တဲ့ လူတစ်ယောက်ရဲ့ သားသမီးဖြစ်တဲ့ ကျွန်တော်တို့ဟာ သာမန် ဗုဒ္ဓဘာသာ ၀င်တွေ ထက် ဘာသာရေး ပိုက်ကိုင်းရှိုင်းပါတယ်။ အခြားသူတွေ ထက် လောဘ ၊ ဒေါသတွေ ပိုနည်းပါတယ်။"
"သူ့မှာ သမီး ၃ ယောက်ရှိပြီး အားလုံး အစိုးရ၀ န်ထမ်းတွေပါ။ သူက ချမ်းသာဖို့ မလုပ်ပါဘူး။ သူက မနက်စာ၊ ညစာ ပြည့်စုံရင် တင်းတိမ်ရောင့်ရဲတတ်တဲ့ လူလို့ပြောနိုင်ပြီး လောဘမကြီးပါဘူး။ သူက ရှိတာနဲ့ ရောင့်ရဲတဲ့ အတွက် ခြစားမှု ကင်းတယ်လို့ ဆိုရမှာပါ။ သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု ရှိပါတယ်။ အထက်အရာရှိတွေ၊ မိသားစုဝင်တွေ ကို လေးစားမှု ရှိပြီး ဘယ်တော့မှ ဆန့်ကျင်ဘက်မလုပ်ပါဘူး။ ကျွန်တော့် ကိုလည်း လေးစားမှု ရှိပါတယ်။"
"ကျွန်တော်တို့က ဗုဒ္ဓဘာသာတွေပါ။ နောက်ဘ၀ကောင်းဖို့အတွက် ဒီဘ၀မှာ ကုသိုလ်ကောင်းမှုတွေ လုပ်ရပါမယ်။ သူ့အရင်ဘ၀မှာ ကောင်းမှုလုပ်ခဲ့လို့ ဒီဘ၀ကောင်းကျိုးရခဲ့တာပါ။ သူအခုလုပ်နေရတာတွေက လောကီကိစ္စတွေပါ။ ဘာသာရေးလုပ်ဖို့ အချိန်သိပ်မရှိတော့ပါဘူး။ ဘာသာရေးအလုပ်တွေ စလုပ်သင့် ပါပြီ။ သူက စီးပွားရေးနဲ့ပတ်သက်ပြီး ဘာရည်မှန်းချက်မှမရှိပါဘူး။
ဇန်န၀ါရီ ၉၊ ၂၀၁၅ (မာဘီနီချီရှင်ဘွန်း)
ကျော်သက် ဘာသာပြန်ဆိုသည်။
The Ladies News Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။