Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 23, 2015

ဗိုလ်ချုပ် ပုံတူ ထုဆစ်သူ

 
Yangon Media Group added 2 new photos.
ဗိုလ်ချုပ် ပုံတူ ထုဆစ်သူ
===========================

- သူသူထက်လွင် ရေးသည်။
အရုပ်တွေ ဟိုတစ်စ သည်တစ်စ ပြန့်ကြဲနေတဲ့ အခန်း၏အလယ်မှာ ဗိုလ်ချုပ်ကို ထည်ထည် ဝါဝါ တွေ့လိုက်ရသည်။
နီညိုရောင် ဗိုလ်ချုပ်ရဲ့လက်တွေ၊ ခြေထောက်တွေကို အဖြူရောင်အရည်တွေနဲ့ ဆုပ်နယ် လိမ်းကျံပေးနေသူတစ်ဦးကိုလည်း မြင်ရပါတယ်။
''ဗိုလ်ချုပ်ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စိတ်နေစိတ် ထားနဲ့စေတနာကို အမိဖမ်းဖို့ခက်တယ်''ဟု သူက ဆိုပါ တယ်။
သူက ပန်းပုဆရာဦးအောင်ဇော်ငြိမ်း။ မြန်မာ့လွတ် လပ်ရေးအတွက် အသက်ပေးခဲ့ရတဲ့ အာဇာနည်ခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူရုပ်ကို သူက ထွင်း ထုနေသည်။ ရောင်စုံဆေးရည်များဖြင့် သုတ်ပေးနေသည်။
''အရင်ကလဲ ကိုယ်ကိုယ်တိုင် ဗိုလ်ချုပ်ပုံကို ထုကြည့် ချင်ခဲ့တယ်။ တာဝန်ကြီးတာပေါ့။ ဗိုလ်ချုပ်ပုံဆိုတော့လေ။ အခွင့်အရေးကြီးတစ်ခုရရှိတယ်လို့ ခံစားရတယ်။ နိုင်ငံ့ ခေါင်းဆောင်တစ်ဦးရဲ့ပုံကို ထုပေးရတဲ့အတွက် ဂုဏ်ယူ ဝမ်းသာမိပါတယ်။ သာမန်အချိန်မှာမဟုတ်ဘဲ နှစ်တစ်ရာ ပြည့်အတွက်ဆိုတော့ ပိုဝမ်းမြောက်တာပေါ့''ဟု ဗိုလ်ချုပ် ၏ပုံတူကိုထွင်းထုရလို့ သူက ဂုဏ်ယူအပြုံးဖြင့် ပြောရှာ သည်။
 

ဗိုလ်ချုပ်နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် လှည်း ကူးမြို့နယ် ဈေးပန်းခြံတွင် ဗိုလ်ချုပ်ရုပ်တု ထားရှိရန် အနုပညာ အထက်တန်းကျောင်း(ရန်ကုန်)၏ နည်းပြ ပန်းပုဆရာ တစ်ဦးလည်းဖြစ်သည့် ပန်းပုဆရာ ဦးအောင်ဇော်ငြိမ်းကို ဗိုလ်ချုပ်ပုံတူ အင်္ဂတေပန်းပု ထုဆစ်ရန် အပ်နှံခဲ့ခြင်း ဖြစ်သည်။
''ဗိုလ်ချုပ်ပုံတော်တော်များများက ဦးခေါင်းပိုင်း၊ ရင် ဘတ်ပိုင်းပဲ တွေ့ရတာများပြီး လှည်းကူးမြို့နယ်က အဲဒီလိုမျိုး မဟုတ်ဘဲ ရန်ကုန်ဗိုလ်ချုပ်ပန်းခြံရှေ့က ဗိုလ်ချုပ်ကြေးရုပ် ပုံစံတူအတိုင်း ထုချင်တယ်လို့ ပြောတယ်။ အဲဒါ သူတို့စိတ်ကူးပေါ့။ ဒါက ပထမ ဦးဆုံး ဗိုလ်ချုပ်ကြေးရုပ်အတိုင်း ပုံတူထုတာဖြစ် ပါတယ်။ ကြေးရုပ်ကြီးကို အင်္ဂလန်နိုင်ငံသား ပန်းပုဆရာ B.Copnall က ထုဆစ်ခဲ့တယ်လို့ ကြေးရုပ်အောက်ခြေနားမှာ ရေးထိုးထားတာ တွေ့ရပါတယ်''ဟု ဦးအောင်ဇော်ငြိမ်းက ပြောပြ သည်။
ယင်းဗိုလ်ချုပ်ပုံကို အင်္ဂလန်နိုင်ငံသား ပန်းပု ဆရာက မြန်မာနိုင်ငံသား တစ်ဦး၏ အကူအညီဖြင့် ကြေးသွန်းခဲ့တယ်လို့သိရပါသည်။
မြန်မာ့ရိုးရာ ပန်းဆယ်မျိုးတွင် ပန်းပုပညာရပ်သည် ခက်ခဲနက်နဲသော လက်မှုပညာရပ်ဖြစ်ပြီး လူသိနည်းသော အချက်များလည်း ရှိနေပါသည်။
''ပန်းပုက ပေါင်းတဲ့နည်းနဲ့ နုတ်တဲ့နည်းဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဖို့ဖြည့်နဲ့ ဖယ်ထုတ်ပေါ့။ အရေးကြီးဆုံးက ရုပ် လုံးတစ်ခုကို ဖန်တီးတဲ့အခါ သုံးတဲ့နည်းပေါ့။ ကျောက် (သဲ ကျောက်၊ စကျင်ကျောက်၊ ကျောက်စိမ်း)၊ သစ်သားတွေ ဆိုရင် ဖယ်ထုတ်တဲ့နည်း၊ ထွင်းဖဲ့တဲ့နည်းသုံးရတယ်။ သွန်း လောင်းတဲ့နည်းကျတော့ ကြေးသွန်း၊ ပလာစတာ၊ ဘိလပ် မြေ၊ အင်္ဂတေ အခုဆို Fiber Glass သွန်းလောင်းနည်း တွေ ရှိလာပြီ''ဟု ယင်းက ဆက်လက်ပြောပြပါသည်။
သွန်းလောင်း ပန်းပုရုပ်တုတစ်ခုကိုပြုလုပ်ရန် ပထမ ဦးဆုံး ရွှံ့နှင့် ရုပ်တုကို ဦးစွာပုံဖော်ပြီး မိုယူပြီး ပုံစံယူပြီးပြု လုပ်ရပါသည်။ ပန်းပုပညာရပ်သည် ပန်းပုရုပ်များ အတွက် သာမက တခြားလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် လည်း ပန်းပုပညာရပ်ဖြစ်သော အခြေခံပုံစံယူခြင်း (မိုယူ ခြင်း)ဖြင့် ပုံဖော်ရတယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ရုပ်တုကိုပုံဖော်ထုလုပ် ရန်အတွက် ပန်းပုဆရာ ဦးအောင်ဇော်ငြိမ်း က ပထမဦးဆုံး မူလဗိုလ်ချုပ်ကြေး ရုပ်ကို ဘက်ပေါင်းစုံမှ ဓာတ်ပုံရိုက် ကူးခြင်းနဲ့ စတင်ခဲ့တယ်ဟု သိရ ပါသည်။
''ဗိုလ်ချုပ်ကြေးရုပ်ကို ပုံစံအ မျိုးမျိုးနဲ့ ဓာတ်ပုံသွားရိုက်တယ်။ ပုံ ၈ဝ လောက်ရိုက်တယ်။ ဓာတ်ပုံ ကိုကြည့်ပြီး ခန့်မှန်းတယ်။ တစ်ထေ ရာတည်း တူရမှာ မဟုတ်တဲ့အတွက် မူလပန်းပုရုပ်မှာရှိတဲ့ အယူအဆတွေ ကို လေ့လာတယ်။ ပနက်ပုံ၊ Plan ခုံ ပေါ်မှာ ဗိုလ်ချုပ်ခြေထောက်ရပ်ထား တဲ့နေရာမှာ ပထမဦးဆုံး အမာခံအရင် ဆောက်တယ်။ ပုံကြီးတော့ အခက် အခဲ အများကြီးရှိပါတယ်''ဟု ပန်းပု ဆရာ ဦးအောင်ဇော်ငြိမ်းက ပြောပြခဲ့ပါသည်။
မူလဗိုလ်ချုပ်ကြေးရုပ်မှာ အမြင့်ကိုးပေရှိသလို ထပ်မံ ထုဆစ်မယ့် ဗိုလ်ချုပ် အင်္ဂတေရုပ်မှာလည်း အမြင့်ကိုးပေ၊ အောက်ခြေခုံ နှစ်ပေခွဲပတ်လည်ရှိပါတယ်။
ကြေးရုပ်ကြီး ကို အင်္ဂလန်ပန်းပု ဆရာကြီး အသားသဘော Texture ပေါ်လွင်စေရန် ရွှံ့များကို တစ်စစီဖို့ဖြည့်ပုံဖော်ထားတယ် ဟုလည်း ဆိုပါသည်။
ကြေးသွန်းရုပ်တုကို အနီး ကပ်ကြည့်ရှုပါက အထစ်အ ထစ်များ ဖြစ်နေခြင်းမှာ ပန်းပုပညာရပ်တွင် အဆင့် မြင့် ပညာရပ်ဖြစ်သည့် အသားသဘော Texture အလေးထား သွန်းလုပ်ခဲ့ခြင်းဖြစ် ပြီး ဗိုလ်ချုပ်၏ ကိုယ် နေဟန်မှာလည်း အဓိပ္ပာယ်များစွာ ရှိနေပါသည်။
''မူလကြေးရုပ် က အသားသဘော ဦးစားပေးထားတာပါ။ အခုထုမယ့် အရုပ်မှာတော့ ချော မွတ်အောင် ထုခိုင်းထားပါတယ်။ တစ်ထပ်တည်းမဟုတ်ဘဲ ပြန်ဖန်တီးထားတဲ့ပုံကို လိုချင်ကြတယ်။ သူတို့က ဗိုလ်ချုပ် ကိုယ်ဟန်က နည်းနည်းလေးနွဲ့တယ်လို့ ထင်ကြတယ်။ နည်းနည်းမာချင်တယ်။ တောင့်တောင့်လေးဖြစ်အောင် လုပ်ခိုင်းထားတယ်။ ကျွန်တော့်အမြင်ကတော့ ဗိုလ်ချုပ် ကိုယ်ဟန်မှာ ဗိုလ်ချုပ်ရဲ့ကရုဏာတွေပါတယ်။ နွဲ့တာထက် ကရုဏာလို့ မြင်ပါ တယ်''ဟု ပန်းပုဆရာကဆို ပါသည်။
ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်တွင် ဗိုလ်ချုပ်၏တိုင်း ပြည်အပေါ်ထားရှိသော နှလုံးသား၊ ကြေးသွန်းရုပ်တွင် ခန္ဓာ ဗေဒအချိုးအစားများ၊ ဟန်ချက်များ အလွန်ကောင်းကြောင်း နှင့် အဆိုပါကြေးရုပ်ပုံတူကို မြန်မာပန်းပုဆရာတစ်ဦးက ဗိုလ်ချုပ်နှစ်တစ်ရာပြည့်ချိန်တွင် ပထမဦးဆုံး ပုံတူပြုသွန်း လောင်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။
ယခုထုလုပ်တဲ့ဗိုလ်ချုပ်ရုပ်တုကို သယ်ဆောင်ရလွယ် ကူစေရန် သုံးပိုင်းဖြတ်လောင်းရတယ်လို့ သိရပါတယ်။ မူလကြေးသွန်းပန်းပုရုပ်နှင့် ထပ်မံသွန်းထားတဲ့ အင်္ဂတေ ပန်းပုရုပ်တွင် မျက်နှာအနေအထား ကွာခြားမှာဖြစ်ပါသည်။
''ဗိုလ်ချုပ်ကြေးရုပ်မှာရှိတဲ့ ဗိုလ်ချုပ်မျက်နှာပုံကို ကျွန် တော်က မြန်မာပန်းပု ဆရာတစ်ဦးရဲ့ဟန်အတိုင်း ဖန်တီး ထုလုပ်ထားပါတယ်။ အဓိကကတော့ နှုတ်ခမ်းအုံပေါ့''ဟု ယင်းကပြောပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ခန္ဓာကို တူအောင် ပန်းပု ဆရာများက ထုဆစ်နိုင်သော်လည်း စိတ်နှလုံးသား၊ စေ တနာများ ဗိုလ်ချုပ်မျက်နှာပေါ်တွင် ထင်ဟပ်နေမယ့်ရုပ် တုများ ဖန်တီးနိုင်ရန်မှာ အလွန်ခက်ခဲပါတယ်ဟုပြော ပြခဲ့ပါသည်။
ပုံတူဗိုလ်ချုပ်ရုပ်တု ရရှိရန် ဗိုလ်ချုပ်ကြေးရုပ် အရွယ်အစားအတိုင်း နီညိုရောင်ရွှံ့မံရပြီး အဖြူရောင် ပလာစတာအခွံအုပ်ကာ အင်္ဂတေ သွန်းလောင်းနေရ တယ်ဟု သိရပါသည်။
ယင်းဗိုလ်ချုပ်ပုံကိုထုလုပ်ရတဲ့ မြန်မာပန်းပု ဆရာ ဦးအောင်ဇော်ငြိမ်းမှာ ငယ်စဉ်ကတည်းက မြန်မာ့လက်မှုပစ္စည်းများ အများဆုံးထုတ်လုပ်သော စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ ကျောက်မြောင်း နွယ်ငြိမ်းရွာ ကျေးရွာလေးတွင် မွေးဖွားခဲ့ပါ သည်။ မွေးချင်းမောင်နှမ လေးယောက် တွင် အငယ်ဆုံးဖြစ်ပြီး ဖခင်စဥ့်ပညာရှင် ဦးသိန်းညွန့်၏ စဥ့်ကွင်းများကို ကူညီ ဆောင်ရွက်ပေးရင်း ကြီးပြင်းလာပါ သည်။
''ငယ်ငယ်တုန်းက အဖေ့ကိုကူ ညီပြီး စဥ့်ကွင်းရုပ်ကြွတွေ လုပ်ပေးဖူး တယ်။ ရွှေတိဂုံဘုရားဆီမီးခုံအောက် က စဥ့်ကွင်းတွေ၊ ပြင်ဦးလွင်က ပြည် ချစ်ဘုရားက စဥ့်ကွင်းရုပ်ကြွတွေက ကျွန်တော် ၁၄နှစ်သားက လက်ရာ တွေပါ။ ၅၅ဝ ဇာတ်တော်တွေထဲက ဇာတ်တော်တစ်ခုကို ဇာတ်ကွက်လေးခု လုပ်ပေးရတယ်''ဟု ဦးအောင်ဇော် ငြိမ်းက ပြောပြခဲ့ပါသည်။
သူသည် မြေမီးဖုတ်ပန်းပုရုပ် တုများပြုလုပ်လိုတဲ့ဆန္ဒကြောင့် အမျိုး သားယဉ်ကျေးမှုနှင့် အနုပညာတက္က သိုလ် (ယခင် ယဉ်ကျေးမှုတက္ကသိုလ်) တွင် ပန်းပုပညာရပ်ဖြင့် ပညာဆည်းပူး ခဲ့ပြီး ပန်းပုဆရာ ဦးမြင့်စံ၊ ဦးအောင်ကျော် တို့ထံတွင် ၁ဝနှစ်ခန့် ပညာသင်ယူခဲ့ပါသည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တ လေး)တွင် နည်းပြ အဖြစ်လည်းကောင်း၊ အနုပညာအထက် တန်းကျောင်း(ရန်ကုန်)တွင် ပန်းပုနည်းပြအဖြစ် လည်း ကောင်း ဆောင်ရွက်ခဲ့တယ်ဟု သိရပါသည်။
''အခု အနုပညာအထက်တန်းကျောင်း (ရန်ကုန်)မှာ နည်းပြဆရာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ လူငယ်တွေကို ပန်းပုပညာရပ်တွေ ဖြန့်ဝေသင်ကြားပေး နေပါတယ်''ဟု ဦးအောင်ဇော်ငြိမ်းက ပြောသည်။
သူသည် မူလက မြေမီးဖုတ် ရုပ်လုံး၊ ရုပ်ကြွ၊ စဥ့်ရုပ် ကြွများကို ဖန်တီးသည့် ပညာရှင်တစ်ဦးဖြစ်ချင်ခဲ့ပြီး နောက် ပိုင်းတွင် မြေ၊ စဥ့်သာမက ရွှံ့၊ ကြေး၊ ပလာစတာ၊ အင်္ဂ တေ၊ သစ်သား၊ ကျောက်များဖြင့် ရုပ်လုံးရုပ်ကြွများ ထု ဆစ်နိုင်တဲ့ ပန်းပုပညာရှင်တစ်ဦးဖြစ်လာပါတယ်။
သူက လူငယ်တွေကို ပန်းပုပညာရပ်နဲ့ပတ်သက်လို့ အလေးအနက် ပြောလိုတဲ့အချက်တွေ ရှိနေပါသည်။
''ပန်းပုဆိုတာ ကျွန်တော်တို့တွေ သိထားတာထက် ပိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဘုရားစောင်းတန်းတွေ မှာ တွေ့ရတဲ့ ရုပ်တုတွေပဲ ပန်းပုလို့သိတာပေါ့။ တကယ် တော့ လူဖန်တီးထားတဲ့ ထုထည်ရှိတဲ့ အရာတွေကလဲ ပန်းပုတွေပါပဲ''ဟု ပန်းပုပညာရပ်ကို မျှဝေခဲ့ပါသည်။
အမည် - ဦးအောင်ဇော်မိုး၊
ဘွဲ့ - BA (ပန်းပု)၊
လက်ရှိတာဝန် - အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၏
နည်းပြပန်းပုဆရာ၊

အနုပညာ အထက်တန်းကျောင်း(ရန်ကုန်) အမှတ်၁၃၁၊ ကမ္ဘာအေးဘုရားလမ်း
ကုက္ကိုင်းမီးပွိုင့်အနီး၊ ဗဟန်းမြို့နယ်၊ ဝန်ထမ်းအိမ်ရာတွင် ဇနီးဒေါ်မိုးမိုးအောင်၊
အသက်လေးနှစ်အရွယ် သားတစ်ဦးဖြင့် နေထိုင်လျက်ရှိကြောင်း
သိရပါသည်။

‪#‎TheYangonTimes‬
|───────────Yangon Media Group ──────────|
www.facebook.com/YangonMediaGroup
www.yangonmedia.com
|───────────Yangon Media Group ──────────|

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။