Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Wednesday, January 21, 2015

ကေလးငယ္ေတြကို ေပ်ာ္ရႊင္ေစတဲ့ (၁၁)နည္း

ကေလးငယ္ေတြကို ေပ်ာ္ရႊင္ေစတဲ့ (၁၁)နည္း
------------------------------------- Zaw Gyi Version

ေပ်ာ္ရႊင္တဲ့ကေလးငယ္ေတြမွာ တူညီတဲ့အခ်က္ေတြရွိတယ္လို႔
ေလ့လာဆန္းစစ္ခ်က္အရ ေတြ႔ရွိခဲ့ၾကတယ္။ အဲဒီတူညီခ်က္ေတြက မိမိကိုယ္ကိုယ္ ယံုၾကည္မႈရွိျခင္း၊ အေကာင္းျမင္တတ္ျခင္းနဲ႔ ကိုယ့္ကိုယ္ကိုထိန္းခ်ဳပ္ႏိုင္ျခင္းေတြ
ျဖစ္တယ္။ ပညာရွင္ေတြရဲ႕ ေလ့လာဆန္းစစ္ခ်က္နဲ႔ကိုက္ညီတဲ့ အႀကံ(၁၁)ခ်က္နဲ႔ ေပ်ာ္ရႊင္က်န္းမာတဲ့ကေလးတစ္ေယာက္ ျပဳစုပ်ဳိးေထာင္ႏိုင္ေအာင္ ထုတ္ေဖာ္တင္ျပလိုက္ပါတယ္။

(၁) ကေလးငယ္ကို ေဆာ့ကစားဖို႔အခ်ိန္ေပးပါ။ ေန႔စဥ္ဘဝကို စည္းကမ္းခ်က္ေတြနဲ႔ သတ္မွတ္မထားပါနဲ႔
အေမရိကန္ ကေလးပညာဖြံ႔ၿဖိဳးေရး ပညာရွင္ Thomas. Armstrongက လြတ္လြတ္လပ္လပ္ ေဆာ့ကစားျခင္းက အစီအစဥ္ဆဲြၿပီးသတ္မွတ္တဲ့ ကစားနည္းေတြထက္ ေက်ာင္းေနစ ကေလးငယ္ေတြကို ပိုက်န္းမာေစတယ္လို႔ဆိုတယ္။
ကေလးငယ္ရဲ႕အခ်ိန္ေတြကို ေက်ာင္းစာ၊ သင္တန္းေတြနဲ႔ ျပည့္က်ပ္ေအာင္ မိဘေတြစီစဥ္မထားသင့္ဘူး။ ကေလးငယ္တိုင္းဟာ အားလပ္ခ်ိန္၊ လြတ္လြတ္လပ္လပ္ ေဆာ့ကစားခ်ိန္ေတြကို လိုအပ္ပါတယ္။ ဒီလိုမွ သူတို႔ရဲ႕ေတြးေတာစြမ္းရည္ေတြကို အတားအဆီးမရွိ ထုတ္ေဖာ္ႏိုင္မွာျဖစ္တယ္။ ပင့္ကူအိမ္ဖဲြ႔ေနတာကို သူတို႔စိမ္ေျပနေျပ ၾကည့္ပါေစ။ ပိုးစုန္းၾကဴး ဘာလို႔အလင္းျဖာသလဲဆိုတာကို သူတို႔ေလ့လာပါေစ။ သူတို႔ရဲ႕သဘာဝအတိုင္း သူတို႔စိတ္ဝင္စားတဲ့ ေလာကႀကီးအေၾကာင္းကို သူတို႔စူးစမ္းပါေစ။ သင္လည္း သင္ေျခလွမ္းကိုအရွိန္ေလ်ာ့ အခ်ိန္ဇယားေတြကိုေဘးဖယ္ၿပီး ကေလးနဲ႔စည္းဝါးက်က် ဘဝကိုခံစားၾကည့္ႏိုင္ပါတယ္။
(၂) တျခားသူကို ဂရုစိုက္ခ်စ္ခင္တတ္ဖို႔ သြန္သင္ညြန္ျပပါ
ေပ်ာ္ရႊင္တဲ့ကေလးငယ္ဟာ တျခားလူနဲ႔ဆက္ႏႊယ္တဲ့ခံစားခ်က္ကို ခံစားနားလည္ဖို႔ လိုအပ္တယ္။ ဒီလိုခံစားခ်က္ကို တျခားကေလးကူညီတာ၊ လူေတြနဲ႔ ေျပာဆိုဆံဆက္တာကေန ရႏိုင္တယ္။ ကေလးနဲ႔အတူ ကစားစရာေတြ သိမ္းဆည္းတာကို သင္လုပ္ႏိုင္သလို ဆင္းရဲတဲ့ႏိုင္ငံက ကေလးငယ္ေတြအတြက္ ရံပံုေငြေတြကို အတူထည့္သြင္းတာမ်ဳိးလည္း လုပ္ႏိုင္ပါတယ္။ ေက်ာင္းမွာလုပ္တဲ့ လႈပ္ရွားမႈေတြမွာလည္း ပါဝင္ႏိုင္ေအာင္ ကေလးငယ္ကို အားေပးတတ္ရပါမယ္။ ပညာရွင္ေတြရဲ႕ဆန္းစစ္ခ်က္အရ ကေလးငယ္ေတြဟာ ငယ္ငယ္ေလးကတည္းက တျခားလူကိုကူညီရင္း အေပ်ာ္ေတြကိုကူးစက္ခံစားမိတတ္တယ္။ ႀကီးျပင္းလာတဲ့အခါမွာလည္း တျခားလူကိုကူညီတဲ့အက်င့္ ရွိသြားတယ္လို႔ ဆိုပါတယ္။
(၃) အားကစားလုပ္ဖို႔ ကူညီအားေပးပါ
ကေလးငယ္နဲ႔အတူ ေဘာလံုးေဆာ့ကစားတာ၊ စက္ဘီးစီးတာ၊ ေရကူးတာ...
ေတြဟာ ကေလးငယ္ရဲ႕ ခႏၶာကိုယ္ကိုက်န္းမာေအာင္ ေလ့က်င့္ေပးရံုသာမက သူ႔ကို ပိုေဖာ္ေရြေပ်ာ္ရႊင္ေအာင္ ေလ့က်င့္ေပးႏိုင္ပါတယ္။ ကိုယ္လက္လႈပ္ရွားမႈေတြက ကေလးငယ္ရဲ႕စိတ္ဖိအားနဲ႔ ခံစားခ်က္ကို ျဖည္ေလ်ာ့ေပးႏိုင္သလို သူ႔ကိုယ္သူကိုလည္း ႏွစ္သက္ေစပါတယ္။ က်န္းမာတဲ့ခႏၶာကိုယ္နဲ႔ အားကစားေၾကာင့္ရတဲ့ ေပ်ာ္ရႊင္ႀကီးျပင္းမႈေတြကိုလည္း ခံစားေစပါတယ္။

(၄) အၿမဲၿပံဳးရယ္ပါ
ကေလးငယ္နဲ႔ ရယ္စရာေတြေျပာၿပီး အၿမဲၿပံဳးရယ္ပါ။ ေပ်ာ္စရာသီခ်င္း၊ ရယ္စရာသီခ်င္းေတြကို စပ္ဆိုပါ။ ပက္ပက္ဟက္ဟက္ ရယ္ေမာျခင္းက ကေလးနဲ႔သင့္ကို ေကာင္းက်ဳိးေတြရေစပါတယ္။ အားပါးတရ ရယ္ေမာျခင္းက အေကာင္းဆံုး အားကစားတစ္မ်ဳိးျဖစ္ပါတယ္။
(၅) ဆန္းသစ္တဲ့ ခ်ီးမြမ္းမႈေတြရွိပါေစ
ကေလးငယ္မွာ ေကာင္းတဲ့အျပဳအမူေတြရွိတဲ့အခါ "ေကာင္းတယ္"ဆိုတဲ့ စကားတစ္ခြန္းသာမက တိက်တဲ့ခ်ီးက်ဴးမႈတခ်ဳိ႕လည္း လိုအပ္ပါတယ္။ သူရဲ႕ဘယ္အျပဳအမူက လူကုိပိုသတိထားမိေစေၾကာင္း ဒါမွမဟုတ္ အရင္တစ္ေခါက္ထက္ ပိုတိုးတက္လာေၾကာင္း အေသးစိပ္တခ်ဳိ႕ကို
ေျပာသင့္တယ္။

ဥပမာ "ဒီမနက္ ေက်ာင္းေပါက္ေစာင့္ ဦးဦးကို သမီးအရင္စႏႈတ္ဆက္လိုက္တယ္။ သမီးသိပ္လိမၼာတာပဲ" ဆိုသလိုမ်ဳိး။ ဒါေပမဲ့ ခ်ီးက်ဴး၊ ခ်ီးမြမ္းေျပာတဲ့ေနရာမွာ ကေလးငယ္ေတြအတြက္ မွားယြင္းတဲ့အက်င့္မျဖစ္ေအာင္လည္း သတိထားရပါတယ္။ တခ်ဳိ႕မိဘေတြက လက္ေဆာင္၊ ေငြေၾကးေတြသံုးၿပီး ကေလးငယ္ကို ခ်ီးမြမ္းၾကတယ္။ ဒီလိုအခ်ိန္မွာ ကေလးငယ္ရဲ႕အဓိကစိတ္က
ေကာင္းမြန္တဲ့အျပဳအမူေပၚ မဟုတ္ေတာ့ဘဲ လက္ေဆာင္ေငြေၾကးေတြအေပၚ သက္ေရာက္သြားတတ္တယ္။ ကိစၥတစ္ခုေဆာင္ရြက္ၿပီးတိုင္း ရလာတဲ့ေအာင္ျမင္မႈနဲ႔ အားရေက်နပ္မႈကို ကေလးငယ္ခံစားေအာင္ မိဘေတြကသိေစသင့္တယ္။ လက္ေဆာင္ပစၥည္းနဲ႔ ခ်ီးက်ဴးတာမ်ဳိးမျဖစ္သင့္ပါဘူး။

(၆) က်န္းမာတဲ့အစားအစာေတြ စားပါေစ
က်န္းမာတဲ့အစားအစာေတြဟာ ကေလးငယ္ရဲ႕ ခႏၶာကိုယ္ကို က်န္းမာေစရံုမက စိတ္ခံစားမႈကိုလည္း တည္ၿငိမ္ေစတယ္။ ထမင္းစားတဲ့အခါျဖစ္ျဖစ္ သြားေရစာစားတဲ့အခါျဖစ္ျဖစ္ က်န္းမာတာကိုအဓိကထားၿပီး စားသံုးသင့္တယ္။ ဥပမာ-- အဆီနည္း၊ အခ်ဳိနည္းတဲ့အစာ၊ လတ္ဆပ္တဲ့အစာ စတာေတြကို မွ်မွ်တတ စားသံုးသင့္ပါတယ္။
(၇) သူ႔ရင္ထဲ ကိန္းဝပ္ေနတဲ့ အႏုပညာပင္ကိုယ္စြမ္းရည္ကို ေဖာ္ထုတ္ပါ
"Mozart Effect" မိုးဇက္သက္ေရာက္မႈဆိုတာ မရွိဘူးလို႔ သိပၸံပညာရွင္ေတြ အတည္ျပဳခဲ့ေပမယ့္ ကေလးေတာ္ေတာ္မ်ားမ်ားဟာ ဂီတ၊ ပန္းခ်ီ၊ အကစတာေတြနဲ႔ ထိေတြ႔မိတာနဲ႔ ေပ်ာ္ရႊင္ျမဴးတူးလာတတ္ၾကတယ္။ ဒီအရာေတြနဲ႔ ကေလးငယ္ရဲ႕စိတ္ေလာကကို ျပည့္ၿဖိဳးေစႏိုင္ပါတယ္။ ပညာရွင္ေတြရဲ႕ ဆန္းစစ္ခ်က္မွာ ကေလးငယ္ေတြဟာ အတီးေတြေနာက္လိုက္ၿပီး ကခုန္တာ ဒါမွမဟုတ္ ေရာင္စံုခဲတံနဲ႔ ေလွ်ာက္ျခစ္တာ စတာေတြဟာ သူတို႔ရဲ႕အတြင္းစိတ္၊ ခံစားခ်က္ကို ထုတ္ေဖာ္ေနတာျဖစ္တယ္လို႔ ဆိုထားပါတယ္။ ကေလးငယ္ေတြ ပန္းခ်ီဆဲြဝါသနာပါတာ၊ ကတာကို ႏွစ္သက္တာ၊ ဂီတတူရိယာေတြကို တီးမႈတ္တာေတြဟာ သူတို႔ကိုယ္သူတို႔ ႏွစ္သက္အားက်ေစပါတယ္။
(၈) မၾကာခဏ ေပြ႔ဖက္ပါ
ခပ္ဖြဖြေပြ႔ဖက္မႈတစ္ခုက အဆံုးမရွိတဲ့ ဂရုစိုက္ျခင္းေတြ၊ အသံမဲ့ခ်စ္ျခင္းေမတၱာေတြကို သယ္ေဆာင္ေပးႏိုင္ပါတယ္။
ေလ့လာဆန္းစစ္ခ်က္အရ ေႏြးေထြးတဲ့ေပြ႔ဖက္မႈက လမေစ့ဘဲေမြးတဲ့ ကေလးငယ္ကို ပိုက်န္းမာေစတယ္၊ ပိုသြက္လက္ေဖာ္ေရြေစတယ္၊ စိတ္ခံစားခ်က္ကို ပိုတည္ၿငိမ္ေစတယ္လို႔ ဆိုထားပါတယ္။ လူႀကီးေတြအတြက္ေတာ့ ေႏြးေထြးတဲ့ေပြ႔ဖက္မႈက စိတ္ဖိအားကို ေလ်ာ့နည္းေစတယ္၊ ခံစားခ်က္ကို တည္ၿငိမ္ေစတယ္လို႔ ဆိုပါတယ္။

(၉) ရင္ဘတ္နဲ႔ ေသေသခ်ာခ်ာနားေထာင္ပါ
ဘယ္အရာကမွ ရင္ဘတ္နဲ႔နားေထာင္တာေလာက္ ကေလးငယ္ကို ပိုဂရုစိုက္ခံရတယ္လို႔ ထင္ေစတဲ့အရာမရွိေတာ့ပါဘူး။ ေသေသခ်ာခ်ာ နားေထာင္တတ္သူတစ္ေယာက္ ျဖစ္ခ်င္ပါသလား၊ ကေလးေျပာတဲ့စကားကို နားတစ္ဘက္တည္းနဲ႔ နားမေထာင္ပါနဲ႔။ လုပ္လက္စအလုပ္ကိုရပ္ၿပီး သူေျပာတဲ့စကားကို စိတ္ဝင္တစားနားေထာင္ေပးပါ။ သူေျပာလိုရာကို ၿပီးတဲ့အထိ စိတ္ရွည္ရွည္ထား နားေထာင္ေပးပါ။ ၾကားျဖတ္ၿပီး စကားမေျပာပါနဲ႔။ အလ်င္စလို မေျဖရွင္းပါနဲ႔၊ ျမန္ျမန္ မေျပာခိုင္းပါနဲ႔။ သူေျပာတဲ့အေၾကာင္းအရာကို သင္ ဆယ္ခါျပန္နားေထာင္ခဲ့ဖူးလည္း ေသေသခ်ာခ်ာ စိတ္ပါလက္ပါ ထပ္နားေထာင္ေပးလိုက္ပါ။ ကေလးငယ္ကို ေက်ာင္းပို႔ေက်ာင္းႀကိဳခ်ိန္ ဒါမွမဟုတ္ ညအိပ္ရာဝင္ ေခ်ာ့သိပ္တဲ့အခ်ိန္ေတြဟာ နားေထာင္တဲ့ အေကာင္းဆံုးအခ်ိန္ေတြ
ျဖစ္ပါတယ္။

(၁ဝ) အေကာင္းဆံုးျဖစ္ဖို႔ မေမွ်ာ္လင့္ပါနဲ႔
ကေလးငယ္တိုင္းကို အေကာင္းဆံုးျဖစ္ဖို႔ မိဘတိုင္းေမွ်ာ္လင့္ၾကတယ္။ တစ္ခါတေလမွာ သူတို႔ရဲ႕အျပဳအမူေတြကို အလ်င္စလို ကၽြန္ေတာ္တို႔ျပဳျပင္ခ်င္ၾကတယ္၊ ေျပာင္းလဲခ်င္ၾကတယ္။
ဥပမာ စားပဲြခံုသုတ္တာ မေျပာင္ဘူး၊ ပစၥည္းကို သတ္မွတ္ထားတဲ့ေနရာမွာပဲ
ျပန္ထားခိုင္းတာေတြျဖစ္တယ္။ အရာရာတိုင္းကို အေကာင္းဆံုးေတာင္းဆိုရင္ ကေလးငယ္ေတြရဲ႕ မိမိကိုယ္ကိုယ္ယံုၾကည္မႈနဲ႔ လုပ္ရဲတဲ့သတၱိေတြ က်ဆင္းလာေစတတ္တယ္။ ကေလးငယ္ေတြ တစ္ခုခုအမွားလုပ္မိတဲ့အခါ အလ်င္စလို ျပဳျပင္မေပးခင္ "ဒီကိစၥက ကေလးငယ္ရဲ႕က်န္းမာေရးနဲ႔ လံုၿခံဳေရးမွာ အက်ဳံးဝင္လား၊ မဝင္လား" ၊ "ေနာင္ ၁ဝႏွစ္အၾကာမွာ ဒီကိစၥအေရးပါႏိုင္ေသးလား" ဆိုတာကို အရင္စဥ္းစားပါ။ တကယ္လို႔ အေရးမပါဘူးဆိုရင္ ကေလးငယ္ဘာသာလုပ္ပါေစ။

(၁၁) ကိစၥေတြ ဘယ္လိုေျဖရွင္းမလဲဆိုတာကို လမ္းညႊန္သြန္သင္ပါ
ဖိနပ္ႀကိဳးခ်ည္တာကို သင္ယူတာကအစ မ်ဥ္းလမ္းျဖတ္ကူးတာကအဆံုး
ေျခလွမ္းတိုင္း၊ သင္ယူမႈတိုင္းဟာ ကေလးငယ္ကို ကိုယ့္အားကိုယ္ကိုးေစတဲ့ သင္ခန္းစာေတြျဖစ္တယ္။ ကိစၥရပ္ေတြကို သူ႔ဘာသာေျဖရွင္းႏိုင္တဲ့ အင္အားရွိၿပီလို႔ သူ႔ကိုယ္သူ သတိျပဳမိတဲ့အခါ ေပ်ာ္ရႊင္ျခင္း၊ အားရေက်နပ္ျခင္းေတြကို သူခံစားမိပါလိမ့္မယ္။

အထက္ကအခ်က္ေတြအားလံုးကို လူႀကီးမိဘေတြလည္း ပိုင္ဆိုင္သင့္ပါတယ္။ ဒီအခ်က္ေတြကို ပိုင္ဆိုင္မွ ကေလးငယ္ေတြကို ေပ်ာ္ရႊင္ေစဖို႔ ဆံုးမသြန္သင္ႏိုင္မယ္ မဟုတ္ပါလား...
----
မူရင္း-- http://space.atmovies.com.tw/space/space.cfm…
ႏိုင္းႏိုင္းစေန (Tuesday, April 26, 2011)
ကလေးငယ်တွေကို ပျော်ရွှင်စေတဲ့ (၁၁)နည်း
--------------------------------------- Unicode Version

ပျော်ရွှင်တဲ့ကလေးငယ်တွေမှာ တူညီတဲ့အချက်တွေရှိတယ်လို့
လေ့လာဆန်းစစ်ချက်အရ တွေ့ရှိခဲ့ကြတယ်။ အဲဒီတူညီချက်တွေက မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း၊ အကောင်းမြင်တတ်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်ခြင်းတွေ
ဖြစ်တယ်။ ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်နဲ့ကိုက်ညီတဲ့ အကြံ(၁၁)ချက်နဲ့ ပျော်ရွှင်ကျန်းမာတဲ့ကလေးတစ်ယောက် ပြုစုပျိုးထောင်နိုင်အောင် ထုတ်ဖော်တင်ပြလိုက်ပါတယ်။

(၁) ကလေးငယ်ကို ဆော့ကစားဖို့အချိန်ပေးပါ။ နေ့စဉ်ဘဝကို စည်းကမ်းချက်တွေနဲ့ သတ်မှတ်မထားပါနဲ့
အမေရိကန် ကလေးပညာဖွံ့ဖြိုးရေး ပညာရှင် Thomas. Armstrongက လွတ်လွတ်လပ်လပ် ဆော့ကစားခြင်းက အစီအစဉ်ဆွဲပြီးသတ်မှတ်တဲ့ ကစားနည်းတွေထက် ကျောင်းနေစ ကလေးငယ်တွေကို ပိုကျန်းမာစေတယ်လို့ဆိုတယ်။
ကလေးငယ်ရဲ့အချိန်တွေကို ကျောင်းစာ၊ သင်တန်းတွေနဲ့ ပြည့်ကျပ်အောင် မိဘတွေစီစဉ်မထားသင့်ဘူး။ ကလေးငယ်တိုင်းဟာ အားလပ်ချိန်၊ လွတ်လွတ်လပ်လပ် ဆော့ကစားချိန်တွေကို လိုအပ်ပါတယ်။ ဒီလိုမှ သူတို့ရဲ့တွေးတောစွမ်းရည်တွေကို အတားအဆီးမရှိ ထုတ်ဖော်နိုင်မှာဖြစ်တယ်။ ပင့်ကူအိမ်ဖွဲ့နေတာကို သူတို့စိမ်ပြေနပြေ ကြည့်ပါစေ။ ပိုးစုန်းကြူး ဘာလို့အလင်းဖြာသလဲဆိုတာကို သူတို့လေ့လာပါစေ။ သူတို့ရဲ့သဘာဝအတိုင်း သူတို့စိတ်ဝင်စားတဲ့ လောကကြီးအကြောင်းကို သူတို့စူးစမ်းပါစေ။ သင်လည်း သင်ခြေလှမ်းကိုအရှိန်လျော့ အချိန်ဇယားတွေကိုဘေးဖယ်ပြီး ကလေးနဲ့စည်းဝါးကျကျ ဘဝကိုခံစားကြည့်နိုင်ပါတယ်။
(၂) တခြားသူကို ဂရုစိုက်ချစ်ခင်တတ်ဖို့ သွန်သင်ညွန်ပြပါ
ပျော်ရွှင်တဲ့ကလေးငယ်ဟာ တခြားလူနဲ့ဆက်နွှယ်တဲ့ခံစားချက်ကို ခံစားနားလည်ဖို့ လိုအပ်တယ်။ ဒီလိုခံစားချက်ကို တခြားကလေးကူညီတာ၊ လူတွေနဲ့ ပြောဆိုဆံဆက်တာကနေ ရနိုင်တယ်။ ကလေးနဲ့အတူ ကစားစရာတွေ သိမ်းဆည်းတာကို သင်လုပ်နိုင်သလို ဆင်းရဲတဲ့နိုင်ငံက ကလေးငယ်တွေအတွက် ရံပုံငွေတွေကို အတူထည့်သွင်းတာမျိုးလည်း လုပ်နိုင်ပါတယ်။ ကျောင်းမှာလုပ်တဲ့ လှုပ်ရှားမှုတွေမှာလည်း ပါဝင်နိုင်အောင် ကလေးငယ်ကို အားပေးတတ်ရပါမယ်။ ပညာရှင်တွေရဲ့ဆန်းစစ်ချက်အရ ကလေးငယ်တွေဟာ ငယ်ငယ်လေးကတည်းက တခြားလူကိုကူညီရင်း အပျော်တွေကိုကူးစက်ခံစားမိတတ်တယ်။ ကြီးပြင်းလာတဲ့အခါမှာလည်း တခြားလူကိုကူညီတဲ့အကျင့် ရှိသွားတယ်လို့ ဆိုပါတယ်။
(၃) အားကစားလုပ်ဖို့ ကူညီအားပေးပါ
ကလေးငယ်နဲ့အတူ ဘောလုံးဆော့ကစားတာ၊ စက်ဘီးစီးတာ၊ ရေကူးတာ...
တွေဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ကိုကျန်းမာအောင် လေ့ကျင့်ပေးရုံသာမက သူ့ကို ပိုဖော်ရွေပျော်ရွှင်အောင် လေ့ကျင့်ပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေက ကလေးငယ်ရဲ့စိတ်ဖိအားနဲ့ ခံစားချက်ကို ဖြည်လျော့ပေးနိုင်သလို သူ့ကိုယ်သူကိုလည်း နှစ်သက်စေပါတယ်။ ကျန်းမာတဲ့ခန္ဓာကိုယ်နဲ့ အားကစားကြောင့်ရတဲ့ ပျော်ရွှင်ကြီးပြင်းမှုတွေကိုလည်း ခံစားစေပါတယ်။

(၄) အမြဲပြုံးရယ်ပါ
ကလေးငယ်နဲ့ ရယ်စရာတွေပြောပြီး အမြဲပြံုးရယ်ပါ။ ပျော်စရာသီချင်း၊ ရယ်စရာသီချင်းတွေကို စပ်ဆိုပါ။ ပက်ပက်ဟက်ဟက် ရယ်မောခြင်းက ကလေးနဲ့သင့်ကို ကောင်းကျိုးတွေရစေပါတယ်။ အားပါးတရ ရယ်မောခြင်းက အကောင်းဆုံး အားကစားတစ်မျိုးဖြစ်ပါတယ်။
(၅) ဆန်းသစ်တဲ့ ချီးမွမ်းမှုတွေရှိပါစေ
ကလေးငယ်မှာ ကောင်းတဲ့အပြုအမူတွေရှိတဲ့အခါ "ကောင်းတယ်"ဆိုတဲ့ စကားတစ်ခွန်းသာမက တိကျတဲ့ချီးကျူးမှုတချို့လည်း လိုအပ်ပါတယ်။ သူရဲ့ဘယ်အပြုအမူက လူကိုပိုသတိထားမိစေကြောင်း ဒါမှမဟုတ် အရင်တစ်ခေါက်ထက် ပိုတိုးတက်လာကြောင်း အသေးစိပ်တချို့ကို
ပြောသင့်တယ်။

ဥပမာ "ဒီမနက် ကျောင်းပေါက်စောင့် ဦးဦးကို သမီးအရင်စနှုတ်ဆက်လိုက်တယ်။ သမီးသိပ်လိမ္မာတာပဲ" ဆိုသလိုမျိုး။ ဒါပေမဲ့ ချီးကျူး၊ ချီးမွမ်းပြောတဲ့နေရာမှာ ကလေးငယ်တွေအတွက် မှားယွင်းတဲ့အကျင့်မဖြစ်အောင်လည်း သတိထားရပါတယ်။ တချို့မိဘတွေက လက်ဆောင်၊ ငွေကြေးတွေသုံးပြီး ကလေးငယ်ကို ချီးမွမ်းကြတယ်။ ဒီလိုအချိန်မှာ ကလေးငယ်ရဲ့အဓိကစိတ်က
ကောင်းမွန်တဲ့အပြုအမူပေါ် မဟုတ်တော့ဘဲ လက်ဆောင်ငွေကြေးတွေအပေါ် သက်ရောက်သွားတတ်တယ်။ ကိစ္စတစ်ခုဆောင်ရွက်ပြီးတိုင်း ရလာတဲ့အောင်မြင်မှုနဲ့ အားရကျေနပ်မှုကို ကလေးငယ်ခံစားအောင် မိဘတွေကသိစေသင့်တယ်။ လက်ဆောင်ပစ္စည်းနဲ့ ချီးကျူးတာမျိုးမဖြစ်သင့်ပါဘူး။

(၆) ကျန်းမာတဲ့အစားအစာတွေ စားပါစေ
ကျန်းမာတဲ့အစားအစာတွေဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေရုံမက စိတ်ခံစားမှုကိုလည်း တည်ငြိမ်စေတယ်။ ထမင်းစားတဲ့အခါဖြစ်ဖြစ် သွားရေစာစားတဲ့အခါဖြစ်ဖြစ် ကျန်းမာတာကိုအဓိကထားပြီး စားသုံးသင့်တယ်။ ဥပမာ-- အဆီနည်း၊ အချိုနည်းတဲ့အစာ၊ လတ်ဆပ်တဲ့အစာ စတာတွေကို မျှမျှတတ စားသုံးသင့်ပါတယ်။
(၇) သူ့ရင်ထဲ ကိန်းဝပ်နေတဲ့ အနုပညာပင်ကိုယ်စွမ်းရည်ကို ဖော်ထုတ်ပါ
"Mozart Effect" မိုးဇက်သက်ရောက်မှုဆိုတာ မရှိဘူးလို့ သိပ္ပံပညာရှင်တွေ အတည်ပြုခဲ့ပေမယ့် ကလေးတော်တော်များများဟာ ဂီတ၊ ပန်းချီ၊ အကစတာတွေနဲ့ ထိတွေ့မိတာနဲ့ ပျော်ရွှင်မြူးတူးလာတတ်ကြတယ်။ ဒီအရာတွေနဲ့ ကလေးငယ်ရဲ့စိတ်လောကကို ပြည့်ဖြိုးစေနိုင်ပါတယ်။ ပညာရှင်တွေရဲ့ ဆန်းစစ်ချက်မှာ ကလေးငယ်တွေဟာ အတီးတွေနောက်လိုက်ပြီး ကခုန်တာ ဒါမှမဟုတ် ရောင်စုံခဲတံနဲ့ လျှောက်ခြစ်တာ စတာတွေဟာ သူတို့ရဲ့အတွင်းစိတ်၊ ခံစားချက်ကို ထုတ်ဖော်နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။ ကလေးငယ်တွေ ပန်းချီဆွဲဝါသနာပါတာ၊ ကတာကို နှစ်သက်တာ၊ ဂီတတူရိယာတွေကို တီးမှုတ်တာတွေဟာ သူတို့ကိုယ်သူတို့ နှစ်သက်အားကျစေပါတယ်။
(၈) မကြာခဏ ပွေ့ဖက်ပါ
ခပ်ဖွဖွပွေ့ဖက်မှုတစ်ခုက အဆုံးမရှိတဲ့ ဂရုစိုက်ခြင်းတွေ၊ အသံမဲ့ချစ်ခြင်းမေတ္တာတွေကို သယ်ဆောင်ပေးနိုင်ပါတယ်။
လေ့လာဆန်းစစ်ချက်အရ နွေးထွေးတဲ့ပွေ့ဖက်မှုက လမစေ့ဘဲမွေးတဲ့ ကလေးငယ်ကို ပိုကျန်းမာစေတယ်၊ ပိုသွက်လက်ဖော်ရွေစေတယ်၊ စိတ်ခံစားချက်ကို ပိုတည်ငြိမ်စေတယ်လို့ ဆိုထားပါတယ်။ လူကြီးတွေအတွက်တော့ နွေးထွေးတဲ့ပွေ့ဖက်မှုက စိတ်ဖိအားကို လျော့နည်းစေတယ်၊ ခံစားချက်ကို တည်ငြိမ်စေတယ်လို့ ဆိုပါတယ်။

(၉) ရင်ဘတ်နဲ့ သေသေချာချာနားထောင်ပါ
ဘယ်အရာကမှ ရင်ဘတ်နဲ့နားထောင်တာလောက် ကလေးငယ်ကို ပိုဂရုစိုက်ခံရတယ်လို့ ထင်စေတဲ့အရာမရှိတော့ပါဘူး။ သေသေချာချာ နားထောင်တတ်သူတစ်ယောက် ဖြစ်ချင်ပါသလား၊ ကလေးပြောတဲ့စကားကို နားတစ်ဘက်တည်းနဲ့ နားမထောင်ပါနဲ့။ လုပ်လက်စအလုပ်ကိုရပ်ပြီး သူပြောတဲ့စကားကို စိတ်ဝင်တစားနားထောင်ပေးပါ။ သူပြောလိုရာကို ပြီးတဲ့အထိ စိတ်ရှည်ရှည်ထား နားထောင်ပေးပါ။ ကြားဖြတ်ပြီး စကားမပြောပါနဲ့။ အလျင်စလို မဖြေရှင်းပါနဲ့၊ မြန်မြန် မပြောခိုင်းပါနဲ့။ သူပြောတဲ့အကြောင်းအရာကို သင် ဆယ်ခါပြန်နားထောင်ခဲ့ဖူးလည်း သေသေချာချာ စိတ်ပါလက်ပါ ထပ်နားထောင်ပေးလိုက်ပါ။ ကလေးငယ်ကို ကျောင်းပို့ကျောင်းကြိုချိန် ဒါမှမဟုတ် ညအိပ်ရာဝင် ချော့သိပ်တဲ့အချိန်တွေဟာ နားထောင်တဲ့ အကောင်းဆုံးအချိန်တွေ
ဖြစ်ပါတယ်။

(၁ဝ) အကောင်းဆုံးဖြစ်ဖို့ မမျှော်လင့်ပါနဲ့
ကလေးငယ်တိုင်းကို အကောင်းဆုံးဖြစ်ဖို့ မိဘတိုင်းမျှော်လင့်ကြတယ်။ တစ်ခါတလေမှာ သူတို့ရဲ့အပြုအမူတွေကို အလျင်စလို ကျွန်တော်တို့ပြုပြင်ချင်ကြတယ်၊ ပြောင်းလဲချင်ကြတယ်။
ဥပမာ စားပွဲခုံသုတ်တာ မပြောင်ဘူး၊ ပစ္စည်းကို သတ်မှတ်ထားတဲ့နေရာမှာပဲ
ပြန်ထားခိုင်းတာတွေဖြစ်တယ်။ အရာရာတိုင်းကို အကောင်းဆုံးတောင်းဆိုရင် ကလေးငယ်တွေရဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှုနဲ့ လုပ်ရဲတဲ့သတ္တိတွေ ကျဆင်းလာစေတတ်တယ်။ ကလေးငယ်တွေ တစ်ခုခုအမှားလုပ်မိတဲ့အခါ အလျင်စလို ပြုပြင်မပေးခင် "ဒီကိစ္စက ကလေးငယ်ရဲ့ကျန်းမာရေးနဲ့ လုံခြံုရေးမှာ အကျုံးဝင်လား၊ မဝင်လား" ၊ "နောင် ၁ဝနှစ်အကြာမှာ ဒီကိစ္စအရေးပါနိုင်သေးလား" ဆိုတာကို အရင်စဉ်းစားပါ။ တကယ်လို့ အရေးမပါဘူးဆိုရင် ကလေးငယ်ဘာသာလုပ်ပါစေ။

(၁၁) ကိစ္စတွေ ဘယ်လိုဖြေရှင်းမလဲဆိုတာကို လမ်းညွှန်သွန်သင်ပါ
ဖိနပ်ကြိုးချည်တာကို သင်ယူတာကအစ မျဉ်းလမ်းဖြတ်ကူးတာကအဆုံး
ခြေလှမ်းတိုင်း၊ သင်ယူမှုတိုင်းဟာ ကလေးငယ်ကို ကိုယ့်အားကိုယ်ကိုးစေတဲ့ သင်ခန်းစာတွေဖြစ်တယ်။ ကိစ္စရပ်တွေကို သူ့ဘာသာဖြေရှင်းနိုင်တဲ့ အင်အားရှိပြီလို့ သူ့ကိုယ်သူ သတိပြုမိတဲ့အခါ ပျော်ရွှင်ခြင်း၊ အားရကျေနပ်ခြင်းတွေကို သူခံစားမိပါလိမ့်မယ်။

အထက်ကအချက်တွေအားလုံးကို လူကြီးမိဘတွေလည်း ပိုင်ဆိုင်သင့်ပါတယ်။ ဒီအချက်တွေကို ပိုင်ဆိုင်မှ ကလေးငယ်တွေကို ပျော်ရွှင်စေဖို့ ဆုံးမသွန်သင်နိုင်မယ် မဟုတ်ပါလား...
----
မူရင်း-- http://space.atmovies.com.tw/space/space.cfm…
နိုင်းနိုင်းစနေ (Tuesday, April 26, 2011)

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။