ဇနီးသည်ရဲ့ ဖုန်းဖြေသံ ပျောက်ဆုံးမှု
အသက် ၆၈ နှစ်အရွယ် အင်္ဂလန် မြောက်ပိုင်းသား Stan Beaton ဟာ ကင်ဆာရောဂါရှင် ဇနီးသည်ကို ၂၀၀၃ ခုနှစ်မှာ ဆုံးရှုံးခဲ့ရပါတယ်။
အဲဒီနောက်ပိုင်း သူ့ဇနီးသည်နဲ့ ပတ်သက်သမျှ ရှားရှားပါးပါး အလွမ်းဖြေစရာ ဆိုလို့ ဖုန်းထဲမှာ သိမ်းထားတဲ့ သူ့ဇနီးရဲ့ စကားပြော ဖြေကြားသံသာ ကျန်ရစ်ခဲ့ပါတယ်။
...

အဲဒီ ဖုန်းဖြေသံကို အခါအားလျော်စွာ နားထောင်ပြီး သူ ဖြေသိမ့်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာတော့ အဲဒီ ဖုန်းဖြေသံ ပျက်သွားခဲ့လို့ သူ့ဇနီးသည်ကို အခုမှ လုံးဝ ဆုံးရှုံးခဲ့ရပြီလို့ မစ္စတာ Stan Beaton က မှတ်ယူခဲ့ပါတယ်။
ဒါပေမယ့် Virgin Media က သူတို့ရဲ့ နည်းပညာပိုင်း လုပ်ဆောင်မှု တစ်ခုကြောင့် ခုလို ပျက်သွားခဲ့ရတာ ဖြစ်လို့ အဲဒီ စကားသံ ပြန်ရဖို့ ကြိုးစားပေးခဲ့ပါတယ်။
အင်ဂျင်နီယာ ၁၁ ယောက် ပါတဲ့ အဖွဲ့နဲ့ ၃ ရက်ကြာအောင် ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့ရာမှာ နောက်ဆုံးတော့ သူ့ဇနီးသည်ရဲ့ ဖုန်းဖြေသံကို ပြန်ရခဲ့ပါတယ်။
‘ကျွန်တော့်လို အဖိုးအို တစ်ယောက်ကို အလွန့်အလွန် ပျော်ရွှင်အောင် သူတို့ လုပ်ပေးခဲ့ကြတာပါ’လို့ မစ္စတာ Beaton က ပြောပါတယ်။
http://www.bbc.co.uk/news/uk-31016677

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။